Showing posts with label Democracy. Show all posts
Showing posts with label Democracy. Show all posts

Friday, March 15, 2013

ဒီမိုကရေစီရှိ “ပြည်သူလူထု” (“The People” in a Democracy)

ဒီမိုကရေစီအယူအဆအရ ပြည်သူလူထုက အုပ်စိုးမှု ပြုသည် (rule by the people)ဟု ဆိုကြရာ၌ ပြည်သူလူထု(the People) ဆိုသည်မှာ မည်သူနည်းဟု မေးစရာ ရှိလာပါသည်။ ဒီမိုကရေစီစနစ်သည် သတ်မှတ်ထားသည့် နယ်နမိတ်တစ်ခုအတွင်း တစ်ဦးတစ်ယောက်ချင်းဖြင့် ပေါင်းစု ထားသည့် လူအစုအဝေးက (a group of individuals in a defined territory)  အစိုးရကို ဖွဲ့စည်းတည်ထောင်ခြင်း ဖြစ်သည်။ သို့သော် မည်သို့သော တစ်ဦးတစ်ယောက်ချင်း သောသူများ (individuals) ကိုဆိုလိုပါသနည်း။ ယင်းမှာ အလွန်အရေးကြီးသည့် မေးခွန်းဖြစ်ပါသည်။ အဘယ်ကြောင့်ဆိုသော် “ပြည်သူလူထု” ဆိုသည့် စကားရပ် ကို ဖွင့်ဆိုရှင်းလင်းမှု မပြုနိုင်သေးသရွေ့ တရားနည်းလမ်းကျသည့် ဒီမိုကရေစီ (legitimate democracy) ကို ဖော်ဆောင်နိုင်မည် မဟုတ်သောကြောင့် ဖြစ်သည်။

Monday, March 4, 2013

ဒီမိုကရေစီ၏ ပင်မမဏ္ဍိုင် ၇ ရပ်

‘ကိမ်းဘရစ်တက္ကသိုလ်၊ အောက်စဖို့ဒ်တက္ကသိုလ်နှင့် ဘယ်လ်ဂျီယမ်နိုင်ငံ ဟားဗာ့ဒ်ကလပ်အသင်းတို့နှင့် တွဲဖက်၍ အရှည်တည်တံ့နိုင် မည့်ဖွံ့ဖြိုးရေးဆိုင်ရာ အမာတီယာဆင်း ဟောပြောပို့ချက်အစုအစည်း’ အဖြစ် မွန်လူမျိုး ထိုင်းဝန်ကြီးချုပ်ဟောင်း အာနန်းပညာချွန်က အများပြည်သူတို့ ဟောပြောခဲ့သည့် အရှည်တည်တံ့နိုင်မည့် ဒီမိုကရေစီအကြောင်း ပို့ချချက်မှ ကောက်နှုတ်ထားသည်။

ဒီမိုကရေစီရဲ့ အင်္ဂါရပ် (၃) ခု

The Three Characteristics of A Democray
ဒီမိုကရေစီကို သိရှိသဘောပေါက်ဖို့ သိပ်လွယ်ကူပါတယ်။ ဒီမိုကရေစီမှာ အင်္ဂါရပ် ၃ ခု အမြဲတမ်း ပါဝင်နေတယ်။ အဲဒါတွေကတော့ It is very easy to recognize a democracy. It will always have three characteristics:

(၁) လူ့အခွင့်အရေးအပေါ် လေးစားလိုက်နာမှု၊
1. Respect for Human Rights
(၂) လွတ်လပ်သော ရွေးကောက်ပွဲများ၊
2. Free Elections
(၃) ဥပဒေစိုးမိုးရေး။
3. Rule of Law