အခွင့်အလမ်း
ကျွန်တော်ဟာ ကျွန်တော့် လက်တံကို ၄ နှစ်မှ ၆ နှစ်ထိ အနာဂတ် အတွက် တိုးချဲ့ နေပြီး တစ်စုံ တစ်ရာကို သင့်ကို ပေးဖို့ ဆွဲထုတ် ယူနေပါတယ်။ ဒါဟာ အနာဂတ်ရဲ့ Yellow Pages ပါပဲ။ တချို့လူတွေအတွက် ဒါဟာ စတော့အိပ်ချိန်း အညွှန်း ကိန်း သို့မဟုတ် Dun and Bradstreet directory ဖြစ်ပါတယ်။ လူအများအတွက် ဒါဟာ ကုမ္ပဏီအဖွဲ့အစည်း ဇယားဖြစ်ပါတယ်။ သင့်နာမည် စာရင်းထဲပါရဲ့လား။ စွမ်းရည် ဘယ် လောက် ရှိသလဲ။ သင်သိမြင်မှု အပေါ် သင်အံ့ဩ သွားပါသလား။
ခေါင်းဆောင် တစ်ဦးအနေနဲ့ တိုးတက်မှုနဲ့ ထိရောက် အကျိုးရှိမှုနဲ့ ပတ်သက်လို့ အရေး တကြီးဖြစ်မှု ခံစားမှု သင့်မှာရှိခဲ့ရင် သင်နဲ့ သင့်အဖွဲ့အစည်းဟာ လွှမ်းမိုးတဲ့ အနေအထားမှာ ရှိသင့် ပါတယ်။ သင့်ရဲ့အရေး တကြီး ဖြစ်မှု အမြင်နဲ့ ပုံသွင်းထားတဲ့ သင့် သဘောထားဟာ သင်အလိုရှိရာရလာဒ်တွေ ထုတ် လုပ် ခြင်း အတွက် ကြီးမား စွာ ပတ်သက်နေလိမ့်မယ်။
သင်တိုးတက် ဖို့နေရာရှိပါသလား။ သူတို့ရဲ့ အိမ်ထောင်ဖက်တွေနဲ့ ကလေးတွေအတွက် အိမ်မှာ သင့်အကြောင်း သင့်အသင်းအဖွဲ့ဝင်က ဘာပြောနေသလဲ။ သင်ဟာ စကားပြောဆိုဖို့အကြောင်းအရာတစ်ခု မဟုတ် ဘူး။ သင်ဟာ စကားပြောဆိုရမယ့် တကယ့်အကြောင်းအရာ ပဲဖြစ်တယ်။ တစ်ဦး တစ်ယောက်က သင့်အတွက် အလုပ်လုပ်ဖို့ လာတဲ့ အခါ သူဟာ အခြေခံအားဖြင့် ပြောဆိုနေတာကတော့ “ကျွန်တော်နဲ့ ကျွန်တော့် မိသားစု အမှန် ဆောင်ရွက်နိုင်ဖို့ လူကြီးမင်းနဲ့ ဒီအဖွဲ့အစည်းပေါ်မှာ ကျွန်တော်သစ္စာရှိပါတယ်”ပဲဖြစ်ပါတယ်။ အဲဒါဟာ ကြီးမား များပြားတဲ့ တာဝန် ဝတ္တရား တစ်ခုပါပဲ။ ပုဂ္ဂိုလ်တစ်ဦးဟာ သူ့ဘဝမှာ တစ်နှစ် သို့မဟုတ် နှစ်နှစ် အချိန်ဖြုန်းနေရင် အဲဒီအချိန်ဟာ ဘယ် တော့မှ ပြန်လည်ရနိုင်မှာ မဟုတ်ဘူး။ သင့်ဝန်ထမ်းတွေရဲ့ဘဝဟာ ပိုမိုကောင်းမွန်သင့်ပါတယ်။ ဘာကြောင့် လဲဆိုတော့ သူတို့မှာ သင့်အတွက် အလုပ်လာဖို့ ကောင်;မြင်တဲ့အမြင်(ခံစားမှု) သူတို့မှာ ရှိခဲ့လို့ပါပဲ။ သင့်ရဲ့ခေါင်း ဆောင်တစ်ဦး အနေနဲ့ ထိရောက် အကျိုး ရှိမှုဟာ လူတွေရဲ့ ဘဝ တွေကို သက်ရောက်မှုရှိ ပါတယ်။
မှန်ကန်တဲ့အရာကို ပြုလုပ်ဖို့ ပြင်းထန်တဲ့ ဆန္ဒတစ်ခုကို ကျွန်တော်တို့ ကိုယ် တိုင် စတင်ခြင်းနဲ့ ကျွန်တော် တို့မှာ ရှိတဲ့ ပုဂ္ဂိုလ်ရေးနဲ့ အသက် မွေးဝမ်းကျောင်းဆိုင်ရာ ဆက်နွှယ်မှုတိုင်းကို စိမ့်ဝင်ပျံ့နှံ့ ခြင်းအားဖြင့် အထူးကောင်းမွန်မှုအတွက် ကျွန်တော်တို့ရဲ့ မဆုတ်မနစ် ကတိကဝတ်အတိုင်း နှစ်မြှုပ်လုပ်ကိုင်မှုကို ထင်ရှား အရာထင်စေပါတယ်။
သူတို့ရဲ့အစဉ် စိမ်းလန်းတဲ့ ခြံစည်းရိုး ပင်တွေမှာ အနားမယူဖို့ သူ့လူတွေကို ဝေါ့တ်ဒစီနေး (Walt Disney)က ပြောခဲ့တယ်။ အကြောင်းရင်းကတော့ သူဟာ ရောင့်ရဲ ကျေနပ်မှုရဲ့ အကျိုးဆက်တွေကို နားလည်ခဲ့တဲ့ ခေါင်းဆောင်တစ်ဦးဖြစ်လို့ ပါပဲ။ ကျွန်တော်တို့ဟာ အလုပ်တစ်ခု ကောင်းကောင်းပြုလုပ်တဲ့အခါ ကျွန်တော်တို့ဟာ ဂုဏ်သိက္ခာနဲ့ပြီးမြောက်အောင်မြင်မှု အမြင်ကို သေချာပေါက်ခံစားသင့်ပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့အနေနဲ့ လမ်း ကြောင်းသစ်တွေ ဆက်လက် တိုးတက်ဖို့နဲ့ မြှင့်တင်ဖို့ လမ်းကြောင်းတွေနဲ့ နည်းလမ်း သစ်တွေကို စဉ်ဆက်မပြတ်ရှာဖွေရမှာ ဖြစ်ပါတယ်။
Walt Disney ဟာ ကြီးမားစွာ အောင်မြင်တဲ့ Three Little Pigs ကို နောက်ဆက်တွဲ ဇာတ်လမ်း ထုတ်လုပ်ဖို့ သူ့ရဲ့ အကြံပေး ပုဂ္ဂိုလ်တွေရဲ့ တိုက်တွန်း မှုကို သူခံခံ ပြောဆိုတဲ့အခါ တိုးတက်မှု အခွင့်အလမ်းတွေအတွက် အပြင်အတွေ့ အကြုံကိုစဉ်ဆက်မပြတ်အသေးစိတ်ကြည့် ဖို့ လိုအပ်ကြောင်း Walt Disney က သာဓကပြပြီး ရှင်းပြခဲ့ပါတယ်။ သူတို့က သူ့ကို ဖိအားပေးခဲ့ပြီး သူက အင်တင်တင် ဖြင့် သဘောတူခဲ့ပါတယ်။ နောက်ဆက်တွဲ ဇာတ်လမ်း The Big Bad Wolf ရုံတင်ပြ ပြီးတဲ့နောက် Walt Disney က သူ့အကြံ ပေးပုဂ္ဂိုလ်တွေကို စုစည်းခေါ်ယူလိုက်ပြီး ဥပဒေသစ်တစ်ခုကို ကြေညာခဲ့တယ်။ အဲဒီ ဥပဒေစည်းမျဉ်းသစ်ကို အဲဒီနေ့မှာပဲ Disney အဖွဲ့အစည်းဝန်းကျင်မှာ ကြားသိ သွားကြတယ်။ သူဆိုလိုတဲ့ စည်းမျဉ်းက တော့ Pigs၊ ဇာတ်လမ်းကို Pigs၊ ဇာတ်လမ်းနဲ့ သာလွန်ကောင်းမွန် အောင်လုပ်လို့ မရဘူး။ Wolf နဲ့ပဲ လုပ်လို့ရတယ်။ တခြား ထူးခြားတဲ့ နောက်တစ်မျိုး ဖန်တီးဖို့ဖြစ် တယ်။
အောက်ပါ အရေးကြီးတဲ့ ခေါင်း ဆောင်မှု အသွင်အပြင် လက္ခဏာ (၃)ခု ဖွံ့ဖြိုး တိုးတက်ခြင်းမှာ အချိန်နဲ့ စွမ်းအားကို ရင်းနှီးမြှုပ်နှံပါ။
(၁) အရေးတကြီးအလောသုံးဆယ်ဖြစ်မှု အမြင်ကို ဖွံ့ဖြိုးပါစေ။
ခေါင်းဆောင်တစ်ဦးအနေနဲ့ သင် ဘယ်လို တိုးတက်နိုင်သလဲ။ သင်ဘယ်လို ပိုမို ထိရောက် အကျိုးရှိအောင် လုပ်နိုင်သလဲ။ အခုတော့….။
(၂) ကိစ္စရပ်တွေ ဆောင်ရွက်တဲ့ နည်းလမ်းတွေနဲ့ ကောင်းမွန်တဲ့ အားမရဖြစ်မှုကို ဖွံ့ဖြိုးပါစေ။
သင်နဲ့ သင့်လူတွေက ပိုမို ကောင်းမွန်အောင် ဘာလုပ်နိုင်သလဲ။ ဘယ်လို လုပ်မှာလဲ။
(၃) ခေါင်းဆောင်မှုရဲ့ ထူးကဲတဲ့ တာဝန်ဝတ္တရားတွေအတွက် လေးစားတန်ဖိုးထားမှုကို ဖွံ့ဖြိုးပါစေ။
အလုပ်ထဲမှာနဲ့ အလုပ်ဘောင်ကျော်လွန်တဲ့ သူတို့ဘဝတွေနှစ်ခု စလုံးနဲ့ ပတ်သက်လို့ သင့်ဝန်ထမ်းတွေအပေါ် သင် ဘယ်လိုသက်ရောက်မှု ရှိသလဲဆိုတာ စဉ်းစား တွေးခေါ်ပါ။ သည်ဆောင်းပါးရဲ့ နိဂုံးကိုလှပတဲ့ အတွေးအခေါ် တစ်စနဲ့ နိဂုံးချုပ်ပါရေစေ။
“အဖွဲ့အစည်းတစ်ခုရဲ့ ခေါင်းဆောင် မှု အရည်အသွေး အထက်မှာ အဖွဲ့အစည်း က ဘယ်တော့မှ မြင့်တက်သွားပြီးရှိနေမှာ မဟုတ် ဘူး”
မောင်မောင်မြင့်သိန်း (စက်မှုတက္ကသိုလ်)
Copy link: http://readandstudy.wordpress.com
Wednesday, March 13, 2013
ခေါင်းဆောင် တစ်ဦး အနေနဲ့ တိုးတက်ရန် ဆက်လက်လုပ်ပါ။
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment