Friday, March 15, 2013

ကားလ်ပေါ့ပါးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း

ပွင့်လင်းလူ့အဖွဲ့အစည်းဆိုတာဘာလဲ ။ ဘယ်လိုအရာမျိုးတွေပါမှ ပွင့်လင်းလူ့အဖွဲ့အစည်း ဖြစ်နိုင် မလဲရယ်လို့ ကားလ်ပေါ့ပါးပြောတာမှာ သူ့ရဲ့ အတွေးအခေါ်မှာ အဓိက အခြေခံထားတဲ့ သိမှုဗေဒတစ်ခုရှိတယ် ။ ပေါ့ပါးက အမြဲတယ်မှန်ကန်နေတဲ့ အမှန်တရား(Infallible Truth) မရှိဘူးဆိုတဲ့ အုတ်မြစ်အခြေခံကနေတစ်ဆင့် ပွင့်လင်းလူ့အဖွဲ့အ စည်းတစ်ခုမှာ ရှိရမယ့် အရာတွေကိုတည်ဆောက်တာ။ အမြဲတမ်းမှန်ကန်တဲ့ အမှန်တရားဆိုတာ မရှိတော့တဲ့ အခိုက်မှာ တစ်သီးပုဂ္ဂလလူသားဟာ အဲဒီသိမှုအခြေခံနဲ့ နိုင်ငံရေးအင်စတီကျူးရှင်းတွေရဲ့ အခန်းဂဏ္ဍဟာ ဘယ်လိုရှိသင့်တယ် ၊ ဘယ်လို နိုင်ငံရေးပေါ်လစီမျိုးနဲ့ လုပ်ကိုင်သင့်တယ်၊ နိုင်ငံရေးရဲ့ အဆုံးသတ်ရည်မှန်းချက်က ဘာလဲဆိုတာတွေကို ကိုင်တွယ်သင့်တယ်လို့ ယူတယ် ။  

ဒီမိုကရေစီရှိ “ပြည်သူလူထု” (“The People” in a Democracy)

ဒီမိုကရေစီအယူအဆအရ ပြည်သူလူထုက အုပ်စိုးမှု ပြုသည် (rule by the people)ဟု ဆိုကြရာ၌ ပြည်သူလူထု(the People) ဆိုသည်မှာ မည်သူနည်းဟု မေးစရာ ရှိလာပါသည်။ ဒီမိုကရေစီစနစ်သည် သတ်မှတ်ထားသည့် နယ်နမိတ်တစ်ခုအတွင်း တစ်ဦးတစ်ယောက်ချင်းဖြင့် ပေါင်းစု ထားသည့် လူအစုအဝေးက (a group of individuals in a defined territory)  အစိုးရကို ဖွဲ့စည်းတည်ထောင်ခြင်း ဖြစ်သည်။ သို့သော် မည်သို့သော တစ်ဦးတစ်ယောက်ချင်း သောသူများ (individuals) ကိုဆိုလိုပါသနည်း။ ယင်းမှာ အလွန်အရေးကြီးသည့် မေးခွန်းဖြစ်ပါသည်။ အဘယ်ကြောင့်ဆိုသော် “ပြည်သူလူထု” ဆိုသည့် စကားရပ် ကို ဖွင့်ဆိုရှင်းလင်းမှု မပြုနိုင်သေးသရွေ့ တရားနည်းလမ်းကျသည့် ဒီမိုကရေစီ (legitimate democracy) ကို ဖော်ဆောင်နိုင်မည် မဟုတ်သောကြောင့် ဖြစ်သည်။

Thursday, March 14, 2013

Civil Society ဆိုရာဝယ်

နိဒါန်း
နိုင်ငံရေးနဲ့ လူမှုရေးသိပ္ပံပညာရှင်များက paradigm of social orderမှာ မဏ္ဍိုင်သုံးမျိုးရှိတယ်လို့ ရှုမြင်သုံးသပ်ထားကြပါတယ်။ ဒီသုံးမျိုးကတော့ နိုင်ငံတော် (The state)၊ ဈေးကွက် (The Market) နဲ့ အရပ်ဘက် လူ့အဖွဲ့အစည်း (The Civil Society) တို့ပဲ ဖြစ်ပါတယ်။ နိုင်ငံတော်နဲ့ ဈေးကွက်ကို ပထမ မဏ္ဍိုင်နဲ့ ဒုတိယမဏ္ဍိုင်လို့ သတ်မှတ်ကြတဲ့အတွက် အရပ်ဘက်လူ့အဖွဲ့အစည်းကိုကျတော့ တတိယ မဏ္ဍိုင် လို့ သတ်မှတ်ကြပါတယ်။ Civil societyဆိုတဲ့ သဘောတရားကို လူမှု ဖွဲ့စည်းပုံအမျိုးမျိုးမှာ အဓိပ္ပာယ်ဖွင့်ဆိုထားကြပြီး၊ အထူးသဖြင့် နိုင်ငံတော်နဲ့ လူ့အဖွဲ့အစည်း အကြားက ဆက်နွယ်မှုတွေမှာ အကျိုးသက်ရောက်မှုရှိတဲ့ သဘောတရား တခုအဖြစ် ယူဆထားကြပါတယ်။ Civil society သဘောတရားကို အထင်ရှားဆုံး ကိုယ်စားပြုဖော်ဆောင်တဲ့ အဖွဲ့ အစည်းတွေကတော့ အစိုးရ မဟုတ်သော အဖွဲ့အစည်းများ (non-government organizations or NGOs) တွေပဲ ဖြစ်ပြီး၊ အန်ဂျီအိုတွေကို (civil society organizations or CSOs) တွေအဖြစ်လဲ သတ်မှတ်ခေါ်ဆိုကြပါတယ်။

လုံခြုံရေး နှင့် အကြမ်းဖက်မှု တိုက်ဖျက်ရေး စာစဉ် အမှတ် (၂)

အကြမ်းဖက်မှုဆိုရာဝယ်


အကြမ်းဖက်မှုဆိုရာဝယ် မူရင်း( PDF ဖိုင် ) အပိုင်းကိုဒီမှာယူပါ


Myanmar Institute of Peace and Security Studies (MIPSS)
လုံခြုံရေး နှင့် အကြမ်းဖက်မှု တိုက်ဖျက်ရေး စာစဉ် အမှတ် (၂)
အောက်တိုဘာလ၊ ၂၀၁၂ ခုနှစ်
နိဒါန်း
အကြမ်းဖက်မှု (Terrorism) ဆိုတဲ့ စကားလုံးဟာ နှစ်ဆယ်ရာစု နှောင်းပိုင်းနဲ့ နှစ်ဆယ့်တစ်ရာစု ကာလတလျှောက်မှာ ရေပန်းအတော်စားလာတဲ့ စကားလုံးတခု ဖြစ်ပါတယ်။ ဒီစကားလုံးနဲ့ ပတ်သက်ပြီး အဓိပ္ပာယ်အမျိုးမျိုး ဖွင့်ဆိုခဲ့ကြသလို၊ အကြမ်းဖက်မှု ပုံစံအမျိုးမျိုးကိုလဲ လေ့လာသူတွေက လေ့လာ သုံးသပ်ခဲ့ကြတယ်။ အချို့သော ပညာရှင်များက သမိုင်းရှုထောင့်က လေ့လာကြသလို၊ တချို့ကလဲ အတွေးအခေါ်ပိုင်းကနေ လေ့လာသုံးသပ်ကြတယ်။ နိုင်ငံရေး ဘောဂဗေဒ ပညာရှင်များကလဲ ဂိမ်းသီအိုရီတွေ၊ time series analysis, econometric analysis နည်းလမ်းတွေကို အသုံးပြုပြီး၊ အကြမ်းဖက်မှု ချေမှုန်းရေးဆိုင်ရာ ပေါ်လစီများရဲ့ ထိရောက်မှုစတာတွေကို ဆန်းစစ်ခဲ့ကြပါတယ်။

လုံခြုံရေး နှင့် အကြမ်းဖက်မှု တိုက်ဖျက်ရေး စာစဉ် အမှတ် (၁)

Myanmar Institute of Peace and Security Studies (MIPSS)  (စက်တင်ဘာလ၊ ၂၀၁၂ ခုနှစ်)


အကြမ်းဖက်မှုတိုက်ဖျက်ရေး လေ့လာဆန်းစစ်ချက်

(က) အကြမ်းဖက်မှုများအား စုံစမ်းထောက်လှမ်းခြင်း
အကြမ်းဖက်သမားများအား စုံစမ်းထောက်လှမ်းရာဝယ်

အကြမ်းဖက်မှုတွေကို ထိထိရောက်ရောက် တိုက်ဖျက်နှိမ်နင်းနိုင်ရေးအတွက် သတင်းအချက်အလက်တွေကို စုံစမ်းထောက်လှမ်းနိုင်ရေးဟာ အဓိက အကျဆုံးဖြစ်ပါတယ်။

ငြိမ်းချမ်းရေးနှင့် ပဋိပက္ခ လေ့လာရေး စာစဉ် အမှတ် (၆)

ငြိမ်းချမ်းရေး ယဉ်ကျေးမှု  Myanmar Institute of Peace and Security Studies (MIPSS)
ဖေဖော်ဝါရီလ၊ (၂၀၁၃) ခုနှစ် 
နိဒါန်း
စစ်အေးတိုက်ပွဲပြီးကာလတွေမှာ ငြိမ်းချမ်းရေးယဉ်ကျေးမှု ဆိုတဲ့ သဘောတရားက ကမ္ဘာ့အဆင့်အနေနဲ့ ကျယ်ကျယ်ပြန့်ပြန့် အသိအမှတ်ပြုခံလာခဲ့ရပါတယ်။ (၁၉၈၉) ခုနှစ်မှာ ကျင်းပတဲ့ လူသားများရဲ့ စိတ်သဏ္ဍာန်အတွင်းမှ ငြိမ်းချမ်းရေး ဆိုင်ရာ နိုင်ငံတကာ ကွန်ဂရက်မှာ Côte d’Ivoire မှ Yamoussoukro ဆိုသူက ငြိမ်းချမ်းရေးယဉ်ကျေးမှု ဆိုတဲ့ စကားလုံးကို စတင်သုံးစွဲခဲ့ပါတယ်။ (၁၉၉၄) ခုနှစ်ယောက်တော့ ယူနက်စကိုအဖွဲ့ရဲ့ ညွန်ကြားရေးမှူးချုပ်ဖြစ်သူ Federico Mayorက ငြိမ်းချမ်းရေး အခွင့်အရေးကို တည်ဆောက်နိုင်ရေးအတွက် နိုင်ငံတကာမှ ပူးပေါင်းပါဝင်ကြပါရန် တိုက်တွန်း နှိုးဆော်ခဲ့ပြီး၊ "ငြိမ်းချမ်းရေးယဉ်ကျေးမှုဆီသို့" ဆိုတဲ့ အစီအစဉ်တရပ်ကို စတင် အကောင်အထည် ဖော်ခဲ့ပါတယ်။

အရပ်ဘက်လူ့အဖွဲ့အစည်း (Civil Society) - ၂

နိုင်ငံတကာဖွံ့ဖြိုးရေးနယ်ပယ်မှ အရပ်ဘက်လူ့အဖွဲ့အစည်း

အနည်းဆုံး ၁၉၈၀ ခုနှစ်များမှာစပြီး ဖွံဖြိုးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု နယ်ပယ်တွင် အရပ်ဘက်လူ့အဖွဲ့အစည်းနှင့် ၄င်း၏ ဇာတ်ကောင်များမှာ ကျယ်ပြန့်စွာ အရေးပါလာပါသည်။ ဤအရွေ့မှာ ဆန္ဒအလျောက်ထူထောင်ဆောင်ရွက် ကြသည့် အေဂျင်စီများ၊ အန်ဂျီအိုများ ဖွံ့ဖြိုးနယ်ပယ်တွင် အလုံးအရင်းဖြင့်ပါဝင်လာကြခြင်းနှင့်အတူ ဖြစ်ပေါ်လာခြင်းဖြစ်သည်။ ၄င်းမှာလည်း အဓိကအားဖြင့် ၁၉၈၀ခုနှစ်များအတွင်း လွှမ်းမိုးလာခဲ့သော နီယိုလစ်ဘရယ် ဖွံ့ဖြိုးရေးမော်ဒယ်  ကြာင့်ဟုဆိုနိုင်စရာရှိပါသည်။