Showing posts with label Design and ideology. Show all posts
Showing posts with label Design and ideology. Show all posts

Wednesday, March 13, 2013

SPACE & thinking (ဟင်းလင်းခွင် နှင့် အတွေး)

ဟင်းလင်းခွင်တစ်ခုက 3D, 4D, 5D တွေနဲ့ ကျယ်ပြန့်နေကြောင်း ခံစားမိစေခဲ့တဲ့ သက္ကရာဇ်တွေ သိပ်မကြာခဲ့သေးဖူး...။ ဆက်စပ်နေခဲ့တဲ့ အချိန်တွေကို ပြန်တွေးကြည့်လိုက်ရင် အမှတ်ရရ ရှိစေခဲ့သူတွေတော့ များနေခဲ့ပြီ..။ ဘာကြောင့်ရယ်လို့ အကောင်အထည် မပြနိုင်ခဲ့ပါပဲ ဆုံစည်းခဲ့ကြတဲ့ ရပ်ဝန်းလေးတစ်ခုအတွင်းမှာ တွေးမိတာလေးတွေ၊ နားလည်မိတာလေးတွေအကြောင်း ပြောရင်း၊ ဆိုရင်း၊ တွေးရင်း၊ ငေးရင်းနဲ့ အချိန်ကာလတစ်ခုကိုလည်း ဖြတ်သန်းခဲ့ဖူးပြီ။ ဘာတွေကို ပိုင်ဆိုင်ခွင့်ရခဲ့ကြပြီး ဘာတွေပျောက်ဆုံးခဲ့ကြတယ်ဆိုတာကတော့ တူညီကြမယ် မထင်ပါဖူး..။ သေချာတာတော့ အချိန်တစ်ချို့ကို အတူတကွ ကုန်ဆုံးခဲ့ကြရပါရဲ့။ လမ်းတွေတော့ မတူခဲ့ကြပါဖူး။ ဒီလိုပါပဲ...။ space တစ်ခုအပေါ် အမြင်တွေလည်း မတူညီကြဖူး။ ချဉ်းကပ်မှုတွေလည်း မတူညီခဲ့ကြဖူး။

Tuesday, March 12, 2013

ဒီဇိုင်နာ နှင့် ခေါင်းဆောင်မှုပညာ

အဖွဲ့အစည်းတိုင်းမှာ ခေါင်းဆောင်ဆိုတာ ရှိပါတယ်။ ထို့အတူ ဒီဇိုင်းအဖွဲ့အစည်း တစ်ခုစီအတွင်းမှာလဲ Design Team Leader ထားပြီး လုပ်ဆောင်ကြပါတယ်။ ဒီဇိုင်းအဖွဲ့အပေါ် ဘယ်လိုခေါင်းဆောင်တယ် ဆိုတာ မလေ့လာခင် ခေါင်းဆောင်မှုဆိုတာ ဘာလဲ ဆိုတာကို စတင်လေ့လာမိပါတယ်။ ဒါမှလည်း ခေါင်းဆောင်တွေရဲ့ သဘောတရားကို နားလည်နိုင်မှာ ဖြစ်သလို ခေါင်းဆောင်ကောင်း တစ်ယောက် ဖြစ်မှာပါ..။ ခေါင်းဆောင်ကောင်းဖြစ်ဖို့ဆိုတာကလည်း ခေါင်ဆောင်ကောင်းစိတ်ဓါတ်အပြင် နည်းနိသယတွေလည်း သိထားဖို့ လိုအပ်ပါတယ်။