The Three Characteristics of A Democray
ဒီမိုကရေစီကို သိရှိသဘောပေါက်ဖို့ သိပ်လွယ်ကူပါတယ်။ ဒီမိုကရေစီမှာ အင်္ဂါရပ် ၃
ခု အမြဲတမ်း ပါဝင်နေတယ်။ အဲဒါတွေကတော့ It is very easy to recognize a
democracy. It will always have three characteristics:
(၁) လူ့အခွင့်အရေးအပေါ် လေးစားလိုက်နာမှု၊
1. Respect for Human Rights
(၂) လွတ်လပ်သော ရွေးကောက်ပွဲများ၊
2. Free Elections
(၃) ဥပဒေစိုးမိုးရေး။
3. Rule of Law
ဒီမိုကရေစီရဲ့ အင်္ဂါရပ် (၃) ခု
Explanation of the three characteristics of A Democray
(၁) လူ့အခွင့်အရေးအပေါ် လေးစားလိုက်နာမှု၊
1. Respect for Human Rights
လူတိုင်းလူတိုင်းကို လူ့အခွင့်အရေးအရာမှာ တူညီမှုအရ မွေးဖွားခဲ့တာဖြစ်ပါတယ်။
တိုင်းရင်းသားလူမျိုး၊ ကိုးကွယ်ရာဘာသာ၊ နိုင်ငံသားဖြစ်မှု၊ လိင်၊
နိုင်ငံရေးယုံကြည်မှု (သို့မဟုတ်) စီးပွားရေးအခြေအနေ မခွဲခြားဘဲ လူတိုင်းဟာ
ညီမျှတဲ့လူ့အခွင့်အရေးကို ပိုင်ဆိုင်တာဖြစ်ပါတယ်။ ဘယ်အစိုးရမဆို
အရေးအကြီးဆုံးက လူ့အခွင့်အရေးကို ကာကွယ်စောင်ရှေက်ဖို့ဖြစ်ပါတယ်။
အရေးကြီးတဲ့ လူ့အခွင့်အရေးထဲမှာ ဒါတွေ ပါဝင်နေတယ်။
Every human being is born with equal human rights. Every person
possesses these equal human rights regardless of the ethnic group,
religion, nationality, sex, economic status or political beliefs of that
person. One of the most important functions of any government is to
protect human rights. Some of the most important human rights include:
- နိုင်ငံရေးယုံကြည်ချက်နဲ့ အမြင်သဘောထားတွေကို လွတ်လွတ်လပ်လပ် တင်ပြခွင့်၊
- The right to freely express your political beliefs and opinions.
- နိုင်ငံရေးအဖွဲ့အစည်းတွေမှာ ပူးပေါင်းခွင့်နဲ့ ပါဝင်ဆောင်ရွက်ခွင့်၊
- The rights to join and participate in political organization.
--ဘာသာတရား လွတ်လပ်စွာ ကိုးကွယ်ယုံကြည်ဝတ်ပြုခွင့်၊
The right to freely practice your religion.
- အစိုးရကို ငြိမ်းချမ်းစွာ ဆန့်ကျင်ဆန္ဒပြခွင့်၊
- The right to peacefully demonstrate against the government.
- လွတ်လပ်တဲ့ တရားသူကြီးတွေရဲ့ ရှေ့မှောက်မှာ မျှတတဲ့ တရားစီရင်မှုမရှိဘဲ
ထောင်ချခြင်း မခံထိုက်တဲ့ အခွင့်အရေး၊ ဥစ္စာပိုင်ဆိုင်မှုကို
သိမ်းပိုက်ခြင်းမခံထိုက်တဲ့ အခွင့်အရေး၊
- The right to never be put in jail or have your property taken away by
the government without a trial in front of an independent judge.
- ရဲနဲ့ စစ်တပ်တို့ရဲ့ နှိပ်စက်ညှင်းပမ်းမှုကို ဘယ်တော့မှ မခံစားစေရဆိုတဲ့ အခွင့်အရေး၊
- The right to never be tortured or physically mistreated by the police or the army.
အထက်ကပြောတဲ့ အခွင့်အရေးတွေကို လေးစားလိုက်နာမှုမရှိတဲ့ ဘယ်အစိုးရမဆို ဒီမိုကရေစီအစိုးရမဟုတ်ဘူးဆိုတာ ရှင်းနေပါတယ်။
Any government that does not respect all of these human rights is not a democracy.
(၂) လွတ်လပ်သော ရွေးကောက်ပွဲများ၊
2. Free Elections
(က) လူထုအုပ်ချုပ်ရေးဆိုတဲ့ ဒီမိုကရေစီ အုပ်ချုပ်ရေးစနစ်မှာ
အစိုးရခေါင်းဆောင်တွေနဲ့ ကိုယ်စားလှယ်တွေကို ရွေးချယ်တဲ့
ရွေးကောက်ပွဲတွေမှာ လူတိုင်းမဲပေးခွင့်ရှိပါတယ်။ ၄င်းအပြင် အစိုးရ
ဒါမှမဟုတ် တစုံတယောက်ရဲ့ ဖိအားပေးမှုကို မခံစေရဘဲ မိမိရဲ့ ဆန္ဒကို လွတ်လပ်စွာ
ဖော်ပြနိုင်စေဖို့ လျှို့ဝှက်ဆန္ဒမဲစနစ်နဲ့ မဲပေးပိုင်ခွင့်ရှိတယ်။
(a) In a democracy (government by the people), every person has a right
to vote for his government representatives and government leaders. In
addition, every person has the right to vote by secret ballot so that
his vote can be freely expressed without pressure from the government or
anyone else.
(ခ) ဒီမိုကရေစီစနစ်မှာ အစိုးရဟာ လူထုဆန္ဒမဲကို လေးစားလိုက်နာရမှာဖြစ်ပါတယ်။
ရွေးကောက်ပွဲမှာ အစိုးရ ရှုံးနိမ့်ခဲ့ရင် ငြိမ်းငြိမ်း ချမ်းချမ်းနဲ့
အသစ်ရွေးချယ်ခံရတဲ့ လူထုကိုယ်စားလှယ်တွေထံ အာဏာလွှဲပေးရမှာ ဖြစ်ပါတယ်။
(b) In a democracy, the government must respect the vote of the people,
and if the government less an election it must peacefully turn power
over to the new government elected by the people.
(ဂ) ဒီမိုကရေစီစနစ်မှာ ရွေးကောက်ပွဲတွေကို အချိန်မှန်မှန်ကျင်းပပေးဖို့
လိုအပ်ပါတယ်။ ဒါမှ ပြည်သူလူထုဟာ လက်ရှိအစိုးရကို ဆက် လက်ထောက်ခံသေးသလား
ဒါမှမဟုတ် အစိုးရ အပြောင်းအလဲ လုပ်ချင်သေးသလားဆိုတာကို
ဆန္ဒထုတ်ဖော်ပြနိုင်မှာ ဖြစ်ပါတယ်။
(c) In a democracy, the government must hold elections on a regular
schedule so the people can periodically express whether they desire the
present government to continue or they wish to change the government.
ဒါကြောင့် ဒီမိုကရေစီနိုင်ငံတွေမှာ ဘယ်သူတွေ အစိုးရလုပ်သင့်သလဲဆိုတာကို
လူထုဟာ လွတ်လပ်တဲ့ ရွေးကောက်ပွဲတွေမှာ အဆုံးအဖြတ်ပေးမှာ ဖြစ်ပါတယ်။
In a democracy the people in free elections choose who the government will be.
(၃) ဥပဒေစိုးမိုးရေး။
3. Rule of Law
(က) ဥပဒေစိုးမိုးရေးဆိုတာ လူတွေဟာ ဥပဒေရဲ့ လွှမ်းမိုးမှုအောက်မှာ
ရှိရမယ်လို့ဆိုလိုတယ်။ ဒီမိုကရေစီစနစ်မှာ လူမျိုး၊ ဘာသာနှင့်
နိုင်ငံရေးယုံကြည်မှု စီးပွားရေးအခြေအနေ မခွဲခြားဘဲ ဥပဒေဟာ လူတိုင်းအပေါ်
အကျိုးသက်ရောက်ရမှာ ဖြစ်ပါတယ်။ ဥပမာအနေနဲ့ ပြောရရင် တပ်က
ဗိုလ်ချုပ်ကြီးတစ်ယောက်နဲ့ လယ်သမားကြီးတစ်ယောက်တို့ဟာ ဥပဒေရှေ့မှောက်မှာ
အခွင့်အရေးတူညီမှုရှိပြီး ဥပဒေကို တန်တူညီမျှ လေးစားလိုက်နာရမှာဖြစ်တယ်။
(a) Rule of law means that no person is above the law. In a democracy
the law is applied to every person regardless of that person’s political
position, economic status, sex, ethnic group, nationality or political
and religious beliefs. For example, rule of law means that a general in
the army and a peasant in the rice field are equal before the law and
equally subject to the law.
(ခ) ဒီမိုကရေစီစနစ်မှာ ဥပဒေစိုးမိုးရေးကို ထူထောင်နိုင်ဖို့ တရားသူကြီးတွေက
အခြားအစိုးရဌာနတွေနဲ့ ကင်းလွတ်ဖို့လိုအပ်ပါတယ်။ ဒါမှသာ တရားသူကြီးတွေဟာ
စီရင်ဆုံဖြတ်မှုပြုတဲ့အခါ နိုင်ငံရေးဖိအားမှ ကင်းလွတ်နိုင်ပြီး ဥပဒေအရသာ
စီရင်ဆုံးဖြတ်မှုပြုနိုင်မှာ ဖြစ်တယ်။
(b) Under rule of law, in a democracy, judges must be independent from
the rest of the government. This is necessary so that judges can make
decisions free from political pressure and base their decisions solely
on the law.
The Mental attitudes Needed To Practice Democracy
၁။ နားထောင်လိုစိတ် - ဒီမိုကရေစီကို ယုံကြည်ကျင့်သုံးသူဟာ သူနဲ့ မတူကွဲပြား ခြားနားတဲ့သူတွေအပေါ်မှာ သဘောထားကြီးသူ ဖြစ်တယ်။
1. A Willingness to listen: A democrat is always willing to listen and
carefully consider other points of view and the opinions of other
people.
၂။ ကွဲပြားမှုအပေါ် သဘောထားကြီးမှု - ဒီမိုကရေစီကို ယုံကြည်ကျင့်သုံးသူဟာ
လူမျိုးကွဲပြားမှု၊ နိုင်ငံသားကွဲပြားမှု၊ ဘာသာတရားကွဲပြားမှု၊
နိုင်ငံရေးအမြင်ကွဲပြားမှုရှိတဲ့ သူတွေအပေါ် ဘယ်တော့မှ ရိုင်းပြတဲ့
တုန့်ပြန်မှုတွေ မလုပ်အပ်ဘူး။ ဒီမိုကရေစီကို ယုံကြည်ကျင့်သုံးသူဟာ
ကွဲပြားခြားနားမှုတွေအပေါ် သဘောထားကြီးရမှာ ဖြစ်ပါတယ်။
2. A Tolerance for Difference: A democrat is tolerant of people who are
different from him. A democrat never mistreats people just because they
are from a different ethnic group, or a different nation, or practice a
different religion or hold different political opinions. A democrat is
tolerant of differences.
၃။ ညှိနှိုင်းဆောင်ရွက်နိုင်မှုစွမ်းရည် - ဒီမိုကရေစီကို
ယုံကြည်ကျင့်သုံးသူဟာ ကိုယ့်ရဲ့နည်းနာ၊ ကိုယ်ဖြစ်ချင်တာတခုတည်းကိုသာလျှင်
ကျင့်သုံးဖို့ အမြဲတစေ အားမထုတ်သင့်ပါ။ အုပ်စုလိုက် သဘောထူဆုံးဖြတ်ချက်
ချမှတ်နိုင်ရေးအတွက် အခြားသူများနဲ့ ညှိနှိုင်း ဆောင်ရွက်ဖို့လိုပါတယ်။
3. An Ability to Compromise: A democrat does not always insist on
getting his own way; he can compromise with others so that the group can
come to a decision.
၎။ အရှုံးသမားအကောင်းအဖြစ် ခံယူနိုင်စွမ်းရည် - ဒီမိုကရေစီကို
ယုံကြည်ကျင့်သုံးသူဟာ လွတ်လပ်တဲ့ ရွေးကောက်ပွဲမှာ
ရှုံးနိမ့်နိုင်မယ့်အရေးကို ကြိုတွေးထားပြီး အများစုရဲ့ ဆုံးဖြတ်ချက်ကို
ငြိမ်းချမ်းစွာ လေးစားလိုက်နာနိုင်စေရန် အမြဲတစေ ပြင်ဆင်ထားဖို့ လိုအပ်တယ်။
4. An Ability to be a Good Loser: A democrat is always prepared to
accept defeat in a free election and to peacefully abide by the decision
of the majority.
၅။ ခုခံရဲတဲ့ စိတ်ဓါတ် - ဒီမိုကရေစီကို ယုံကြည်ကျင့်သုံးသူဟာ
သူရဲ့အခွင့်အရေးကို ငြင်းပယ်ဖို့အတွက် အစိုးရရဲ့ မည်သည့်
ကြိုးပမ်းအားထုတ်မှုကိုမဆို ခုခံတိုက်ပွဲဝင်ဖို့ အမြဲအသင့် ဖြစ်နေရမယ်။
လူ့အခွင့်အရေးကို လေးစားတဲ့ အစိုးရတရပ်ရှိတဲ့အထိ ဘယ်တော့မှ မရပ်နားစတမ်း
ခုခံတိုက်ပွဲဝင်နေရမှာဖြစ်ပါတယ်။
5. A Spirit of Resistance: A democrat is always ready to resist any
attempt by the government to take away his human rights. A democrat will
never stop resisting until he has a government that respects human
rights, holds free elections and governs by rule of law.
မြန်မာပြည်မှာ ဒီမိုကရေစီအမြန်ရရှိနိုင်အောင် လူတိုင်းဟာ အထက်ကပြောတဲ့
ဒီမိုကရေစီကျင့်သုံးရာမှာ ရှိအပ်တဲ့ စိတ်သဘောထား ၅ ရပ်ကို
မွေးမြူကျင့်သုံးဖို့ လိုအပ်တယ်။
To help democracy come to Burma faster, each person should attempt to practice these five attitudes in their life.
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment