Political Science Part (1)
22:22 HRDP No comments
နိုင်ငံရေးသိပ္ပံပညာ အပိုင်း(၁)
အခြေခံနိုင်ငံရေး သိပ္ပံအား တင်ပြသွားပြီးဖြစ်၍ ယခုမှစ၍ အဆင့်မြင့် နိုင်ငံရေး သိပ္ပံအား တင်ဆက်ဖော်ပြသွားမည်ဖြစ်သည်။
ပထ၀ီနိုင်ငံရေး
ပထ၀ီနိုင်ငံရေးဆိုသည်မှာ နိုင်ငံတခု၊ ဒေသတခုအပေါ် ပထ၀ီဝင် အခြေအနေများ၊ သမိုင်းနောက်ခံအခြေအနေများ၊ နိုင်ငံရေး၊ လူမှုရေး၊ စီးပွါးရေး အစရှိသည်အားဖြင့်လည်းကောင်း နိုင်ငံတကာ အခြေအနေ အရပ်ရပ်တို့အပေါ်၌ လည်းကောင်း လေ့လာသုတေသနပြုသော ပညာရပ်ဖြစ်၏။
၁။နိုင်ငံ
နိုင်ငံဆိုသည်မှာ လူသားတို့၏ အဖွဲ့အစည်းတခုသာဖြစ်၏။ ကမ္ဘာဦးမိသားစု အစုအဝေးများမှအစပြု၍ အဖွဲ့အစည်း၊ အသင်းအပင်း များစွာရှိပြီး ၎င်းအသင်းအပင်းများ၏ ဖွဲ့စည်းပုံမှာလည်း ယေဘူယျအားဖြင့် တူညီကြပေသည်။
အောက်ဖေါ်ပြပါ အင်္ဂါရပ်များကို လေ့လာပါက လူ့အဖွဲ့အစည်းများ၏ ဖွဲ့စည်းပုံမှာ အခြေခံအားဖြင့် တူညီကြောင်းတွေ့ရှိ ပေလိမ့်မည်။
၁။အသင်းသားများ (အဖွဲ့ဝင်များ)
၂။ အသင်းတည်နေရာ
၃။ အမှုဆောင်အဖွဲ့
၎။ အသင်းစည်းမျဉ်းများ တို့ဖြစ်ပါသည်။
လူ့အဖွဲ့အစည်း အသင်းအပင်းများသည် အထက်ပါအတိုင်း အခြေခံအားဖြင့် တူညီကြသော်လည်း ရည်ရွယ်ချက်များမှာမူကား တခုနှင့်တခု တသင်းနှင့်တသင်း တူညီခြင်းမရှိကြပေ။
ဥပမာအားဖြင့် ဘာသာရေးအတွက် ဖွဲ့စည်းထားသော အသင်းများရှိသကဲ့သို့ ပညာရေး၊ စီးပွါးရေး၊ လူမှုရေး၊ နိုင်ငံရေး လုပ်ငန်းများအတွက် ရည်ရွယ်၍ဖွဲ့စည်းထားသော နိုင်ငံများလည်း ရှိပေ၏။
နိုင်ငံတွင်မူ အခြားသောအသင်းအဖွဲ့များနှင့်မတူသော အချုပ်အခြာအာဏာ ဟူသောလဏ္ခာတရပ်ရှိပါ၏။ ထို့ကြောင့်ပင် လူသားတို့သည် ရှေးသဘာဝနိုင်ငံများခေတ်က ကဲ့သို့ လုံခြုံမှုကင်းမဲ့၍ ကျိးလန့်စာ စားရသောဘ၀အခြေအနေမျိုးမှ ရုန်းထွက်လာနိုင်ခဲ့ ခြင်းဖြစ်ပေသည်။
၂။ နိုင်ငံတွင်ရှိသော အင်္ဂါရပ်များ
နိုင်ငံတနိုင်ငံတွင် ရှိသော အင်္ဂါရပ်များမှာ…
၁။ နိုင်ငံသား
၂။ တိကျသောနယ်နမိတ်
၃။ အစိုးရ
၎။ အချုပ်အခြာအာဏာ စသည်တို့ဖြစ်ပေသည်။
အဖွဲ့အစည်းအသင်းတခုတွင် အသင်းဝင်များ မရှိလျှင် အသင်းအင်္ဂါနှင့်မပြည်စုံ သကဲ့သို့ နိုင်ငံတနိုင်ငံတွင်လည်း နိုင်ငံသားမရှိ လျှင် အဓိပ္ပါယ်မရှိဖြစ်နေပေလိမ့်မည်။ ထို့ကြောင့် နိုင်ငံတိုင်းတွင် နိုင်ငံသားရှိရပါမည်။ လူမရှိသောနယ်မြေတခုအား နိုင်ငံဟူ၍ မဆိုအပ်ပေ။
ခန္ဓာမရှိလျှင် လူမရှိနိုင်သကဲ့သို့ တိကျစွာသတ်မှတ်ထားသော နယ်မြေမရှိလျှင် နိုင်ငံမရှိနိုင်ပေ။ နိုင်ငံသားတို့နေထိုင် လုပ်ကိုင် စားသောက်နိုင်ရန် တိကျသောနယ်နမိတ် မြေဧရိယာ ရှိရပါမည်။ တိကျသော နယ်မြေရှိခြင်းဖြင့် နယ်နမိတ်နှင့်စပ်လျှင်း၍၎င်း၊ နိုင်ငံ အချင်းချင်း အငြင်းပွါးမှုများ ပဋိပက္ခများဖြစ်ပွါးမှုမှကင်းဝေး၍ နိုင်ငံတော်အစိုးရအနေဖြင့်လည်း မိမိတို့တန်ခိုးသြဇာအာဏာ ပြန့်နှံရာ ဒေသကို လွယ်ကူစွာ သိရှိနိုင်မည်ဖြစ်ပါသည်။
အစိုးရအဖွဲ့မှာလည်း နိုင်ငံတိုင်းတွင် မရှိမဖြစ်လိုအပ်သော အင်္ဂါရပ်တခုဖြစ်၏။ နိုင်ငံတော်၏ တရားဥပဒေစိုးမိုးရေး၊ နိုင်ငံသား တို့၏ ပညာရေး၊ လူမှုရေး၊ စီးပွါးရေး၊ ကျန်းမာရေးအစရှိသည်အားဖြင့် စည်ပင်တိုးတတ်ရန် တာဝန်မှာ အစိုးရ၏တာဝန်ဖြစ်၏။ အစိုးရသည် ၎င်း၏တာဝန်ကျေပြွန်ရန်အတွက် အောက်ဖေါ်ပြပါ လုပ်ငန်းသုံးခုအား မဖြစ်မနေပြုလုပ်ရပါ၏။
၁. ဥပဒေပြုရေး (Legislature)
၂။ အုပ်ချုပ်ရေး (Executive)
၃။ တရားစီရင်ရေး (Judiciary) စသည်တို့ဖြစ်၏။
ဥပဒေပြုခြင်းကို ဥပဒေပြုဌာနမှ ဆောင်ရွက်၍ ၎င်းဥပဒေများအရတိုင်း နိုင်ငံအုပ်ချုပ်ရေးကို အုပ်ချုပ်ရေးဌာနမှ ဆောင်ရွက်ရ၏။ ဥပဒေဖေါက်ဖျက်မှုများကို တရားစီရင်ရေးဌာနမှ စစ်ဆေးဆောင်ရွက်ပြီး အပြစ်ရှိ/ မရှိ ဆုံးဖြတ်စေပါ၏။
အချုပ်အခြာအာဏာသည် နိုင်ငံတိုင်း၌ မရှိမဖြစ်သော အင်္ဂါရပ်ဖြစ်သည်။ အချုပ်အခြာအာဏာဆိုသည်မှာ နိုင်ငံတွင်းရှိ နိုင်ငံသားတိုင်းလိုက်နာရန်အတွက် ဥပဒေရေးဆွဲခွင့်ရှိခြင်း၊ ၎င်းဥပဒေများနှင့် လျှော်ညီစွာ နိုင်ငံသားတို့အား အုပ်ချုပ်နိုင်ခွင့်ရှိခြင်း၊ ဥပဒေချိုးဖေါက်သောသူများအား အပြစ်ပေး ဒဏ်ခက်ပိုင်ခွင့် ရှိခြင်းတို့ပင်ဖြစ်ပါ၏။
Political Science Part (2)
22:26 HRDP No comments
နိုင်ငံရေးသိပ္ပံပညာ အပိုင်း(၂)
အစိုးရအဖွဲ့မှာ နိုင်ငံတိုင်းတွင် မရှိမဖြစ်လိုအပ်သော အင်္ဂါရပ်တခုဖြစ်၏။ နိုင်ငံတော်၏ တရားဥပဒေစိုးမိုးရေး၊ နိုင်ငံသား တို့၏ ပညာရေး၊ လူမှုရေး၊ စီးပွါးရေး၊ ကျန်းမာရေးအစရှိသည်အားဖြင့် စည်ပင်တိုးတတ်ရန် တာဝန်မှာ အစိုးရ၏တာဝန်ဖြစ်၏။ အစိုးရသည် ၎င်း၏တာဝန် ကျေပြွန်ရန်အတွက် အောက်ဖေါ်ပြပါ လုပ်ငန်းသုံးခုအား မဖြစ်မနေပြုလုပ်ရပါ၏။
၁။ ဥပဒေပြုရေး (Legislature)
၂။ အုပ်ချုပ်ရေး (Executive)
၃။တရားစီရင်ရေး (Judiciary) စသည်တို့ဖြစ်၏။
ဥပဒေပြုခြင်းကို ဥပဒေပြုဌာနမှ ဆောင်ရွက်၍ ၎င်းဥပဒေများအရတိုင်း နိုင်ငံအုပ်ချုပ်ရေးကို အုပ်ချုပ်ရေးဌာနမှ ဆောင်ရွက်ရ၏။ ဥပဒေဖေါက်ဖျက်မှုများကို တရားစီရင်ရေးဌာနမှ စစ်ဆေးဆောင်ရွက်ပြီး အပြစ်ရှိ/ မရှိ ဆုံးဖြတ်စေပါ၏။
အချုပ်အခြာအာဏာသည် နိုင်ငံတိုင်း၌ မရှိမဖြစ်သော အင်္ဂါရပ်ဖြစ်သည်။ အချုပ်အခြာအာဏာဆိုသည်မှာ နိုင်ငံတွင်းရှိ နိုင်ငံသားတိုင်းလိုက်နာရန်အတွက် ဥပဒေရေးဆွဲခွင့်ရှိခြင်း၊ ၎င်းဥပဒေများနှင့် လျှော်ညီစွာ နိုင်ငံသားတို့အား အုပ်ချုပ်နိုင်ခွင့်ရှိခြင်း၊ ဥပဒေချိုးဖေါက်သောသူများအား အပြစ်ပေးဒဏ်ခက်ပိုင်ခွင့်ရှိခြင်းတို့ပင်ဖြစ်ပါ၏။
လူသတ္တ၀ါသည် ဆင်ခြင်တိုင်းထွာတတ်သော ဥာဏ်ရှိသည် ဖြစ်ခြင်းကြောင့် တိရစ္ဆာန် လောကမှ ခွဲထွက်လာခဲ့ခြင်း ဖြစ်၏။ လူသည် မိမိတို့၏ အတွေ့အကြုံအသိတရားများအရ မိမိတို့၏တိုးတတ်မှုအတွက် အကျိုးတူလုပ်ငန်းများကို အတူပူးပေါင်း၍ လုပ်ဆောင် လာခဲ့ကြပါ၏။
ဤသို့အားဖြင့် လုပ်ကိုင်စားသောက်နေထိုင်ခြင်းကြောင့် နိုင်ငံဟူ၍ ပေါ်ပေါက်လာသည်နှင့်အတူ ၎င်းနှင့်တွဲ၍ ပဋိပက္ခများ၊ အဓမ္မမှုများလည်း ဖြစ်ပေါ်လာစမြဲပင်ဖြစ်၏။ ထိုသို့ဖြစ်ပေါ်လာသောအခါ ဖြေရှင်းပေးနိုင်ရန်နှင့် ထပ်မံ၍မဖြစ်ပေါ်စေရန်အတွက် နိုင်ငံတော်အစိုးရ၌ အချုပ်အခြာအာဏာသည် ရှိရပေမည်၊ သို့မှသာ နိုင်ငံသားတို့၏ အသက်၊ အိုးအိမ်၊ စည်းဇိမ်များအား ကာကွယ် စောင့်ရှောက်နိုင်မည်ဖြစ်သည်။
၎င်းအချုပ်အခြာအာဏာ (Soverignty) တွင်လည်း နှစ်မျိုးရှိပါ၏……
၁။ ပြည်တွင်းအချုပ်အခြာအာဏာ (Domestic State Power and Authority)
၂။ ပြည်ပအချုပ်အခြာအာဏာ တို့ဖြစ်၏။ (International Apperance)
၁။ပြည်တွင်းအချုပ်အခြာအာဏာ ဆိုသည်မှာ နိုင်ငံတနိုင်ငံအတွင်း ယှဉ်ဘက်မရှိသော တန်ခိုးသြဇာအာဏာဖြစ်၏။
၂။ပြည်ပအချုပ်အခြာအာဏာ ဆိုသည်မှာ နိုင်ငံတနိုင်ငံအား အခြားသော အချုပ်အခြာအာဏာပိုင်နိုင်ငံတို့က တန်းတူရည်တူအနေဖြင့် အသိအမှတ်ပြုရခြင်းဖြစ်၏။
ထို့ကြောင့် နိုင်ငံသား၊ တိကျသောနယ်နမိတ်၊ အစိုးရနှင့် အချုပ်အခြာအာဏာဟူသော ဤအင်္ဂါလေးရပ်နှင့်ပြည့်စုံလျှင် နိုင်ငံဟု ဆိုပါ၏။ ဖေါ်ပြပါအင်္ဂါလေးရပ်မှ တခုခု ချို့ယွင်းနေပါက နိုင်ငံဟူ၍ မယူဆအပ်ပေ။
ခေတ်သစ်နိုင်ငံများသည် ရှေးယခင်နိုင်ငံများထက် ဧရိယာပိုမိုကျယ်ဝန်းလာခဲ့ကြပါ၏။ ဤသည်မှာလည်း အကြောင်းမဲ့ကျယ်ဝန်း လာခြင်းမဟုတ်ဘဲ ရှေးယခင်ခေတ် မြို့ပြနိုင်ငံငယ်လေးများ အချင်းချင်း ပေါင်းစပ်ဖွဲ့စည်းလာခဲ့သောကြောင့်ဖြစ်ပါ၏။
အဘယ့်ကြောင့် နိုင်ငံငယ်လေးများသည် ပေါင်းစည်းလာခဲ့ကြပါသနည်း။
Political Science Part (3)
22:29 HRDP No comments
နိုင်ငံရေးသိပ္ပံပညာ (၃)
၃။ နိုင်ငံငယ်များ အချင်းချင်း ပေါင်းစည်းခြင်း
နိုင်ငံအချင်းချင်းပေါင်းစည်းရခြင်း အကြောင်းရင်းများစွာရှိသော်လည်း အဓိကအကြောင်းရင်းများမှာ အောက်ပါအတိုင်း ဖြစ်၏။
၁။ ဘုန်းတန်ခိုးကြီးမားလိုမှု (Being to the Supereme State Power)
၂။ အကျိုးတူစီးပွါးရေး တိုးတတ်လိုမှု (Common Wealth)
၃။ ပြည်ပအန္တရာယ်မှ ကင်းလွတ်လိုမှု တို့ဖြစ်ပါ၏။ (Defence, Agression from Foreign Troops)
နိုင်ငံတနိုင်ငံသည် မိမိ၏ ဘုန်းတန်ခိုးအာဏာကြီးမားလိုမှု (Being to the Supereme State Power) ကြောင့် အခြားသော နိုင်ငံတနိုင်ငံ (သို့) နိုင်ငံဒေသများအား အတင်း အကြပ်လက်နက်အားကိုး တိုင်ခိုက် သိမ်းသွင်းသော နည်းအား အသုံးပြုတတ်ပါ၏။
ဥပမာ ဗြိတိသျှရာဇ၀င်၌…
၁. အင်္ဂလန်
၂. ဝေလ
၃. စကော့တလန်
၎. အိုင်ယာလန် ဟူ၍ လေးပြည်ထောင်ကွဲပြားနေသည်ကိုတွေ့ရမည်ဖြစ်၏။
၁၂၈၃ ခုနှစ်၌ ပထမအက်ဒွပ်ဘုရင်သည် ဝေလနိုင်ငံအား စစ်တိုက်သိမ်းသွင်း၍ မိမိ၏လက်အောက်ခံနိုင်ငံအဖြစ် မထားရှိ ဘဲမိမိနိုင်ငံနှင့် နှစ်ပြည့်တပြည် ပေါင်းစည်းကာ နိုင်ငံအား ကြီးမားကျယ်ပြန့်အောင်ဆောင်ရွက်ခဲ့၏။ ၁၈၀၀ ခုနှစ်တွင် အင်္ဂလန်၊ ဝေလ၊ စကော့တလန် နှင့်မြောက်အိုင်ယာလန် တို့သည် ဗြိတိသျှနိုင်ငံဟူ၍ ယခင်ကကဲ့သို့ သီးခြားစီမဟုတ်တော့ဘဲ ဘုရင်တပါးတည်း အောက် သို့ စည်းရုံး မိလျှက်သားဖြစ်လာခဲ့၏။
နိုင်ငံနှစ်နိုင်ငံ (သို့) နိုင်ငံအများတို့သည် မိမိတို့နိုင်ငံအချင်းချင်း ပေါင်းစည်းခြင်း (Federation) ဖြင့် စီးပွါးရေးဖွံ့ဖြိုး တိုးတတ်မှုများ ရရှိလိမ့်မည်ဟု ယုံကြည်ယူဆလာသောအခါ တနိုင်ငံနှင့်တနိုင်ငံ စစ်မက်မပြုကြတော့ဘဲ အချင်းချင်းသဘောတူညီချက် ဖြင့် ပေါင်းစည်းခဲ့ကြသော နိုင်ငံများလည်းရှိပါ၏။
ဤသို့အားဖြင့် အမေရိကန် ပြည်ထောင်စုသည် ၁၇၇၅ ခုနှစ် လွတ်လပ်ရေးစစ်ပွဲမတိုင်မီတွင် ဗြိတိသျှတို့လက်အောက်မှ လွတ် လပ်ရေးရရှိလာသောအခါ အမေရိကန် (၁၃) နယ်သားတို့သည် “ နွားကွဲလျှင် ကျားဆွဲမည် ” ဟူသော စကားပုံအတိုင်း ကောင်းစွာ သဘောပေါက်ကြသည့်အလျှောက် သီးခြားစွာရပ်တည်မနေတော့ဘဲ အချင်းချင်း ပူးပေါင်း၍ ပြည်ထောင်စုကြီးအဖြစ် ဖွဲ့စည်းထူထောင် ခဲ့ပေသည်။
သြစတြေးလျှနိုင်ငံသည်လည်း ၁၉၀၀ ပြည့်နှစ်မတိုင်မီ ဗြိတိသျှတို့၏ တိုက်ရိုက်အုပ်စိုးခြင်းကို ခံရသော သီးခြားနယ်(၆)နယ် အဖြစ်ရှိလေ၏။ ဗြိတိသျှတို့က ထိုနယ်များအား ဒိုမီနီယံ (Dominion) အဆင့် လွတ်လပ်ရေးကို သီးခြားစီပေးလိုက်ချိန်တွင် အရှေ့အာရှမှ ဂျပန်နိုင်ငံသည် အင်အားကြီးမားလာပြီး ၎င်းတို့၏ စီးပွါးရေးဈေးကွက်အားချဲ့ထွင်ရန် ကိုလိုနီနယ်များအားရှာဖွေ သိမ်းပိုက်လျှက်ရှိသော အချိန်အခါနှင့် တိုက်ဆိုင်နေသောကြောင့် သြစတြေးလျှ (၆) နိုင်ငံသားတို့သည် သီးခြားစီရပ်တည်နေပါက ဂျပန်တို့၏ ၀ါးမျိုခြင်းကို ခံရမည်စိုးသောကြောင့် အချင်းချင်းပူးပေါင်းကာ ပြည်ထောင်စုနိုင်ငံအဖြစ် တည်ထောင်ခဲ့ကြခြင်းဖြစ်၏။
အထက်၌ဖေါ်ပြခဲ့သော အခြေအနေများသည် နိုင်ငံအချင်းချင်းတို့၏ ပေါင်းစည်းခဲ့သော အခြေအနေအကြောင်းတရားများပင် ဖြစ်ပေ၏။သို့သော် ထိုနိုင်ငံများ မည်သို့နည်းဖြင့်ပေါင်းစည်းခဲ့ကြသနည်း ဆိုသောအချက်သည် ဤနိုင်ငံရေးသိပ္ပံပညာ၌ အလွန်အရေး ကြီးသော အချက်တချက်အဖြစ် ဆက်လက်လေ့လာသွားရန်လိုပေလိမ့်မည်။
Political Science Part (4)
22:30 HRDP No comments
နိုင်ငံရေးသိပ္ပံပညာ အပိုင်း(၄)
၎။ နိုင်ငံအချင်းချင်း ပေါင်းစည်းခဲ့ကြသောနည်းလမ်းများ
နိုင်ငံအချင်းချင်း ပေါင်းစည်းရာ၌ ယေဘူယျအားဖြင့် နှစ်မျိုးရှိပါ၏။
၁။ နှစ်ပြည့် တပြည်ပေါင်းစည်းခြင်း (Mutual Absorption) (Unitary State)
၂။ ပြည်ထောင်စုအဖြစ်ပေါင်းစည်းခြင်း (Federal) တို့ဖြစ်၏။
၁။ နှစ်ပြည့်တပြည်ပေါင်းစည်းခြင်း (Mutual Absorption) (Unitary State)
နိုင်ငံအချင်းချင်းပေါင်းစည်းကြရာတွင် နှစ်ပြည့်တပြည်အဖြစ် ပေါင်းစည်းခြင်းနှင့် ပြည်ထောင်စုနည်းဖြင့် ပေါင်းစည်း ခြင်းဟူ၍ရှိကြပါ၏။ နိုင်ငံနှစ်နိုင်ငံ (သို့) နိုင်ငံအများသည် နှစ်ပြည်တပြည်နည်းဖြင့် ပေါင်းစည်းကြသောအခါ ၎င်းပေါင်းစည်း ရာတွင်ပါဝင်သော နိုင်ငံအသီးသီးတို့၌ ရှိကြသော မူလပထမ သီးခြားထင်ရှားသည့် ဂုဏ်အင်္ဂါရပ် လက္ခဏာ (Characteristics) များ ပျောက်ကွယ်သွားပြီး ပေါင်းစည်းရာတွင် ပါဝင်သောနိုင်ငံအားလုံးအတွက် သီးခြားထင်ရှားသည် ဂုဏ်အင်္ဂါ လက္ခဏာသစ်တရပ် ပေါ်ထွက်လာပေသည်။
သီးခြားထင်ရှားသည် ဂုဏ်အင်္ဂါ လက္ခဏာသစ်မှာ မူလတိုင်းနိုင်ငံအသီးသီး၌ ရှိသော အစိုးရအဖွဲ့များ ပျောက်ကွယ်သွားပြီး ၎င်းနိုင်ငံ အားလုံးအတွက် ဗဟိုအစိုးရတရပ်တည်းသာ ပေါ်ပေါက်လာသော အစိုးရတဖွဲ့တည်းအဖြစ် ပေါ်ပေါက်လာခဲ့ပေသည်။ တနည်းအားဖြင့် နိုင်ငံငယ်များပေါင်းစည်းပြီး တပြည်ထောင် (Unitary State) တည်းဟူသော နိုင်ငံသစ် ဖြစ်ပေါ်လာခဲ့ပေသည်။
ဥပမာအားဖြင့်…
၁၂၈၃ ခုနှစ်တွင် ဝေလနိုင်ငံမှ အတည်ပြုလိုက်သော လွှတ်တော်ကြီးထုတ်ဥပဒေ (Statute) အရ ဝေလနိုင်ငံအစိုးရနှင့် အင်္ဂလန်နိုင်ငံ အစိုးရတို့ ပျောက်ကွယ်သွားပြီး ဝေလနိုင်ငံနှင့် အင်္ဂလန်နိုင်ငံတို့ကို အုပ်စိုးသည့် တခုတည်းသော အစိုးရသစ်တရပ် ပေါ်ပေါက်လာခဲ့ လေ၏။
၂။ ပြည်ထောင်စုအဖြစ်ပေါင်းစည်းခြင်း (Federal)
နိုင်ငံအချင်းချင်း ပြည်ထောင်စုအဖြစ် ပေါင်းစည်းလျှင် ပေါင်းစပ်ရာတွင်ပါဝင်သော နိုင်ငံအသီးသီးတို့၏ မူလအစိုးရများနှင့် ဥပဒေများသည် လုံးဝပျောက်ကွယ်သွားခြင်းမရှိဘဲ ၎င်းနိုင်ငံအားလုံးအတွက် ဗဟိုအစိုးရသစ်တရပ် ပေါ်ပေါက်လာခဲ့ပေသည်။ နိုင်ငံများသည် အကြောင်းအမျိုးမျိုးကြောင့် မပေါင်းမဖြစ် ပေါင်းစည်းကြသော်လည်း မိမိတို့၏မူလဓလ့ထုံးစံများနှင့် ပင်ကိုယ် ထူးခြားသည့် ဂုဏ်အင်္ဂါရပ် လက္ခဏာများကို မဆုံးရှုံးစေလိုသောအခါ ဤပြည်ထောင်စုနည်းဖြင့် ပေါင်းစည်းခဲ့ကြပေ၏။
ဥပမာအားဖြင့် ၁၇၈၉ ခုနှစ်တွင်ရေးဆွဲခဲ့သော ဖွဲ့စည်းပုံအခြေခံဥပဒေဖြင့် အမေရိကန်သည်လည်းကောင်း၊ ၁၈၄၇ ခုနှစ်တွင် ဆွစ်ဇာလန်နိုင်ငံသည်လည်းကောင်း၊ ၁၉၀၀ ခုနှစ်တွင် သြစတြေးလျားသည်လည်းကောင်း ဖက်ဒရယ်ခေါ် ပြည်ထောင်စုနည်းဖြင့် ပေါင်းစည်းခြင်းပြုခဲ့ကြသဖြင့် ပြည်နယ်ငယ်များ ( Federating Unit) ၏ မူလသီးခြားဂုဏ်အင်္ဂါ လက္ခဏာများဖြစ်ကြသော အစိုးရအဖွဲ့ နှင့် ဥပဒေများအားလုံးနှင့် သက်ဆိုင်သော ဗဟိုအစိုးရ (Federal Government) ပေါ်ပေါက်လာခြင်းဖြင့် လက္ခဏာသစ်တရပ် တိုးပွါး လာခြင်းသာဖြစ်ပေသည်။ ဤကဲ့သို့သော ဗဟိုအစိုးရနှင့်တကွ ပြည်နယ်တိုင်းတွင် မိမိကိုယ်ပိုင် အစိုးရတဖွဲ့စီရှိသော တိုင်းပြည်များကို ပြည်ထောင်စုနိုင်ငံ ( Federal State)ဟူ၍ ခေါ်ဆိုကြပါ၏။
Political Science Part (5)
22:34 HRDP No comments
နိုင်ငံရေးသိပ္ပံပညာ အပိုင်း(၅)
၅။ တပြည်ထောင်စနစ်နိုင်ငံများ (Unitary State)
အထက်၌ရှင်းလင်းရေးသားခဲ့သည့်အတိုင်း ယူနီတရီ (Unitary State) နိုင်ငံတနိုင်ငံ၌ အစိုးရတဖွဲ့တည်းသာရှိကြောင်း သိခဲ့ရပေပြီ။ ၎င်း Unitary State နိုင်ငံတနိုင်ငံ၏ ထူးခြားသော သွင်ပြင်လက္ခဏာများကို ဆက်လက်လေ့လာ ဆန်းစစ်ကြည့်လျှင် အောက်ပါအတိုင်း တွေ့ရှိရမည်ဖြစ်၏။
၁။ အစိုးရအဖွဲ့တခုတည်းသာရှိခြင်း
၂။ အာဏာပိုင်ဥပဒေအဖွဲ့ တဖွဲ့တည်းသာရှိခြင်း
၃။ ဥပဒေအဖွဲ့၏ ဥပဒေပြုခွင့် တန်ခိုးအာဏာကို ကန့်သတ်ချက်မထားရှိခြင်း စသည်တို့ဖြစ်ပေ၏။
အမဲကိုသိလိုလျှင် အဖြူနှင့်နှိုင်းယှဉ်ကြည့်ရပါ၏။ ထို့အတူ Unitary State နိုင်ငံ၏ ထူးခြားသော လက္ခဏာရပ်များကို သိလိုလျှင် ပြည်ထောင်စုနိုင်ငံနှင့် နှိုင်းယှဉ်ကြည့်ရပါ၏။
က) အင်္ဂလန်သည် Unitary State နိုင်ငံဖြစ်သဖြင့် တတိုင်းပြည်လုံးကို အုပ်စိုးသော အစိုးရတဖွဲ့တည်းသာရှိပြီး၊ အမေရိကန် ပြည်ထောင်စုမှာမူ ပြည်ထောင်စုနိုင်ငံဖြစ်သည့်အလျှောက် ဗဟိုအစိုးရအဖွဲ့တခုအပြင် ပြည်နယ်ပေါင်း (၅၀) တွင်လည်း အစိုးရတဖွဲ့ စီရှိကြပေသည်။ ထို့ကြောင့် အမေရိကန်ပြည်ထောင်စုတွင် ဗဟိုအစိုးရတခု နှင့် ပြည်နယ်အစိုးပေါင်း (၅၀) စုစုပေါင်း အစိုးရ(၅၁)ဖွဲ့ ရှိလေသည်။
ခ) အမေရိကန်ဥပဒေပြုအဖွဲ့ (Congress) အားလေ့လာဆန်းစစ်ကြည့်ပါမူ အမေရိကန်ဥပဒေပြုအဖွဲ့၌ ၎င်းကြိုက်နှစ်သက်သလို ဥပဒေပြုခွင့် မရှိကြောင်းတွေ့ရပြီး၊ ကွန်ဂရက် (ခေါ်) ဥပဒေပြုလွှတ်တော်သည် ပြည်နယ်အစိုးရတို့၏ အခွင့်အရေးများကို ထိခိုက်စေနိုင် သည့် ဥပဒေမျိုးများကို ပြုခွင့်မရှိပေ။ တနည်းအားဖြင့် ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေဖြင့် ပြည်နယ်များသို့ပေးထားသော အခွင့်အရေး များကို ထိပါးနိုင်ခွင့်၊ ကျူးကျော်နိုင်ခွင့်မရှိပေ။
ထို့ကြောင့် အမေရိကန်ဥပဒေပြုအဖွဲ့၏ ဥပဒေပြုခွင့်အာဏာမှာ ကန့်သတ်ချက်များရှိကြောင်း တွေ့ရမည်ဖြစ်ပါသည်။
ဗြိတိသျှပါလီမန်နှင့် အမေရိကန်ကွန်ဂရက် (၂) ခုစလုံးမှာ ဗဟိုဥပဒေပြုအဖွဲ့များဖြစ်ကြသော်လည်း အမေရိကန်ဥပဒေပြုအဖွဲ့ မှာ ဗြိတိသျှ ဥပဒေပြုအဖွဲ့ကဲ့သို့ တန်ခိုးသြဇာ မကြီးကြောင်းတွေ့ရမည်ဖြစ်၏။ ဤသို့ဖြစ်ရခြင်းမှာ ဗြိတိသျှနိုင်ငံသည် အစိုးရတဖွဲ့တည်း သာရှိသော Unitary State နိုင်ငံဖြစ်ပြီး အမေရိကန်မှာမူ ပြည်နယ်တခုစီ၌ အစိုးရတဖွဲ့စီရှိသော ပြည်ထောင်စုနိုင်ငံ ဖြစ်သောကြောင့် ပင်ဖြစ်၏။ ထို့ကြောင့် ဥပဒေပြုအဖွဲ့၏ တန်ခိုးအာဏာပါဝါကြီးမားခြင်းသည် Unitary State နိုင်ငံ၏ သီးခြားထူးခြားသော လက္ခဏာ တရပ်ဖြစ် ပေသည်။
ဂ) Unitary Stateနိုင်ငံ၏ တတိယထူးခြားသည့် လက္ခဏာတရပ်မှာ ဗဟိုဥပဒေပြုအဖွဲ့မှအပ ဒေသန္တရဥပဒေပြုအဖွဲ့များ မရှိခြင်းပင်ဖြစ်၏။ ဗြိတိသျှနိုင်ငံတွင် လန်ဒန်မြို့ကိုအုပ်ချုပ်သော ဒေသဆိုင်ရာ “ လန်ဒန်ကောင်တီ ကောင်စီ” (London County Council) မျိုးများစွာရှိ၏။ ဤကောင်စီမျိုးမှာ ဗဟိုဥပဒေပြုအဖွဲ့၏ ခွင့်ပြုချက်ဖြင့် တည်ထောင်ထားခြင်းဖြစ်ပြီး၊ ဥပဒေပြုအဖွဲ့ဖြစ်သော ဗြိတိသျှပါလီမန်က ၎င်းပြုလုပ်ထားသော ဥပဒေကို ပြန်လည်ရုပ်သိမ်းလိုက်လျှင် ဒေသဆိုင်ရာ လန်ဒန်ကောင်တီကောင်စီ ကဲ့သို့သော ဒေသဆိုင်ရာအုပ်ချုပ်ရေးအဖွဲ့မှာလည်း အလိုအလျှောက်ပျက်ပျယ်သွားပေသည်။
လန်ဒန်ကောင်တီကောင်စီ၌ ဗြိတိသျှပါလီမန်မှာကဲ့သို့ အချုပ်အခြာအာဏာမရှိပေ။ ထို့ကြောင့် ၎င်းကောင်စီမှပြုလုပ်လိုက် သော (Rules and Regulations) တွေကိုလည်း ဥပဒေအဖြစ်မယူဆနိုင်ပေ။ သို့ရာတွင် လန်ဒန်ကောင်တီကောင်စီမှာ ဗြိတိသျှ ပါလီမန်၏ ဥပဒေပြုချက်အရ ပေါ်ပေါက်လာသဖြင့် လန်ဒန်မြို့အုပ်ချုပ်ရေးအတွက် စည်းကမ်းနည်းလမ်းများကို ဥပဒေပြုနိုင်ခွင့် ရှိပေသည်။ ၎င်းအဖွဲ့မှ ပြုလုပ်သောဥပဒေများသည် ထပ်ဆင့်ထုတ်ပြန်သော ဥပဒေများဖြစ်ခြင်းကြောင့် ထပ်ဆင့်ထုတ်ဥပဒေ (By Laws) များသာ ဖြစ်ပေသည်။ အထက်ပါအကြောင်းများကို ထောက်ရှုခြင်းအားဖြင့် လန်ဒန်ကောင်တီကောင်စီမှာ အချုပ်အခြာအာဏာပိုင် ဥပဒေပြုအဖွဲ့ မဟုတ်ကြောင်းထင်ရှားလေ၏။ ထို့ပြင် ဗြိတိသျှပါလီမန်၌ မည်သည့်ဒေသန္တရအဖွဲ့အစည်းကိုမဆို ဖျက်သိမ်းနိုင်ခွင့်ရှိ ပေသည်။
အမေရိကန်နိုင်ငံတွင်မူ ဗဟိုဥပဒေပြုအဖွဲ့ဖြစ်သော ကွန်ဂရက်သည် အမေရိကန်နိုင်ငံ၏ တခုတည်းသော ဥပဒေပြုအဖွဲ့ မဟုတ် ပေ။ ၎င်းဥပဒေပြုအဖွဲ့အပြင် ပြည်နယ်(၅၀) စလုံး၌ ဥပဒေပြုအဖွဲ့ တဖွဲ့စီသီးခြားစီရှိကြ၏။ ပြည်နယ်များ၏ ဥပဒေပြုအဖွဲ့များသည် ဗဟိုဥပဒေပြုအဖွဲ့၏ ဥပဒေပြုချက်အပေါ်၌ လုံးဝတည်ရှိခြင်းမရှိပေ။ ထို့ကြောင့် ဗြိတိသျှပါလီမန်သည် ဒေသဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့ များကို ဖျက်သိမ်းနိုင်သကဲ့သို့ အမေရိကန်ပြည်ထောင်စု ဗဟိုဥပဒေပြုအဖွဲ့ဖြစ်သော ကွန်ဂရက်သည် ပြည်နယ်အစိုးရများကို၎င်း၊ ပြည်နယ်များမှ ဥပဒေပြုအဖွဲ့များကိုသော်လည်းကောင်း ဖျက်သိမ်းနိုင်ခွင့်မရှိချေ။
အမေရိကန်ပြည်ထောင်စုရှိ ပြည်နယ်တိုင်းမှ ဥပဒေပြုအဖွဲ့များသည် အချုပ်အခြာအာဏာပိုင်အဖွဲ့များပင်ဖြစ်၏။ ထို့ကြောင့် ပြည်နယ်ဥပဒေပြုအဖွဲ့တို့မှ ပြုလုပ်ပြဌာန်းလိုက်သော ဥပဒေများမှာ ကွန်ဂရက်မှပြုလုပ်သော ဥပဒေများကဲ့သို့ပင် ၎င်းတို့ဆိုင်ရာ ဆိုင်ရာပြည်နယ်များအတွင်း၌ တရားဝင်ဥပဒေအစစ်များပင်ဖြစ်လေသည်။
Political Science Part (6)
22:38 HRDP No comments
နိုင်ငံရေးသိပ္ပံပညာ အပိုင်း(၆)
၆။ တပြည်ထောင်စနစ်နိုင်ငံများ၏ အားသာချက်များ
၁။ Unitary State နိုင်ငံမှာ တနိုင်ငံနှင့်အထက် နိုင်ငံငယ်ပေါင်းများစွာ ပေါင်းစပ်ပါဝင်ပြီး တနိုင်ငံတည်းအဖြစ် ပေါင်းစည်း တည်ထောင်ထားခြင်းဖြစ်သောကြောင့် ပထ၀ီနယ်မြေဆက်စပ်ခြင်း၊ လူမျိုးဓလေ့ထုံးစံ ညီညွတ်ခြင်း၊ မတူညီသော ယဉ်ကျေးမှုများ ပေါင်းစပ်လာခြင်း၊ လမ်းပန်းဆက်သွယ်ရေး ကောင်းခြင်းအစရှိသော အင်္ဂါရပ်များများနှင့် ပြည့်စုံပြီး အမျိုးသား စည်းလုံး ညီညွတ်မှုကို ရရှိနိုင်ခြင်း။
၂။ တတိုင်းပြည်လုံး၌ အစိုးရတရပ်တည်းသာ ရှိသောကြောင့် တိုင်းပြည်အုပ်ချုပ်ရေး စက်ယန္တရားအတွက် ပြည်ထောင်စု နိုင်ငံများကဲ့သို့ လူတော် လူကောင်းများစွာမလိုအပ်ပေ။ ပြည်ထောင်စုစစ်စစ်နိုင်ငံများတွင်မူ အစိုးရအဖွဲ့ပေါင်းများ စွာအတွက် လူတော်လူကောင်းများစွာ လိုအပ်ပေလိမ့်မည်။ လိုအပ်သော လူတော်လူကောင်းများအား ပြုစုပျိုးထောင် မွေးထုတ်မပေးနိုင်ပါက တိုင်းပြည်တိုးတတ်မှုကို ထိခိုက်စေမည်ဖြစ်သည်။
၃။အစိုးရတဖွဲ့တည်းသာရှိသောကြောင့် တိုင်းပြည်၏တာဝန်ကိုပခုံးလွှဲရန်အခွင့်မသာပေ။ ထို့ကြောင့် တာဝန်ဝတ္တရားများကို အစွမ်းကုန်ဆောင်ရွက်နိုင်သည်။ ထို့ပြင် ၎င်းအစိုးရသာ အချုပ်အခြာအာဏာပိုင်ဖြစ်သောကြောင့် ပြည်တွင်းပြည်ပ ပြဿနာများကို အနှောက်အယှက်ကင်းစွာဖြင့် လျှင်မြန်စွာဖြေရှင်းနိုင်သည်။
၎။ တိုင်းပြည်တွင်း၌ အချုအ်အခြာအာဏာပိုင် အစိုးရတဖွဲ့တည်းသာရှိသောကြောင့် ပြည်ထောင်စုနိုင်ငံများကဲ့သို့ ဗဟိုအစိုး ရနှင့် ပြည်နယ်အစိုးရများသော်လည်းကောင်း၊ ပြည်နယ်အစိုးရအချင်းချင်းသော်လည်းကောင်း အချင်းများအငြင်းပွါးရသော ကိစ္စရပ်များ မပေါ်ပေါက်နိုင်ပေ။
၅။ တမျိုးသားလုံးတွင် အစိုးရတဖွဲ့တည်းသာရှိသဖြင့် တိုင်းသူပြည်သားတိုင်းသည် ၎င်းအစိုးရ၏အမှုကိစ္စအပေါ်၌သာ သစ္စာ စောင့်သိရန်လိုသည်။
၆။ မျက်မှောက်ခေတ်တွင် အခြေအနေနှင့်လိုက်လျှော၍ အုပ်ချုပ်ရေးယန္တရားများကို အချိန်အားလျှော်စွာ ပြုပြင်ရန်လိုပေသည်။ ရုပ်ဝတ္တုများသည် အမြဲပြောင်းလဲနေသဖြင့် စိတ်ပိုင်းဆိုင်ရာဝါဒရေးရာများကိုလည်း ရုပ်ပိုင်းနှင့်လျှော်ညီစွာပြုပြင်ပြောင်းလဲရန်လိုပေမည်။ ထိုသို့ပြုပြင်ပြောင်းလဲရာတွင် Unitary State နိုင်ငံက ပြည်ထောင်စုနိုင်ငံများထက်ပို၍လျှင်မြန်လွယ်ကူပေသည်။ ထို့ကြောင့်ပင် အင်္ဂလန်သည် အမေရိကန်ထက် တနှစ်စော၍ (၁၉၁၉) ခုနှစ်တွင် အမျိုးသမီးများကို မဲပေးပိုင်ခွင့်ပြုနိုင်ခဲ့ပေသည်။
၇။ အစိုးရတဖွဲ့တည်းသာရှိသော Unitary State နိုင်ငံမှာ အစိုးရအဖွဲ့ပေါင်းများစွာရှိသော ပြည်ထောင်စုနိုင်ငံထက် အစိုးရအသုံးစရိတ်သက်သာစေပါသည်။ ထို့ကြောင့် Unitary State နိုင်ငံသားတွေသည် ပြည်ထောင်စုနိုင်ငံသားတွေထက် အခွန်ထမ်းဆောင်ရခြင်း သက်သာလေ့ရှိသည်။ ထို့ပြင် Unitary State နိုင်ငံတွင် ပြည်ထောင်စုနိုင်ငံမှာကဲ့သို့ ဥပဒေရေးရာတွင် လည်းကောင်း၊ အုပ်ချုပ်ရေးရာတွင်လည်းကောင်း ရှုပ်ထွေးခြင်းမရှိပေ။
Political Science Part (7)
22:42 HRDP No comments
နိုင်ငံရေးသိပ္ပံပညာ အပိုင်း(၇)
၆။ တပြည်ထောင်စနစ်နိုင်ငံများ၏ အားနည်းချက်များ
၁။ လောကဓမ္မတာ သဘောတရားအရ ဤလောက၌ အားသာချက် ရှိသလို အားနည်းချက်ဟူသည်လည်း ရှိပြီးဖြစ်၏။ Unitary State နိုင်ငံတွင် အစိုးရတဖွဲ့တည်းသာရှိသဖြင့် ကောင်းသောအချက်များသကဲ့သို့ မကောင်းသော အားနည်းချက်များလည်းရှိပေ၏။ မျက်မှောက်ခေတ်တွင် အစိုးရတိုင်း၌ များစွာသော ပြဿနာများကို ရင်ဆိုင်နေရသဖြင့် အရေးကြီးသော အပြည်ပြည်ဆိုင်ရာ ပြဿနာများနှင့် ပြည်တွင်းပြဿနာများကိုသာ အဓိကထား ဖြေရှင်းနေကြရပေသည်။
ထို့ကြောင့် ပြဿနာငယ်များမှာ လျစ်လျူရှုခံနေရပေသည်။ ထိုသို့ လျစ်လျူရှုထားရသော ပြဿနာများနှင့် သက်ဆိုင်ရာလူ ပုဂ္ဂိုလ်အဖွဲ့အစည်းတို့တွင် ထိခိုက်နစ်နာစေရပေသည်။ ပြည်ထောင်စုနိုင်ငံများ၌တွင်မူ ဒေသဆိုင်ရာပြဿနာများကို ပြည်နယ်အစိုးရ တို့က ဖြေရှင်းပေးနိုင်သဖြင့် မလိုလားအပ်သော ထိခိုက်နစ်နာမှုများ လျော့နည်းသွားစေမည်ဖြစ်ပေသည်။ သို့ရာတွင် Unitary State နိုင်ငံတွင် ဒေသန္တရအုပ်ချုပ်ရေးစနစ်ကို အသုံးပြုပါက ဤကဲ့သို့သော ပြဿနာများအား လျော့နည်းသွားအောင်ဆောင်ရွက်နိုင်မည် ဖြစ်ပေသည်။
၂။ အစိုးရတစ်ဖွဲ့တည်း တိုင်းပြည်တွင်းရှိ အများအကျိုးအတွက် ထမ်းဆောင်လိုသော လူတော်လူကောင်းများအတွက် ၎င်းတို့နှင့် သင့်တော်သောနေရာများ လုံလောက်စွာမရှိသဖြင့် လူ့အရင်းအမြစ် ဖွံ့ဖြိုးတိုးတတ်စေနိုင်သော အခွင့်အရေးဆုံရှုံးနိုင်စေ၏။ လူတော်လူကောင်းများကို တိုင်းပြည် လူအဖွဲ့အစည်းအတွင်းသင့်တော်သောနေရာများ၌ အသုံးမချနိုင်ခြင်းကြောင့်လည်း ထိုတိုင်းပြည်၏ ဖွံ့ဖြိုးတိုးတတ်မှုကိုထိခိုက်စေပေသည်။ (ဥပမာ - မြန်မာ၊ အစရှိသည်အားဖြင့်…..)
ပြည်နယ်အစိုးရများရှိသောတိုင်းပြည်များ၌မူ လူအများစုမှာ အစိုးရအမှုထမ်းခွင့်ရကြပေမည်။ ပြည်နယ်အစိုးရဌာနတို့၌ အမှုထမ်းခြင့်ဖြင့် အတွေ့အကြုံအလေ့အကျင့်များရရှိစေပြီး ဗဟိုအစိုးရအတွက် လူတော်လူကောင်းများရရှိစေနိုင်မည်ဖြစ်၏။ တနည်း အားဖြင့် ပြည်နယ်အစိုးရများသည် ပြည်ထောင်စုနိုင်ငံအတွက် နိုင်ငံရေးနှင့် စီမံခန့်ခွဲရေးအတတ်သင်ကျောင်းကြီးများဟုပင် ယူဆနိုင် ပေသည်။
၃။ အစိုးရတဖွဲ့တည်းရှိခြင်းဖြင့် ဗြူရိုကရေစီဝါဒ ထွန်းကားဖြစ်ပေါ်စေပြီး ဤ၀ါဒ၏နောက်ဆက်တွဲဆိုးကျိုးအဖြစ် ၎င်းနယ်ပိုင်၊ မြို့ပိုင်၊ ရွာပိုင်၊ အစိုးရအုပ်ချုပ်ရေးဌာနများမှ အရာရှိများက ၎င်းတို့၏ သြဇာအာဏာများဖြင့် ပြည်သူလူထုအား ဖိနှိပ်ခြင်း၊ ခြိမ်းခြောက်ခြင်း၊ မတရားဖမ်းဆီးခြင်း/ထောင်ချခြင်း၊ အနိုင်ကျင့်ခြင်းများ ဖြစ်ပေါ်စေပြီး ပြည်သူလူထု၏ ဒီမိုကရေစီနှင့် လွတ်လပ်ခွင့်များ ဆုံးရှုံးစေလိမ့်မည်ဖြစ်ပေသည်။
၎။ တိုင်းပြည်ကြီးလွန်းပြီး ပထ၀ီအနေအထား ဆက်စပ်မှုမရှိ၊ လူမျိုးဓလေ့ထုံးစံမတူလျှင် Unitary State နိုင်ငံ မဖွဲ့စည်းသင့်ပေ။ အကြောင်းမှာ မကြာခဏပြည်တွင်းစစ်နှင့် ပုန်ကန်မှုများ ပေါ်ပေါက်စေနိုင်သဖြင့် တိုင်းပြည် ဖွံ့ဖြိုးတိုးတတ်မှုကို များစွာထိခိုက်စေမည် ဖြစ်ပါသည်။
ပြည်ထောင်စုနိုင်ငံဆိုသည်မှာ နိုင်ငံနှစ်နိုင်ငံသော်လည်းကောင်း၊ နှစ်နိုင်ငံနှင့် အထက် ပိုသော်လည်းကောင်း၊ ဖက်ဒရေးရှင်း (Federation) နည်းအရ ဖွဲ့စည်းပုံမှာ ပြည်ထောင်စုအဖြစ် ပါဝင်ပေါင်းစပ်လာသော နိုင်ငံအသီးသီးတို့တွင် မူလအစိုးရများ ပျောက်ကွယ်သွားဖြင်းမရှိဘဲ ဗဟိုအစိုးရတရပ်(သို့) ပြည်ထောင်စုအစိုးရတရပ် အသစ်ပေါ်ပေါက်လာခြင်းပင်ဖြစ်ပေသည်။
နိုင်ငံများသည် ပြည်ပရန်အား ကာကွယ်နိုင်စေရန် အမျိုးသားအင်အားတောင့်တင်းခိုင်မာလိုပြီး၊ မိမိတို့၏ မူလသီးခြား လွတ်လပ်မှုများကိုလည်း မဆုံးရှုံးလေိုသောအခါ ဤပြည်ထောင်စုနည်းဖြင့် အချင်းချင်းပေါင်းစပ်ဖွဲ့စည်းကြပေသည်။ ပြည်ထောင်စုနည်း အရ ပေါင်းစပ်ဖွဲ့စည်းရာတွင် ပါဝင်သော နိုင်ငံများမှာ အချို့သောအာဏာပိုင်များကို စွန့်လွှတ်ရပြီး ကျန်အာဏာများကိုသာ လက်ဝယ် ထားရှိရပေ၏။
ပြည်နယ်များ (Federation Unit) သည် ဗဟိုအစိုးရဖြေရှင်းနိုင်သော ကာကွယ်ရေး၊ နိုင်ငံရေးစသော အာဏာများကို ဗဟိုသို့ပေးအပ်ရပြီး၊ မိမိတို့ဘာသာဖြေရှင်းနိုင်သော ကြွင်းကျန်သည့်အာဏာ (Residure Power) များကို မိမိတို့ လက်ဝယ် ထားရှိကြပေသည်။ ထို့ကြောင့် ပြည်ထောင်စုနိုင်ငံဆိုသည်မှာ ဗဟိုအစိုးရနှင့် ပြညနယ်အစိုးရတို့အာဏာခွဲဝေပြီး အုပ်ချုပ်သည့် နိုင်ငံပင်ဖြစ်ပေသည်။
ဗဟိုအစိုးရနှင့် ပြည်နယ်အစိုးရတို့အကြား အာဏာခွဲဝေရာတွင် ဖွဲ့စည်းပုံ အခြေခံဥပေးဖြင့်ခွဲဝေပေသည်။ ထို့ကြောင့် ပြည်ထောင်စုနိုင်ငံများတွင် သီးခြားထင်ရှားသည့် ဂုဏ်အင်္ဂါလက္ခဏာသုံးရပ် ပေါ်ပေါက်လာခဲ့ပေ၏။
၎င်းတို့မှာ…
၁။ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ တန်ခိုးကြီးခြင်း
၂။ အာဏာကိုခွဲဝေထားခြင်း
၃။ဗဟိုအစိုးရနှင့် ပြည်နယ်အစိုးရများသော်လည်းကောင်း၊ ပြည်နယ်အစိုးရအချင်းချင်းသော်လည်းကောင်း အငြင်းပွါးမှုများကို ဆုံးဖြတ်ဖြေရှင်းနိုင်သည့် အာဏာပိုင်အဖွဲ့တခုရှိခြင်း စသည်တို့ဖြစ်ပေသည်။
၁။ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ တန်ခိုးကြီးခြင်း
ပြည်ထောင်စုနိုင်ငံသည် အာဏာအား ဝေငှထားသဖြင့် ဗဟိုအစိုးရသော်လည်းကောင်း၊ ပြည်နယ်အစိုးရများသော်လည်းကောင်း တန်ခိုးအာဏာ ကြီးမားခြင်းမရှိပေ၊ အကြောင်းမှာ ဗဟိုအစိုးရတန်ခိုးအာဏာကြီးမားနေလျှင် ပြည်နယ်တို့၏ အခွင့်အရေးများကို ထိခိုက်နိုင်သဖြင့် Unitary State နိုင်ငံနှင့် မခြားဘဲရှိနေပေလိမ့်မည်။
ပြည်နယ်အစိုးရတို့က တန်ခိုးသြဇာပို၍ကြီးမားနေပြန်လျှင်လည်း ပြည်ထောင်စုနိုင်ငံဆိုသည့် အဓိပ္ပါယ်မရှိဖြစ်နေပေလိမ့်မည်။ ထို့ကြောင့် ဗဟိုအစိုးရနှင့် ပြည်နယ်အစိုးရတို့ထက် တန်ခိုးအာဏားပိုကြီးမားသော အရာတခုရှိရပေလိမ့်မည်။ ၎င်းအရာမှာ ဖွဲ့စည်း ပုံအုပ်ချုပ်ပုံ အခြေခံဥပဒေပင်ဖြစ်လေသည်။
ပြည်နယ် အစိုးရများသည်လည်းကောင်း၊ ဗဟို အစိုးရသည်လည်းကောင်း ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေ၏ ခွင့်ပြုချက်များမှအပ မည်သည့်အချက် အလက် တစုံတရာ တခုတလေကိုမျှ ချိုးဖေါက်နိုင်ခွင့် အလျှင်းမရှိစေရပေ။ ဗဟိုအစိုးရနှင့် ပြည်နယ်အစိုးရတို့၏ ဆောင်ရွက်ချက်တိုင်း သည် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ၏ ခွင့်ပြုချက်အတိုင်းသာဖြစ်ရပါမည်။ ထို့ကြောင့် ပြည်ထောင်စုနိုင်ငံတွင် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေသည် တန်ခိုးအာဏာအကြီးမားဆုံးပင်ဖြစ်ပေသည်။
၂။ အာဏာကိုခွဲဝေထားခြင်း
ပြည်ထောင်စုနိုင်ငံတွင် ပါဝင်သော ပြည်နယ်များသည် ၎င်းတို့၏ အချိုကသောအာဏာများ အခွင့်အရေးများကို စွန့်လွှတ်ရ ပေသည်။ ထို့ကြောင့် ၎င်းပြည်နယ်တို့သည် မည်သည့်အခွင့်အရေးနှင့်မည်သည့်အာဏာများကို စွန့်လွှတ်ကြရပြီး မည်သည့်အခွင့် အရေးနှင့် မည်သည်အာဏာများကို ပိုင်ဆိုင်ကျင့်သုံးခွင့်ရှိကြောင်း သိရှိထားရြပေသည်။ ယင်းသို့အားဖြင့် မိမိနှင့် သက်ဆိုင်သော အာဏာ မသက်ဆိုင်သောအာဏာ ဟူ၍ တိတိကျကျသိ၇ှိနိုင်စေရန် ဖွဲ့စည်းပုံအခြေခံဥပဒေဖြင့် ခွဲဝေသတ်မှတ်ထားပေသည်။ ထို့ကြောင့် အာဏာခွဲဝေထားခြင်းမှာ ပြည်ထောင်စုနိုင်ငံ၏ သီးခြားထင်ရှားသော ဒုတိယလက္ခဏာတရပ်ပင်ဖြစ်ပေသည်။
၃။ ဗဟိုအစိုးရနှင့် ပြည်နယ်အစိုးရများသော်လည်းကောင်း၊ ပြည်နယ်အစိုးရအချင်းချင်းသော်လည်းကောင်း အငြင်းပွါး မှုများကို ဆုံးဖြတ် ဖြေရှင်းနိုင်သည့် အာဏာပိုင်အဖွဲ့တခုရှိခြင်း
ပြည်ထောင်စုနိုင်ငံ၌ အစိုးရအချင်းချင်းအငြင်းပွါးမှုများဖြစ်ပေါ်နိုင်ပေသည်။ အထူးသဖြင့် ဗဟိုအစိုးရနှင့် ပြည်နယ်အစိုးရတို့သည် အုပ်ချုပ်ရေးကိစ္စရပ်များတွင်၎င်း၊ တရားဥပဒေရေးရာများအတွက်သော်၎င်း အငြင်းပွါးမှု အချင်း ပွါးမှုများဖြစ်ပေါ်တတ်ပေသည်။
ဤကဲ့သို့ အငြင်းပွါးမှု အချင်းပွါးမှုများကို ဆုံးဖြတ်ဖြေရှင်းရန် အဖွဲ့အစည်းတရပ် လိုအပ်ပေသည်။ အများအားဖြင့် ဤသို့အငြင်း ပွါးမှုများကို ဆုံးဖြတ်ဖြေရှင်းခွင့်ရှိသောအဖွဲ့မှာ ဗဟိုတရားစီရင်ရေးဌာနပင် ဖြစ်ပေသည်။ တနည်းအားဖြင့် အာဏာကို ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေဖြင့် ခွဲဝေထားသဖြင့် ၄င်းအာဏာနှင့် စပ်လျှင်းပြီး အငြင်းပွါးမှု ဖြစ်ပေါ်လာသောအခါ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ ကိုပင် ကိုးကားကိုင်ဆွဲခွင့်ရှိသော အဖွဲ့အစည်းပုဂ္ဂိုလ်သည် အငြင်းပွါးမှုများကို ဖြေရှင်းနိုင်ခွင့်ရှိသော အဖွဲ့အစည်း (သို့) ပုဂ္ဂိုလ်ပင်ဖြစ် လေသည်။ မည်သို့ပင်ဖြစ်စေ ပြည်ထောင်စုနိုင်ငံ၌ အငြင်းပွါးမှုများကို ဖြေရှင်းဆုံးဖြတ်နိုင်သော အဖွဲ့အစည်းတခု ရှိနေခြင်းသည် ပြည်ထောင်စုနိုင်ငံ၏ တတိယမြောက် ထူးခြားသည့် လက္ခဏာတရပ်ဖြစ်ကြောင်း စွဲမြဲစွာမှတ်သားထားရပေမည်။
Political Science Part (8)
22:46 HRDP No comments
နိုင်ငံရေးသိပ္ပံပညာ အပိုင်း(၈)
ပြည်ထောင်စုနိုင်ငံအမျိုးမျိုး
ပြည်ထောင်စုနိုင်ငံများကို အမျိုးအစားခွဲကြည့်လျှင် အကြမ်းအားဖြင့် ပြည်ထောင်စုစစ်စစ်နိုင်ငံ (Highly Federalised State) နှင့် တပြည်ထောင်စနစ်နှင့်တူသော ပြည်ထောင်စုနိုင်ငံ (None Highly Federalised State) ဟူ၍နှစ်မျိုးခွဲခြားနိုင်ပေသည်။
သို့ရာတွင် ပြည်ထောင်စုစစ်စစ်နိုင်ငံအချင်းချင်းသော်လည်းကောင်း၊ တပြည်ထောင်စနစ်နှင့်တူသော ပြည်ထောင်စုနိုင်ငံအချင်း ချင်းသော်လည်းကောင်း မသိမသာခွဲပြားခြားနားမှုများ ရှိပေသည်။ ဤကဲ့သို့ ပြည်ထောင်စုနိုင်ငံများ တနိုင်ငံနှင့်တနိုင်ငံ မတူကွဲပြားပုံတို့ကို တိကျစွာသိလိုလျှင် အောက်ပါမေးခွန်းများကို ဖြေဆိုကြည့်ရပါမည်။
၁။ အာဏာအား မည်ကဲ့သို့ခွဲဝေထားသနည်း။
၂။ပြည်ထောင်စုအတွင်း၌ ပါဝင်ကြသော ပြည်နယ်အချင်းချင်းသော်လည်းကောင်း၊ ဗဟိုအစိုးရနှင့် ပြည်နယ်တို့သော်လည်း ကောင်း အချင်းများ အငြင်းပွါးပါက မည်သည့်အဖွဲ့ မည်သည့်ပုဂ္ဂိုလ်က ဖြေရှင်းပေးသနည်း။
၃။ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကို မည်သို့ပြင်ဆင်သနည်း။
၎။ပြည်နယ် အသီးသီးတို့သည် ဗဟိုအစိုးရ ဥပဒေပြုအဖွဲ့သို့ မည်ကဲ့သို့ ကိုယ်စားလှယ်များ စေလွှတ်ကြပါသနည်း။
၅။ အခွန်အား မည်ကဲ့သို့ကောက်ခံသနည်း။
၆။အုပ်ချုပ်ရေးဌာနတွင် မည်သည့်ပုဂ္ဂိုလ်သည် အကြီးဆုံး ဖြစ်သနည်း။ ၎င်းအား မည်ကဲ့သို့ ရွေးကောက် တင်မြှောက်သနည်း။
ဟူသော မေးခွန်းများအား စစ်မေးလေ့လာရန်လိုအပ်ပေလိမ့်မည်။
၁။ အာဏာအား မည်ကဲ့သို့ခွဲဝေထားသနည်း။
ပြည်ထောင်စုနိုင်ငံများ၌ အာဏာအားဗဟိုအစိုးရနှင့် ပြည်နယ်အစိုးရများတို့အား ဖွဲ့စည်းပုံအခြေခံဥပဒေဖြင့် ခွဲဝေပေးအပ်ထား ကြောင်း အထက်စာများ၌ဆိုခဲ့ပါပြီ၊ တခါတရံဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေ၌ ဗဟိုအစိုးရ၏ပိုင်ဆိုင်သော အာဏာများကို သတ်မှတ် ဖေါ်ပြထားခြင်းမပြုသော အကြွင်းအကျန်အာဏာများကို ပြည်နယ်များအတွက်ချန်လှပ်ထားလေ့ရှိပေသည်။ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံ ဥပဒေ၌ သတ်မှတ်ဖေါ်ပြထားခြင်းမရှိသော အာဏာများကို အကြွင်းအကျန်အာဏာများ (Reserve of Power) ဟူ၍ခေါ်ပါသည်။ ၎င်းအကြွင်းအကျန်အာဏာသည် သတ်မှတ်ဖေါ်ပြထားသော အာဏာထက်ပိုကြီးကြောင်း သေချာစွာမှတ်သားထားရန်လိုပါသည်။
ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ၌ မည်သည့်အာဏာများသည် ဗဟိုအစိုးရနှင့် သက်ဆိုင်သည်ဟူ၍ သတ်မှတ်ဖေါ်ပြထားပါက အကြွင်းအကျန်အာဏာများမှာ ပြည်နယ်များလက်ဝယ်တွင်ရှိသည်ဟု မှတ်ယူရပါသည်။ အပြန်အားအားဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေ၌ အချို့သော တန်ခိုးအာဏာများကို ပြည်နယ်တို့အတွက် သတ်မှတ်ဖေါ်ပြထားလျှင် အကြွင်းအကျန်အာဏာတို့သည် ပြည်ထောင်စု အစိုးရ (သို့) ဗဟိုအစိုးရလက်ထဲ၌ ရှိကြောင်းနားလည်ထားရပါမည်။
ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ၌ သတ်မှတ်ဖေါ်ပြမထားသော အကြွင်းအကျန်အာဏာများသည် သတ်မှတ်ဖေါ်ပြထားသော အာဏာထက်ပို၍ကြီးပေသည်။ ထို့ကြောင့် အကြွင်းအကျန်အာဏာများကို လက်ခံရရှိသော အစိုးရအဖွဲကသည် သတ်မှတ်ဖေါ်ပြထား သော အာဏာကိုရရှိသည့် အစိုးရထက်တန်ခိုးအာဏာပို၍ကြီးပေသည်။
ဥပမာအားဖြင့် ဗဟိုအစိုးရအား ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေဖြင့် အကြွင်းအကျန်အာဏာများကို အပ်နှင်းထားပါက ဗဟို အစိုးရ၏ တန်ခိုးအာဏာသည် ပြည်နယ်အစိုးရထက်ပိုကြီးပေသည်။ အကယ်၍ ပြည်နယ်တို့မှ ၎င်းအကြွင်းအကျန်အာဏာကို ပိုင်ဆိုင်ခွင့် ရပါက ပြည်နယ်တို့သည် ဗဟိုအစိုးရထက် တန်ခိုးအာဏာပို၍ကြီးကြောင်း မှတ်ယူရပေသည်။
အကျိုးသက်ရောက်မှု
ဗဟိုအစိုးရမှ အကြွင်းအကျန်အာဏာကို ပိုင်ဆိုင်ခွင့်ရသော်…
၁။ ဗဟိုအစိုးရသည် ပြည်နယ်အစိုးရထက် တန်ခိုးအာဏာပိုကြီးသည်။
၂။ ပြည်နယ်များလွတ်လပ်ခြင်းမရှိဘဲ ဗဟိုအစိုးရ၏ ချုပ်ချယ် ချယ်လှယ်ခြင်းကို ခံရနိုင်ပါသည်။
၃။ ထိုကဲ့သို့သော နိုင်ငံမျိုးကို ပြည်ထောင်စုစစ်စစ်နိုင်ငံဟု မဆိုအပ်ပေ။
ပြည်နယ်များမှ အကြွင်းအကျန်အာစာအား ပိုင်ဆိုင်ခွင့်ရသော်….
၁။ ပြည်နယ်အစိုးရများသည် ဗဟိုအစိုးရထက် တန်ခိုးအာဏာပိုကြီးပါသည်။
၂။ ပြည်နယ်များ လွတ်လပ်ခြင်း၇ှိ၍ ဗဟိုအစိုးရ၏ အာဏာအား အလွဲသုံးစားပြုလုပ်ခြင်းမရှိနိုင်စေရန် ထိန်းချုပ်ထားနိုင်သည်။
၃။ ထိုကဲ့သို့သော နိုင်ငံမျိုးကို ပြည်ထောင်စုစစ်စစ် နိုင်ငံဟု ခေါ်ဆိုနိုင်ပါသည်။
အမေရိကန်၊ သြစတြေးလျှနှင့် ဆွစ်ဇာလန်နိုင်ငံတို့တွင် အကြွင်းအကျန်အာဏာများမှာ ပြည်နယ်တို့၏ လက်ဝယ်၌ရှိပေသည်။ ထို့ကြောင့် ပြည်နယ်များမှာ များစွာလွတ်လပ်၍ လူတဦးချင်းစီ၏ အခွင့်အရေးနှင့် ရပိုင်ခွင့်များကို အပြည့်အ၀ အကာအကွယ် ပေးနိုင် ပေသည်။ ထိုသို့သောနိုင်ငံများကို ပြည်ထောင်စုစစ်စစ် နိုင်ငံဟုခေါ်ဆိုပါသည်။
ကနေဒါနိုင်ငံတွင်မူ အကြွင်းအကျန်အာဏာများကို ဗဟိုအစိုးရမှ ရရှိထားသောကြောင့် ပြည်နယ်အစိုးရတို့သည် များစွာ လွတ်လပ်ခြင်းမရှိပေ။ ထို့ကြောင့်ကနေဒါနိုင်ငံမျိုးအား ပြည်ထောင်စုစစ်စစ်နိုင်ငံဟု မဆိုအပ်ပါပေ။
၂။ ပြည်ထောင်စုအတွင်း၌ ပါဝင်ကြသော ပြည်နယ်အချင်းချင်းသော်လည်းကောင်း၊ ဗဟိုအစိုးရနှင့် ပြည်နယ်တို့သော် လည်းကောင်း အချင်းများ၊ အငြင်းပွါးပါက မည်သည့်အဖွဲ့၊ မည်သည့်ပုဂ္ဂိုလ်က ဖြေရှင်းပေးသနည်း။
ပြည်ထောင်စုနိုင်ငံများသည် ရှိသမျှသော နိုင်ငံတော်အာဏာများကို ဗဟိုအစိုးရနှင့် ပြည်နယ်အစိုးရအား ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေဖြင့် ခွဲဝေပေးထားပေသည်။ ထို့ကြောင့် နိုင်ငံတော်အာဏာကို သုံးစွဲရာတွင် ဗဟိုအစိုးရနှင့် ပြည်နယ်အစိုးရတို့အကြား အငြင်းပွါး အချင်းများမှုများရှိလာပါက ၎င်း ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေကို ကိုးကား၍ဖြေရှင်းပေးရပေသည်။ ထို့ကြောင့် ၎င်းအငြင်းပွါး မှုအချင်းများမှုများကို ဆုံးဖြတ်ဖြေရှင်းနိုင်ခွင့်ရှိသူသည် ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေကို ကိုးကားကိုင်စွဲခွင့်ရှိသူပင်ဖြစ်ပေသည်။
များသောအားဖြင့် ဗဟိုအစိုးရ၏ တရားစီရင်ရေးဌာနက ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေကို ကိုးကား၍ အမှားအမှန်အား ဆုံးဖြတ် ဖြေရှင်းစေပါသည်။ သို့ရာတွင် ဗဟိုအစိုးရ၏ တရားစီရင်ရေးဌာနများသည် တခုနှင့်တခု တန်ခိုးအာဏာချင်းမတူညီကြပေ။
ဥပမာအားဖြင့်…
အမေရိကန်ဗဟိုတရားစီရင်ရေးဌာနသည် အမေရိကန်ဖွဲ့စည်းပုံအုပ်ချုပ်ပုံအခြေခံဥပဒေကို ကိုင်စွဲပိုင်ခွင့်ရှိသော်လည်း ပြည်နယ် တရားဥပဒေများကို ၀င်ရောက်စွတ်ဖက်ချယ်လှယ်ခွင့်မရှိပေ။ သြစတြေးလျှနိုင်ငံမှ ဗဟိုတရားစီရင်ရေးဌာနမှာမူ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကို ကိုင်စဲါခွင့်ရှိသည့်အပြင် ပြည်နယ်တို့၏ တရားဥပဒေများကိုလည်း ၀င်ရောက်စွတ်ဖက်ပိုင်ခွင့်ရှိလေသည်။
ကနေဒါ ဗဟိုတရားစီရင်ရေးဌာနသည် ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေကိုပင် ကိုင်စွဲကိုးကားခွင့်ပင် မရှိကြောင်း တွေ့ရှိရပြန်ပါ သည်။ ထို့ကြောင့် ပြည်ထောင်စုနိုင်ငံအချင်းချင်းအား နှိုင်းယှဉ်လေ့လာသောအခါ ဗဟိုအစိုးရတရားစီရင်ရေးဌာန၏ တန်ခိုးအာဏာကို ယှဉ်ကြည့်လေ့လာရပေသည်။
၃။ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကို မည်သို့ပြင်ဆင်သနည်း။
ပြည်ထောင်စုနိုင်ငံဟူသည် အထက်စာများ၌ဖေါ်ပြခဲ့သလို နိုင်ငံငယ်အချင်းချင်း ပြည်ထောင်စုနည်းဖြင့် ပေါင်းစည်းထားခြင်းဖြစ် ပေသည်။ တနည်းအားဖြင့် ပေါင်းစည်းရာတွင် ပါဝင်သောနိုင်ငံတိုင်းက မိမိတို့၏ မူလသီးခြားစီရှိသော လွတ်လပ်ခွင့်များကို မဆုံးရှုံး စေလိုသောကြောင့် Unitary State ခေါ် နှစ်ပြည့် တပြည် ပေါင်းစည်းခြင်းမျိုးဖြင့် မပေါင်းစပ်ဘဲ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေ ဖြင့် အာဏာအရပ်ရပ်တို့ကို ခွဲဝေယူသောနည်းဖြင့် ပေါင်းစပ်ထားခြင်းဖြစ်ပေသည်။
ထို့ကြောင့် ၎င်း ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေအား ပြင်ဆင်ရန်အာဏာကို ဗဟိုအစိုးရတွင်သော်လည်းကောင်း၊ ပြည်နယ် အစိုးရတွင်သော်လည်းကောင်း ထားရှိပါက အဓိပ္ပါယ်မရှိဖြစ်သွားပေလိမ့်မည်။
အကြောင်းမှာ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေအား ပြင်ဆင်ရန် နည်းလမ်းတရပ်ကို သတ်မှတ် ပေးထားရပေသည်။ ထိုသို့ သတ်မှတ်ထားသော် နည်းလမ်းများမှာလည်း တနိုင်ငံနှင့်တနိုင်ငံ မတူညီကြပေ။ ထို့ကြောင့် ပြည်ထောင်စုနိုင်ငံတို့၏ ကွဲပြားခြားနားချက် ကိုသိလိုလျှင် ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေအား ပြင်ဆင်သောနည်းလမ်းများကို လေ့လာရပေသည်။
၎။ပြည်နယ် အသီးသီးတို့သည် ဗဟိုအစိုးရဥပဒေပြုအဖွဲ့သို့ မည်ကဲ့သို့ ကိုယ်စားလှယ်များ စေလွှတ်ကြပါသနည်း။
ပြည်ထောင်စုနိုင်ငံရှိ ဗဟိုဥပဒေပြုရေးဌာန တနည်းအားဖြင့် (ပါလီမန်) (လွှတ်တော်) ကိုပြည်နယ်တို့မှ ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းထားခြင်းဖြစ်သည်။ ထို့ကြောင့် ပြည်ထောင်စုနိုင်ငံအချင်းချင်း ကွဲလွဲကုံကိုသိလိုလျှင် ပြည်နယ်များမှ ဗဟိုဥပဒေပြုဌာနသို့ ကိုယ်စားလှယ်လွှတ်သော အချိုးအစားကို လေ့လာရမည်ဖြစ်ပေသည်။
၅။ အခွန်အား မည်ကဲ့သို့ကောက်ခံသနည်း။
ပြည်ထောင်စုနိုင်ငံမျာတွင် အခွန်ကောက်ခံရာ၌ တနိုင်ငံနှင့်တနိုင်ငံမတူညီကြပေ။ အချို့နိုင်ငံများတွင် ဗဟိုအစိုးရမှ ကောက်ခံ၍ ပြည်နယ်အစိုးရ၏ အုပ်ချုပ်ရေး ယန္တရားအတွက် သုံးစွဲရန်ခွဲဝေသတ်မှတ်ပေးပြီး၊ အချို့နိုင်ငံများတွင် ပြည်နယ်အစိုးရ မိမိတို့ဘာသာ မိမိတို့ပြည်နယ်အတွင်းကောက်ခံ၍ ဗဟိုအစိုးရအား တချို့တ၀က်ပေးကာ ပြည်ထောင်စုအုပ်ချုပ်ရေးစနစ်ကို လည်ပတ်စေလေသည်။
အချို့ပြည်ထောင်စုနိုင်ငံများမှာမူ အခွန်နှစ်ထပ်စနစ်ကျင့်သုံး၍ ဗဟိုအစိုးရနှင့် ပြည်နယ်အစိုးရတို့သည် မိမိတို့အသုံးစရိတ်ကို သီးခြားစီကောက်ခံပေသည်။ များသောအားဖြင့် ပြည်ထောင်စုစစ်သော နိုင်ငံများသည် သီးခြားစီအခွန်ကောက်ခံ၍ ပြည်ထောင်စု မစစ် သော နိုင်ငံများမှာမူ ဗဟိုအစိုးရမှ တိုက်ရိုက်ကောက်ခံ၍ ပြည်နယ်အစိုးရများသို့ ခွဲဝေပေးသောစနစ်မျိုးကို ကျင့်သုံးကြောင်း မှတ်သား ရပေမည်။
၆။ အုပ်ချုပ်ရေးဌာနတွင် မည်သည့်ပုဂ္ဂိုလ်သည် အကြီးဆုံးဖြစ်သနည်း။
အမေရိကန်ပြည်ထောင်စုတွင် အုပ်ချုပ်ရေးအကြီးအကဲမှာ သမ္မတဖြစ်ပြီး၊ ကနေဒါ၊ သြစတြေးလျှ၊ ဗြိတိန်၊ ဂျာမဏီ၊ အိန္ဒိယ၊ စသောနိုင်ငံများ၏ အကြီးအကဲမှာ ၀န်ကြီးချုပ်ဖြစ်ပေသည်။ ထို့ကြောင့် ပြည်ထောင်စုနိုင်ငံများပင် ဖြစ်သော်လည်း နိုင်ငံအား အုပ်ချုပ် သော အကြီးအကဲတို့အား ရွေးချယ်ရာ၌ေ၇ွးချယ်ခန့်အပ်တာဝန်ပေးပုံချင်းတို့မှာ တူညီခြင်းမရှိပါပေ။ ထို့ကြောင့် ပြည်ထောင်စုနိုင်ငံ များ၏ ဤအာဏာပိုင်အုပ်ချုပ်ရေး အကြီးအကဲအား မည်သို့ရွေးကောက်တင်မြှောက်သည် ဆိုသည်ကို လေ့လာ ထားရပေမည်။
Political Science Part (9)
22:49 HRDP No comments
နိုင်ငံရေးသိပ္ပံပညာ အပိုင်း (၉)
အမေရိကန်ပြည်ထောင်စု
အင်္ဂလိပ်နှင့်ပြင်သစ်တို့သည် အမေရိကတိုက်၌လည်းကောင်း၊ အာရှရှိ အိန္ဒိယတိုက်ငယ်၌လည်းကောင်း ကိုလိုနီလုသော စစ်ပွဲကို ၁၇၅၆ မှစ၍ဆင်နွဲခဲ့ကြပေသည်။ ၁၇၆၃ တွင် ပြင်သစ်ကိုအင်္ဂလိပ်တို့က အနိုင်ရရှိခဲ့သဖြင့် အမေရိကတိုက်ပေါ်ရှိ နိုင်ငံ(၁၃) နိုင်ငံတို့မှာ အင်္ဂလိပ်တို့၏ ကိုလိုနီနိုင်ငံများဖြစ်လာခဲ့ပေသည်။
၁၇၇၅ ခုနှစ်တွင် သမ္မတကြီး ဂျော့ဝါရှင်တန်ဦးဆောင်၍ အမေရိကန်လွတ်လပ်ရေးစစ်ပွဲဆင်နွဲသဖြင့် ၁၇၇၆ ဇူလိုင်လ (၄) ရက်နေ့၌ အမေရိကန်လွတ်လပ်ရေးကြော်ငြာစာတမ်းအား အမေရိကန် ပန်းချီဆရာကြီး (Juhn Trumbull) မှ ဖတ်ကြားခဲ့ပြီး ၁၇၈၃ ခုနှစ်တွင် အမေရိကန်လွတ်လပ်ရေးအား အင်္ဂလိပ်နှင့် ပြင်သစ်တို့အားလုံးမှ အသိအမှတ်ပြုခဲ့ကြပေသည်။
ထို့နောက်အမေရိကန်ပြည်နယ် (၁၃) ပြည်နယ်မှ နိုင်ငံသားတို့ယခင်ကလွတ်လပ်ရေးရသည့်အထိ မိမိတို့၏ သီးခြားအစိုးရ ဓလေ့ထုံးစံများဖြင့် ရပ်တည်နေခဲ့ကြသော်လည်း လွတ်လပ်ရေးရပြီးသောအခါ “ နွားကွဲရင် ကျားစွဲမည့်” အရေးကိုလည်း နားလည်ကြ သည့် အလျောက် အချင်းချင်းပူးပေါင်းလိုကြပေသည်။
သို့ရာတွင် မုလအတိုင်းကိုယ့်မင်းကိုယ်ချင်း သီးခြားစွာရပ်တည်နေခြင်းဖြင့် အင်္ဂလိပ်တို့၏ ပြန်လည်လွှမ်းမိုးလာမည်ကို စိုးရိမ်သကဲ့သို့ အခြားတဖက်တွင်လည်း နှစ်ပြည့်တပြည်နည်းဖြင့် ပေါင်းစည်းလိုက်ပါက မိမိတို့၏ မူလသီးခြားလွတ်လပ်မှုများ၊ ဓလေ့ထုံးစံများ ဆုံးရှုံး ပျောက်ကွယ် သွားမည်ကိုလည်း မလိုလားကြပေ။
ထို့ကြောင့် အမျိုးသားအင်အားတိုးတတ်တောင့်တင်းမှုကိုလည်းရ၊ ဓလေ့ထုံးစံများလည်း မဆုံးရှုံးရသော ပြည်ထောင်စုနည်းဖြင့် အချင်းချင်းပေါင်းစပ်လိုက်ကြပေသည်။ ဤသို့အားဖြင့် (၁၃) ပြည်နယ်ဖြင့် စတင်ပေါင်းစပ်ဖွဲ့စည်းခဲ့သော အမေရိကန်ပြည်ထောင်စုတွင် ယခုအခါ ပြည်နယ်ပေါင်း (၅၀) ပါဝင်လျှက်ရှိကြောင်း တွေ့ရှိရပေသည်။
အမေရိကန် ပြည်ထောင်စုသည် ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေဖြင့် သတ်မှတ်ထားသော ပါဝါ (Specific Power) ကိုဗဟိုအစိုးရ လက်ထဲ၌ထားရှိပြီး ကျန်ရှိသော အကြွင်းအကျန် ပါဝါ(Reserve of Power)ကို ပြည်နယ်များလက်ထဲ၌ ထားရှိသဖြင့် ပြည်နယ်တို့သည် များစွာ လွတ်လပ်ကြပေသည်။ အကြွင်းအကျန် အာဏာမှာ သတ်မှတ်ထားသော အာဏာထက် ကြီးသောကြောင့် အကြွင်းအကျန် အာဏာ(သို့) ဖွဲ့စည်းအုပ်ပုံ အခြေခံဥပဒေဖြင့် သတ်မှတ်မထားသောပါဝါကို ပိုင်ဆိုင်သော ပြည်နယ်တို့သည် ဗဟိုအစိုးရထက် တန်ခိုးကြီးမားပြီး လွတ်လပ်ခြင်း ဖြစ်ပေသည်။ ထို့ကြောင့် အမေရိကန်ပြည်ထောင်စုအား ပြည်ထောင်စုစစ်စစ် နိုင်ငံဟူ၍ သတ်မှတ် ကြပေသည်။
ပဋ္ဋိပက္ခများအားဖြေရှင်းပုံ
ပြည်ထောင်စုနိုင်ငံတိုင်း၌ အစိုးရတဖွဲ့ထက် ပိုများသောကြောင့် အစိုးရအချင်းချင်း အငြင်းပွါးမှုများ ဖြစ်ပေါ်နိုင်ပေသည်။ အထူးသဖြင့် ဗဟိုအစိုးရနှင့် ပြည်နယ်အစိုးရတို့သည် အုပ်ချုပ်ရေးကိစ္စရပ်များ၊ ဥပဒေရေးရာများနှင့် စပ်လျှင်းပြီး အငြင်းပွါးမှုများ ပေါ်ပေါက်နိုင်ပေသည်။
ဤသို့အငြင်းပွါး၍ ပဋ္ဋိပက္ခဖြစ်မှုကို ဖြေရှင်းရန်အတွက် ပုဂ္ဂိုလ် (သို့) အဖွဲကအစည်းတခု ရှိရပေမည်၊ အမေရိကန်တွင်မူ ဤကဲ့သို့သော ပဋ္ဋိပက္ခများကို ဗဟိုအစိုးရ၏ တရားစီရင်ရေးဌာန (Judiciary) မှ အမှား/အမှန်ကို ဆုံးဖြတ် ဖြေရှင်းပေသည်။ ထို့ကြောင့် ဗဟိုအစိုးရ၏ တရားစီရင်ရေးဌာနသည်သာလျှင် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကို ကိုးကားကိုင်စွဲကျင့်သုံးနိုင်သော အဖွဲကဖြစ်ကြောင်း မှတ်သားရပေမည်။
ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကိုပြင်ဆင်ပုံ
နိုင်ငံတိုင်း၌ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံသပဒေကို ပြင်ဆင်ရန် နည်းလမ်းသတ်မှတ်ထားသကဲ့သို့ အမေရိကန်ပြည်ထောင်စု တွင်လည်း သတ်မှတ်ထားပေသည်။ အမေရိကန် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကို ပြင်ဆင်လိုလျှင် အနည်းဆုံးဗဟိုဥပဒေပြုအဖွဲ့၏ သုံးပုံနှစ်ပုံသော ပြည်နယ်များကသော်လည်းကောင်း၊ ပြင်ဆင်ချက်အဆို တင်သွင်းရန်အတွက် အထူးပါလီမန်အား ခေါ်ယူပေးရန် တောင်းဆိုရပေသည်။ တင်သွင်းသော ပြင်ဆင်ချက်အဆိုကို အနည်းဆုံးဗဟိုဥပဒေပြုအဖွဲ့ (ကွန်ဂရက်)၏ လေးပုံ သုံးပုံသော ကွန်ဂရက်အမတ်များမှ သဘောတူ ထောက်ခံမှသာ အတည်ပြုလေသည်။ ထို့ကြောင့် အမေရိကန်ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေမှာ ပြင်ဆင်ရန်ခက်ခဲသော ဥပဒေဖြစ်ကြောင်းကိုလည်း မှတ်သားထားရပါမည်။
အထက်လွှတ်တော်အမတ်များအား ရွေးကောင်တင်မြှောက်ပုံ
အမေရိကန်ပြည်ထောင်စုမှာ ပြည်နယ်(၅၀)အား စုပေါင်းဖွဲ့စည်းထားခြင်းဖြစ်သည့်အလျောက် အထက်လွှတ်တော် Senate (ဆီးနိတ်) သို့ ပြည်နယ်တခုစီမှ ကိုယ်စားလှယ် နှစ်ဦးစီအား အညီအမျှစေလွှတ်၍ ဖွဲ့စည်းထားပေသည်။ ထို့ကြောင့် ဆီးနိတ် ခေါ် အထက်လွှတ်တော်တွင် ဆီးနိတ်တာ (Senator) ခေါ် အထက်လွှတ်တော်အမတ်ပေါင်း(၁၀၀)ရှိပေသည်။
သုံးပုံ တပုံသော အထက်လွှတ်တော်အမတ်များကို (၂) နှစ်ခြားတစ်ကြိမ် နှုတ်ထွက်စေပြီး အသစ်ပြန်လည် ရွေးကောက် တင်မြှောက်ပေသည်။ အထက်လွှတ်တော် ဆီးနိတ်တာ တယောက်၏ သက်တမ်းမှာ (၆)နှစ်ဖြစ်ပေသည်။ တနည်းအားဖြင့် (၆) နှစ် အမတ်သက်တမ်းပြည့်သော သုံးပုံတပုံ ဆီးနိတ်အမတ်များကိုသာ အသစ်ရွေးကောက်သဖြင့် ၎င်းအသစ်ရွေးချယ်သော အမတ်များထဲတွင် (၆) နှစ်သက်တမ်းရှိသော အမတ်ဟောင်းတဦးတလေမျှ ပြန်လည်အရွေးမခံရသည့်တိုင်အောင် လွှတ်တော်ထဲတွင်(၂)နှစ် သက်တမ်းရှိသော အမတ် သုံးပုံတပုံနှင့် (၄) နှစ်သက်တမ်းရှိသော အမတ်သုံးပုံတပုံ အမတ်များကျန် နေပေသည်။ ထို့ကြောင့် အထက် လွှတ်တော်၏ လုပ်ငန်းများမှာ အထစ်အငေါ့မရှိဘဲ ပြေပြစ်တွင်ကျယ်နိုင်စေပါသည်။
အထက်လွှတ်တော်အမတ်များကို ပြည်နယ်အစိုးရများက ရွေးချယ်စေလွှတ်ခြင်း မဟုတ်ပေ။ ပြည်နယ် ပြည်သူလူထုမှ တိုက်ရိုက် ရွေးကောင်စေလွှတ်ခြင်း ဖြစ်ပေသည်။ ဤသို့ အထက်လွှတ်တော်များကို ပြည်နယ်တိုင်း၌ သက်ဆိုင်ရာ ပြည်နယ်အသီးသီးရှိ ပြည်သူများမှ အညီအမျှ ရွေးကောက်စေလွှတ်ခြင်း ဖြစ်သောကြောင့်လည်းကောင်း၊ အထက်လွှတ်တော်ကို များစွာ တန်ခိုးအာဏာ အပ်နှင်းထားဖြစ်ပေသည်။ (၁၉၁၉) တွင် အမေရိကန်သမ္မတ ၀ီလဆင် (Willison) ချုပ်ဆိုခဲ့သော ဗာဆေးစာချုပ်ကို ငြင်းဆိုသည့်အပြင် သမ္မတ ၀ီလဆင်(Willison) ကိုယ်တိုင် အဆိုတင်သွင်း၍ ဖွဲ့စည်းခဲ့သော ကမ္ဘာ့နိုင်ငံ ပေါင်းချုပ်အသင်းကြီး (League of Nations) ထဲ၌ ပါဝင်ရန်ငြင် ဆိုခဲ့ပေသည်။ ဤအချက်ကို ထောက်ရှု့ခြင်းဖြင့် အထက်လွှတ်တော်သည် ကမ္ဘာပေါ်ရှိ အထက်လွှတ်တော်များထဲတွင် တန်ခိုးအကြီးဆုံး လွှတ်တော်တရပ် ဖြစ်ပေသည်။
အခွန်ကောက်ခံပုံ
အခွန်ကောက်ခံရာတွင် (၂) ထပ်ကွမ်းအခွန်စနစ် (Double Texation System) ကိုအသုံးပြုပေသည်၊ ဗဟိုအစိုးရသည် ၌၏ အသုံးစရိတ်အတွက် ၌ဘာသာသီးခြားအခွန်ကောက်ခံသကဲ့သို့ ပြည်နယ်တို့ကလည်း ၎င်းတို့ပြည်နယ်အစိုးရတို့အတွက် အခွန်ထမ်း ဆောင်ရသောကြောင့် ပြည်နယ်တိုင်းသည် အစိုးရအဖွဲ့(၂) ဖွဲ့အတွက် အခွန်ထမ်းဆောင်ကြရပေသည်။
Political Science Part (10)
22:57 HRDP No comments
နိုင်ငံရေးသိပ္ပံပညာ အပိုင်း (၁၀)
ၾသစေၾတးလ်
ၾသစေၾတးလ် နိုင်ငံသည် ၁၇၇၀- ခုနှစ်မှစ၍ ဗြိတိသျှတို့၏ ကိုလိုနီနိုင်ငံဖြစ်ခဲ့ရသည်။ ၁၉၀၀ ခုနှစ်မတိုင်မှီ အတွင်း သြစတြေးလျတိုက်ပေါ်ရှိ ကိုလိုနီ ၆ နိုင်ငံတို့မှာ သီးခြားစီ တည်ရှိခဲ့ကြသည်။ သို့ရာတွင် ဗြိတိသျှတို့ထံမှ ဒိုမီနီယံ လွတ်လပ်ရေး ရကြသောအချိန်၌ ကမ္ဘာ့အရှေ့ဘက်ခြမ်းရှိ ဂျပန်နိုင်ငံမှာ တန်ခိုးပါဝါ ကြီးထွားနေချိန် ဖြစ်သောကြောင့် ကိုလိုနီ ၆ နိုင်ငံမှာ သီးခြားစွာ ရပ်တည်နိုင်ရန် ခဲယဉ်းပေသည်။ ဂျပန်သည် စက်မှုလက်မှု ထွန်းကားလာသည်နှင့် အမျှ ၎င်း၏ ထွက်ကုန်များကို ရောင်းချရန် ဈေးကွက်ရှာ နေချိန်ဖြစ်သည်။ ထို့ကြောင့် ပြည်ပရန်ကို ခုခံနိုင်ရန် အမျိုးသားအင်အားကို တောင့်တင်းခိုင်မှာစေပြီး မိမိတို့၏မူလ သီးခြားလွတ်လပ်မှုများလည်း မဆုံးရှုံးစေသော ပြည်ထောင်စုလည်းဖြစ် အချင်းချင်းပေါင်းစည်းကြသဖြင့် ၁၉၀၀ ခုနှစ်မှစ၍ ဓနသဟာယ ပြည်ထောင်စုနိုင်ငံဖြစ်လာခဲ့သည်။
အာဏာခွဲဝေပုံ
သြစတြေးလျ ပြည်ထောင်စုထဲ၌ ပါဝင်သော ပြည်နယ် ၆ နယ်တို့မှာ ၎င်းတို့၏ သီးခြားစနစ်များဖြင့် အသီးသီး တိုးတက်ရှိခဲ့ ကြသည့်အလျောက် မလွဲမရှောင်သာသဖြင့် ပြည်ထောင်စုဖွဲ့စည်းရသောအခါ သီးခြားလွတ်လပ်သမျှ ရယူလိုကြသည်။ ထို့ကြောင့် သတ်မှတ်ဖော်ပြထားသော တန်ခိုးပါဝါအာဏာများကို ဗဟိုအစိုးရလက်ထက်၌ ထားရှိပြီး အကြွင်းအကျန်အာဏာများကို ပြည်နယ်များလက်ထဲ၌ ထားရှိသည်။ ထို့ကြောင့် သြစတြေးလျသည် ပြည်ထောင်စု စစ်သောနိုင်ငံတစ်နိုင်ငံဖြစ်သည်။
ပဋ္ဋိပက္ခမှုများဖြေရှင်းပုံ
ပြည်ထောင်စုနိုင်ငံ၌ ဗဟိုအစိုးရနှင့် ပြည်နယ်အစိုးရတို့ အငြင်းပွားသောအခါ ဖြေရှင်းနိုင်ရန်အတွက် ဖွဲ့စည်း အုပ်ချုပ်ပုံ အခြေခံ ဥပဒေကို ကိုးကားဖြေရှင်းဆုံးဖြတ်နိုင်ခွင့်ရှိသော အဖွဲ့အစည်း တစ်ရပ် ရှိစမြဲ ဖြစ်သည်။ သြစတြေးလျ နိုင်ငံအဖို့တွင်မူ ဗဟိုတရားလွှတ်တော်ချုပ်( Federal Supreme Court) ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံ ဥပဒေကို ကိုးကားကိုင် စွဲ၍ အမှားအမှန်ကို ဆုံးဖြတ်နိုင်သောအဖွဲ့ဖြစ်သည်။ အမေရိကန်တွင်မူ ဤကဲ့သို့သော အခွင့်အရေးကို ဗဟိုတရားစီစဉ် ရေးဌာန (Federal Judiciary) လက်ထဲ၌သာ ရှိသည်။ သို့သော်လည်း သြစတြေးလျ တရားလွှတ်တော်ချုပ်မှာ ပြည်နယ် တို့၏ တရားဥပဒေများ (Pure State Laws) ကို ၀င်ရောက်စွတ်ဖက်နိုင်ခွင့် ရှိသော်လည်း အမေရိကန်ဗဟို တရားစီစဉ်ရေး ဌာနမှာမူ အမေရိကန်ပြည်နယ်တို့၏ တရားဥပဒေများကို ၀င်ရောက်စွတ်ဖက်ခွင့်မရှိပေ။ ထို့ကြောင့် သြစတြေးလျ လွှတ်တော်ချုပ်သည် အမေရိကန် တရားစီရင်ရေး ဌာနထက် တန်ခိုးကြီးသည်။
ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကို ပြင်ဆင်ပုံ
သြစတြေးလျနိုင်ငံတွင် ပြည်နယ်အစိုးရတို့နှင့် ဗဟိုအစိုးရဖြစ်သော ပြည်ထောင်စုအစိုးရတို့အား ဖွဲ့စည်းအုပ် ချုပ်ပုံ အခြေခံဥပဒေဖြင့် အာဏာကို ခွဲဝေပေးထားသည့်အလျောက် ၎င်းဖွဲ့စည်းပုံ အခြေခံဥပဒေမှာ ပြည်နယ်အားလုံးနှင့် သော်လည်းကောင်း ၊ ပြည်ထောင်စု အစိုးရနှင့် သော်လည်းကောင်း သက်ဆိုင်သည်။ ထို့ကြောင့် ၎င်းဥပဒေကို ပြင်ဆင်ရန် အထူးနည်းလမ်း တစ်ရပ် ချမှတ်ခဲ့သည်။ အောက်လွှတ်တော် (သို့မဟုတ်) ပြည်သူ့လွှတ်တော် (House of Representative) က ပြင်ဆင်ချက်ကို အောက်လွှတ်တော်၌ တင်သွင်း အတည်ပြုပြီး အထက်လွှတ်တော်သို့ အတည်ပြုရန် တင်သွင်းရသည်။ အကယ်၍ အောက်လွှတ်တော်နှင့် အထက်လွှတ်တော် နှစ်ရပ်စလုံးက တင်သွင်းသော အဆိုပြုချက်ကို အတည်ပြုပြီးလျှင် ပြည်နယ် မဲဆန္ဒရှင်များကို တင်ပြရသည်။ ပြည်နယ်များ၏ မဲဆန္ဒရှင် အများစုက လက်ခံအတည်ပြုမှသာလျှင် ၎င်းပြင်ဆင်ချက် အထ မြောက် အောင်မြင်သည်။
အကယ်၍ အောက်လွှတ်တော်က တင်သွင်းအတည်ပြုထားသော ပြင်ဆင်ချက်ကို အထက်လွှတ်တော်က ၂ ကြိမ်တိုင်တိုင် ပယ်ချက ဒုတိယအကြိမ် ပယ်ချပြီး ရက်ပေါင်း ၉၀ ကျော်လျှင် ဂါဗာနာဂျင်နရယ်က ပါလီမန်ကို ဖျက်သိမ်း ပြီး၎င်းပြင်ဆင်ချက်ကို ကြိုက်မကြိုက် ပြည်သူလူထုအားတင်ပြ၍ မဲဆန္ဒဖြင့်ဆုံးဖြတ်စေရသည်။ ဤသို့ ဥပဒေရေးရာ ပြင်ဆင်ချက်များနှင့် စပ်လျဉ်း၍ ဆိုင်ရာပြည်သူတို့၏ အလိုဆန္ဒအတိုင်း ဆုံးဖြတ်စေနိုင်ရန် ပြည်သူများအားတာဝန်ပေး ခြင်းကို ပြည်သူ့ဆန္ဒကောက်ခံခြင်း (Referendum) ဟု နိုင်ငံရေးရာ ပညာရပ်တွင် ခေါ်ဆိုကြသည်။
ကိုယ်စားလှယ်ရွေးချယ်ပုံ
သြစတြေးလျ ဥပဒေပြုအဖွဲ့ကို စီးနိတ်ခေါ် အထက်လွှတ်တော်နှင့် ပြည်သူ့လွှတော်ခေါ် အောက်လွှတ်တော် တို့ဖြင့်ဖွဲ့စည်းထားသည်။ အထက်လွှတ်တော်သို့ ပြည်နယ် ၆ နယ်မှ တစ်နယ်လျှင် အမတ် ၁၀ဦးကြစီ ဆိုင်ရာပြည်သူတို့ကိုယ်တိုင် ရွေးချယ်စေလွှတ်ဖွဲ့စည်းထားသဖြင့် ၎င်းအထက်လွှတ်တော်၌ အမတ်ပေါင်း ၆၀ ရှိသည်။ ဤနေရာတွင် သြစတြေးလျ အထက်လွှတ်တော် ဖွဲ့စည်းထားပုံမှာ အမေရိကန် အထက်လွှတ်တော်ကဲ့သို့ တန်ခိုးမကြီး ပေ။
သြစတြေးလျ အထက်လွှတ်တော်၌ အမေရိကန်အထက်လွှတ်တော်ကဲ့သို့ နိုင်ငံတော်အစိုးရက ခန့်အပ်ထား သော ရာထူးကြီးများနှင့် အစိုးရချုပ်ဆိုထားသော အပြည်ပြည်ဆိုင်ရာ စာချုပ်များကို အတည်ပြုခွင့်၊ ပြင်ဆင်ငြင်းဆိုခွင့် ပါဝါမရှိ၊ အကြောင်းမှာ သြစတြေးလျ အစိုးရအဖွဲ့သည် အောက်လွှတ်တော် ကိုယ်စားလှယ်အမတ်များဖြင့် ဖွဲ့စည်းထား သော တာဝန်ကိုခံရသော အစိုးရဖြစ်ပြီး အမေရိကန်အစိုးရမှာမူ ပါလီမန်နှင့် ကင်းလွတ်ပြီး ပါလီမန်ကို တာဝန်မခံရသော အစိုးရ ဖြစ်ခြင်းကြောင့်ပင် ဖြစ်ပေသည်။ သြစတြေးလျ ၀န်ကြီးချုပ်ကို အောက်လွှတ်တော်ကသာ ရွေးချယ်တင်မြှောက်ပြီး ၎င်းဝန်ကြီးချုပ်နှင့် ၎င်းဖွဲ့စည်းထားသောအစိုးရကို အယုံအကြည်မရှိအဆိုကို တင်၍ ဖြုတ်ချနိုင်သည်။ ထို့ကြောင့် သြစတြေးလျတွင် အထက်လွှတ်တော်ထက် အောက်လွှတ်တော်က ပိုတန်းခိုးကြီးသည်။
Political Science Part (11)
23:02 HRDP No comments
နိုင်ငံရေးသိပ္ပံပညာ အပိုင်း (၁၁)
ကနေဒါ ပြည်ထောင်စု
ကနေဒါ နိုင်ငံသည် ၁၆၈၀ ခုနှစ်မှ၍ ပြင်သစ်ကိုလိုနီဘ၀ဖြင့် နေလာခဲ့ရပြီး ၁၇၆၀-ခုနှစ်တွင်မူအင်္ဂလိပ်တို့က ပြင်သစ် လက်မှသိမ်းယူသဖြင့် ၎င်း ကနေဒါနိုင်ငံမှာ အင်္ဂလိပ်ကိုလိုနီနိုင်ငံ ဖြစ်ခဲ့ရပြန်သည်။ ၁၇၇၅- ခုနှစ်တွင် အမေရိကန်တို့ လွတ်လပ်ရေး စစ်ပွဲဆင်နွှဲ ၁၈၇၃ ခုနှစ်တွင်လွတ်လပ်ရေးရသွားသောအခါ ကနေဒါ သားတို့နိုးကြားထကြွလာကြသည်။ အင်္ဂလိပ်များအနေဖြင့်လည်း “တခါသောဘူးပျဉ်ဘိုးနားလည်” ထားသည့်အလျှောက် ကနေဒါလူမျိုးတို့၏ လွတ်လပ်ရေးစစ်ပွဲဆင်နွှဲမည့်အချိန်ကို မစောင့်ဘဲ ၁၈၆၇-ခုနှစ်တွင်ကနေဒါအား ဒိုမီနီယံလွတ်လပ်ရေး ပေးလိုက်သည်။
ကနေဒါနိုင်ငံလွတ်လပ်ရေး ရရှိသောအခါလူများစုက ယူနီတရီနိုင်ငံထူထောင်လိုကြ၏ သို့ရာတွင် တိုင်းပြည်၏ အာဏာအားလုံး လူများစုဖြစ်သော ကနေဒါသား အင်္ဂလိပ်လူမျိုးတို့လက်ထဲကျရောက်ပြီး၊ အင်္ဂလိပ်တို့က ချယ်လှယ်မည်ကို လူနည်းစုဖြစ်သော ကနေဒါသား ပြင်သစ်လူမျိုးတို့ကစိုးရိမ်ကြသည်၊ ကနေဒါပြည်ရှိ အခြားလူနည်းစု ဥရောပသားများကလည်း ယူတနရီ နိုင်ငံတည်ထောင်ခြင်းကိုမလိုလားကြချေ။ ထို့ကြောင့်ယူတရီနိုင်ငံ တည်ထောင်ခြင်းကိုမလိုလားကြချေ။ ထို့ကြောင့်ယူနှတရီနိုင်ငံမတည်ထောင်ဘဲ ပြည်ထောင်စုနိုင်ငံတည်ထောင်ခဲ့ခြင်း ဖြစ်သည်။
ကနေဒါ ပြည်ထောင်စုနိုင်ငံသည်အမေရိကန် ပြည်ထောင်စုနိုင်ငံနှင့် လုံးဝမတူကြောင်းတွေ့ရှိရသည်။ ကနေဒါပြည်ထောင်စု ဖွဲ့စည်းချိန်တွင် အမေရိကန်၌ ငွေဝယ်ကျွန်များကိစ္စနှင့် စပ်လျဉ်းပြီး တောင်ပိုင်းပြည်နယ်တို့က ခွဲထွက်လိုမှုကြောင့်ဖြစ်ခဲ့ရသော အမေရကန်ပြည်တွင်းစစ်ပြီးစအချိန်ပင်ဖြစ်သည်။ ထို့ကြောင့်ကနေဒါသားတို့သည်၊ အမေရိကန်ပြည်ထောင်စုဖွဲ့စည်းပုံ၏ ချွတ်ယွင်းချက်များကို သိရှိပြီ၊ အမေရိကန်၌ကျရောက်သော ပြည်တွင်းစစ်ဘေးရန်မျိုးမှကင်းရှင်း နိုင်သောနည်းမျိုးဖြင့် ပြည်ထောင်စုဖွဲ့စည်းခဲ့ခြင်းကြောင့် ကနေဒါပြည်ထောင်စုနှင့် အမေရိကန်ပြည်ထောင်စုတို့ မတူညီခြင်းဖြစ်သည်။
ကနေဒါ ပြည်ထောင်စုတွင် ရေးမှတ်ထားသောအာဏာကို ပြည်နယ်များလက်ထဲ၌ထားပြီး အကြွင်းအကျန် အာဏာ(၀ါ)ရေးမှတ်မထားသော အာဏာများကိုဗဟိုအစိုးရ လက်တွင်ထားရှိသည်။ ဤအချက်သည် အမေရိကန်နှင့်ဖြောင့် ဖြောင့်ဆန့်ကျင်သည်။
ကနေဒါ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေအနေဥပဒေအရ ဗဟိုတရားစီရင်ရေး ဌာနမှာတရားရုံးချုပ်ပင်ဖြစ်သည်၊ သို့ရာတွင် ၎င်းတရားရုံးချုပ်မှာ နောက်ဆုံးအယူခံဝင်ရာရုံးမျှသာဖြစ်သည်။ ဤအမေရိကန်တရားရုံးချုပ်ကဲ့ သို့ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံ ဥပဒေကိုကိုးကား ကိုင်စွဲခွင့်မရှိပေ။ ကနေဒါပြည်ထောင်စု၏ ဗဟိုဥပဒေပြုအဖွဲ့ (ပါလီမန်)သည် ပြည်နယ်တရားဥပဒေပြုအဖွဲ့တို့မှ ပြုစုလိုက်သော မည်သည့် တရားဥပဒေကိုမဆို ပယ်ချနိုင်သည်။ ထို့ကြောင့် ဥပဒေရေးရာမျာနှင့် စပ်လျဉ်းပြီး ဗဟိုအစိုးရနှင့် ပြည်နယ်အစိုးရတို့ အငြင်းပွား အချင်းများစရာ အကြောင်းမရှိပေ။ ဤအချက်ကို ထောက်ရခြင်းဖြင့် ကနေဒါနိုင်ငံသည် ယူနီတရီနှင့် နီးစပ်ခြင်းတွေ့ရပေသည်။ ယင်းကဲ့သို့သော အကြောင်းများကြောင့် ကနေဒါနိုင်ငံကို ပြည်ထောင်စုမစစ်သော နိုင်ငံဟူ၍ မှတ်ယူကြသည်။
ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကို ပြင်ဆင်ပုံ
ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကို ပြင်ဆင်ခြင်းနှင့်ပတ်သက်၍ ပြည်နယ်များ၌ အာဏာမရှိ၊ ဗဟိုအစိုးရ၌သာ ပြည်နယ်တို့၏ ကန့်ကွက်မဲမရှီပါက ပြင်ဆင်နိုင်ခွင့်ရှိသည်။ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပေးအရ ဗဟိုအစိုးရနှင့် ပြည်နယ်အစိုးရတို့ သဘောကွဲလွဲပြီး အငြင်းပွားတိုင်း ၎င်းအငြင်းပွားသည့်ပြဿနာကို အင်္ဂလိပ်ပါလီမန်သို့ တင်သွင်း၍ ဆုံးဖြတ်စေရသည်။ သို့ရာတွင် ယနေ့အထိ ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့်စပ်လျဉ်းပြီး ဗဟိုအစိုးရနှင့် ပြည်နယ်အစိုးရတို့ သဘောကွဲလွဲခြင်းမရှိသဖြင့် ဗြိတိသျှပါလီမန်သို့ တကြိမ်တခါမျှ တင်ပြခဲ့ရခြင်း မရှိပေ။
ကိုယ်စားလှယ်ရွေးချယ်ပုံ
ကနေဒါဗဟိုအစိုးရ (ပြည်ထောင်စုအစိုးရ) တွင် စီးနိတ်ခေါ် အထက်လွှတ်တော်နှင့် အောက်လွှတ်တော်ဟူ၍ လွှတ်တော်နှစ်ခုရှိသည်။ ကနေဒါပြညထောင်စုနိုင်ငံသည် ပြည်နယ်ပေါင်း“၁၃”နယ်ကို ပေါင်း၍ဖွဲ့စည်းထားခြင်း ဖြစ်သော်လည်း အမေရိကန်နှင့်သြစတေးလျား နိုင်ငံများကဲ့သို့ အထက်လွှတ်တော်အမတ်များကို အညီအမျှ ရွေးချယ်ခြင်းမရှိကြောင်း တွေ့ရှိရသည်။ ပြည်နယ်များမှ ကိုယ်စားလှယ် အညီအမျှ ရွေးချယ် စေလွှတ်ခြင်း မဟုတ်သည့်အပြင် ပြည်သူများကလည်း ရွေးချယ်ရခြင်း မပြုရပေ။ ကနေဒါဂါဗာနာဂျင်နရယ်ကသာ ရာသက်ပန် ခန့်အပ်ခြင်းပြုသည်။ ထို့ကြောင့် အထက်လွှတ်တော်မှာ ပြည်သူ့ကိုယ်စားလှယ်များဖြင့်သာ ဖွဲ့စည်းထားသော လွှတ်တော်မဟုတ်ပေ။
အောက်လွှတ်တော်ကိုပြည်နယ်လူဦးရေအလိုက် အချိုးကျရွေးကောက်စေလွှတ်သော အမတ်ပေါင်း(၃၀၈) ယောက် ဖြင့်ဖွဲ့စည်းထားသည်။ ဘဏ္ဍရေး၊ တရားဥပဒေရေးရာနှင့် စပ်လျဉ်းသော ကိစ္စရပ်များကို အောက်လွှတ်တော်ကသာ ဆောင်ရွက်သည့်အပြင် အစိုးရအဖွဲ့ကိုလည်း အောက်လွှတ်တော် ကိုယ်စားလှယ်များဖြင့်သာ ဖွဲ့စည်းထားသည်။ ခေတ်သစ် ဒီမိုကရေစီနှင့် လျော်ညီစေရန် ပြည်သူ့ ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းထားသော အောက်လွှတ်တော်ကို အထက်လွှတ်တော်ထက် တန်ခိုးအာဏာပို၍ အပ်ထားခြင်းဖြစ်သည်။
(အခွန်ကောက်ခံပုံ)
ကနေဒါပြည်ထောင်စုသည် အမေရိကန်ပြည်ထောင်ကဲ့သို့ နှစ်ထပ်ကွမ်းအခွန်ကောက်သော စံနစ်ကို အသုံမပြုချေ။ အခွန်အားလုံးကို ပြည်ထောင်စုအစိုးရကသာ ကောက်ခံပြီး ရရှိသောအခွန်များကို ပြည်နယ်အစိုးရတို့အား ခွဲဝေပေးသည်။
Political Science Part (12)
23:05 HRDP No comments
နိုင်ငံရေးသိပ္ပံပညာ အပိုင်း (၁၂)
ဆွစ်ဇာလန်ပြည်ထောင်စုJustify Full
ဆွစ်ဇာလန်ပြည်ထောင်စုမှာ ကင်တွန်းခေါ် ပြည်နယ် ၁၉ - ပြည်နယ်တို့၏ တ၀က်စီဖြင့် ဖွဲ့စည်းထားသော်လည်း ကမ္ဘာပေါ်တွင် အလွန်ငယ်သော ပြည်ထောင်စုနိုင်ငံတစ်နိုင်ငံဖြစ်သည်။ ဂျာမဏီ ပြင်သစ်နှင့် အီတလီ စကားများပြောဆိုကြသော လူမျိုးများကို စုစည်းဖွဲ့ထားသော်လည်း ကမ္ဘာတွင် ဒီမိုကေရစီစနစ်ကို အောင်မြင်စွာ ကျင့်သုံးနိုင်သော နိုင်ငံတစ်နိုင်ငံဖြစ်သည်။
သီးခြားသတ်မှတ်ထားသော အာဏာကို ဗဟိုအစိုးရလက်၌ထားပြီ ကျန်အာဏာများကို ပြည်နယ်များကို ရေးထားသဖြင့် ပြည်နယ်များသည် အာဏာအများစုကို ရရှိကာ လွတ်လပ်တန်ခိုးကြီး ရပေမည်။ သို့ရာတွင် လက်တွေပ၌ ဗဟိုအစိုးရမှာ လွန်စွာ တန်ခိုးကြီးနေပြန်သောကြောင့် ဆွစ်ဇာလန် ပြည်ထောင်စုမှာ ထူးဆန်း၍ နေပြန်သည်။
အမေရိကန်ပြည်ထောင်စုနှင့် သြစတေးလျ ပြည်ထောင်စုနိုင်ငံများတွင် ဗဟိုတရားလွှတ်တော် ချုပ်သည်သာလျှင် ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေကို ကိုင်စွဲ၍ ဗဟိုအစိုးရနှင့် ပြည်နယ်အစိုးရတို့၏ အငြင်းပွားမှု ပြဿနာများကို ဖြေရှင်းကြသည်။ ဆွစ်ဇာလန်နိုင်ငံ၏ ဗဟိုတရားရုံးလွှတ်တော်ချုပ်တွင်မူ ထိုကဲ့သို့သော တန်ခိုးပါဝါမရှိချေ။ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကို ကိုကားကိုင်စွဲခွင့်အာဏာကို ဗဟိုဥပဒေပြုအဖွဲ့ လက်သို့အပ်နှင်း ထားသည်။ ထို့ကြောင့် အကြွင်းအကျန် အာဏာများ ပြည်နယ်တို့ လက်ထဲ၌ ရှိသော်လည်း ဗဟိုအစိုးရသည် ပြည်နယ်တို့ထက် တန်ခိုးကြီးခြင်းဖြစ်သည်။
ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကို ဗဟိုဥပဒေပြုအဖွဲ့ကသာ ကိုင်ဆွဲနိုင်ခြင်းရှိသောကြောင့် ဗဟိုအစိုးရနှင့် ပြည်နယ် အစိုးရသို့ ဥပဒေရေးရာများနှင့် စပ်လျဉ်းပြီးအငြင်းပွားလာလျှင် ဗဟို ဥပဒေ ပြူအဖွဲ့ကသာလျှင် ဆုံးဖြတ်ဖြေရှင်းပေလိမ့်မည်။ ယင်သို့သော အကြောင်းကြောင့် ဗဟိုအစိုးရသည် ပြည်နယ်တို့၏အခွင့်ရေးများကို ကျူးလွန်ထိပါးလာမည်ဟုထင်ရသည်။ သို့ရာတွင် ဆွစ်ဇာလန် အုပ်ချုပ် ရေးမှာ ပြည်သူတို့က အစိုးရအားတိုက်ရိုက်ကြိုးကိုင်နိုင်သောစံနစ် (Direct democratic Checks.) ကို အသုံးပြုထားသဖြင့် အစိုးရတစ်ဖွဲ့၏ အကျိုးစီးပွားကို တစ်ခြားအစိုးရတစ်ဖွဲ့က ထိပါးနိုင်စွမ်းမရှိကြောင်း တွေ့ရှိရသည်။
ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေကိုပြင်ဆင်ပုံ
ဆွစ်ဇာလန်နိုင်ငံ၌ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေပြင်ဆင်ရာတွင် နည်းလမ်းနှစ်ရပ်ကို အသုံး ပြုကြောင်းတွေ့ရှိရသည်။ ပထမနည်းမှာ ဗဟိုဥပဒေပြုအဖွဲ့က ပြင်ဆင်ချက်ကို လွှတ်တော်နှစ်ရပ်စလုံးက လက်ခံအတည်ပြုပြီးပါက ထိုပြင်ဆင်ချက်ကိုပြည်သူတို့ကသဘောတူမတူ ၊ ကြိုက်မကြိုက် သိရှိနိုင်စေရန် ပြည်သူလူထုကိုတင်ပြ၍ မဲဖြင့်ဆုံးဖြတ်စေရမည်။ ဤသို့ပြုလုပ်ခြင်းကို “ပြည်သူ့ဆန္ဒကောက်ခံခြင်း” (Referendum) ဟူ၍ ခေါ်ဆိုသည်။ ကင်တွန်ခေါ် ပြည်နယ်အများစုမှ ပြည်သူအများစုမက ထောက်ခံမဲပေးလျှင် လည်ကောင်း ပြင်ဆင်ချက်အတည်ပြုဖြစ်သည်။
ဒုတိယ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေကို ပြင်ဆင်ရန်နည်းမှာ မဲဆန္ဒရှင် ၅၀၀၀၀ (ငါးသောင်း)တို့ကပြင်ဆင်လိုသော အချက်ကို ဗဟိုဥပဒေပြု အဖွဲ့အားတင်ပြတောင်းဆိုခြင်းပင်ဖြစ်သည်။ ဤနည်းကို “ပြည်သူ့ဆန္ဒတင်ပြချက်” (Initiative) ဟူ၍ခေါ်ဆိုသည်။
ဗဟိုဥပဒေပြုအဖွဲ့သည် မဲဆန္ဒရှင် (၅၀၀၀၀) တို့ကတောင်းဆိုသော “ပြည်သူ့ဆန္ဒတင်ပြချက်”ကို လက်ခံလျှင် ၎င်းတင်ပြချက်ကို ပြင်ဆင်ချက် ဥပဒေမူကြမ်း ပြုလုပ်၍ “ပြည်သှူ့ဆန္ဒ ကောက်ခံကြည့်ရသည်။ အကယ်၍ ပြည်နယ်အများစုမှ ပြည်သူအများစုက ထောက်ခံမဲပေးကြလျှင် ၎င်းပြင်ဆင်ချက်ကို အဆို အတည်ဖြစ်သည်။
အကယ်၍ “ပြည်သူ့ဆန္ဒတင်ပြချက်” ကိုဗဟိုအဖွဲပချုပ်က လက်မခံလျှင် ၎င်းပြည်သူ့ ဆန္ဒတင်ပြ ချက်ကို ပြည်သူ့ဆန္ဒကောက်ခံကြည့်ရသည်။ ပြည်နယ်အများစုမှ ပြည်သူအများက ၎င်းပြည်သူ့ဆန္ဒတင်ပြ ချက်ကို ထောက်ခံမဲပေးကြလျှင် ဗဟိုဥပဒေပြု အဖွဲ့သည် မဲဆန္ဒရှင် (၅၀၀၀၀) တို့ တောင်းဆိုသော ပြည်သူ့ ဆန္ဒတင်ပြချက်ကိုပြင်ဆင်ချက် ဥပဒေကြမ်းရေးဆွဲပြီး ဒုတိယအကြိမ် ပြည်သူ့ဆန္ဒကောက်ခံရသည်။
ဆွစ်ဇာလန်ပြည်တွင် ၁၈၃၈ ခုနှစ်နှင့် ၁၉၃၅ ခုနှစ်အကြားပြည်သူ့ ဆန္ဒကောက်ခံချက်ပေါင်း ၁၂၃ ကြိမ်ပြုလုပ်ခဲ့ရသည်ဟု ခန့်မှန်းရပြီး၊ ပြည်သူ့ဆန္ဒတင်ပြချက်ပေါင်း ၇၂ ရာခိုင်နှုန်းကို လက်ခံအတည်ပြုခဲ့ပြီး (၂၈)ရာခိုင်နှုန်းမျှသာ ပယ်ချခြင်းကို ထောက်ရှုပါက အုပ်ချုပ်ရေးရာကိစ္စရပ်များတွင် ပြည်သူတို့၏ အရေးပါအရာရောက်ကြောင်းကိုတွေ့ရှိရပေမည်။
ကိုယ်စားလှယ်ရွေးကောက်တင်မြှောက်ပုံ
ဆွစ်ဇာလန်နိုင်ငံ၌ လွှတ်တော်နှစ်ရပ်ရှိပြီး၊ အမျိုးသားလွှတ်တော်ခေါ်အထက်လွှတ်တော်ကို ပြည်နယ်များမှ အမတ်ပေါင်း“၄၄” ဦးဖြင့်ဖွဲ့စည်းထားသည်။ အညီအမျှကိုယ်စားလှယ် လွှတ်သော စံနစ်ကို မသုံးဘဲ၊ 0၁၉ပြည်နယ်တို့က နှစ်ဦးစီစေလွှတ်ပြီး ကျန်တ၀က်စီရှိသည့် ၆ ပြည်နယ်တို့မှ တဦး စီသာ စေလွှတ်ရသည်။ ၎င်းပြင် ၄ ပြည်နယ်တို့သည် ၎င်းတို့ ကိုယ်စာလှယ်များအား ပြည်နယ်ဥပဒေပြုအဖွဲ့မှ ရွေးချယ်စေလွှတ်ပြီး ကျန်ပြည်နယ်များကမူ ပြည်သူများကရွေးကောက်စေလွှတ်သည်ကို တွေ့ရှိရသည်။ အထက်လွှတ်တော် အမတ်များ၏ သက်တမ်းမှာလည်း တပြည်နယ်နှင့်တပြည်နယ် မတူကြချေ။ တချို့ ပြည်နယ်အမှတ် သက်တမ်းမှာ ၄ နှစ်ဖြစ်ပြီး ၊ တချို့သောပြည်နယ်မှ အမတ်များ၏ သက်တမ်းမှာမူ တစ်နှစ်မျှသာဖြစ်သည်။
ပြည်ထောင်စုနိုင်ငံများရှိ အထက်လွှတ်တော်များ၏ တာဝန်မှာ အများအားဖြင့် ပြည်နယ်တို့၏ အခွင့်အရေးများကို ကာကွယ်ရန် ရည်ရွယ်၍ ဖွဲ့စည်းခြင်းဖြစ်သည်။ ထို့ကြောင့်ပင် အထက်လွှတ်တော် များကို ပြည်နယ်များ၏ အခွင့်အရေးများ ကာကွယ်နိုင်သောတန်ခိုးအာဏာများ ပေးအပ်ထားလေ့ရှိသည်။ ဆွစ်ဇာလန်ပြည်ထောင်စု အဘို့တွင်မူ ပြည်နယ်များ၏ အခွင့်အရေးများကို ကာကွယ်စောင့်ရှောက်ရန် အထက်လွှတ်တော်ကို အာဏာများအပ်နှင်းထားရန်မလိုပေ။ အကြောင်းမှာ ဆွစ်ဇာလန ပြည်ထောင်စု ၌မည်သည့်ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေကိုမျှ “ပြည်သူ့ဆန္ဒကောက်ခံခြင်း” မပြု ဘဲပြင်ဆင်၍ မရသော ကြောင့်ပင်ဖြစ်သည်။
အခွန်ကောက်ခံပုံ
အကြွင်းအကျန် အာဏာသည် ပြည်နယ်တို့လက်ထဲ၌ရှိသောကြောင့် ဆွစ်ဇာလန်နိုင်ငံကို ပြည်ထောင်စု စစ်သောနိုင်ငံဟု ယူဆရမည်။ သို့ရာတွင် အခွန်ကောက်ခံရာ၌ ယူနီတရီ နိုင်ငံများကဲ့သို့ ကောက်ခံသည်ကို တွေ့ရှိရသည်။ အခွန်းများကို ဗဟိုအစိုးရကသာ ကောက်ခံပြီး ပြည်နယ်များကိုခွဲဝေ ပေးသည်။
Political Science Part (13)
23:09 HRDP No comments
နိုင်ငံရေးသိပ္ပံပညာ အပိုင်း (၁၃)
ပြည်ထောင်စုနိုင်ငံ၏ကောင်းကျိုးများ
(၁)ပြည်ထောင်စုနိုင်ငံသည် ယူနီတရီနိုင်ငံကဲ့သို့ နှစ်ပြည့်တစ်ပြည်ဖြစ်အောင် ပေါင်းခြင်းမျိုး မဟုတ်ပေ။ နှစ်ဦးနှစ်ဝ အကျိုးတူ လိုးလားချက်များဖြစ်သော အမျိုးသားအင်အားတောင့်တင်းမှုနှင့်စီးပွား တိုးတက်မှုများကို ရရှိစေသည့်အပြင် မိမိတို့ မူလသီးခြားဓလေ့၊ ထုံးစံယဉ်ကျေးမှုများကိုပါ မပျောက်မပျက် ထိန်းသိမ်းနိုင်အောင် ပေါင်းစပ်ထားခြင်း ဖြစ်သောကြောင့်ကောင်းသည်။
(၂)ပြည်ထောင်စု နိုင်ငံ၌ ဗဟိုပြည်ထောင်စုအစိုးရအပြင် အချုပ်အခြာအာဏာပိုင် ပြည်နယ်အစိုးရ များလည်းရိသည်။ ထို့ကြောင့် ဒေသအနှံ့အပြား၌ နေထိုင်ကြသော အစိုးရတို့၏လုပ်ငန်းများကို အလွယ် တကူဝင်ရောက်လုပ်ကိုင်နိုင်ပေမည်။ ယင်းတို့ အစိုးရကိစ္စရပ်များကို ပါဝင်လုပ်ဆောင်ရခြင်းဖြင့် ပြည်သူတို့၏ နိုင်ငံရေး အသိတရားများမြင့်မားလာနိုင်သည်။
(၃)ပထ၀ီအားဖြင့်၎င်း၊ ယဉ်ကျေးမှု ၊ဓလေ့ထုံးစံ၊လူမျိုး၊ဘာသာစသော အချက်များမ တူညီသည့် ကြီးမားကျယ်ပြန့်သော နယ်မြေများကို စုပေါင်း၍ ပြည်ထောင်စုဖွဲ့စည်းနိုင်သည်။ ဤသို့ကြီးမားကျယ်ပြန့် သောနယ်မြေရှိနိုင်ငံများကို ပြည်ထောင်စုဖွဲ့စည်းခြင်းဖြင့် ကမ္ဘာ့ထိပ်တန်းနိုင်ငံကြီးများဖြစ်နေသည်ကို မျက်မှောက်ကာလတွင် တွေ့ရှိနိုင်ပြီး၊ ယင်းသို့ ကြီးမားကျယ်ပြန့်သောနယ်မြေရှိနိုင်ငံများကို ယူနီတရီနိုင်ငံ ဖွဲ့စည်းတည်ထောင်မိသဖြင့် ပျက်စီးခဲ့ရသော သာဓကများလည်း ကမ္ဘာ့ရာဇ၀င်တွင် အထင်အရှား တွေ့ရှိနိုင်သည်။
(၄)ပြည်နယ်အစိုးရများသည် မိမိတို့ ပြည်နယ်အတွင်းဖြစ်ပေါ်လာသော ပြဿနာများကို လျှင်မြန်စွာဖြေရှင်းပေးနိုင်မည်။ ထို့ကြောင့် ဗဟိုအစိုးရသည် တမျိုးသားလုံးနှင့်သက်ဆိုင်သော ပြဿနာကြီးများကို အာရုံစူးစိုက်၍ ဆောင်ရွက်ခွင့်ရရှိနိုင်သည်။
(၅)ပြည်ထောင်စု နိုင်ငံတွင် အာဏာကို ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေဖြင့်ခွဲဝေထားပြီး ၊ ပြင်ဆင်ရန်ခက်ခဲသော အခြေခံဥပဒေကို အသုံးပြုထားသောကြောင့် အစိုးရသည် ပြည်သူတို့၏ အခွင့်အရေးကို ထိပါးကျူးလွန်သော တရားမဲ့အစိုးရဖြစ်လာရန် အလွန်ခဲယဉ်းသည်။
ပြည်ထောင်စုနိုင်ငံ၏မကောင်းသောအချက်များ
(၁) ပြည်ထောင်စုနိုင်ငံရှိ ဗဟိုအစိုးရသည် အာဏာကိုပြည်နယ်တို့နှင့် ခွဲဝေယူထားရသဖြင့် အာဏာပိုင် သော အစိုးရမျိုး မဟုတ်ပေ။ ထို့ကြောင့်အပြည်ပြည်ဆိုင်ရာပြဿနာရပ်များကို ဆောင်ရွက်ရာ၌ လွတ်လပ် ခြင်းမရှိရ၏ ၁၉၁၉ ခုနှစ်တွင် အမေရိကန သမ္မတ၀ီလဆင်သည် ဗားဆေးစာချုပ်ဖြင့် ပထမကမ္ဘာစစ်ကို စစ်ပြေငြိမ်းပြီး၊ ဒုတိယကမ္ဘာစစ်ကို တားဆီးနိုင်ရန် တည်ထောင်ခဲ့သော “ကမ္ဘာ့နိုင်ငံပေါင်းချုပ်အဖွဲ့” (League of Nations) သို့ အမေရိကန်ပြည်ထောင်စုပါဝင်ရန်ကို ဆီးနိတ်က ငြင်းဆိုသဖြင့် ပါဝင်ခြင်း မပြုခဲ့ရသည်ကိုတွေ့ရသည်။ အုပ်ချုပ်ရေးဌာန၏ အပြည်ပြည်ဆိုင်ရာစာချုပ်မျာသည် ဆီးနိတ် အထက်လွှတ်တော်က သဘောမတူလျှင် အတည်မဖြစ်နိုင်ပေ။ ထို့ကြောင့်ပြည်ထောင်စုနိုင်ငံသည် ယူနီတရီ နိုင်ငံကဲ့သို့ နိုင်ငံတကာ ဆက်ဆံရေး၌ မလွတ်လပ်သဖြင့်မကောင်းပေ။
(၂)ပြည်ထောင်စုနိုင်ငံ၌ အစိုးရတစ်ဖွဲ့ ထက်ပိုသောကြောင့်အစိုးရဌာန အသီးသီးအတွက် ငွေကြေးအကုန်အကျများသည်။ ပြည်သူပြည်သားများမှာလည်း ဗဟိုအစိုးရအပြင်မိမိတို့ ပြည်နယ်အစိုးရ အတွက်ပါ အခွန်ထမ်းဆောင်ရသဖြင့် တာဝန်လေးသည်။
(၃) အချုပ်အခြာအာဏာပိုင် ပြည်နယ်တိုင်း၌ ဥပဒေတစ်မျိုးစီရှိသဖြင့် ဥပဒေများသည်နှင့်အမျှ ရှုပ်ထွေးသည်။ ဥပဒေရေးရာ၌စပ်လျဉ်း၍ ဗဟိုအစိုးရနှင့် ပြည်နယ်အစိုးရတို့ အငြင်းပွားစေနိုင်သဖြင့် အချိန်ကုန်ငွေကုန်သည့်အပြင် ကြီးကျယ်သော ပဋ္ဋိပက္ခမှုများလည်းဖြစ်နိုင်သည်။
(၄)ပြည်ထောင်စုနိုင်ငံ၌ ဗဟိုအစိုးရနျင့်ပြည်နယ်အစိုးရတို့တဖွဲ့၏ အခွင့်အာဏာကို တဖွဲ့ကမထိပါး စေနိုင်ရန် ပြင်ဆင်ရန်ခက်ခဲသော ဖွဲ့စည်းပုံအခြေခံဥပဒေကို အသုံးပြုရန်လိုအပ်သည်။ ယင်းသို့ ပြင်ဆင် ရန်ခက်ခဲသော အခြေခံဥပဒေကို အသုံးပြုသဖြင့် ခေတ်နှင့်လျော်ညီအောင် ပြုပြင်ရာတွင် နှောင့်နှေး ကြန့်ကြာစေနိုင်သည်။
(၅)ပြည်ထောင်စုစစ်သောနိုင်ငံများတွင် ပြည်နယ်တို့၏လွတ်လပ်ခြင်းမှာကြီးမားသည်။ ထို့ကြောင့်ဗဟိုအစိုး ရအနေဖြင့် ခေတ်နှင့်လျော်ညီအောင်တိုင်းပြည်ကို ပြုပြင်ရာတွင် ပြည်နယ်တို့၏အကျိုးကို ထိခိုက်စေနိုင် သည်။ ဤသို့ပြည်နယ်တို့ အကျိုးကိုထိခိုက်မှုကြောင့် ပြည်တွင်းစစ်ဖြစ်ရသော သာဓကတခုရှိသည်။ (၁၈၆၀) ခုနှစ်အမေရိကန်သမ္မတ လင်ကွန်းလက်ထက်ကျေးကျွန်စနစ် ဖျက်လိုက်သဖြင့် နီဂရိုးကျေးကျွန် များကို ခိုင်းစေသဖြင့် ပြည်ထောင်စုအတွင်းမှ ခွဲထွက်ရန်ပြုလုပ်လာသောကြောင့် တောင်ပိုင်းနှင့်မြောက်ပိုင်း ပြည်တွင်းစစ်ဖြစ်ခဲ့ရသည်။
Political Science Part (14)
23:12 HRDP No comments
နိုင်ငံရေးသိပ္ပံပညာ အပိုင်း (၁၄)
ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေများ
ဥပဒေကို အကြမ်းအားဖြင့် ခွဲကြည့်ပါက နှစ်မျိုးနှစ်စားတွေ့ရှိရပေမည်။ တမျိုးမှာ အစိုးရအဖွဲ့က လိုက်နာရန် ပြည်သူတို့က ရေးဆွဲထားသော ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေဖြစ်ပြီး အခြားတစ်မျိုးမှာ ပြည်သူတို့ကလိုက် နာရန် အစိုးရက ရေးဆွဲပြဌာန်းထားသော အုပ်ချုပ်ရေးဥပဒေများပင်ဖြစ်သည်။ ၄င်းအုပ်ချုပ်ရေးဥပဒေများ ကို ထပ်မံခွဲကြည့်ပါက အောက်ပါအတိုင်း (၅) မျိုး ရှိသည်ကို တွေ့ရသည်။
၁။ ထုံးတမ်းစဉ်လာများ
၂။ စီရင်ချက်များ၊ ဖြတ်ထုံးများ
၃။ ဥပဒေပြု အဖွဲ့မှ ပြုလုပ်သောဥပဒေများ
၎။ကြားဖြတ် တဆင့်ထုတ် ဥပဒေများ(bye law)
၅။ အမိန့်ပြန်တမ်းများ ဖြစ်သည်။
ဥပဒေကိုချိုးဖောက်လျှင် ပြစ်ဒဏ်ပေးနိုင်သော်လည်း ထုံးတမ်းစဉ်လာကိုချိုးဖောက်ပါက ထိရောက်စွာ ပြစ်ဒဏ်မပေးနိုင်ပေ။ ဥပမာ ဥပုလ်မစောင့် ဆွမ်းမလောင်းခြင်း၊ ဘုရားပန်း ဆီမီးမကပ်လှူခြင်း ၀ါတွင်းလက်ထပ်ခြင်းစသော အစဉ်အလာများကိုချိုးဖောက်ပါက ဥပဒေအရအရေးမယူနိုင်ပေ။ သို့ရာတွင် လူ့အဖွဲ့အစည်းကမူ ထိုအစဉ်အလာ ချိုးဖောက်သူများအား အပြစ်တင်၊ ကဲ့ရဲ့  ၀ိုင်းပယ်တတ်ကြသည်။
တိုင်းပြည်တစ်ပြည်၌ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေသည် အရေးကြီးဆုံးဖြစ်သည်။ အုပ် ချုပ်ရေးဥပဒေများကို အစိုးရကသာအများအားဖြင့် ပြုလုပ်သည်။ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေမူကို ပြည် သူ့ကိုယ်စားလှယ်များဖြင့် အထူးတလည်ဖွဲ့စည်းထားသော “တိုင်းပြု ပြည်ပြုလွှတ်တော် “ကရေးဆွဲသည်။ ဖွဲ့ စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေမှာ အစိုးရအဖွဲ့ကလိုက်နာရန်ပင်ဖြစ်သည်။ ထို့ကြောင့် အစိုးရအဖွဲ့တွင် ၄င်းအ ခြေခံဥပဒေနှင့် ဆန့်ကျင်၍မည်သည့်ကိစ္စတစ်ခုကိုမျှ ဆောင်ရွက်နိုင်ခွင့်မရှိပေ။ ပြည်သူလူထုသည် အစိုးရ အား ၄င်းတို့ကိုမည်ကဲ့သို့အုပ်ချုပ်ရမည် အစိုးရအဖွဲ့ကိုလည်း မည်ကဲ့သို့သောအသွင်အပြင်မျိုးဖြင့် ဖွဲ့စည်းရ မည်ဟု အခြေခံဥပဒေဖြင့်ပြဌာန်းထား၏။ ထို့ကြောင့် ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေကို အစိုးရနှင့်ပြည်သူတို့ သဘောတူ ချုပ်ဆိုထားသောစာချုပ်တစ်ခု ဟူ၍ ယူဆနိုင်သည်။
ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေကို မှတ်တမ်းတင်ထားသောဥပဒေနှင့် မှတ်တမ်းမတင်ထား သောဥပဒေဟူ၍ နှစ်မျိုးနှစ်စားခွဲခြားနိုင်သည်။ သို့ရာတွင်ဤကဲ့သို့မှတ်တမ်းတင်ထားသော (Documentary) နှင့် မှတ်တမ်းမတင်ထားသော ဥပဒေ(Non Documentary) ဟူ၍ ခွဲခြားခြင်းမှာ အရေးမ ကြီးပေ။ မှတ်တမ်းတင်ထားသည်ဖြစ်စေ၊ မှတ်တမ်းမတင်ထားသော ဓလေ့ထုံးတမ်းစဉ်လာများပင်ဖြစ်စေ အခြေခံဥပဒေ၌ အကျုံးဝင်နေလျှင် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေဟူ၍သာ ယူဆသင့်သည်။
ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေကိုမှတ်တမ်းတင်၊ မှတ်တမ်းမတင်ခွဲခြားခြင်းထက် ပြင်ဆင်ရန် လွယ်ကူသော ဥပဒေ (Flexible Constitution) နှင့် ပြင်ဆင်ရန်ခက်ခဲသောဥပဒေ (Rigid Constitution)ဟူ ၍ခွဲခြားခြင်းကပို၍အရေးကြီးပေသည်။ အကြောင်းမှာ မျက်မှောက်ခေတ်တွင် မည်သည့်နိုင်ငံမှ မှတ်တမ်း တင်ထားသော ဥပဒေချည်းသက်သက် မရှိသကဲ့သို့မည်သည့်နိုင်ငံတွင်မှလည်း မှတ်တမ်းတင်မထားသော ဥပဒေချည်းသက်သက် မရှိသောကြောင့်ဖြစ်သည်။
ဥပမာ အမေရိကန်ပြည်ထောင်စုရှိ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကို သာမန်အားဖြင့် ကြည့် ပါမူ ပြည့်ပြည့်စုံစုံ မှတ်တမ်းတင်ထားသည်ဟုယူဆရသော်လည်း လက်တွေ့အုပ်ချုပ်ရာတွင် မှတ်တမ်းတင် ထားသော ဥပဒေနှင့်မလုံလောက်သောကြောင့် ထုံးတမ်းစဉ်လာများကို အသုံးပြုရကြောင်းတွေ့ရှိရသည်။
ဗြိတိသျှ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေကို စမ်းစစ်ကြည့်ပါက သာမန်အားဖြင့် မှတ်တမ်းတင်မ ထားသော ထုံးတမ်းစဉ်လာများဖြစ်ကြောင်း တွေ့ရှိရပေသည်။ သို့ရာတွင် လက်တွေ့အုပ်ချုပ်ရာ၌ ပါလီမန်က ပြုလုပ်သည့်မှတ်တမ်းတင်ထားသောဥပဒေများကို အသုံးပြုရကြောင်းတွေ့ရှိရပေသည်။
Political Science Part (15)
23:15 HRDP No comments
နိုင်ငံရေးသိပ္ပံ အပိုင်း (၁၅)
ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေ
ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကို ခေတ်သစ်နည်းအရ ဖွဲ့ကြည့်ပါက ပြင်ဆင်ရန်လွယ်ကူသော ဥပဒေနှင့် ပြင်ဆင်ရန်ခက်ခဲသော ဥပဒေဟူ၍ နှစ်မျိုးတွေ့ရပေမည်။ ဥပဒေတစ်ခုကို ရာသက်ပန် ကောင်းမွန်ပြည့်စုံနေမည်ဟု မယူဆအပ်ပေ။ ပြောင်းလဲနေသော ခေတ်နှင့်လျော်ညီသောဥပဒေကို ရေးဆွဲကြည့်သည့် တိုင်းပြုပြည်ပြု လွှတ်တော်တိုင်းသည် နောင်အခါ စီရင်ချက်နည်းနိုင်သမျှနည်းအောင် ကြိုးစားအားထုတ်၍ ဥပဒေများကို ရေးဆွဲကြစမြဲ ဖြစ်သည်။သို့ရာတွင် အချိန်အခါ အားလျော်စွာ ပြင်ဆင်ရန် လိုလားမည်ကိုလည်း သိရှိကြသဖြင့် ၎င်းတို့ရေးဆွဲသော ဖွဲ့စည်း အုပ်ချုပ်ပုံအခြေခံဥပဒေထဲမှာပင် ဥပဒေ များကို မည်သို့ပြင်ဆင်ရမည်ဟု အတိအကျ ရေးသားပြဌာန်းထားလေ့ရှိသည်။
ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကို ပြင်ဆင်ရာတွင် ရိုးရိုးဥပဒေကို ပြင်ဆင်ပြုလုပ်သကဲ့သို့ အမတ် အများစု၏ သဘောတူညီချက်ဖြင့် ပြင်ဆင်နိုင်လျှင် ၊ပြင်ဆင်ရန်လွယ်ကူသော အခြေခံဥပဒေဟုခေါ်၍ အခြေခံဥပဒေကိုပြင်ဆင်ရာတွင် သတ်မှတ်ချက်တစ်ခုခု ထားရှိလျှင်(၀ါ) ရိုးရိုးနည်းမှတပါး တခြားသော နည်းလမ်း တခုခုဖြစ်စေ၊နည်းလမ်းများနှင့်ဖြစ်စေပြင်ဆင်ရပါက ပြင်ဆင်ရန်ခက်ခဲသော ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥးပဒေဟူ၍ ခေါ်ဆိုသည်။ ထို့ကြောင့်ပြင်ဆင်ရန် လွယ်ကူသောအခြေခံဥပဒေကိုခွဲခြားသိရှိလိုလျှင် ၄င်းအခြေခံဥပဒေကိုပြင်ဆင်သောနည်းလမ်းကို ကြည့်ရပေမည်။ တနည်းအားဖြင့် အခြေခံဥပဒေကို ပြင် ဆင်ရာ၌ ချုပ်ချယ်မှုရှိသည်နှင့်တပြိုင်နက် ၄င်းဥပဒေမှာပြင်ဆင်ရန်ခက်ခဲသောအခြေခံဥပဒေဖြစ်တော့သည်။
ပြင်ဆင်ရန်ခက်ခဲသောဥပဒေကိုပြင်ဆင်နည်းများ
၁။ချွင်းချက်ဖြင့် ဥပဒေပြုလွှတ်တော်က ပြင်ဆင်ခြင်း
၂။ပြည်သူ့ဆန္ဒကောက်ခံ၍ ပြင်ဆင်ခြင်း(Referendum.)
၃။ပြုပြင်ချကအတွက် အထူးဖွဲ့စည်းကျင်းပသောလွှတ်တော်ကပြင်ဆင်ခြင်း
၎။ပြည်ထောင်စုနိုင်ငံများတွင် ပြည်နယ်များ၏မဲဆန္ဒဖြင့် ပြင်ဆင်ခြင်း။
၁။ချွင်းချက်ဖြင့် ဥပဒေပြုလွှတ်တော်က အခြေခံဥပဒေကိုပြင်ဆင်ရာတွင်လည်း သုံးမျိုးသုံးစား တွေ့ရှိရသည်။ ၎င်းတို့မှာ
(က)ဥပဒေပြုလွှတ်တော်သည် ရိုးရိုးဥပဒေများ ပြုလုပ်သကဲ့သို့ သာမန်မဲအများစုဖြင့် အခြေခံဥပဒေကို မပြင်ဆင်နိုင်ပေ။ သတ်မှတ်ထားသော လွှတ်တော်အမတ် အရေအတွက်ပြည့်ပြီး အများစု၏သဘောတူညီချက်ဖြင့် ပြင်ဆင်သော ကိုတာ (Quorun) နည်း ဖြစ်သည်။ ၎င်းတို့ကို ဒုတိယကမ္ဘာစစ် မဖြစ်မီက ယူမေးနီးယားနှင့် ဘူ(လ်)ဂေးရီးယား နိုင်ငံများတွင် အသုံးပြုသည်။
(ခ)ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကို ပြင်ဆင်ရန် လိုလာသောအခါ လက်ရှိဥပဒေပြုအဖွဲ့ကို ဖျက်သိမ်း၍ ဥပဒေပြုအဖွဲ့သစ်တစ်ခု ရွေးကောက် တင်မြှောက်ကြပြီး အခြေခံဥပဒေကို ပြင်ဆင်စေသည်။ ဤနည်းကို နော်ဝေး၊ ဘယ်(လ်)ဂျီယံ၊ ဆွီဒင်နိုင်ငံများတွင် အသုံးပြုကြသည်။
(ဂ)လက်ရှိဥပဒေပြုအဖွဲ့မှ သတ်မှတ်ထားသော မဲအရေအတွက်ဖြင့် အခြေခံဥပဒေကို ပြင်ဆင်နိုင်သည်။ ဥပမာလွှတ်တော်တက်သည့် အမတ်များ အနက်မှ ၂/၃ ကသဘောတူ ဆန္ဒပေးလျှင် ပြင်ဆင်ချက်အဆိုအ တည်ဖြစ်သည်။ ၎င်းနည်းကို တောင်အာဖရိကနိုင်ငံ၌ လည်းကောင်း၊ မြန်မာပြည်တွင် တော်လှန်ရေး အစိုးရမတက်မှီကလည်းကောင်း အသုံးပြုခဲ့ကြသည်။
၂။ ပြည့်သူ့ဆန္ဒကောက်ခံ၍ ပြင်ဆင်ခြင်း(Referendum.)
၂။ တချို့  နိုင်ငံများတွင် ဥပဒေပြုအဖွဲ့၌ အခြေခံဥပဒေကိုပြင်ဆင်နိုင်သောအာဏာမရှိပေ။ ထို့ကြောင့် အခြေခံဥပဒေ ကိုပြင်ဆင်ရန် အတွက်မဲဆန္ဒရှင်များဖြစ်ကြသော ပြည်သူလူထုအားပြင်ဆင်ချက်ကို တင်ပြ၍ ကြိုက်မကြိုက်မေးမြန်းရသည်။ ပြည်သူ့ဆန္ဒကောက်ခံခြင်း၊ (Referendum) ပင်ဖြစ်သည်။ ဤနည်းကိုသြစ တြေးလျ၊ ဆွစ်ဇာလန်နှင့်တချို့ သောအမေရိကန်ပြည်နယ်များတွင် အသုံးပြုသည်။
၃။ တချို့ သောနိုင်ငံများတွင် အခြေခံဥပဒေကို ပြင်ဆင်ရန် ဥပဒေပြုအဖွဲ့ကိုဖျက်သိမ်းပြီး၊ အခြေခံဥပ ဒေရေးဆွဲရေးအဖွဲ့တစ်ခုကို ရွေးကောက်တင်မြှောက်ရသည်။ ၎င်းအခြေခံရေးဆွဲရေးအဖွဲ့သည် ဥပဒေပြုအ ဖွဲ့သစ်ပင်ဖြစ်လာသည်။ ဤနည်းကို လက်တင်အမေရိကနိုင်ငံများဖြစ်ကြသော ဗရာဇီးလ်နိုင်ငံ၊ အာဂျင်တီး နားနိုင်ငံ၊ အီကွေဒေါနိုင်ငံနှင့်ချီလီနိုင်ငံများတွင်အသုံးပြုသည်။ ယင်းနည်းသည် အချိန်ကုန်သည့်အပြင် ငွေကြေးလည်း အကုန်အကျများသောကြောင့် များစွာ အသုံးပြုခြင်း မရှိတော့ချေ။
၎။ အချို့ သော ပြည်ထောင်စုနိုင်ငံရှိ ဗဟိုအစိုးရများ၌ အခြေခံဥပဒေကိုပြင်ဆင်နိုင်ခွင့်မရှိကြောင်း တွေ့မြင်ရသည်။ အာဏာကို ပြည်နယ်များနှင့် ခွဲဝေထားသည့်အလျှောက် အခြေခံဥပဒေကို ပြင်ဆင်လိုလျှင် ပြည်နယ်များကိုတင်ပြ၍ ပြည်နယ်အများစု၏ သဘောတူညီချက်ဖြင့်သာ ပြင်ဆင်ရသည်။ ဤနည်းဖြင့်ပြည် ထောင်စုနိုင်ငံများဖြင့်သာ သက်ဆိုင်သောကြောင့် ပြည်ထောင်စုနိုင်ငံများဖြစ်ကြသော အမေရိကန်နှင့် ဆွစ်ဇာလန်နိုင်ငံများတွင် အသုံးပြုသည်။
ပြင်ဆင်ရန်လွယ်ကူသော ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေနှင့် ပြင်ဆင်ရန် ခက်ခဲသော ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေများအကြောင်းကို အကြမ်းအားဖြင့် သိရှိခဲ့ကြပေပြီ။ သို့ရာတွင် အခြေခံဥပဒေနှင့် စပ်လျဉ်းပြီး အသေးစိတ်နားလည်သိရှိနိုင်ရန် ဗြိတိသျှ၊ အမေရိကန် စသော နိုင်ငံများ၌ အသုံးပြုလျက်ရှိသော ဖွဲ့စည်းအုပ် ချုပ်ပုံဥပဒေများကို ဆက်လက်၍လေ့လာရပေမည်။
Political Science Part (16)
23:18 HRDP No comments
နိုင်ငံရေးသိပ္ပံပညာ အပိုင်း (၁၆)
ဗြိတိသျှဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေ
ဗြိတိသျှ အခြေခံဥပဒေများမှာ ထုံးတမ်းစဉ်လာများ၊ အခြေအနေအရဖြစ်ပေါ်လာသော အစဉ်အလာ များနှင့် ဥပဒေပြုအဖွဲ့မှ ပြုလုပ်သောဥပဒေများကို ပေါင်းစပ်ထားသည့် ပြင်ဆင်ရန်လွယ်ကူသည့် အခြေခံဥပဒေပင် ဖြစ်သည်။ ၎င်းအခြေခံဥပဒေများကို မှတ်တမ်းတင်ထားသော အခြေခံဥပဒေများနှင့် မှတ်တမ်းတင်မထားသော အခြေခံဥပဒေများကို ရောစပ်ထားသည့် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေဟူ၍ လည်း မှတ်ယူနိုင်သည်။
ထုံးတမ်းစဉ်လာအားဖြင့် ၁၀၆၆ - ခုနှစ်တွင် နော်မန်ဒီနယ်စားကြီးဝီလျံသည် အင်္ဂလန်ကိုသိမ်းပြီးမင်း ဆက်အသစ် တည်ထောင်ကာ နော်မန်စနစ်များနှင့် အင်္ဂလိပ်စနစ်များကို ရောစပ်၍ အစဉ်အလာ အဖြစ်အသုံးပြုခဲ့ကြသည်။ ဘဏ္ဍာတော် ကောက်ခံရန်ကိစ္စများအတွက် အင်္ဂလန်ဘုရင်သည် ဘုရင့်အကြံ ပေးအဖွဲ့သို့ ပြည်သူပြည်သားတို့၏ကိုယ်စားလှယ်များကို တက်ရောက်စေခဲ့သည်။ ဤကဲ့သို့သော အစဉ်အ လာကို အကြောင်းပြု၍ ပါလီမန်စနစ်ပေါ်လာသည်။
ပထမ အလစ်ဇဘုရင်မ ထီးနန်းဆက်ခံခြင်းကို ပါလီမန်တို့ ဥပဒေပြုစေပြီး အတည်ပြုစေခိုင်းချက်ကို အကြောင်းပြု၍ နောင်အခါ “ထီးနန်း ဆက်ခံသောဘုရင်၊ ဘုရင်မတိုင်း ပါလီမန်၏ အတည်ပြုချက် ရယူရမည် ဟူသော အစဉ်အလာ တစ်ရပ်ဖြစ်လာခဲ့သည်။
၁၆၈၈- ခုနှစ်တွင် စတူးဝပ်မင်းဂျိမ်းစ် (၂) သည် ပါလီမန်နှင့် ပဋ္ဋိပက္ခဖြစ်ပြီး မိဖုရားနှင့် သားကိုခေါ်ကာ နိုင်ငံခြားသို့ထွက်ပြေးသောကြောင့် ပါလီမန်သည် ဟော်လန်ဘုရင်ဝီလျံ(၃) နှင့် ၎င်း မိဖုရားဂျိမ်းစ်(၂)၏ သမီးအေရီ တို့ကို အင်္ဂလန်၏ ဘုရင် နှင့်ဘုရင်မ အဖြစ်တင်မြှောက်သည်။ ပါလီမန်သည် ဥရောပအရ တန်ခိုးမရှိသော်လည်း အခြေအနေအရ ဘုရင်တပါးကို နန်းစွန့်သွားသည်ဟု ကြေငြာပြီး ဘုရင်အသစ်တပါးကို ခန့်အပ်ခဲ့သည်။
အထက်တွင်ဖေါ်ပြခဲ့သော ထုံးတမ်းစဉ်လာနှင့် အခြေအနေအရဖြစ်ပေါ်လာသော ဥပဒေများအပြင် မှတ်တမ်းတင်မထားသော်လည်း ၎င်းဥပဒေများကို ချိုးဖောက်လျှင် တရားရုံးမှ အရေးယူနိုင်သော ဥပဒေ များလည်းရှိသည်။ ဥပမာ ဘုရင်သည် အမှားများကိုကျူးလွန်ခွင့်မရှိပေ။
၁၉၁၁-ခုနှစ်တွင် ပါလီမန်အက် ဥပဒေဖြင့် ဗြိတိသျှပိလီမန်၏ သက်တမ်းကို ၇- နှစ် မှ ၅- နှစ်သို့ လျော့ချခဲ့သည်။ ဤဥပဒေပြင်ဆင်ချက် မတိုင်ခင်ကာလက ပြည်သူ့ကိုယ်စားလှယ်များမဟုတ်သော အ ထက်လွှတ်တော်သည် ပြည်သူ့ ကိုယ်စာလှယ်များဖြင့်ဖွဲ့စည်းထားသော အောက်လွှတ်တော်ထက် တန်ခိုး ကြီးကြောင်းတွေ့ရသည်။ အောက်လွှတ်တော်မှ တင်သွင်းသော မည်သည့်ဥပဒေကိုမဆို အထက် လွှတ်တော်က ဗီတို(Veto) ဖြင့် လုံးဝပယ်ချနိုင်သည်။ ယင်းသို့ ပြည်သူ့ကိုယ်စားလှယ်များ မဟုတ်သော အထက်လွှတ်တော်က တန်ခိုးကြီးနေခြင်းမှာ ဒီမိုကရေစီနှင့် ဆန့်ကျင်သည်။ ထို့ကြောင့် ၁၉၁၁- ခု ပါလီမန် အက် ဥပဒေဖြင့် အထက်လွှတ်တော်၏ ဗီတိုအာဏာကို အချိန်ဆွဲထားနိုင်သော ဗီတို အာဏာ(Supensive Veto) အဖြစ်လျော့ချခဲ့၏။
အချိန်ဆွဲထားနိုင်သော ဗီတို အာဏာအရ အထက်လွှတ်တော်သည် အောက်လွှတ်တော်မှ တင်သွင်းလိုက်သော ဥပဒေကြမ်းကို ယခင်သကဲ့သို့ မကြိုက်လျှင် လုံးဝပယ်ချနိုင်ခွင့်မရှိဘဲ တင်သွင်းထား သော ဥပဒေကြမ်းကို ၂-နှစ်ခြားတခါ ၃-ကြိမ်သာပယ်ချနိုင်မှ တစ်နှစ်ခြားတခါ ၂-ကြိမ်သို့ လျှော့ချလိုက်သည်။ ၎င်းအပြင် ၁၉၁၇-ခုနှစ်နှင့် ၁၉၄၄-ခုနှစ်များတွင် ပထမကမ္ဘာစစ်နှင့် ဒုတိယကမ္ဘာစစ် ကာလများ ဖြစ်နေသောကြောင့် အထူးဥပဒေအဖြစ် ပါလီမန်သက်တမ်းကို တိုးခဲ့သည်။
ဤကဲ့သို့ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေနှင့် သက်ဆိုင်သောဥပဒေများကို ရိုးရိုးဥပဒေများ ပြင်ဆင်ပြုလုပ်သကဲ့သို့ သာမန် မဲအများစုဖြင့် ပါလီမန်က ပြင်ဆင်ခြဲ့ခင်းဖြစ်သည်။ ထိုကြောင့် ဗြိတိသျှ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေမှာ ပြင်ဆင်ရန်လွယ်ကူသော အခြေခံဥပဒေ ဖြစ်ကြောင်းထင်ရှားသည်။
Political Science Part (17)
23:22 HRDP No comments
နိုင်ငံရေးသိပ္ပံပညာ အပိုင်း (၁၇)
နယူးဇီလန်ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေ
နယူးဇီလန် နိုင်ငံ၏ အခြေခံဥပဒေသည် ပြင်ဆင်ရန် လွယ်ကူသော အခြေခံဥပဒေဖြစ်သည်။ ကမ္ဘာပေါ်တွင် ၎င်း နယူးဇီလန်နှင့် အင်္ဂလန်တို့သာ ပြင်ဆင်ရန် လွယ်ကူသော အခြေခံဥပဒေကို အသုံးပြုကြသည်။ ၎င်းနှစ်နိုင်ငံတို့သည် ပြင်ဆင်ရန်လွယ်ကူသော အခြေခံဥပဒေကို အသုံးပြုကြသော် လည်း ဗြိတိသျှတို့၏ အခြေခံဥပဒေမှာ မှတ်တမ်းတင်ထားသော အခြေခံဥပဒေ မဟုတ်ပဲ နယူးဇီလန် အခေခံဥပဒေမှာမူ မှတ်တမ်းတင်ထားသော ဥပဒေဖြစ်သည်။
နယူးဇီလန်သည် အင်္ဂလိပ်ကိုလိုနီနိုင်ငံဖြစ်ခဲ့ပြီး ၁၈၅၂ ခုနှစ်၌ ဒိုမီနီယံလွတ်လပ်ရေးရသဖြင့် ၁၈၇၆ ခုနှစ်တွင် ယူနီတရီနိုင်ငံ အဖြစ် တည်ထောင်ခဲ့သည်။ ဖွဲ့စည်းအုပ်ချုပ်အခြေခံဥပဒေအပိုဒ် “၆၁” ဖြင့် အခြေခံဥပဒေကို ရိုးရိုးဥပဒေများကို ပြင်ဆင်ပြုလုပ်သကဲ့သို့ ပါလီမန်က ပြင်ဆင်နိုင်ကြောင်း ဖေါ်ပြထားခြင်းဖြင့် နယူးဇီလန် အခြေခံဥပဒေသည် ပြင်ဆင်ရန်လွယ်ကူသော ဥပဒေဖြစ်ကြောင်း ထင်ရှားသည်။
ယူနီထရီနိုင်ငံများဖြစ်ကြသော အင်္ဂလန်နှင့် နယူးဇီလန်နိုင်ငံများ၌ပြင်ဆင်ရန် လွယ်ကူသော အခြေ ခံဥပဒေများ ရှိကြခြင်းဖြင့် ယူနီထရီ နိုင်ငံတိုင်း၌ ပြင်ဆင်ရန်လွယ်ကူသော အခြေခံဥပဒေများ ရှိရမည်ဟု မယူဆအပ်ပေ။ ၎င်းနှစ်နိုင်ငံမှ အပ ကမ္ဘာတွင်မည်သည့်နိုင်ငံမှ ပြင်ဆင်ရန်လွယ်ကူသော အခြေခံဥပဒေကို မသုံးကြပေ။
နယူးဇီလန်နိုင်ငံ၌ ပြည်ထောင်စုအစိုးရကဲ့သို့ ဗဟိုအစိုးရနှင့်ဒေသဆိုင်ရာ ပြည်နယ်အစိုးရတို့ ရှိခဲ့သည်။ ၁၈၇၆ ခုနှစ်တွင် ဥပဒေပြုအဖွဲ့မှ ပြုလုပ်သော ဥပဒေဖြင့် ပြည်နယ်အစိုးရများကို လုံးဝဖျက်သိမ်းပြီး ယူနီထရီ နိုင်ငံပြုလုပ်လိုက်သည်။
နယူးဇီလန် နိုင်ငံ၌လွတ်တော် ၂ ခုရှိခဲ့သော်လည်း ၁၉၅၁ ခုနှစ်တွင် ဥပဒေဖြင့်လွှတ်တော် ၂ခု စံနစ်ကိုဖျက်သိမ်းပြီး လွှတ်တော်တခုတည်းရှိသော စံနစ်ကို အသုံးပြုခဲ့သည်။ အထက်ပါပြင်ဆင်ချက် ဥပဒေနှစ်ခုစလုံးမှာ အစိုးရဖွဲ့စည်းပုံ စံနစ်နှင့် သက်ဆိုင်နေသောကြောင့် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေများပင် ဖြစ်သည်။ ၎င်းဥပဒေများကို ပြင်ဆင်ရာတွင် ရိုးရိုးဥပဒေများကို ပြင်ဆင်သကဲ့သို့ ပြင်ဆင်ခြင်းဖြစ်၏။ ထို့ကြောင့် နယူးဇီလန် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေသည် ပြင်ဆင်ရန်လွယ်ကူသော အခြေခံဥပဒေပင်ဖြစ်၏။
ပြင်ဆင်ရန်လွယ်ကူသော အခြေခံဥဒေ၏ ကောင်းကျိုးများ
အနုမြူဒုံးပျံခေတ်တွင် ကမ္ဘာ့အခြေအနေမှာ နာရီ၊ မိနစ်၊ စက္ကန့်တိုင်းပြောင်းလဲနေသဖြင့် ခေတ်နှင့် ရင်ဘောင်တန်း လိုက်နိုင်ရန် ခေတ်မမှီသော ဥပဒေဟောင်းများကိုသာလျှင်မြန်စွာ ပြင်ဆင်ရန်လိုသည်။ ပြင်ဆင်ရန်လွယ်ကူသော အခြေခံဥပဒေကို အသုံးပြုသည့်အင်္ဂလန်သည် ပြင်ဆင်ရန်ခက်သည့် အခြေခံဥပဒေကို သုံးသည့် အမေရိကန်ထက်စော၍ မိန်းမများမဲပေးနိုင်ခြင်းကို ထောက်ရှုပါက ပြင်ဆင်ရန်လွယ်ကူသော ဥပဒေကောင်းကြောင်း သိသာနိုင်သည်။
ပြည်သူလူထုနိုင်ငံရေးအသိတရားမြင့်မားသည့် နိုင်ငံများတွင် ပြင်ဆင်ရန်လွယ်ကူသော အခြေခံဥပဒေကို အသုံးပြုခြင်းဖြစ် မလိုလားအပ်သော အစိုးရ၏ ဖေါက်ပြန်နိုင်မှုများကင်းပြီး တိုင်းပြည် လျှင်မြန်စွာ တိုးတက်နိုင်သည်။
ပြင်ဆင်ရန်လွယ်ကူသော အခြေခံဥပဒေကို ပြင်ဆင်ရာတွင် ပြင်ဆင်ရန်ခက်ခဲသော ဥပဒေကို ပြင်ဆင်ရသကဲ့သို့ အချိန်ကုန်လူပန်းမဖြစ်သည့်အပြင် ငွေကြေးအကုန်အကျများလည်းများစွာ သက်သာ သည်။
ပြင်ဆင်ရန်လွယ်ကူသော အခြခံဥပဒေ၏ မကောင်းကျိုးများ
ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေ၏ ရည်ရွယ်ချက်မှာ အစိုးရကပြည်သူလူထု၏ အခွင့်အရေးများကို မချိုးဖောက်နိုင်အောင် ကာကွယ်ထားရန် ပင်ဖြသစ်သည်။ ထို့ကြောင့်အခြေခံ ဥပဒေမှာ သေချာ တိကျ ပြတ်သားရန်လိုသည်။ ဥပဒေကိုပြင်ဆင်ရန်လွယ်သည်ကို အခွင့်ကောင်းယူ၍ မကြာခဏပြင်ဆင်ခြင်းဖြင့် တိကျပြတ်သားမှုမရှိပဲ ရှုပ်ထွေးနေပေမည်။ ဤသို့ဖြစ်လာလျှင် အခြေခံဥပဒေ၏ ရည်ရွယ်ချက်ဖြစ်သော ပြည်သူလူထု၏ အခွင့်အရေးကို ကာကွယ်ရန်မှာ ဖြစ်နိုင်တော့မည်မဟုတ်ပေ။
စိတ်လှုပ်ရှားမတည်ငြိမ်သောလူမျိုးနှင့် ပြင်ဆင်ရန်လွယ်ကူသော ဥပဒေမှာ သဟာဇတ မဖြစ်နိုင် တော့ပေ။ အကြောင်းမှာ ကောင်းနိုးနိုးဖြင့် စိတ်ရူးပေါက်တိုင်း မကြာခဏပြင်ဆင်ခြင်းဖြင့် “အကျိုး လို၍ညောင်ရေလောင်း ပတ်ထန်းတွေ့” ဆိုသောသကားပုံအတိုင်း ဖြစ်နိုင်သောကြောင့်ပင် ဖြစ် သည်။
ပြင်ဆင်ရန်လွယ်ကူသော အခြေခံဥပဒေရှိနိုင်သည့်နိုင်ငံတွင် အစိုးရ၏လုပ်ဆောင်ချက်များကို အမြဲမပြတ် စောင့်ကြည့်ရန်လိုသည်။ အစိုးရ၏ မည်သည့်ဆောင်ရွက်ချက်က ကောင်းသည် မည်သည့်ဆောင်ရွက်ချက်က မကောင်းဟူ၍ ပိုင်းခြားဝေဖန်နိုင်သည့် နိုင်ငံရေးအသိတရား လူထု၌ရှိရန် လိုသည်။ ပြည်သူလူထု၌ ဤကဲ့သို့သော နိုင်ငံရေးအသိတရား မြင့်မားမှုမရှိလျှင် အီတလီလူထု အားမူဆိုလီနီ လှည့်စားသွားသကဲ့သို့ လှည့်စားခြင်းကို ခံရပေလိမ့်မည်။
ပြည်ထောင်စုနိုင်ငံများနှင့် ပြင်ဆင်ရန်လွယ်ကူသော ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေသည် “ဘုန်းကြီးနှင့် ဘီးပမာ” အလှမ်းကွာခြားလှသည်။ အကြောင်းမှာ ပြည်ထောင်စုနိုင်ငံများတွင် ဗဟိုအစိုးရနှင့် ပြည်နယ်အစိုးရတို့ အာဏာကိုခွဲဝေယူထားကြသောကြောင့် အစိုးရတဖွဲ့ပိုင် အခွင့်အာဏာကို အစိုးရတဖွဲ့က ထိပါးနိုင်ခြင်းမရှိရန်လိုသောကြောင့်ပင် ပြင်ဆင်ရန်လွယ်ကူသော အခြေခံဥပဒေကို အသုံးပြုပါက အစိုးရ တဖွဲ့၏ အခွင့်အာဏာကို တဖွဲ့က ကျူးလွန်ထိပါးပေလိမ့်မည်။ ထို့ကြောင့် မည်သည့် ပြည်ထောင်စု နိုင်ငံတွင်မှ ပြင်ဆင်ရန်လွယ်ကူသော ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေကို အသုံးမပြုကြချေ။
Political Science Part (18)
23:24 HRDP No comments
နိုင်ငံရေးသိပ္ပံပညာ အပိုင်း (၁၈)
အမေရိကန် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ
၁၇၈၉ ခုနှစ်တွင် ရေးဆွဲခဲ့သော အမေရိကန် ဖွဲ့စည်းပုံ အခြေခံဥပဒေမှာ ကမ္ဘာပေါ်တွင် ပြင်ဆင်ရန် အခက်ဆုံးသော ဥပဒေဖြစ်သည် ။ ဤသို့ ပြင်ဆင်ရန်ခက်မှုကြောင့် ၎င်းဥပဒေကို ရေးဆွဲသည့် ၁၇၈၉ ခုနှစ်မှ ယနေ့ ၁၉၆၃ ခုနှစ်အထိ နှစ်ပေါင်း ၁၇၄ နှစ်အတွင်း ပြင်ဆင်ချက်ပေါင်း ၂၂ ခုသာ ရှိသည်။ အခြေခံဥပဒေများကို ခေတ်နှင့် လျော်ညီအောင် အခါအားလျော်စွာ ပြင်ဆင်သင့်သော်လည်း ဤမျှ ရှည်လျားသောကာလအတွင်း ပြင်ဆင်ချက် ၂၂ ခုသာရှိခြင်းကို ကြည့်ခြင်းဖြင့် အမေရိကန် အခြေခံဥပဒေ မည်မျှပြင်ဆင်ရန် ခက်ခဲကြောင်း ခန့်မှန်းကြည့်နိုင်ပေမည်။
၁။ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကို ပြင်ဆင်ရန် အထက်လွှတ်တော်နှင့် အောက်လွှတ်တော်တို့ သီးခြားစွာဖြင့် ၂/၃ သောမဲဖြင့် တင်သွင်းနိုင်သည်။ ၎င်း ၂/၃ မှာ လွှတ်တော် တခုစီတွင် တက်ရောက်သော အမတ်များ၏ ၂/၃ မဟုတ်ပေ။ လွှတ်တော် တခုစီတွင် ရှိသော အမတ်ပေါင်း ၂/၃ စီဖြစ်ရမည်။
၂။ ပြည်နယ်စုစုပေါင်း ၂/၃ တို့က ပြင်ဆင်ရန် လိုကြောင်း တင်ပြသောအခါ ကွန်ဂရက်က ၎င်းအဆိုပြုချက်ကို စဉ်းစားရန် အထူးလွှတ်တော်တရပ် ရွေးကောက်တည်ထောင်ပေးရသည်။
၃။ အခြေခံဥပဒေကို ပြင်ဆင်ချက် အတည်ဖြစ်ရန် ပြည်ထောင်စုတွင်ပါဝင်သော ပြည်နယ်စုစုပေါင်း၏ ၃/၄ တို့က သဘောတူရပေသည်။ ၃/၄ တို့က သဘောမတူလျှင် ပြင်ဆင်ချက် အတည်မဖြစ်တော့ပေ။
ပြင်သစ်ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေ
ပြင်သစ်နိုင်ငံသည် ပြင်ဆင်ရန် ခက်ခဲသော ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေကို အသုံးပြုသည့် ယူနီ တရီနိုင်ငံတနိုင်ငံဖြစ်သည်။ အခြေခံဥပဒေကိုပြင်ဆင်ရန် ပြင်သစ်အောက်လွှတ်တော်(National Assembly) ကသာတင်သွင်း နိုင်သည်။ အောက်လွှတ်တော်က အတည်ပြုပြီး အထက်လွှတ်တော် (Council of State) ကို တင်ပြရသည်။ အကယ်၍ လွှတ်တော်နှစ်ရပ်အနက်မှ လွှတ်တော်တခုခုတွင် သာမန်မဲအများအားဖြင့် အတည်ပြုခြင်းဖြစ်ခဲ့လျှင် ပြင်ဆင်ချက်အတည်ဖြစ်စေရန် ပြည်သူ့ ဆန္ဒ ကောက်ခံ ခြင်း ပြုရသည်။
ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေပြင်ဆင်ရန် အဆိုကို အောက်လွှတ်တော်၏ ၂/၃ သော အမတ်များ နှင့် အထက်လွှတ်တော်၏ ၃/၅ သော အမတ်များက သဘောတူလျှင် ပြင်ဆင်ချက်အဆိုအတည်ဖြစ်သည်။ ပြည်သူ့ဆန္ဒကောက်ခံခြင်းပြုရန်မလိုပေ။
အီတလီ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ
အီင်္တလီတွင် ဒုတိယကမ္ဘာစစ်မတိုင်မီက ပြင်ဆင်ရန်လွယ်ကူသော ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံ ဥပဒေ ကို အသုံးပြုခဲ့သည်။ အာဏာရှင်မှုကိုလိုနီသည် ပြင်ဆင်ရန်လွယ်ကူသော ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေ ကို လိမ္မာပါးနပ်စွာ အသုံးပြု၍ ပြည်သူတို့၏ အခွင့်အရေးများကို ဖျက်ဆီးကာ ၁၉၂၂-ခုနှစ်တွင် ၎င်းကို၎င်း အီတလီပြည်၏ အာဏာရှင်တစ်ယောက်ဖြစ်လာအောင် ပြုလုပ်ခဲ့သည်။
အထက်ပါ အကြောင်းကြောင့် ဒုတိယကမ္ဘာစစ်ပြီးသောအခါ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကို အသစ်ရေးဆွဲ၍၊ ၎င်းအခြေခံဥပဒေကို ပြင်ဆင်ရန် အခြေခံဥပဒေ၏ အပုဒ်“၁၃၈”ဖြင့် အောက်ပါအတိုင်း ပြဌာန်းထားခဲ့သည်။
အခြေခံဥပဒေကို ပြင်ဆင်ရန် အောက်လွှတ်တော် (Chamber of Deputies) က သော်လည်း ကောင်း အထက်လွှတ်တော် (Senate) က သော်လည်းကောင်း တင်သွင်းနိုင်သည်။ ၎င်းပြင်ဆင်ချက် အဆိုကို လွှတ်တော်နှစ်ရပ်လုံးက တကြိမ်နှင့် တကြိမ်ရက်ပေါင်း “၉၀” ခြား၍ စည်းဝေရသည်။ လွှတ်တော်နှစ်ရပ်လုံးမှ နှစ်ကြိမ်စလုံး သာမန်အမတ်အများစုက သဘောတူလျှင် ပြင်ဆင်ချက်အဆိုကို အတည်ဖြစ်သည်။
လွှတ်တော်နှစ်ခုအနက်မှ လွှတ်တော်တစ်ခုခုတွင် ပါဝင်သော အမတ်ဦးရေ၏ ၁/၅ က သော် လည်းကောင်း မဲဆန္ဒရှင် ၅၀၀၀၀ (ငါးသောင်း) က သော်လည်းကောင်း ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေကို ပြင်ဆင်ရန်တောင်းဆိုလျှင် ပြည်သူ့ဆန္ဒကောက်ခံခြင်း (Referendum) ပြုရသည်။ သို့ရာတွင် လွှတ်တော်နှစ်ရပ်စလုံး၌ နှစ်ကြိမ်စလုံး အမတ် ၂/၃ ဖြင့် ပြင်ဆင်ချက် အဆိုကို အတည်ပြုခဲ့ပါက ပြည်သူ့ဆန္ဒကောက်ခံခြင်းပြုရန် မလိုပေ။
အိန္ဒိယဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ
အိန္ဒိယပြည်ထောင်စုနိုင်ငံတွင် ဗဟိုအစိုးရ၏ ဥပဒေပြုရေးဌာနဖြစ်သော ဗဟိုလွှတ်တော်နှစ်ခုပေါင်း မှ လွှတ်တော်တက်ရောက်လာသည့် ကိုယ်စားလှယ် အမတ်ပေါင်း ၂/၃ က သဘောတူညီလျှင် ပြင်ဆင် ချက်အဆိုအတည်ဖြစ်သည်။
ကနေဒါ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေ ပြင်ဆင်ပုံ
ကနေဒါနိုင်ငံတွင် အခြေခံဥပဒေကို ပြင်ဆင်လိုလျှင် ကနေဒါလွှတ်တော်နှစ်ရပ်က ဗြိတိသျှဘုရင်- ဘုရင်မထံ ပြင်ဆင်ချက်ကို တင်ပြရသည်။ ၎င်းပြင်ဆင်ချက်ကို ဗြိတိသျှပါလီမန်က ဆွေးနွေးအတည် ပြုရသည်။ ထို့ကြောင့် ကနေဒါနိုင်ငံတွင် အသုံးပြုသော အခြေခံဥပဒေပြင်ဆင်နည်းမှာ တခြားပြည်ထောင်စု များတွင် သုံးသောနည်းများနှင့် စာကြည့်လျှင်လွယ်ကူသည်။ သို့ရာတွင်ပြင်ဆင်ချက်ကို တခြားနိုင်ငံတနိုင်ငံကို တင်ပြရသဖြင့် ပြင်ဆင်ချက်များ နှောင့်နှေးကြန့်ကြာစေနိုင်သည့်အပြင် တိုင်းပြည်၏ ဂုဏ်သိက္ခာကိုလည်း ထိခိုက်သည်။
Political Science Part (19)
23:29 HRDP No comments
ပြင်ဆင်ရန်ခက်ခဲသော ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ၏ ကောင်းကျိုးများ
(၁) အခြေခံဥပဒေဆိုသည်မှာ အစိုးရ၏အာဏာနှင့် ပြည်သူလူထု အခွင့်အရေးများကို တိကျစွာခွဲခြား သတ်မှတ်ထားသော ဥပဒေတမျိုးပင်ဖြစ်သည်။ ဥပဒေကို ချုံ့ လိုက ချုံ့ ၊ ဆန့်လိုကဆန့် လိုသလိုအဓိပ္ပါယ် ကောက်၍နေပါမူ ဥပဒေ၏မူလ ရည်ရွယ်ချက်ပျက်သွားပေမည်။ ပြင်ဆင်ရန်ခက်ခဲလျှင် ပြင်ဆက်ချက် နည်းပါးမည်မှာ ဓမ္မတာသဘောပင်ဖြစ်သည်။ ပြင်ဆင်ချက်နည်းပါးလေ၊ ဥပဒေ တိကျပြတ်သားမှု ပိုမိုရှိနိုင်လေ ဖြစ်သောကြောင့် ပြင်ဆင်ရန်ခက်ခဲသော အခြေခံဥပဒေကို ကောင်းသည်ဟု ယူဆရပေသည်။
(၂) လူထု၏နိုင်ငံရေးအသိတရားမြင့်မားမှု မရှိသောနိုင်ငံများတွင် ပြင်ဆင်ရန်ခက်သော အခြေခံဥပဒေကို အသုံးပြုခြင်းကကောင်းသည်။ လူထုအနေဖြင့် နိုင်ငံရေးအသိတရား နည်းပါးမှုကြောင့် အစိုးရ၏ဆောင်ရွက်ချက်များ ကောင်းမကောင်းကို စောင့်ကြည့်၍ ဝေဖန်ပိုင်းခြားလျက် ချုပ်ကိုင်နိုင်ခြင်း မပြုနိုင်သော်လည်း အာဏာရူးနိုင်ငံရေးသမားတို့၏ လှည့်စားမှုများ သက်သာစေနိုင်သည်။ ပြင်ဆင်ရန်ခက်ခဲမှုသည် လူထု၏အခွင့်အရေးကို ကာကွယ်မှုတစ်ရပ်ဖြစ်နိုင်သည်။ ထို့ကြောင့်ပြင်ဆင်ရန်ခက်ခဲသော ဥပဒေသည် ကောင်းသည်။
(၃) ပြည်ထောင်စုနိုင်ငံများအဖို့တွင် ပြင်ဆင်ရန်ခက်သော ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကိုသာ အသုံးပြုသင့်သည်။ ပြည်ထောင်စုနိုင်ငံ၌ ဗဟိုအစိုးရနှင့် ပြည်နယ်အစိုးရ တို့ အာဏာကိုခွဲဝေယူထားကြသောကြောင့် ပြင်ဆင်ရန်လွယ်ကူသော အခြေခံဥပဒေကိုသာ အသုံးပြုပါက ၄င်းဥပဒေကိုအကြောင်းပြု၍ ပြည်ထောင်စု ပြိုကွဲနိုင်ပေသည်။ ပြည်ထောင်စု တည်မြဲရေး၊ တိုးတက်ရေးတို့သည်၊ ၄င်းအခြေခံဥပဒေပေါ်၌ မူတည်လျက်ရှိသည်။ ထို့ကြောင့် အာဏာကိုခွဲဝေပေးထားသည့် ၄င်းအခြေခံဥပဒေကို ခိုင်မြဲတိကျပြတ်သားရန် လိုပေမည်။ ဤသို့ခိုင်မြဲတိကျပြတ်သားရန်မှာလည်း ၄င်းအခြခံဥပဒေကို ပြင်ဆင်ချင်တိုင်း လွယ်လွယ်ကူကူနှင့် ပြင်မရရန် လို၏။ ထို့ကြောင့် ပြည်ထောင်စုနိုင်ငံများအဖို့တွင် ပြင်ဆင်ရန်ခက်သော ဖွဲ့စည်း အုပ်ချုပ်ပုံအခြေခံဥပဒေမှာ အကောင်းဆုံးဖြစ်သည်။
ပြင်ဆင်ရန်ခက်သော ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေ၏ မကောင်းကျိုးများ
(၁) လောကတွင်အကောင်းနှင့် မကောင်းမှာ အမြဲသဖြင့်ဒွန်တွဲလျက်ရှိနေပေသည်။ ထို့ကြောင့် ကောင်းသော အချက်များရှီသည့် ပြင်ဆင်ရန်ခက်သော အခြေခံဥပဒေ၌ မကောင်းသော အချက်များလည်း ရှိနေပေလိ့မ့်မည်။ ဥပဒေဆိုသည်မှာ အခါပြုလျက်ထားလျှင် ရာသက်ပန်ကောင်းနေနိုင်သော အရာမျိုးမဟုတ်ပေ။ အခြေအနေများသည် မိနစ်၊ စက္ကန့်တိုင်းပြောင်းလဲသည်။ ထို့ကြောင့် အခြေအနေတရပ်နှင့် သင့်လျော်အောင်ပြုထားသော ဥပဒေတစ်ရပ်သည် ပြောင်းလဲနေသောအခြေအနေတစ်ရပ်နှင့်မူ သင့်လျော်လိမ့်မည် မဟုတ်ပေ။ ထို့ကြောင့်ဥပဒေကို အချိန်အားလျော်စွာ ပြင်ဆင်ရပေမည်။
(၂) ပြင်ဆင်ရန်ခက်သော အခြေခံဥပဒေမျိုးကို ပြင်ဆင်ရန်မှာ တာဝန်ကြီးလေးသည့်အပြင် ပြင်ချင်းတိုင်းပြည် ဆင်ချင်တိုင်းဆင်ရန်လည်း မလွယ်ကူလှပေ။ ထို့ကြောင့် တိုင်းပြည်၏ နိုင်ငံရေး၊ စီးပွားရေး ပေါင်းသင်းဆက်ဆံရေးနှင့် အရေးပေါ်ကိစ္စများအတွက် အခြေခံဥပဒေကို ပြင်ဆင်ရန်လိုအပ်၍ ပြင်ဆင်သောအခါ အချိန်တိုတိုတောင်းတောင်းဖြင့် ပြင်ဆင်ချက်အတည် ဖြစ်လာလိမ့်မည် မဟုတ်ပေ။ ယင်းသို့ အချိန်အခါ အခြေအနေနှင့် လိုက်လျောညီထွေစွာ ပြုပြင်နိုင်ခြင်း မရှိပါကတိုင်းပြည်တွင် မလိုလားအပ်သောကိစ္စများ ပေါ်ပေါက်လာနိုင်သည်။ ထို့ကြောင့်ပြင်ဆင်ရန် ခက်သောအခြေခံဥပဒေကို အကျွင်းမဲ့ကောင်းသည်ဟု မယူဆအပ်ပေ။
အစိုးရအဖွဲ့တစ်ခု၌
(၁) ဥပဒေပြုဌာန (Legislature)
(၂) အုပ်ချုပ်ရေးဌာန (Executive)
(၃) တရားစီရင်ရေးဌာန (Judiciary) ဟူ၍ ဌာနကြီးသုံးခုရှိသည့်အနက် ဥပဒေပြုဌာနသည် အရေးကြီးဆုံးသော ဌာနတစ်ခုဖြစ်သည်။ အကြောင်းမှာ အုပ်ချုပ်ရေးဌာနှင့် တရားစီရင်ရေးဌာန နှစ်ခုစလုံး ဥပဒေပြုဌာနပေါ်တွင် မူတည်ရသည့်အပြင် ဥပဒေဌာန၏ လက်အောက်ခံဌာနများ ဖြစ်နေသောကြောင့်ပင်ဖြစ်သည်။
ဥပဒေပြုဌာန
Political Science Part (20)
23:32 HRDP No comments
ရှေးအခါက ဂရိလူမျိုးတို့သည် (Direct Democracy) တိုက်ရိုက် ဒီမိုကရေစီခေါ် တိုင်းသူပြည်သားတိုင်း နိုင်ငံရေးကိစ္စရပ်များကို ပါဝင်ဆောင်ရွက်သောနည်းလမ်းကို အသုံးပြု၍တိုင်းပြည်ကို အုပ်ချုပ်ခဲ့ကြသည်။ ယင်းသို့ နိုင်ငံရေးကိစ္စများကို တိုင်းသူပြည်သားတိုင်း ကိုယ်ထိလက်ရောက်ပါဝင်နိုင်ခြင်းကို စမ်းစစ်ကြည့်က အောက်ပါအတိုင်း အကြောင်းသုံးရပ်ကို တွေ့ရပေမည်။
၁။ ဂရိနိုင်ငံများသည် မြို့ နိုင်ငံများသာဖြစ်ကြသဖြင့် ယခုခေတ်နိုင်ငံများနှင့်စာလျှင် အလွန်သေးငယ်နေခြင်း
၂။ မည်သည့်ဂရိနိုင်ငံတွင်မှ နိုင်ငံသားဦးရေ ခုနှစ်ထောင် (၇၀၀၀) ထက်မများခြင်း။
၃။ ဂရိနိုင်ငံသားတို့သည် စားဝတ်နေရေးကိစ္စများကို ငွေဝယ်ကျွန်များလက်သို့ လွဲအပ်ထားခြင်းစသော အကြောင်း (၃) ရပ်ပင်ဖြစ်သည်။
နိုင်ငံငယ်ပြီး လူဦးရေနည်းသောကြောင့် နိုင်ငံရေးကိစ္စများကို ကွင်းပြင်ကြီးတစ်ခုအတွင်း နိုင်ငံသားအားလုံး စုရုံးစည်းဝေး ဆုံးဖြတ်နိုင်ကြသည်။ စား၊ ၀တ်၊ နေရေး ကိစ္စများအတွက် မပူမပင်ရသောကြောင့် ဂရိတို့ တိုင်းရေးပြည်ရေးကိစ္စရပ်များကို စိတ်ပါဝင်စားနိုင်ကြသည်။ အထူးသဖြင့် ဥပဒေလုပ်ငန်းများကို ပါဝင်ဆောင်ရွကကြသည်။
ခေတ်သစ်နိုင်ငံများမှာမူ ဂရိနှင့်မတူပေ။ တိုင်းပြည်ကျယ်ဝန်းခြင်း လူဦးရေများပြားခြင်းတို့ကြောင့် တိုင်းရေးပြည်ရေးကိစ္စရပ်များကို တစ်နေရာထဲတွင် နိုင်ငံသားအားလုံးစု၍ စည်းဝေးဆုံးဖြတ်ရန်မှာ လုံးဝမဖြစ်နိုင်ပေ။ ထို့ကြောင့် ကိုယ်စားလှယ်စနစ်ကို အသုံးပြုရခြင်းဖြစ်သည်။ ယင်းသို့ ကိုယ်စားလှယ်စနစ်ကို အသုံးပြုရသောကြောင့် ခေတ်သစ်နိုင်ငံများ၏ ဒီမိုကရေစီသည် ဂရိတို့၏တိုက်ရိုက် ဒီမိုကရေစီနည်းမျိုးမဟုတ်ပေ။ ထို့ကြောင့် နိုင်ငံသားတို့က ရွေးချယ်သော ကိုယ်စားလှယ်များကသာ တိုင်းရေးပြည်ရေးကိစ္စများကို ဆောင်ရွက်သဖြင့် ခေတ်သစ်နိုင်ငံတို့၏ ဒီမိုကရေစီသည် သွယ်ဝိုက်ဒီမိုကရေစီ(Indirect Democracy)သာ ဖြစ်သည်။
ပြည်သူ့ဆန္ဒနှင့် လိုက်လျောကိုက်ညီသော ဥပဒေပြုဌာနဖွဲ့စည်းရန် မည်သူကမည်သူ့ကို မည်ကဲ့သို့ရွေးကောက် တင်မြောက်မည်နည်း။ ဘိန်းစားများက ဘုရားတကာများကို လျှို့ ဝှက်မဲစနစ်ဖြင့် ရွေးကောက်တင်မြောက် ကြမည်လော။ ပညာတတ်များက ပညာတတ်များကို ရွေးချယ်တင်မြှောက်ကြမည်ဆိုလျှင် ဘီအေအိုင်အေ အောင်သူများကို ပညာတတ်ဟုသတ်မှတ်မည်လော သို့မဟုတ် ဘွဲ့ဒီဂရီများမရှိသော နိုင်ငံရေးသမားများနှင့် စာရေးဆရာ ကုန်သည် ပွဲစားများကို သတ်မှတ်ကြမည်လော။ ယင်းသို့သော ပြဿနာပေါင်း သောင်းခြောက်ထောင် ရှိပေမည်။
ယင်းပြဿနာများကို ဖြေရှင်းကြရာတွင်လည်း တစ်တိုင်းပြည်နှင့် တစ်တိုင်းပြည် တစ်နိုင်ငံနှင့် တစ်နိုင်ငံ ကွဲပြားခြားနားနေမည်ကို တွေ့ရှိရပေမည်။ ဥပမာ မဲဆန္ဒရှင်များ၏ အရည်အချင်းသတ်မှတ်ပုံ ကွဲပြားခြင်း၊ လွှတ်တော်ဖွဲ့စည်းပုံ ခြားနားခြင်း စသောအချက်များကို တွေ့ရှိရပေမည်။ မည်ကဲ့သို့ပင် နည်းအမျိုးမျိုး ကွဲပြားခြားနားနေသော်လည်း "ကြွက်သေသည်သာပဓာန" (The End Justified The Means) ဖြစ်သောကြောင့် ဥပဒေပြုအဖွဲ့မှ ပြုလုပ်ဆောင်ရွက်ချက်များသည် ပြည်သူအများစု၏အလိုဆန္ဒနှင့် ကိုက်ညီလျက် ပြည်သူအများစုကို အကျိုးပြုလျှင် မည်သည့်နည်းကိုသာ အသုံးပြုပြုမှန်သည်သာ ဖြစ်၏။
ဒီမိုကရေစီဆိုသည်မှာ လူအများစု၏ ဆန္ဒအတိုင်း လူအများစုကို အကျိုးပြုစေခြင်းပင် ဖြစ်သည်။ ထို့ကြောင့် လူတစ်ဦးတစ်ယောက်က အုပ်ချုပ်သည်ဖြစ်စေ လူတစ်စုက အုပ်ချုပ်သည် ဖြစ်စေ လူအများတို့၏ ဆန္ဒနှင့် လိုက်လျောညီထွေစွာ လူအများစုကိုအကျိုးပြုလျှင် ဒီမိုကရေစီအုပ်ချုပ်ရေးပင် ဖြစ်သည်။
Political Science Part (21)
23:36 HRDP No comments
မဲဆန္ဒရှင်
မဲဆန္ဒရှင်ဆိုသည်မှာ ဥပဒေပြုဌာနအတွက် ကိုယ်စားလှယ်ရွေးကောက်တင်မြှောက်ရာတွင် မဲဆန္ဒပေးခွင့် ရရှိသူများ ဖြစ်သည်။ မဲပေးခွင့်ရရှိသော မဲဆန္ဒရှင်များကို ခွဲခြားကြည့်ပါက။
၁။ အသက်ပြည့်သော ယောကျာ်းများသာ မဲပေးခွင့်ရှိခြင်း၊ (Manhood Suffrage) နှင့်။
၂။အသက်ပြည့်သော ယောကျာ်းများ၊ မိန်းမများမဲဆန္ဒ ပေးခွင့်ရှိခြင်း (Universal Suffrage) ဟူ၍ နှစ်မျိုးနှစ်စား ရှိသည်ကို တွေ့ရသည်။
မိန်းမများကို မဲဆန္ဒပေးခွင့်ပိတ်ပင်ထားသော ပထမနည်းသည် သာတူညီမျှသဘောနှင့် ဆန့်ကျင်သည်။ ၄င်းပြင်ယောကျာ်းများသာ မဲဆန္ဒပေး၍ ဖွဲ့စည်းထားသော ဥပဒေပြုဌာနမှပြုလုပ်သော ဥပဒေများမှာလည်း မိန်းမများ၏ အလိုဆန္ဒမပါသောကြောင့် လူအများစု၏ အလိုဆန္ဒနှင့် ကိုက်ညီရမည်ဆိုသော ဒီမိုကရေစီနည်းနှင့် ဆန့်ကျင်နေသည်။
ယင်းသို့သော အကြောင်းများကြောင့် ခေတ်သစ်နိုင်ငံတိုးလိုလိ သတ်မှတ်ထးသော အသက်ပြည့် ကျား/မ တိုင်းကို မဲဆန္ဒပေးနိုင်ခွင့် ပြုကြသည်။ သို့ရာတွင် ဆွစ်ဇာလန်နိုင်ငံတွင်မူ မိန်းမများမဲဆန္ဒပေးခွင့်မရှိကြပေ။
မဲဆန္ဒပေးခွင့်နှင့် စပ်လျဉ်း၍ လေ့လာကြည့်ပါက အရွယ်မရောက်သေးသူများ၊ ရာဇ၀တ်မှုကြောင့် မရောက်သေးသူများ၊ လူမွဲစာရင်းခံသူများ (ဒေ၀ါလီခံ) မဲပေးခွင့်မရကြပေ။ တစ်ချို့ သော နိုင်ငံများတွင် သာသနာ့ဝန်ထမ်း ရဟန်းသံဃာများနှင့် လက်နက်ကိုင် တပ်ဖွဲ့များကိုလည်း မဲပေးခွင့်မပြု။
ကိုယ်စားလှယ်စနစ် (၀ါ) သွယ်ဝိုက် ဒီမိုကရေစီစနစ်ကို စတင်အသုံးပြုချိန်မှစ၍ မဲဆန္ဒရှင်နှင့် စပ်လျဉ်း၍ အောက်ပါအတိုင်း အရည်အချင်းအမျိုးမျိုးကို သတ်မှတ်ကြသည်။
(၁) အသက်အရွယ် အရည်အချင်း
(၂)ပညာအရည်အချင်း
(၃) ကိုယ်ပိုင်ပစ္စည်းရှိသော အရည်အချင်း
(၄) ကိုးကွယ်သည့်ဘာသာ အရည်အချင်း
(၅) လိင်အရည်အချင်း
(၁) လူလားမြောက်မှသာလျှင် မဲဆန္ဒပေးရာ၌ မှန်ကန်စွာစဉ်းစားဝေဖန်ပေးနိုင်မည်ဟု ယုံကြည်သောကြောင့် ခေတ်သစ် နိုင်ငံတိုင်းအသက်အရွယ်အချင်းက ကန့်သတ်ခြင်းပြုကြသည်။ သို့ရာတွင် တစ်တိုင်းပြည်နှင့် တစ်၏တိုင်းပြည်၊ တစ်နိုင်ငံနှင့် တစ်နိုင်ငံ အသက်အရည်အချင်းကန့်သတ်ချက်များ မတူညီကြပေ။ ရုရှားတွင် အသက် ၁၈ နှစ်၊ ဂျာမနီတွင် ၂၀နှစ်၊ အင်္ဂလိပ် အမေရိကန်တွင် ၂၁နှစ်၊ နော်ဝေနိုင်ငံတွင် ၂၃နှစ် သတ်မှတ်ပြီး ဒိန်းမတ်နိုင်ငံတွင်မူ ၂၅ နှစ် သတ်မှတ်ထားသည်။
မဲပေးခြင်းမှာ အရွေးခံကြသော ပုဂ္ဂိုလ်ကိ မဲပေးခြင်း မဟုတ်ပေ။ မဲဆန္ဒရှင်တို့သည် ကြိုက်နှစ်သက်သည့် နိုင်ငံရေးဝါဒကို လက်ကိုင်ပြုသည့်နိုင်ငံရေးပါတီကို မဲပေးခြင်းဖြစ်သည်။ ထို့ကြောင့် မဲဆန္ဒရှင်တစ်ဦးသည် နိုင်ငံရးပါတီတို့၏ ၀ါဒလမ်းစဉ်ကို နားလည်ထားရန်လိုအပ်သည်။ ဤသို့ပါတီလမ်းစဉ်များကို နားလည်ရန်မှာ အသက်အရည်အချင်းတစ်ခုနှင့် မလုံလောက်ဟု ယူဆသောကြောင့် တချို့ နိုင်ငံများတွင် ပညာအရည်အချင်း ကန့်သတ်ချက်များ ပြုလုပ်ကြသည။
(၂) ပညာတတ်တစ်ယောက်သာလျှင် ၄င်း၏မဲပြားတစ်ပြားကို မှန်ကန်စွာအသုံးချနိုင်မည်ဟု ယူဆသောကြောင့် ပညာတတ်များသာကိုသ မဲဆန္ဒပေးခွင့်ပြုသောနိုင်ငံများ ရှေးအခါက ပေါ်ပေါက်ခဲ့ဖူးပေသည်။ သို့ရာတွင် ပညာတတ်ဆိုရာ၌ "အ" သုံးလုံး တတ်မြောက်ခြင်းလော၊ အသိပညာ ထက်မြက်ခြင်းလော စသဖြင့်ဝါဒကွဲပြီး မဲဆန္ဒပေးခွင့်ရရှိရန် လိုအပ်သည် ပညာအရည်အချင်းကို တိကျစွာသတ်မှတ်ရန် အခက်အခဲတွေ့ရပေသည်။ ယခုခေတ်အခါ၌ ပညာအရည်အချင်း ကန့်သတ်သောစနစ် အသုံးပြုခြင်းမရှိတော့ချေ။
မဲဆန္ဒပေးခြင်းသည် နိုင်ငံရေးရာနှင့် စပ်ဆိုင်သောကြောင့် ဘီအေ၊ အိုင်အေ အောင်မြင်ရန်မလိုပေ။ နိုင်ငံရေးပညာတတ်သိ နားလည်ရန်သာလိုပေသည်။ နိုင်ငံသားတစ်ဦးအနေဖြင့် မိမိရသင့်ရထိုက်၊ ခံစားသင့်ခံစားထိုက်သော အခွင့်အရေးများကိုသာမက မိမိထမ်းဆောင်ရမည့် တာဝန်နှင့်ဝတ္တရားများကိုလည်း သဘောပေါက် သိရှိနားလည်ထားရပေမည်။ နိုင်ငံသားတစ်ဦးသည် အခွင့်အရေးများကိုသာ ရယူခံစားလိုပြီး တာဝန်ကို မထမ်းဆေင်ာလိုလျှင် နိုင်ငံသားပီသတော့မည် မဟုတ်ချေ။
(၃) ကိုယ်ပိုင်ပစ္စည်းရှိသော အရည်အချင်းသတ်မှတ်ခြင်းကို အင်္ဂလန်တွင်အသုံးပြုခဲ့ဘူးသည်။ တစ်နှစ်လျှင် သျှီလင် ၄၀ (၂၆ ကျပ်ခန့်) ကောက်ခံရရှိသော ဘိုးဘွားပိုင် မြေရှိသောသူများသာလျှင် မဲဆန္ဒပေးခွင့်ရရှိကြသည်။ မြေပိုင်မရှိလျှင် မဲပေးခွင့်မရသဖြင့် ဥစ္စာကြေးငွေ ပေါကြွယ်ဝသော ကုန်သည်များ စက်ရုံပိုင်ရှင်များနှင့် ဆရာဝန်၊ အင်ဂျင်နီယာ စသော အတတ်ပညာရှင်များပင် မဲပေးခွင့်မရကြပေ။
ယင်းသို့ပစ္စည်းရှိသော အရည်အချင်းကန့်သတ်ခြင်းအကြောင်းများကို စမ်းစစ်ကြည့်ပါက အကြောင်းသုံးရပ်ကို တွေ့ရှိရပေမည်။ ၄င်းတို့မှာ ...
(၁) ပစ္စည်းရှိသူသည် မိမိ၏စည်းစိမ်တည်မြဲရေးအတွက် နိုင်ငံတော်လုံခြုံအေးချမ်းရေးကို လိုလားသည်။ ထု့ကြောင့် မဲဆန္ဒရေးရာတွင် တာဝန်သိသိ စဉ်းစားဝေဖန် ပေးတတ်သူများဟု ယူဆခြင်း။
(၂) ကိုယ်ပိုင်ပစ္စည်းရှိမှ ပညာသင်ကြားနိုင်ပြီး၊ ပညာတတ်မှသာလျှင် မိမိတို့မဲပြားတစ်ပြားကို မှန်ကန်စွာ အသုံးချ နိုင်မည်ဟု ယူဆခြင်း။
(၃) ကိုယ်ပိုင်ပစ္စည်း မရှိသောလူတန်းစားများကို မဲဆန္ဒပေးခွင့်ပြုပါက ကိုယ်ပိုင်ပစ္စည်းထားရှိသော စနစ်ကို ဆန့်ကျင်ကာ ပစ္စည်းရှင်လူတန်းစားကို ရန်မူလာမည်ဟုယူဆခြင်း စသာအကြော်ငးများကြောင့် ကိုယ်ပိုင် မစ္စည်းမရှိသူများကို မဲဆန္ဒပေးခွင့်ပြုခြင်းဖြစ်သည်။
အထက်ပါအကြောင်းပြချက်တို့သည် ယခုခတ်အနေဖြင့် ခိုင်လုံသောအကြောင်းပြချက်များ မဟုတ်ပေ။ မြေရှင်ပဒေသရာဇ်များ ကြီးစိုးသောခေတ်တွင် ၄င်းတို့လူတန်းစားအကျိုးအတွက် စီမံဆောင်ရွက်ထားချက်မျးသာ ဖြစ်သည်။ ယခုခေတ်တွင် ဆင်းရဲသာများလည်း ပစ္စည်းရှိသူများကဲ့သို့ ပညာသင်ကားခွင့်ရကြပြီး ပညာတတ်ကြသည်။ ကမ္ဘာ့ဆင်းရဲသားလူထုသည် ငြိမ်းချမ်းရေးကိုလည်း ချစ်မြတ်နိုးတတ်ကြသည်။ တိုင်းပြည်၏ တာဝန်ကိုလည်း ချမ်းသာသောလူများထက်ပင် သိရှိကြသည်။ ထို့ကြောင့် ယခုအခါတွင် ကိုယ်ပိုင်ပစ္စည်းအရည်အချင်းကို အသုံးမပြုတော့ချေ။
(၄) ရှေးခေတ် တချို့ နိုင်ငံများတွင် ဘာသာအရည်အချင်းကို အသုံးပြုခဲ့ကြသည်။ အာဏာလက်ကိုင်ထားရှိသူတို့ ကိုးကွယ်ဆည်းကပ်သော ဘာသာကို ကိုးကွယ်ဆည်းကပ်သူတို့သာ မဲဆန္ဒ္ဒပေးခွင့်ရကြပြီး အခြားဘာသာများကို ကိုးကွယ်ဆည်းကပ်သူတို့ မဲဆန္ဒပေးခွင့် မရကြပေ။ ယခုခေတ်တွင် ဘာသာရေးကို နိုင်ငံရေးဖြင့် ခွဲခြားထားသောကြောင့် ကမ္ဘာ့နိုင်ငံတိုင်းတွင် ၄င်းဘာသာရေး အရည်အချင်း အသုံးမပြုကြတော့ချေ။
(၅) လိင်အရည်အချင်းကို ၂၀-ရာစုနှစ် အစလောက်အထိ နိုင်ငံတိုင်းအသုံးပြုခဲ့ကြသည်။ ပထမ ကမ္ဘာစစ်ပြီးသောအခါ မိန်းမများနိုးကြားလာပြီး ယောကျာ်းများနှင့် တန်းတူ မဲပေးခွင့်ရရှိရန် တောင်းဆိုလာကြသည်။
Political Science Part (22)
23:38 HRDP No comments
အမျိုးသမီးများ မဲဆန္ဒပေးခွင့်ရရန် အကြောင်းပြချက်များ
၁။ နိုင်ငံတွင်ပြုလုပ်ထားသော ဥပဒေများသည် ယောကျာင်္းများနှင့်သာ သက်ဆိုကြသည်မဟုတ် မိန်းမများနှင့်လည်း သက်ဆိုက်ကြသည်။ ထို့ကြောင့် ယောကျာင်္းများသာ ပါဝင်သော ဥပဒေအဖွဲ့က ဥပဒေပြုခြင်းမှာ နည်းလမ်းမကျ တရားမမျှတဟုလည်း ဆိုကြသည်။
၂။ မိန်းမများသည် ပထမကမ္ဘာစစ်မှစ၍ လက်နက်ကိုင်တပ်များတွင် လည်းကောင်း၊ အလုပ်ရုံ ကုန်သွယ်မှုမှမစ ယောကျာင်္းများနှင့် တန်းတူဆောင်ရွက်ခဲ့သည်။ ထို့ကြောင့် ယောကျာင်္းများနှင့် တန်းတူအခွင့်အရေး ရသင့်သည်ဟု ဆိုကြသည်။
၃။ မိန်းမများသည် တိရိစ္ဆာန်များမဟုတ်ကြ၊ ယောကျာင်္းများကဲ့သို့ လူများသာဖြစ်ကြသည်။ လူသားခြင်း အတူတူ ဖြစ်ခြင်းကြောင့် အခွင့်အရေးလည်း တန်းတူရသင့်သည်ဟု ဆိုကြသည်။
၎။ ကိုယ်ပိုင်ပစ္စည်းအရည်အချင်းကို သတ်မှတ်လျှင်လည်း များစွာသောမိန်းမတို့တွင် သတ်မှတ်ထားသော ကိုယ်ပိုင်ပစ္စ္စည်းများ ရှိကြသည်။ ထို့ပြင် တချို့  နိုင်ငံများ၌ အိမ်ထာင်ရေးနှင့်စီးပွားရေူးတွင် မိန်းမများက ဦးဆောင်နေသည်။ ထို့ပြင် မိန်မများသည် ယောကျာင်္းများနှင့် တန်းတူမဲပေးခွင့် ရသင့်သည်ဟူ၍ တောင်းဆိုကြသည်။
အမျိုးသမီးများ မဲမပေးသင့်ကြောင်း အကြောင်းပြချက်များ
၁။ မိန်းမများကို မဲပေးခွင့်ပြုလျှင် အိမ်ထောင်ရှိသော မိန်းမများသည် ၄င်းတို့၏ခင်ပွန်း စိတ်ကြိုက်လိုက်၍ မဲပေးကြပေမည်။ ယင်းသို့ဖြစ်လျှင် ၄င်းမိန်းမများမဲမှာ အကြောင်းထူးလိမ့်မည်မဟုတ်ပေ။ အကယ်၍ ၄င်တို့ လင်ခင်ပွန်းများနှင့် ဆန့်ကျင်၍ မဲပေးပါလျှင်လည်း အကျင်လင်မယား စိတ်ဝမ်းကွဲ၍ အိမ်ထောင်ရေးအဆင်မပြေ ဖြစ်နိုင်သည်ဟု ဆိုကြသည်။
၂။ မိန်မများသည် အားနွဲ့ကြသဖြင့် ကြမ်းတမ်းသော နိုင်ငံရေးနှင့် မသင့်လျှော်ဟု ယူဆကြသည်။ ထို့ပြင် နိုင်ငံရေးကို ၀င်ရောက် ဆောင်ရွက်နေရသဖြင့် အိမ်ထောင်ထိန်းသိမ်းရေးကိုလည်း ထိခိုက်စေနိုင်သည်။
၃။ မိန်းမများသည် ယောကျာင်္းများထက် ဘာသာတရားကိုကိုင်းရှိုင်းကြသည်။ ထို့ကြောင့် မဲဆန္ဒပေးရာတွင် သသနာ့ဝန်ထမ်း ရဟန်းသံဃာတို့၏ ဆွဲဆောင်ရာသို့ပါနိုင်သည်။ ယင်းသို့ဖြစ်လာလျှင် နိုင်ငံရေး၌ဘာသာရေး ရောယှက်လာမည်ဖြစ်၍ မိန်မများကို မဲဆန္ဒပေးခွင့်မပြုဟု ဆိုကြသည်။ အထက်တွင်ဖော်ပြခဲ့သည်အတိုင်း အငြင်းအခုံဖြစ်ပြီး ၁၉၁၉ ခုနှစ်တွင် အင်္ဂလန်၌လည်းကောင်း ၁၉၂၀ ခုနှစ်တွင် စပိန်၌လည်းကောင်း ၁၉၄၆ ခုနှစ်တွင် ယူဂိုစလားဗီးယား၌လည်းကောင်း ၁၉၄၇ ခုနှစ်တွင် ဂျပန်နိုင်ငံ၌လည်းကောင်း မိန်းမများကို မဲဆန္ဒပေးခွင့်ပြုခဲ့ကြသည်။
မဲပေးရာတွင်လည်း ရှေးကကဲ့သို့ လူမြင်သူမြင်ပေးသောစနစ်ကို အသုံးမပြုပဲ လျှို့ ဝှက်မဲပေးစနစ်ကို တကမ္ဘာလုံး၌ပင် အသုံးပြုလျှက်ရှိသည်။ သို့ရာတွင် မဲမပေး မနေရစနစ်ကိုမူ နိုင်ငံအများအပြားက အသုံးမပြုကြသေးချေ။ မက္ကဆီကိုနိုင်ငံတွင် မဲမပေးလျှင် ၄င်းအခွင့်အရေးများဆုံးရှုံးပြီး သြစတေးလျား နိုင်ငံတွင်မူ မဲမပေးသူများအား ဒဏ်ခက်တက်သည်။
အလေးတင်းသော မဲစနစ်
"အလေးတင်းသော မဲစနစ်" ( Weighted Vote) ဆိုသည်မှာ အချို့ လူများထက် ပိုထည့်ခွင့်ပြုထားခြင်းပင် ဖြစ်သည်။ ဥပမာ - ပစ္စည်းဥစ္စာအရည်အချင်း သတ်မှတ်လျှင် လူတချို့ ၏ ပစ္စည်းဥစ္စာများသည် မဲဆန္ဒတစ်နယ် အတွင်းသာမက မဲဆန္ဒနယ်အများအပြားတို့၌ ရှိနေတတ်သဖြင့် ၄င်းသူကို မဲဆန္ဒတစ်နယ်ထက်ပို၍ မဲပေးခွင့်ပြုလေ့ရှိသည်။
အလေးတင်းသေ မဲစနစ်ကိုအသုံးပြုလျှင် ပညာတတ်များနှင့် ပစ္စည်းဥစ္စာကြွယ်ဝသူတို့သည် ပညာမဲ့နှင့် ဆင်းရဲသားတို့ထက် မဲပို၍ထည့်ခွင့်ရကြသည်။ ဘယ်လ်ဂျီယံနိုင်ငံတွင် အသက် ၂၅ နှစ်ပြည့်သူတိုင်းကို မဲတစမဲထည့်ခွင့်ပြုပြီး အထက်တန်းကျောင်းမှ ဒီပလိုမှာဒီဂရီဘွဲ့တစ်ခုခု ရရှိထားသော ပြည်သူပြည်သားများကို မဲနှစ်မဲ ထည့်ခွင့်ပြုသည်။
ယင်းသို့ "အလေးတင်းသော မဲစနစ်ကို" အသုံးပြုခြင်းအကြောင်းအရင်းမှာ မသမာသောနိုင်ငံရေးသမားတို့ လှည့်စားချက်များကို ကာကွယ်နိုင်စေရန်ဖြစ်သည်။ ပညာမဲ့သူများသည် များသောအားဖြင့် စဉ်းစားဆင်ခြင်ဥာဏ်အားနည်းမှုကြောင့် ကိုယ်ကျိုးရှာနိုင်ငံရးသမားတို့၏ မဟုတ်မမှန်လုပ်ဇာတ်များကို ယုံကြည်တတ်ကြသည်။ မြှောက်လျှင် မြှောက်တတ်၍ ခြောက်လျှင်လည်း ကြောက်တတ်ကြသည်။ အနည်းငယ်သော အခွင့်အရေးမျိုးကိုလည်း မက်မောတတ်ကြသည်။ ထို့ကြောင့်ပင် ကမ္ဘာနိုင်ငံရေးလောက၌ ကိုယ်ကျိုးရှာ တဏှာရူး ဂျပိုးတေလေ ဖဲသမား ငွေစား ဘီလူးကြီးများစသော နိုင်ငံရေးသမား လူရှုပ်လူပွေတို့အာဏာရခဲ့ကြခြင်းဖြစ်သည်။ ထို့ကြောင့် ပညာမဲ့ပေါများသော နိုင်ငံများတွင် ပညာရှိတို့၏မဲဖြင့် အလေးတင်းထားရန် လိုအပ်ပေသည်။
Political Science Part (23)
23:39 HRDP No comments
ဆန္ဒနယ်
အထက်တွင်မျက်မောက်ခေတ် နိုင်ငံများကျယ်ဝန်းမှုနှင့် လူဦးရေများပြားမှုတို့ကြောင့် တိုက်ရိုက် ဒီမိုကရေစီစနစ်ကို အသုံးပြု၍ ဖြစ်နိုင်ကြောင်းဖော်ပြခဲ့သည်။ ထို့ကြောင့် သွယ်ဝိုက်ဒီမိုကရေစီကို အသုံးပြုရကြောင်းကိုလည်း ဖေါ်ပြခဲ့ပြီးပေပြီ။
ဥပဒေပြု လွှတ်တော်သည် နိုင်ငံသား အားလုံးတို့ကို တချိန်တည်း ရွေးကောက် တင်မြှောက်ရန်မှာလည်း ဖြစ်နိုင်သောကိစ္စတရပ် တစ်ခုမဟုတ်ပေ။ ယင်းသို့ဖြစ်စေရန် နိုင်ငံသားအားလုံးတို့၏ ကိုယ်စားလှယ်များဖြင့်သာ ဖွဲ့စည်းရပေမည်။ နိုင်ငံသားအားလုံးတို့၏ ကိုယ်စားလှယ်များဖြစ်စေရန် နိုင်ငံသားအားလုံး ရွှေးကောက်တင် မြှောက်မှသာလျှင် ဖြစ်နိုင်ပေမည်။
နိုင်ငံသားအားလုံးက လိုသမျှကိုယ်စားလှယ်အားလုံးတို့ကို တချိန်တည်းတနေရာတည်း ရွေးကောက်တင်မြှောက်ရန်မှာလည်း ဖြစ်နိုင်သော ကိစ္စတခုမဟုတ်ပေ။ ထို့ကြောင့် မဲဆန္ဒနယ်မှ မဲဆန္ဒရှင်တို့ကို အစုငယ်များခွဲထားရပေမည်။ မဲဆန္ဒနယ်ကို အုပ်ချုပ်ရေးနယ်နမိတ်အတိုင်း သတ်မှတ်လေ့ရှိသောကြောင့် မဲဆန္ဒနယ်တနယ်နှင့် တနယ်အတွင်းရှိသော လူဦးရေမညီမျှသည့်ပြဿနာနှင့် ရင်ဆိုင်ရလေ့ရှိသည်။ ထို့ကြောင့် ယခုခေတ်တွင် နေဒေသနှင့် ရင်ဆိုင်ရလေ့ရှိသည်။ ထို့ကြောင့် ယခုခေတ်တွင် နေရာဒေသတွင် နေရာဒေနှင့် လူဦးရေအလိုက်ခွဲခြားထားသော နည်းနှစ်စလုံးကို အသုံးပြုလျှက်ရှိ၏။
မဲဆန္ဒနယ်တနယ်မှ ကိုယ်စားလှယ် ရွေးကောက်ပွဲ စေလွှတ်ရာတွင်လည်း တိုင်းပြည် တပြည်နှင့်တပြည် မတူညီကြပေ။ တချို့ နိုင်ငံများတွင်မူ မဲဆန္ဒနယ်မှ ကိုယ်စားလှယ် တစ်ယောက်သာ ရွှေးချယ်၍ တချို့ နိုင်ငံများတွင်မူ မဲဆန္ဒနယ်မှ ကိုယ်စားလှယ် တယောက်ကျ ရွေးကောက်တင်မြောက်သည်ကို တွေ့ရသည်။ မဲဆန္ဒနယ် ကိုယ်စားလှယ်တစ်ယောက်ကျ ရွေးကောက်တင်မြှောက်သောစံနစ် (Single Member Constitunecy) နှင့် မဲဆန္ဒ ကိုယ်စားလှယ် တစ်ယောက်ထက်ပို၍ ရွေးကောက်တင်မြောကသောစံနစ် (Multi-Member Constitueency) ဟူ၍ နှစ်မျိုးနှစ်စားရှိကြောင်းမှတ်သားရပေမည်။ ကမ္ဘာ့နိုင်ငံအများစုတွင် မဲဆန္ဒတနယ် ကိုယ်စားလှယ်တစ်ယောက်စံနစ်ကို အသုံးးပြုကြသည်။
ယင်းသို့ ဆန္ဒတနယ် ကိုယ်စားလှယ်တစ်ယောက်စံနစ် အသုံးများခြင်းမှာ-
(၁) မဲဆန္ဒရှင်တို့ မဲပေးရာတွင် လွယ်ကူခြင်း။
(၂) အရှုံးအနိုင်မဲရေတွက်ရာတွင် လွယ်ကုခြင်း။
(၃) မဲဆန္ဒတနယ်တွင် အမတ်တယေက်သာ ရှိသဖြင့် ၎င်းအမတ်တွင် မဲဆန္ဒနယ်နှင့် ပတ်သက်သော တာဝန်အားလုံးရှိနေသည်။ ထို့ကြောင့် မဲဆန္ဒရှင်တို့သည် ကိုယ်စားလှယ် တယောက်စံနစ်ကို အသုံးများသည်ဟု ယူဆရပေမည်။
(၄) မဲဆန္ဒတနယ်တွင် အမတ်တဦးသာ ရှိသောကြောင့် မဲဆန္ဒရှင်တို့၏ အရေးဆိုချက်များကို ခေါင်းရှောင်ရန်သော်လည်ကောင်း ၊ ပခုံးပြောင်းရန်သော်လည်ကောင်း မဖြစ်နိုင်ပေ။ မဲဆန္ဒရှင်တို့၏ အလိုဆန္ဒနှင့် လိုက်လျောကိုက်ညီစွာ ထမ်းဆောင်ရန်သာ အကြောင်းရှိခြင်းတို့ကြောင့် မဲဆန္ဒကိုယ်စားလှယ် တယောက်စံနစ်ကို အသုံးများးသည်ဟု ယူဆရပေသည်။
မဲဆန္ဒတနယ် ကိုယ်စားလှယ် တယောက်စံနစ်၏ မကောင်းကျိုးများ
(၁)မဲဆန္ဒနယ်များကို လူဦးရေအညီအမျှဖြင့် ခွဲခြားထားသော်လည်း လူအများသည် စီိးပွားရေးအခြေအနေကြောင့် လည်ကောင်း တခြားအကြောင်းများကြောင့်လည်ကောင်း မဲဆန္ဒတနယ်မှ တနယ်သို့ ပြောင်းရွှေ့နေခြင်းကြောင့် မဲဆန္ဒနယ် တနယ်နှင့်တနယ် မဲဆန္ဒရှင်များ အရေအတွက်တူညီကြလိမ့်မည်မဟုတ်ပေ။
ဥပမာ အားဖြင့် ၁၈-ရာစုနှစ်နောက်ပိုင်းကာလတွင် အင်္ဂလန်၌ စက်မှုလက်မှုထွန်းကားလားသောအခါ စက်ရုံအလုပ်ရုံရှိသောမြို့များသို့ လူများပြောင်းရွှေ့နေကြသဖြင့် ရှေယခင်က လူဦးရေများသောမြို့များတွင် လူဦးရေအလွန်နည်းပါးသွားသည်။ သို့ရာတွင် ၎င်းလူဦးရေနည်းပါးသောမြို့ရွာများမှ မဲဆန္ဒ္ဒတနယ် အမတ်နှစ်ဦိးကျစီ ရွေးကောက်တင်မြှောက်ခွင့်ရကြပြီး လူဦးရေထူထပ်သော မြို့သစ်များမှာမူ အမတ်တစ်ဦးတစ်လေမျှပင် ရွေးကောက်တင်မြှောက်ခွင့်မရရှိခဲ့ကြပေ။ မဲဆန္ဒရှင်များပြောင်းရွှေ့ နေထိုင်မှုကြောင့် မဲဆန္ဒတနယ်တွင် လူ ၂၀၀၀၀ လောက်ဖြင့် ကိုယ်စားလှယ်တစ်ဦးရရှိနိုင်ပြီး တခြားတနယ်တွင်မူ လူ ၄၀၀၀၀ လောက်မှ ကိုယ်စားလှယ်တစ်ဦးသာ ရရှိနိုင်ပေမည်။ ယင်းသို့ဖြစ်လာလျှင် မမျှတသောကြောင့် မကောင်းပေ။
(၂)မဲဆန္ဒတနယ် ကိုယ်စားလှယ်တစ်ယောက်စံနစ်သည် သာမန်မဲဆန္ဒအများစုဖြင့် နိုင်သူတယောက်ကိုသာ ရွေးသောစံနစ်ဖြစ်သောကြောင့် လူနည်းစုတို့နစ်နာကြရသည်။ ဥပမာ မဲဆန္ဒရှင် လူ၃၀၀၀၀ ရှိသော မဲဆန္ဒနယ်တနယ်တွင် လူသုံးယောက်တို့က ကိုယ်စားလှယ်လောင်းများအဖြစ် အရွေးခံကြရာ ပထမလူ မဲပေါင်း ၁၁၀၀၀ ရရှိ၍ ဒုတိယလူ မဲပေါင်း ၁၀၀၀၀ ရရှိကာ တတိယလူ မဲပေါင်း ၉၀၀၀ သာရရှိလျှင် ပထမလူသည် အမတ်အဖြစ် အရွေးခံရပေမည်။
အထက်ပါအချက်ကို ဆန်းစစ်ကြည့်လျှင် လွှတ်တော်တွင်း၌ မဲဆန္ဒရှင် ၁၁၀၀၀ တို့၏ ကိုယ်စားလှယ်သာရှိပြီိး ရှုံးသော အမတ်လောင်းနှစ်ဦးကို မဲပေးကြသော မဲဆန္ဒရှင်ပေါင်း ၁၉၀၀၀ တို့၏ ကိုယ်စားလှယ်မရှိကြောင်း တွေ့ရှိရပေမည်။ ယင်းသို့ လူနည်းစု ၁၁၀၀၀ တို့၏ ကိုယ်စားလှယ်သာရှိပြီး လူများမှ ၁၉၀၀၀ တို့၏ ကိုယ်စားလှယ်မရှိခြင်းကြောင့် ၎င်းမဲဆန္ဒနယ်မှ အမတ်သည် လူများစု၏ ကိုယ်စားလှယ် မည်သို့ဖြစ်နိုင်အံ့နည်း။
နိုင်ငံတိုင်း၌ တိုင်းရင်းသားအမည်ခံလူမျိုးခြားများ ရှိကြစမြဲပင်ဖြစ်သည်။ ၎င်းလူမျိုးခြားများသာ မဲဆန္ဒတနယ်ထဲ၌ ရှိနေကြသည်မဟုတ်ပေ။ မဲဆန္ဒတနယ်အများအပြားတွင် အနည်းငယ်စီ ပြန့်ကြဲလျက်နေထိုင်ကြသည်။ ယင်းသို့မဲဆန္ဒတနယ်စီတွင် အနည်းငယ်စီပြန့်ကြဲနေသော်လည်း ၎င်းတို့အားလုံးကိုစုစည်းလိုက်ပါက ကိုယ်စားလှယ်များ စေလွှတ်နိုင်အောင် များပြားကြသည်။ သို့ရာတွင် ၎င်းတို့၏ ကိုယ်စားလှယ်များလွှတ်တော်တွင်း၌ လုံးဝမရှိပေ။ ထို့ကြောင့် မဲဆန္ဒတနယ် ကိုယ်စားလှယ်တယောက်စံနစ်မှာ လူနည်းစုကို နစ်နာစေသော စံနစ်တခုဖြစ်သည်။
(၃) ကမ္ဘာ့ရာဇ၀င် အတွေ့အကြုံများအရ မဲဆန္ဒတနယ် ကိုယ်စားလှယ်တယောက်စံနစ်ဖြင့် ပါင်္တီအချင်းချင်း ယှဉ်ပြိုင် အရွေးခံကြရာ၌ မမျှတကြောင်းတွေ့ရှိရသည်။ တန်ခိုးပါဝါအင်အားကြီးသော ပါတီသည် အမတ်တဦးအတွက် မဲအနည်းငယ်ဖြင့် အမတ်နေရာအများဆုံး အနိုင်ရရှိနိုင်ပြီး အားနည်သောပါတီမှာမူ ကိုယ်စားလှယ်အမတ်တဦးအတွက် မဲများစွာဖြင့် ကိုယ်စားလှယ်အနည်းငယ်သာ အရွေးခံရတက်သည်။ ယင်းသို့ မမျှတဖြစ်ရခြင်းမှာ မဲဆန္ဒတနယ် ကိုယ်စားလှယ်တယောက်စံနစ်သည် လူနည်းစုကို လျစ်လျူရှုထားသောကြောင့် ဖြစ်သည်။
အောက်တွင်ဖေါ်ပြထားသော မြန်မာပြည်ရွေးကောက်ပွဲ၌ ယှဉ်ပြိုင်ခဲ့ကြသော ပါတီများ ဇယားကွက်ကိုကြည့်လျှင် အထက်တွင် ဖေါ်ပြထားသော သဘောတရားများ မှန်ကန်ကြောင်း ရှင်းလင်းစွာသိရှိနိုင်သည်။
Political Science Part (24)
23:41 HRDP No comments
၁၉၅၆-ခုနှစ်တွင် မြန်မာပြည်၌ မဲဆန္ဒနယ် ၁၉၈ နေရာအတွက် ယှဉ်ပြိုင်ရရှိသောဇယား
အထက်ပါ မဲဇယားကိုကြည့်ပါက "ဖ-ဆ-ပ-လ" အနေဖြင့် မဲပေါင်း "၁၅၄၂၄"ရရှိတိုင်း ကိုယ်စားလှယ်အမတ်တဦး အရွေးခံရပြီး "ပ-မ-ည-တ" ကိုယ်စားလှယ်တစ်ဦး အရွေးခံရပြီး "ပ-မ-ည-တ" ဖြင့် မဲပေါင်း "၂၄၇၆၇" ရရှိမှသာ ကိုယ်စားလှယ်အမတ်တဦး အရွှေးခံရကြောင်း မညီမျှတွေ့ရပေမည်။
အကယ်၍သာ အချိုးကျကိုယ်စားလှယ်စနစ်ဖြင့် ရသင့်ရထိုက်သလိုတွက်ကြည့်ပါက ဖ-ဆ-ပ-လ သည် အမတ် ၉၁ နေရာသာ ရသင့်ပြီး ပ-မ-ည-တ အနေဖြင့် အမတ်ပေါင်း ၁၇ နေရာပိုရရှိထားပြီး ပ-မ-ည-တ အနေဖြင့် အမတ်ပေါင်း ၁၆ နေရာလျော့ ရရှိနေကြောင်း တွေ့ရသည်။ ဤသည်မှာ အရှိန်အ၀ါကြီးသော "ဖ-ဆ-ပ-လ" အဖို့ တန်ဖိုးအနည်းငယ်ဖြင့် အမတ်များစွာ နေရာပေးပြီး အမတ်နေရာ အနည်းငယ်သာရရှိခြင်းဖြစ်ပေသည်။ တနည်းအားဖြင့် ဖ-ဆ-ပ-လ အစိုးရသည် လူနည်းစု ဆန္ဒရှင် ၁၆၆၅၈၆၀ တို့၏အစိုးရ ဖြစ်ပြီး လူများစု မဲဆန္ဒရှင် ၁၈၈၄၉၉၁ တို့ကို ကိုယ်စားပြုရသော အစိုးရမဟုတ်ပေ။
--------------------------------------------
ဆက်လက်၍ ၁၉၉၀ ရွေးကောက်ပွဲရလဒ်အခြေအနေများနှင့် ဗြိတိသျှရွေးကောက်ပွဲများ၏ အခြေအနေများအား နှိုင်းယှဉ်လေ့လာနိုင်ရန် ဖော်ပြထားပါသည်။
1990 MULTI - PARTY DEMOCRACY GENERAL ELECTIONS
၁၉၉၀ ပါတီစုံ ဒီမိုကရေစီရွေးကောက်ပွဲ
ရွေးကောက်ပွဲဝင်ရန် မှတ်ပုံတင်ခဲ့သောပါတီပေါင်း - ၂၃၅ ပါတီ
မိမိဆန္ဒနှင့် ဖတ်သိမ်းသောပါတီစုစုပေါင်း - ၁၀၂ ပါတီ
ရွေးကောက်ပွဲဝင်ကော်မရှင်မှ ဖျက်သိမ်းခဲ့သောပါတီ - ၃ ပါတီ
ရွေးကောက်ပွဲဝင်ရန် ပြင်ဆင်ခဲ့သော ပါတီစုစုပေါင်း - ၁၃၀ ပါတီ
တရားဝင်ရွေးကောက်ပွဲဝင်ခဲ့သော ပါတီစုစုပေါင်း - ၉၃ ပါတီ
ပြည်သူလွှတ်တော်၏ စုစုပေါင်းအမတ်နေရာ (တနိုင်ငံလုံးအတွက် သတ်မှတ်မဲဆန္ဒနယ်ပေါင်း) - ၄၉၂ နေရာ
ပါဝင်ယှဉ်ပြိုင်နိုင်ခဲ့သော အမတ်နေရာစုစုပေါင်း (ကျင်းပနိုင်ခဲ့သော မဲဆန္ဒနယ်ပေါင်း) - ၄၈၅ နေရာ
မဲပေးနိုင်သော လူဦးရေ - ၂၀၈၁၈၃၁၃ ဦး
မဲစုစုပေါင်း - ၁၅၁၁၂၅၂၄ မဲ
တရားဝင်မဲစုစုပေါင်း - ၁၃၂၅၃၆၀၆ မဲ
တရားမ၀င်သောမဲ (ပယ်မဲ) - ၁၈၅၈၉၁၈ မ
ရွေးကောက်ပွဲဝင်ရန် ပါတီစုစုပေါင်းမှ အမတ်လောင်းများ
ပါတီမှ - ၂၂၀၉ ဦး
တသီးပုဂ္ဂလ - ၈၇ ဦး
အမျိုးသမီးအမတ်လောင်း (၈၄) ဦးအပါအ၀င်
စုစုပေါင်း အမတ်လောင်း ၂၂၉၆ ဦး
ရွေးကောက်တင်မြှောက်ခြင်းခံရသော အမတ်အရေအတွက် -
ပါတီမှ ၄၇၉ ဦး
တသီးပုဂ္ဂလ ၉ ဦး
စုစုပေါင်း ၄၈၅ ဦး
ရွေးကောက်ပွဲ အနိုင်ရသော ပါတီနှင့် ပြည့်သူ့လွှတ်တော် အမတ်များ
Political Science Part (28)
00:37 HRDP No comments
ကနေဒါအထက်လွှတ်တော်
ကနေဒါအထက်လွှတ်တော်ကို အညီအမျှစနစ်ဖြင့် ဖွဲ့စည်းခြင်းမဟ်ုပေ။ အွန်တရီအိုနှင့် ကွီဘတ်ပြည်နယ်တို့မှ ၂၄ ယောက်စီ နိုဗာစကိုရှားမှ ၁၀ ယောက်နှင့် ကျန်ပြည်နယ်များမှ ၆ ယောက်မှ ၄ ယောက်စီပါဝင်ဖွဲ့စည်းထားသောကြောင့် အထက်လွှတ်တော် (ဆီးနိတ်) အမတ်ပေါင်း ၁၀၂ ယောက်ရှိသည်။ ၄င်းဆီနိတ်အမတ်များကို ကနေဒါ၊ ဂါဗာနာဂျင်နရယ်က ရာသက်ပန်ခန့်ထားခြင်းဖြစ်သည်။
ကနေဒါဆီးနိတ်အမတ်တစ်ယောက်ဖြစ်ရန် အသက် "၃၀" ပြည့်သောကနေဒါသား ဖြစ်ရမည့်အပြင် ဒေါ်လာ ၄၀၀၀ ထက်မနည်း ကြွယ်ဝချမ်းသာသူလည်းဖြစ်ရမည်။ အထက်လွှတ်တော်အမတ် တစ်ယောက်သည် ပစ္စည်းဥစ္စာဆုတ်ယုတ်၍ လူမွဲဖြစ်သွားလျှင်သော်လည်းကောင်း၊ လွှတ်တော်အစည်းဝေးပွဲကျဉ်းပသည့်ကာလ နှစ်ကြိမ်ထက်ကျော်လွန်လျှင် တက်ရောက်ခြင်း မရှိလျှင်သော်လည်းကောင်း အထက်လွှတ်တော် အဖြစ်မှ ပယ်ချခြင်း ခံရလေသည်။
အထက်လွှတ်တော်သည် အဆိုအားဖြင့် အောက်လွှတ်တော်နှင့် တန်ခိုးအားဏာညီမျှသည်။ သို့ရာတွင် ဘဏ္ဍာရေး ဥပဒေကြမ်းကိုမူ တင်သွင်းပြင်ဆင်ခွင့်မရှိပေ။ အမေရီကန် ဆီးနိတ်ကဲ့သို့ နိုင်ငံတကာစာချုပ်များနှင့် စပ်လျဉ်း၍သော်လည်းကောင်း၊ ပြည်ထောင်စု အစိုးရအတွက် ခန့်အပ်ထားသော ရာထူးကြီးများကိုသော်လည်းကောင်း အတည်ပြုခွင့်မရှိပေ။ ထို့ကြောင့် ကနေါး အထက်လွှတ်တော်မှာ တန်ခိုးမကြီးကြော်းထင်ရှားသည်။
ကနေဒါ အထက်လွှတ်တော် တန်ခိုးမကြီးခြင်းအကြောင်း
(၁) လွှတ်တော်အမတ်မျာကို ကနေဒါဘုရင်ခံချုပ် ခန့်အပ်ထားခြင်းဖြင့် ဖြစ်သောကြောင့် ၄င်းအမတ်များသည် ပြည်သူ့ ကိုယ်စားလှယ်များ မဟုတ်ကြချေ။ ယင်းသို့ ပြည်သူ့ ကိုယ်စားလှယ်မဟုတ်သူများကို အာဏာပေးထားလျှင် ဒီမိုကရေစီနှင့် ဆန့်ကျင်နေပေမည်။
(၂) ကနေဒါသည် ပြည်ထောင်စုစစ်သော နိုင်င့မဟုတ်ပေ။ အကြွင်းအကျန် အာဏာကိုဗဟိုအစိုးရက ယူထားသဖြင့် ယူမီတရီဆန်သော ပြည်ထောင်စုနိုင်ငံဖြစ်သည်။ ထို့ပြင် အထက်လွှတ်တော်အမတ်များကို ပြည်နယ်တို့မှ အညီအမျှ ရွှေးကောက်တင်မြောက်ခြင်း မဟုတ်သောကြောင့် ၄င်းအမတ်တို့၌ ပြည်နယ်တို့၏ အခွင့်အရေးကို အကာအကွယ်ပေးရန် အာဏာရှိရန်မလိုပေ။
(၃) ကနေဒါအုပ်ချုပ်ရေးသည် ပါလီမန်ကိုတာခံသော ပါလီမန်အုပ်ချုပ်ရေးဖြစ်သည်။ ထို့ကြောင့် အုပ်ချုပ်ရေးဌာန၏ အကြီးအကဲဖြစ်သော ၀န်ကြီးချုပ်နှင့်တကွ ၀န်ကြီးများကို ပြည်သူ့ကိုယ်စားလှယ်ဖြစ်သော အောက်လွှတ်တော်မှသာ ရွေးချယ်ရန်ခန့်ထားခြင်းဖြစ်သည်။ တစ်နည်းအားဖြင့် အစိုးရသည် အောက်လွှတ်တော်၏ အစိတ်အပိုင်းတစ်ခုမျှသာ ဖြစ်သောကြောင့် ၄င်းအစိုးရကို အောက်လွှတ်တော်သာလျှင် ကြိုးကိုင်နိုင်သည်။ ပြည်သူ့ကိုယ်စားလှယ် မဟုတ်သော အထက်လွှတ်တော်က အစိုးရကို ကြိုးကိုင်ရန်မသင့်ပေ။ ထို့ကြောင့် အထက်လွှတ်တော်၌ တန်ခိုးအာဏာမကြီးခြင်းဖြစ်သည်။
သြစတြေးလျ အထက်လွှတ်တော်
သြစတြေးလျအထက်လွှတ်တော်ကို ဆီးနိတ်ဟူ၍လည်း ခေါ်ဆိုသည်။ ပြည်နယ် ၆ ပြည်နယ်မှ တစ်နယ်လျှင် ၁၀ယောက်ကျစီ အညီအမျှ စေလွှတ်ဖွဲ့စည်းထားသောကြောင့် ၄င်းဆီးနိတ်အမတ်များသည် ပြည်သူ့ကိုယ်စားလှယ်များ ဖြစ်ကြသည်။ ဆီးနိတ်အမတ်သက်တမ်းမှာ ၆ နှစ်ဖြစ်ပြီး ၄င်းတို့အနက်မှ တစ်ဝက်ကို (၃၀) ကို "၃" နှစ်တစ်ကြိမ် နှုတ်ထွက်စေပြီး အသစ်တစ်ဖန် ရွေးကောက်တင်မြှောက်သည်။
သြစတေးလျ ဆီးနိတ်ဖွဲ့စည်းပုံမှာ အမေရိကန်နှင့် တူသည်။ သို့ရတွင် ဘဏ္ဍာရေးဥပဒေကြမ်းနှင့် စပ်လျဉ်း၍မည်သို့မျှ ဆောင်ရွက်ခွင့် မရှိသည့်ပြင် အမေရိကန်စီးနိတ်ကဲ့သို့ စာချုပ်များနှင့် ရာထူးကြီးများကို အတည်ပြုခွင့်မရှိပေ။ ယင်းကဲ့သို့ ဖြစ်ရခြင်းအကြောင်းအရင်းများမှာ-
၁။ သြစတေးလျ အုပ်ချုပ်ရေးသည် ပါလီမန်အုပ်ချုပ်ရေးဖြစ်သောကြောင့် ၀န်ကြီးချုပ်နှင့်တကွ အစိုးရအဖွဲ့ဝင် ၀န်ကြီးများကို အောက်လွှတ်တော်ကသာ ရွေးချယ်ခန့်အပ်ရသည်။ ထို့ကြောင့် ဆီးနိတ်အနေဖြင့် အစိုးရအဖွဲ့ကို ကြိုးကိုင်ထားရန်မလိုပေ။ အမေရိကန်တွင် ပါလီမန်ကို တာဝန်မခံသောအုပ်ချုပ်ရေးဖြစ်သောကြောင့် အုပ်ချုပ်ရေးဌာန၏ အကြီးအကဲဖြစ်သော အမေရိကန်သမ္မတနှင့်တကွ ၄င်းအစိုးရအဖွဲ့မှာ ဆီးနတ်၌ အမေရိကန်ဆီးနိတ်ကဲ့သို့ အာဏာရှိရန်မလိုပေ။
သို့ရာတွင် သြစတေးလျစီးနိတ်သည် ကိုယ်စားလှယ်အညီအမျှ စနစ်ဖြင့် ပြည်သူတို့က ရွေးကောက်တင်မြောက်ထားခြင်း ဖြစ်ခြင်းကြောင့် သြစတေးလျဆီးနိတ်၌ ပြည်နယ်တို့၏ အခွင့်မရေးများကို ကာကွယ်နိုင်သော အာဏာရှိသည်။ ထို့ကြောင့် သြစတြေးလျဆီးနိတ်သည် အမေရိန်ကန် အစိုးရကဲ့သို့ တန်ခုးအာဏာ မကြီးသင့် မကြီးထိုက်သော်လည်း ကနေဒါဆီးနိတ်ထက်မူ တန်ခိုးအာဏာကြီးကြောင်း မှတ်သားသင့်သည်။
Political Science Part (29)
00:38 HRDP No comments
ဆွတ်ဇာလန်အထက်လွှတ်တော်
ဆွတ်ဇာလန်အထက်လွှတ်တော် (Council of State) သည်ပြည်နယ် ၁၉ ပြည်နယ်နှင့် ပြည်နယ် တစ်ခုစီ၏ တစ်ဝက်စီသာရှိသော ပြည်နယ်၊ တစ်နည်းအားဖြင့် ၂၂ ပြည်နယ်တို့မှ ကိုယ်စားလှယ်ပေါင်း "၄၄" ယောက်ဖြင့် ဖွဲ့စည်းထားသည်။ ပြည်နယ် ၁၉ ပြည်နယ်မှ ကိုယ်စားလှယ် နှစ်ဦးကျစီနှင့် ပြည်နယ်တစ်ခု၏ တစ်ဝက်စီသာရှိသော ၆ ပြည်နယ်တို့မှ တစ်ဦးကျစီကိုယ်စားလှယ် များစေလွှတ်ဖွဲ့စည်းထားသော်လည်း ၄င်းကိုယ်စားလှယ်အားလုံးကို ပြည်သူများက ရွေးကောက်တင်မြှောက်ခြင်း မဟုတ်ပေ။ တစ်ချို့ တစ်ချို့ ပြည်နယ်များတွင် လူထုက လူထုကရွေးကောက်တင်မြှောက်သော်လည်း တစ်ချို့ ပြည်နယ်များတွင် ဆိုင်ရာအစိုးရတို့က ရွေးချယ်ခန့်အပ်ထားခြင်းဖြစ်သည်။ အထက်လွှတ်တော် အမတ်တို့၏ အမတ်သက်တမ်းမှာလည်း ဥပဒေများအတိုင်း ၁ နှစ်မှ ၄ နှစ်အထိ အမျိုးမျိုး ကွဲပြားခြားနားချက်ရှိသည်။
ဆွတ်ဇာလန်လွှတ်တော်၏ တန်ခိုးအာဏာ
အထက်လွှတ်တော်၏ တန်ခိုးအာဏာသည် အောက်လွှတ်တော်နှင့် မခြားနားလှပေ။ ထို့ကြောင့် အထက်လွှတ်တော်၏ အဓိကအလုပ်မှာ ဥပဒေပြုရေးပင်ဖြစ်သည်။ သို့ရာတွင် ဆွစ်ဇာလန် အထက်လွှတ်တော်သည် အင်္ဂလန်အထက်လွှတ်တော် (House od lords) နှင့် ကနေဒါ အထက်လွှတ်တော် (Senate) တို့ထက် တန်ခိုးကြီးသည်။ ကနေဒါနှင့် အထက်လွှတ်တော်များအနေဖြင့် ဘဏ္ဍာရေး ဥပဒေကြမ်း တင်သွင်းပယ်ဖျက်ခြင်း မပြုကြသော်လည်း ဆွစ်ဇာလန်အထက်လွှတ်တော်အနေဖြင့်မူ ဆွစ်ဇာလန် အောက်လွှတ်တော်၏ ဘဏ္ဍာရေး ဥပဒေကြမ်းအပါအ၀င် မည်သည့်ဥပဒေကိုမဆို ဗီဒိုခေါ်တစ်ချက်လွတ်အာဏာဖြင့် ပယ်ချနိုင်သည်။ သို့ရာတွင် ဆွတ်ဇာလန် အထက်လွှတ်တော်၌ ပြည်နယ်တို့၏ အခွင့်အရေးကို ကာကွယ်နိုင်ခြင်း မရှိသောကြောင့် အမေရိကန်အထက်လွှတ်တော် ဆီးနိတ်လောက် တန်ခိုးမကြီးပေ။
ဆွစ်ဇာလန်သည် ပြည်ထောင်စုစစ်သော နိုင်ငံတစ်နိုင်ငံဖြစ်ပါလျက် ဆွစ်ဇာလန်အထက်လွှတ်တော်သည် ပြည်နယ်တို့၏ အခွင့်အရေးများကို ကာကွယ်ခွင့်မရရှိခြင်းမှာ ....
(၁) အထက်လွှတ်တော် အမတ်များကို ရွေးကောက်တင်မြှောက်ခြင်းသာ မဟုတ်၊ ခန့်အပ်ထားသော အမတ်များလည်း ပါဝင်ဖွဲ့စည်းထားသောကြောင့် ပြည်သူ့ကိုယ်စားလှယ်အစစ်ချဉ်းသာ မဟုတ်ကြခြင်း။
(၂) အထက်လွှတ်တော်အမတ်တို့၏ အမတ်သက်တမ်းမှာလည်း ၁ နှစ် ၄ နှစ်အထိ ကွဲပြားခြားနားနေခြင်းတို့ ကြောင့်ပင်ဖြစ်သည်။ ယင်းသို့ဖြစ်လျှင် "ဗဟိုအစိုးရသည် ပြည်နယ်တို့၏ အခွင့်အရေးများကို မကျူးလွန်ဘဲ နေမည်လော" ဟူ၍ မေးစရာ အကြောင်းရှိပေသည်။ သို့ရာတွင် ယင်းကဲ့သို့မေးရန် ပြဿနာမပေါ်ပေ၊ အကြောင်းမှာ ဆွစ်ဇာလန်နိုင်ငံတွင် အုပ်ချုပ်ရေးစက်ယန္တယားကို ပြည်သူတို့က တိုက်ရိုက်ကြိုးကိုင်သောစနစ် (Direct, Democratic, Check) ကို အသုံးပြုသောကြောင့်ပင် ဖြစ်သည်။ ထို့ကြောင့်ပြည်နယ်တို့၏ အခွင့်အရေးများကို ပြည်နယ်တို့ ကိုယ်တွယ် ကာကွယ်နိုင်သော အထက်လွှတ်တော်၌ ပြည်နယ်များကို ကာကွယ်နိုင်သော အာဏာရှိရန်မလိုတော့ပေ။
Political Science Part (30)
00:40 HRDP No comments
ပြင်သစ်အထက်လွှတ်တော်
ပြင်သစ်လွှတ်တော်နှစ်ခုရှိပြီး ပထမလွှတ်တော် (၀ါ) အောက်လွှတ်တော်ကို အမျိုးသားလွှတ်တော် (National Assembly ) ဟူ၍ ခေါ်ဆိုပြီး ဒုတိယလွှတ်တော်(၀ါ)အထက်လွှတ်တော်ကို စီးနိတ် လွှတ်တော်(Senate) ဟူ၍ ခေါ်ဆိုကြသည်။
အောက်လွှတ်တော်ကို ပြည်သူတို့က ရွေးကောက်တင်မြှောက်ထားသော အမတ်ပေါင်း ၄၆၈ ယောက်ဖြင့် ဖွဲ့စည်းထားပြီး အထက်လွှတ်တော်ကိုမူ ပြည်မမှ ၂၀၀၊ အယ်(လ်) ဂျီးရီးယားမှ ၁၄၊ ကျန်ပြင်သစ်ကိုလိုနီနိုင်ငံများမှ ၅၁ ယောက်နှင့် အောက်လွှတ်တော်က ရွေးကောက်တင်မြောက်သာ အမတ် ၅၀-ပေါင်း ၃၁၅ ယောက်တို့ဖြင့် ဖွဲ့စည်းထားသည်။
ပြင်သစ်အထက်လွှတ်တော်အာဏာများ
ဝန်ကြီးချုပ်တင်ပြေသော အစိုးရ၏ ၀ါဒလမ်းစဉ်ကို လက်ခံအတည်ပြုရသည်။ ဘဏ္ဍာရေးဥပဒေကြမ်းကို အောက်လွှတ်တော်၌ ရက် "၄၀" အတွင်း ဆွေးနွေးမပြီးပြတ်သော် အထက်လွှတ်တော်က ၄င်းဘဏ္ဍာရေး ဥပဒေကြမ်းကို ယူ၍ ဆွေးနွေး စဉ်းစားခွင်းရှိသည်။ ရိုးရိုးဥပဒေများကို ပြုလုပ်ခွင့်နှင့် စပ်လျဉ်းပြီးအထက်လွှတ်တော်သည် အောက်လွှတ်တော်ကဲ့သို့ တန်ခိုးရှိသည်။ ဥပဒေပြုရာတွင် လွှတ်တော်နှစ်ရပ် သဘောကွဲလွဲခဲ့သော် ၄င်းနှစ်ရပ်တို့မှ ကိုယ်စားလှယ်အညီအမျှပါသော ကော်မတီက သဘောတူညီချက်ရ၍သော်လည်းကောင်း မရဘဲနှင့်သော်လည်းကောင်း လွှတ်တော်နှစ်ရပ်သို့ ၄င်းပြဿနာကို ပြန်လည်တင်ပြရသည်။ ယင်းကဲ့သို့ ကော်မတီက ပြန်တင်ပြချက်ကို လွှတ်တော်နှစ်ရပ်ထပ်မံ၍ သဘောကွဲလွဲနေပါမူ အစိုးရသည် ယင်းပြဿနာကို အောက်လွှတ်တော်တစ်ခုတည်း၏ သဘောဆန္ဒအတိုင်း ဆုံးဖြတ်အတည်ပြုနိုင်သည်။
Political Science Part (31)
00:41 HRDP No comments
တရုတ်ပြည်သူ့သမ္မတနိုင်ငံဥပဒေပြုလွှတ်တော်
တရုတ်ပြည်သူ့သမ္မတနိုင်ငံတွင် အထက်လွှတ်တော် အောက်လွှတော်ဟူ၍ ဥပဒေပြုလွှတ်တော်မရှိပဲ တစ်ခုတည်းသာ ရှိသည်။ ၄င်းလွှတ်တော်ကို အမျိုးသားလွှတ်တော် (National People Congress) ဟူ၍ ခေါ်ဆိုပြီး အမတ်ပေါင်း "၁၂၂၆" ယောက်ဖြင့် ဖွဲ့စည်းထားသောကြောင့် ကမ္ဘာပေါ်တွင် အမတ်ဦးရေအများဆုံးသော လွှတ်တော်ပင်ဖြစ်သည်။ ၄င်းလွှတ်တော်ကို ပြည်နယ်များ၊ လက်နက်ကိုင် တပ်ဖွဲ့များ၊ မြူအဖွဲ့များနှင့် အဝေးရောက် တရုတ်အမျိုးသားတို့၏ ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းထားသောကြောင့် လူတန်းစားပေါင်းစုံ ပါဝင်သော လွှတ်တော်လည်း မည်ပေသည်။
အမတ်သက်တမ်း "၄" နှစ်ဖြစ်သော်လည်း မည်သည့်အမတ်ကိုမဆို ဆိုင်ရာမဲဆန္ဒနယ်က အချိန်မရွေးပြန်လည် ခေါ်ယူအစားထိုးနိုင်သည်။ ထို့ကြောင့် အမတ်တစ်ယောက်သည် ဆိုင်ရာမဲဆန္ဒရှင်တို့၏၏ အလိုဆန္ဒကို မဆန့်ကျင်ဝံ့ပေ။ ယင်းသို့ အမတ်သက်တမ်း မပြည့်မီ အမတ်မဖြစ်မှ ဆိုင်ရာမဲဆန္ဒရှင်တို့က ရုပ်သိမ်းခြင်းကို "ပြည်လည်ခေါ်ယူခြင်း" (Recall) ဟူ၍ မှတ်ယူနားလည်ကြသည်။
လွတ်တော် အစည်းအဝေးကို တစ်နှစ်တစ်ကြိမ်သာ စည်းဝေးသော်လည်း လွှတ်တော်အမတ် 1/5 ကစည်းဝေးကျင်းပရန် တောင်းဆိုလျှင် ကျင်းပပေးရသည်။ ထို့ပြင် လွှတ်တော်ကခန့်ထားသော ကော်မတီအနေဖြင့် အလိုဆန္ဒရှိလျင်လည်း လွှတ်တော်အစည်းအဝေး ကျင်းပနိုင်ပေသည်။ ဥပဒေပြုလွှတ်တော် တစ်ခုတည်း ရှိသည့်အလျောက် ဥပဒေအားလုံးကို ၄င်းဥပဒေပြုလွှတ်တော်ကသာ ပြုလုပ်ရသည်။ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကို ၂/၃ သောမဲဖြင့် ပြင်ဆင်နိုင်သည့်အပြင် စစ်ကျေညာခြင်း၊ စစ်ပြေငြိမ်းခြင်း၊ ရာထူးများခန့်ခြင်း ဖြုတ်ခြင်း၊ ၀န်ကြီးချုပ်နှင့် ဒုဝတ်ကြီးချုပ်တို့ကိုခန့်ခြင်း၊ လွှတ်တော်စတင် စည်းဝေးစဉ်သက်တမ်း ၄ နှစ်ရှိ ကော်မတီခန့်အပ်ခြင်းအစည်တို့ပြုလုပ်နိုင်သည်။
လွှတ်တော်ဖွဲ့စည်းလိုက်သောကော်မတီ၌ ...
(၁) ဥပဒေများ အဓိပ္ပါယ်တို့ကို ဖြေရှင်းပေးရခြင်း။
(၂) နိုင်ငံတွင်းဖွဲ့ စစ်ဥပဒေထုတ်ပြန်ရေး ဆုံးဖြတ်ရခြင်း။
(၃) ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေနှင့် မကိုက်ညီသောအစိုးရ၏ ပြုမှုချက်များကို တားဆီးနိုင်ခြင်း။
(၄) စစ်ပြေငြိမ်းစာချုပ်ကို အတည်ပြုနိုင်ခြင်း ပယ်ဖျက်နိုင်ခြင်း။
စသောအာဏာများရှိသည်။ ထို့ကြောင့် ယင်းကော်မတီမှာ တန်ခိုးအားဏာကြီးမားသော အဖွဲ့ပင်ဖြစ်ပေသည်။
လွှတ်တော်နှစ်ခု၏ကောင်းကျိုးများ
၁။ ဒုတိယလွှတ်တော်ထားရှိခြင်းကြောင့် တရားဥပဒေပြုစုရာ၌လည်းကောင်း၊ ပြင်ဆင်ရာ၌လည်းကောင်း၊ အလျင်အစိုလုပ်၍ မဖြစ်နိုင်ချေ။ တရားဥပဒေရေးရာများနှင့် စပ်လျဉ်းပြီး ချင့်ချင့်ချိန်ချိန်၊ ဆင်ဆင်ခြင်ခြင်၊ ဆေးဆေး လေးလေး ပြုလုပ်ရသဖြင့် အမှားနည်းပေမည်။ ထို့ပြင်ပါတီတစ်ခုကသော်လည်းကောင်း၊ လွှတ်တော် တစ်ခုကသော်လည်းကောင်း အာဏာရှင်ဆန်ဆန် ပြုလုပ်ရန် မဖြစ်နိုင်တော့ပေ။ ထို့ကြောင့် လွှတ်တော်နှစ်ခုထားခြင်းဖြင့် လူထု၏ လွတ်လပ်မှုကို လုံခြုံစိတ်ချရစေသည်။
၂။ လွှတ်တော်နှစ်ခုရှိခြင်းကြောင့် တစ်ခုနှင့်တစ်ခု အပြိုင်အဆိုင်သဘောရှိနေပေသည်။ ယင်းသို့ဖြစ်ခြင်းကြောင့် အစိုးရအဖွဲ့အနေဖြင့် လွတ်လပ်မှုရှိကာ တန်ခိုးအာဏာကြီးမားခွင့်ရရှိသည်။ တစ်နည်းအားဖြင့် အစိုးရအဖွဲ့သည် ပါလီမန်၏ ကျေးကျွန်သဖွယ်ဖြစ်မနေသောကြောင့် ဆောင်ရွက်စရာရှိသည်ကတို့ကို လျင်မြန်စွာ ဆောင်ရွက်နိုင်ပေမည်။ ယင်းသို့ အရေးကြီးသော ပြဿနာများကို လျင်မြန်စွာ ဆောင်ရွက်နိုင်ခြင်းဖြင့် တိုင်းပြည်တိုးတက်မှု ရရှိပေသည်။
(၃) လွှတ်တော်နှစ်ခုထားရှိခြင်းကြောင့် အမြင်အမျိုးမျိုးရှိသောကြောင့် လူတန်းစားအသီးသီးတို့မှ ကိုယ်စားလှယ်များ လွှတ်တော်နှစ်ရပ်ထဲတွင် ပါဝင်ခွင့်ရရှိပေမည်။ ထို့ကြောင့် ဒီမိုကရေစီသဘောနှင့် ကိုက်ညီသည်။ ပြည်ထောင်စုမြန်မာနိုင်ငံဖြစ်လျှင် လူမျိုးစုအသီးသီးမှ ကိုယ်စားလှယ်များ ပါဝင်ခွင့်ရရှိစေရန် ဒုတိယလွှတ်တော်ရှိရပေမည်။
(၄) ဒုတိယလွှတ်တော်ရှိခြင်းကြောင့် တိုင်းပြည်၏ ပညာရှိကြီးများ အရည်အချင်းရှိပြီး လုပ်ရည်ကိုင်ရည်ရှိသော ပုဂ္ဂိုလ်များ၏ အကြံအဖန် လုပ်ရည်ကိုင်ရည်များကို ရရှိခြင်းဖြင့် တိုင်းပြည်တိုးတက်မှုရရှိနိုင်ပေသည်။
(၅) လွှတ်တော်နှစ်ခုရှိသောကြောင့် အောက်ဖော်ပြပါ လုပ်ငန်းများကို နိုင်နင်းစွာပြုလုပ်နိုင်သည်။ ၄င်းတို့မှာ ...
(၁) တရားဥပဒေပြုလုပ်ခြင်း။
(၂)ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေကိုပြင်ဆင်ခြင်း။
(၃) ရွေးကောက်တော် အရာရှိများအဖြစ်ဆောင်ရွက်နိုင်ခြင်း၊ (Electoral Colleges)
(၄) အရေးကြီးသောပြဿနားအတွက် စုံစမ်းရေးကော်မတီခန့်၍ စုံစမ်းနိုင်ခြင်း။
(၅) ပြည်သူ့ဘဏ္ဍာထိန်းသိမ်းခြင်း။
(၆) တချို့ ဥပဒေအဖွဲ့တို့က အုပ်ချုပ်ရေးအာဏာကို သုံးစွဲရာထူးခန့်ခြင်း၊ အပြည်ပြည်ဆိုင်ရာ စာချုပ်များကို အတည်ပြုခြင်း။
(၇) တရားစီရင်ရေး အာဏာကိုအသုံးပြု၍ တရားစီရင်ခြင်း။
(၈) ပြည်သူလူထု၏ အသိတရားကို ထက်မြက်တိုးတက်မြင့်မားစေခြင်း စသောလုပ်ဆောင်ချက်များကို ပြုလုပ်နိုင်သည်။
လွှတ်တော်နှစ်ခုထားရှိခြင်း၏ ဆိုးကျိုးများ
၁။ အထက်လွှတ်တော်သည် တန်ခိုးပါဝါအထူးတလည်မရှိဘဲ၊ အောက်လွှတ်တော်နှင့် မခြားနားပါက လွှတ်တော်နှစ်ခု ထားရှိခြင်းသည် တိုင်းပြည်ဘဏ္ဍာတော်ကို ဖြုန်းတီးရာသာကျပေလိမ့်မည်။
၂။လွှတ်တော်နှစ်ခုထားရှိခြင်းသောကြောင့် ဥပဒေရေးရာ၊ အုပ်ချုပ်ရေးရာ၊ တရားစီရင်ရေးရာ အစရှိသော အုပ်ချုပ်ရေး စက်ယန္တယားကို မလိုလားအပ်သော နေရာများတွင် နှေးကွေးစေသည်။ လွှတ်တော်နှစ်ခု တစ်ခုနှင့်တစ်ခု သဘောချင်းမတိုက်ဆိုင်ပါက ဖြေရှင်းရန် အကြပ်အတည်း တွေ့ရှိစမြဲဖြစ်သည်။ အင်္ဂလန်တွင် လွှတ်တော်နှစ်ရပ် သဘောမတိုက်ဆိုင်ပါက အောက်လွှတ်တော်၏ ဤအဆိုပြုချက်ကို အထက်လွှတ်တော်က ဗီဒိုအာဏာသုံး၍ ဆိုင်းငံ့ထားနိုင်သည်။ သြစတေးလျတွင်မူ လွှတ်တော်ကိုဖျက်၍ ပြည်သူ့ဆန္ဒကော်ခံသည်။ ယင်းသို့မကြာခဏဖြစ်ပါက တိုင်းပြည်၏ တိုးတက်မှုကို ထိခိုက်နိုင်ပေသည်။
၃။ တိုင်းပြည်ငယ်၍ ယူနီတရီနိုင်ငံဖြစ်ကာ ပြည်သူပြည်သားတို့လည်း လူမျိုးစလေ့ထုံးစံ၊ သဘောအယူဝါဒ တူညီကြလျှင် လွှတ်တော်နှစ်ခုထားခြင်းဖြင့် အကျိုးမများနိုင်ပေ။ ထို့ကြောင့်ပင် နယူးဇီလန်နိုင်ငံသည် ၁၉၅၁ ခုနှစ်က အထက်လွှတ်တော်ကို ဖြတ်သိမ်းခဲ့ခြင်းဖြစ်သည်။ တောင်အာဖရိက တိုင်းပြည်၏ ပြည်နယ်အားလုံးတွင် လည်းကောင်း၊ ကနေဒါနိုင်ငံ၏ ပြည်နယ်နှစ်နယ်မှအပ ကျန်ပြည်နယ်များတွင် လည်းကောင်း အထက်လွှတ်တော်တို့ကို ဖျက်သိမ်းပြီးခဲ့ကြပေပြီ။
Political Science Part (32)
00:43 HRDP No comments
အုပ်ချုပ်ရေးဌာန
အုပ်ချုပ်ရေးဌာနဆိုသည်မှာ ဥပဒေပြုအဖွဲ့မှ ပြုလုပ်သော တရားဥပဒေကို ကိုးကားကိုင်စွဲ၍ တရားဥပဒေစိုးမိုးရေးအတွက် ပြုလုပ်ဆောင်ရွက်ရသော အဖွဲ့တစ်ခု ဖြစ်သည်။
ကမ္ဘာပေါ်ရှိအုပ်ချုပ်ရေးဌာနတို့၏ တန်ခိုးအာဏာများမှာ တစ်ဌာနနှင့် တစ်ဌာနတို့များစွာ ကွဲပြားခြားနားခြင်း မရှိလှပေ။ သို့ရာတွင် အုပ်ချုပ်ရေးဌာန ဖွဲ့စည်းပုံမှာမူ တစ်တိုင်းပြည်နှင့် တစ်တိုင်းပြည်၊ တစ်နိုင်ငံနှင့် တစ်နိုင်ငံ မတူကြောင်း တွေ့ရသည်။
တစ်ချို့ နိုင်ငံများတွင် အမွေဆက်ခြင်းဖြင့် အုပ်ချုပ်ရေးဌာနတို့ ဖွဲ့စည်းပြီး တစ်ချို့ နိုင်ငံများတွင်မူ ရွေးကောက်၍ အုပ်ချုပ်ရေးအဖွဲ့ကို ဖွဲ့စည်းကြပေသည်။ အင်္ဂလန်ဘုရင်နှင့် ဆွီဒင်ဘုရင်စသော အုပ်ချုပ်ရေးဌာနတို့၏ အကြီးအကဲများသည် အမွေဆက်ခံသူများ ဖြစ်ကြပေသည်။
အုပ်ချုပ်ရေးဌာနကို ရွေးကောက်တင်မြှောက် ဖွဲ့စည်းရာတွင်လည်း သုံးမျိုးသုံးစားကွဲပြားခြားနားနေသည်ကို အောက်ပါအတိုင်း တွေ့ရှိရပေသည်။
(၁) မဲဆန္ဒရှင်တို့က တိုက်ရိုက်ရွေးကောက်တင်မြှောက်ခြင်း။
(၂) ဥပဒေပြုအဖွဲ့က ရွေးကောက်တင်မြှောက်ခြင်း။
(၃) ရွေးချယ်ရေး ကိုယ်စားလှယ်အဖွဲ့ (Electoral Collage) ကရွေးကောက်တင်မြှောက်ခြင်း စသည်တို့ဖြစ်သည်။
ဂျာမဏီ "ဝေမာသမ္မနိုင်ငံ" နှင့် တစ်ချို့ သော တောင်အမေရိက နိုင်ငံများတွင် အုပ်ချုပ်ရေးဌာန၏ အကြီးအကဲဆုံးသော ပုဂ္ဂိုလ်မဲဆန္ဒရှင်များက တိုက်ရိုက်ရွေးကောက်တင်မြှောက်ကြသည်။ အိန္ဒိယ၊ ဂျပန်စသော နိုင်ငံများတွင်မူ အုပ်ချုပ်ရေးဌာန၏ အကြီးအကဲကို ဥပဒေအဖွဲ့ကသာ ရွေးကောက်တင်မြှောက်သည်။ အမေရိကန် ပြည်ထောင်စုတွင်မူ ပြည်နယ်တို့မှ မဲဆန္ဒရှင်များသည် စီးနိတ်အမတ်နှစ်ယောက်ကျစီနှင့် အောက်လွှတ်တော်အတွက် သက်ဆိုင်ရာ ပြည်နယ်တို့တွင် လူဦးရေအလိုက် အချိုးကျ ရွေးကောက်ခွင့်ရှိသော အမတ်များကိုသာ ရွေးကောက်တင်မြှောက်ရသည်။ ထို့ကြောင့် သွယ်ဝိုက်ရွေးကောက်နည်းဟုပင်ဆိုရပေမည်။ သို့ရာတွင် ပါတီစနစ်ကိုသာ အသုံးပြုသောကြောင့် သမ္မတကို ရွေးချယ် တင်မြှောက်ရသည်။ ထို့ကြောင့် သွယ်ဝိုက်ရွေးကောက်နည်းဟုပင် ဆိုရပေမည်။ သို့ရာတွင် ပါတီစနစ်ကို အသုံးပြုသောကြောင့် မဲဆန္ဒရှင်ပြည်သူများအနေဖြင့် မည်သည့်ပါတီနိုင်လျင်မည်သူက ဖြစ်မည်ကို ကြိုတင်သိရှိထားကြသည်။ ထို့ကြောင့် ပါတီတစ်ခုမှ အမတ်လောင်းတစ်ယောက်ကို မဲပေးခြင်းသည်။ ၄င်းအမတ်လောင်း၏ ပါတီမှ သမ္မတလောင်းကို မဲပေးခြင်းပင်ဖြစ်တော့သည်။ ယင်းသို့ သဘောများကြောင့် စာဆိုအားဖြင့် အုပ်ချုပ်ရေးဌာန၏ အကြီးအကဲဖြစ်သော အမေရိကန် သမ္မတကို "ရွေးချယ်ရေးအဖွဲ့" (Electoral College) ရွေးကောက်သည်ဟု ဆိုသော်လည်း လက်တွေ့တွင် ပြည်သူတို့က တိုက်ရိုက်ရွေးကောက်တင်မြှောက်ခြင်းပင် ဖြစ်သည်။
အုပ်ချုပ်ရေးဌာနအမျိုးမျိုးအကြောင်း
အုပ်ချုပ်ရေးဌာနကို ပုံစံအားဖြင့် သုံးမျိုးသုံးစား လေ့လာသင့်ပေသည်။ ၄င်းတို့မှာ -
(၁) ရုပ်ပြအုပ်ချုပ်သူနှင့် အစစ်အမှန်အုပ်ချုပ်သူ
(၂) တစ်ဦးတစ်ယောက် အုပ်ချုပ်ခြင်းနှင့် အများစုက အုပ်ချုပ်ခြင်း
(၃) ပါလီမန်အုပ်ချုပ်ရေးနှင့် သမ္မတအုပ်ချုပ်ရေးတို့ဖြစ်သည်။
ရုပ်ပြအုပ်ချုပ်သည်မှာ ပုဂ္ဂိုလ်တစ်ယောက်သည် စာဆိုအားဖြင့် တိုင်းပြည်၏အထွတ်အထိပ် အကြီးအကဲ ဖြစ်သော်လည်း လက်တွေ့တွင်မူ အာဏာမရှိသူပင်ဖြစ်သည်။ အင်္ဂလန်ဘုရင်မသည်လည်းကောင်း ဂျပန်ဘုရင်နှင့် အိန္ဒိယ သမ္မတသည်လည်းကောင်း ရုပ်ပြအုပ်ချုပ်သူများသာ ဖြစ်ကြသည်။ တိုင်းပြည်အုပ်ချုပ်သော တကယ်အာဏာမှာ ၀န်ကြီးချုပ်နှင့် ၀န်ကြီးများတွင် ပါဝင်သော အစိုးရအဖွဲ့၌သာ တည်ရှိသည်။ ထို့ကြောင့် ၄င်းအစိုးရအဖွဲ့သာလျှင် အစစ်အမှန် အုပ်ချုပ်သူများ ဖြစ်ကြသည်။ အင်္ဂလန်ဘုရင်နှင့် အိန္ဒိယသမ္မတစသောသူများသည် "စိုးမိုး၍ မအုပ်ချုပ်ရသော " ရုပ်ပြ အုပ်ချုပ်ရေးသများများ (Nominal Executive) သာဖြစ်ကြပြီး အစိုးရအဖွဲ့သည်သာလျှင် စိုးမိုးအုပ်ချုပ်ရသော အစစ်အမှန် အုပ်ချုပ်သူများ (Real Executive) ဖြစ်ကြသည်။
တစ်ဦးတစ်ယောက် အုပ်ချုပ်ရေးဆိုသည်မှာ အုပ်ချုပ်ရေးအာဏာအားလုံးကို တစ်ဦးတည်းက ချုပ်ကိုင်စီမံခန့်ခွဲ ဆောင်ရွက်ခြင်း ပင်ဖြစ်သည်။ အမေရကန်သမ္မတသည် အမေရိကန်ပြည်ထောင်စုကို အုပ်ချုပ်ရာ၌လည်းကောင်း တစ်ဦးတည်း၏ သဘောဆန္ဒအရ အုပ်ချုပ်ခြင်းပင် ဖြစ်သည်။ တစ်နည်းအားဖြင့် အမေရိကန်အုပ်ချုပ်ရေးအာဏာအားလုံး လိုလိုသည် အမေရိကန်သမ္မတလက်ထဲ၌သာ တည်ရှိပေသည်။ ထို့ကြောင့် အမေရိကန် အုပ်ချုပ်ရေးစနစ်သည် တစ်ဦးတစ်ယောက် အုပ်ချုပ်သောစနစ် (Single Executive) ဖြစ်သည်။
လူအများ သို့မဟုတ် လူတစ်စုအုပ်ချုပ်ခြင်း ဆိုသည်မှာ အုပ်ချုပ်ရေးအာဏာများကို လူအများ သို့မဟုတ် လူတစ်စုက ကိုင်ဆွဲအုပ်ချုပ်ခြင်းပင် ဖြစ်သည်။ ဆွစ်ဇလန်နိုင်ငံ၏ ပြည်ထောင်စုကောင်စီ (Federal Council) တွင် အုပ်ချုပ်ရေး အာဏာကို အညီအမျှပိုင်ဆိုင်သော လူ ၇ ဦး ပါဝင်သည်။ ယင်းကောင်စီက တိုင်းပြည်ကို စိုးမိုးသောကြောင့် ဆွစ်ဇာလန်နိုင်ငံအုပ်ချုပ်ရေးသည် "အများအုပ်ချုပ်ရေး" (Plural Executive) ဖြစ်သည်။
ပါလီမန်အုပ်ချုပ်ရေးဆိုသည်မှာ အုပ်ချုပ်ရေးအာဏာများကို ၀န်ကြီးချုပ်နှင့် ၀န်ကြီးများက ကိုင်ဆွဲ၍ အုပ်ချုပ်သော စနစ်ပင်ဖြစ်သည်။ ၄င်းဝန်ကြီးချုပ်နှင့်တကွ အစိုးရအဖွဲ့ ၀န်ကြီးအားလုံးကို ဥပဒေပြုအဖွဲ့ဖြစ်သော ပါလီမန် အမတ်များထဲမှ ရွေးကောက်တင်မြှောက်ထားခြင်း ဖြစ်သည်။ ထို့ကြောင်း ၄င်း "အုပ်ချုပ်ရေးမျိုးကို" ပါလီမန်တာဝန်ခံသော အုပ်ချုပ်ရေး (၀ါ) ပါလီမန်အုပ်ချုပ်ရေး (Parliamentary Executive) ဟူ၍ ခေါ်ဆိုကြသည်။
သမ္မတအုပ်ချုပ်ရေးတွင် အုပ်ချုပ်ရေးဌာန၏ အထွတ်အထိပ်ဖြစ်သောသမ္မတသည် ပါလီမန်နှင့် မည်သို့မည်မျှ မသက်ဆိုင်ပေ။ ပါလီမန်သည် သမ္မတကိုဖြုတ်ချခွင့်မရှိ။ ပါလီမန်အုပ်ချုပ်ရေးတွင်မူ ပါလီမန်သည် အယုံအကြည် မရှိအဆိုတင်၍ အစိုးရွှဖွဲ့ကို ဖြုတ်ချနိုင်သည်။ သမ္မတ အုပ်ချုပ်ရေးစနစ် (Presidential Executive) သည် ပါလီမန် အုပ်ချုပ်ရေးစနစ်ကဲ့သို့ ပါလီမန်နှင့် ရောယှက်မနေသောကြောင့် "ပါလီမန်ကို တာဝန်မခံသော အုပ်ချုပ်ရေး စနစ်" (Non Parliamentary Executive) ဟူ၍လည်း ခေါ်ဆိုနိုင်ပေသည်။ အမေရိကန် ပြည်ထောင်စုတွင် ဤစနစ်ကို အသုံးလျက်ရှိ၏။
Political Science Part (33)
00:45 HRDP No comments
အုပ်ချုပ်ရေးဌာန တန်ခိုးကြီးမားလှပုံ
အုပ်ချုပ်ရေးဌာန၏ အဓိက အလုပ်သည် ဥပဒေပြုအဖွဲ့မှ ပြုလုပ်လိုက်သော ဥပဒေများအတိုင်း တိုင်းပြည်ကို အုပ်လချုပ်ရန်ဖြစ်သည်။ ထို့ကြောင့် ယင်းဌာနသည် ဥပဒေပြုအဖွဲ့၏ လက်အောက်ခံဟု ယူဆရပေမည်။ သို့ရာတွင် ၂၀ ရာစုနှစ်မှစ၍ အုပ်ချုပ်ရေးအဖွဲ့၏ တန်ခိုးအာဏာများသည် ရှေးနိုင်ငံများထက် ကြီးများကျယ်ပြန့်လာသည့်အပြင် လူဦးရေလည်း အဆမတန် တိုးပွားများပြားလာသော ပြဿနာများ ပိုမိုရှုပ်ထွေးလာခြင်းကြောင့်ဖြစ်သည်။ အုပ်ချုပ်ရေးဌာနတန်ခိုးကြီးမားလာရခြင်းအကြောင်းကို ဆန်းစစ်ကြည့်ပါက အဓိက အကြောင်းနှစ်ချက်ကို တွေ့ရှိရပေမည်။ ၄င်းတို့မှာ -
(၁) မျက်မှောက်လူ့အဖွဲ့အစည်းသည် ကြီးမားလာသည့်အလျောက် ပြဿနာများလည်း များပြားရှုပ်ထွေါ်၏းလာပေသည်။ ထို့ကြောင့် ဥပဒေပြုအဖွဲ့အနေဖြင့် အခြေအနေအားလုံးနှင့် ကိုက်ညီသော ဥပဒေများကို ပြုလုပ်ရန် မဖြစ်နိုင်ပေ။ ယင်းသို့သော အကြောင်းအကြောင့် ဥပဒေအဖွဲ့သည် ဥပဒေများကို ယေဘုယျ သဘောအားဖြင့်သာ ပြုစုပြဌာန်းထားရပေသည်။ အုပ်ချုပ်ရေးဌာနသည် အခြေအနေအားလုံးနှင့် မဟပ်မိသော ယေဘုယျ ဥပဒေများကို အခြေအနေအားလုံးနှင့် ကိုက်ညီဟပ်မိအောင် ဥပဒေများကို ပြုပြင်ရန် တာဝန်သည် အုပ်ချုပ်ရေးဌာန၏ တာဝန်ပင်ဖြစ်သည်။ ထို့ပြင် အုပ်ချုပ်ရေးဌာနသည် ပြည်သူလူထုနှင့် အမြဲတစေ တွေ့ဆုံ ဆက်ဆက်နေရသော အဖွဲ့ဖြစ်၏။ ထို့ကြောင့် အုပ်ချုပ်ရေးဌာန၏ တန်ခိုးအာဏာများသည် တစ်နေ့တစ်ခြား ကြီးမားလာခဲ့ခြင်းဖြစ်ပေသည်။
အုပ်ချုပ်ရေးဌာန၏ တန်ခိုးအာဏာများ
၁) နိုင်ငံတကာ ဆက်ဆံရေးအာဏာ
၂) အုပ်ချုပ်ရေးအာဏာ
၃) စစ်ရေးအာဏာ
၎) တရားစီရင်ရေးအာဏာ
၅) ဥပဒေပြုရေးအာဏာ
မျက်မှောက်ခေတ်ကာလ အခြေအနေအရ မည်သည့်နိုင်ငံမျှ တစ်ကိုယ်တော်နိုင်ငံအဖြစ် ရပ်တည်၍ မဖြစ်နိုင်ပေ။ ထို့ကြောင့် နိုင်ငံခြားများနှင့် ဆက်ဆံရေးသံတမန်အမတ်များ ခန့်အပ်စေလွှတ်ခြင်း၊ ကူးသန်းရောင်းဝယ်ရေး ကိုယ်စားလှယ်များ စေလွှတ်ခြင်း၊ နိုင်ငံများနှင့် စာချုပ်ချုပ်ဆိုခြင်း နိုင်ငံရေးပရိယာယ် ကျွမ်းကျင်သော ပုဂ္ဂိုလ်များကို စီးပွားရေး၊ နိုင်ငံရေး၊ ပညာရေး၊ စသည်တို့နှင့် စပ်လျဉ်းပြီး နိုင်ငံခြားသို့စေလွှတ်ခြင်း ပြုလုပ်ကြရသည်။
ဥပဒေပြုဌာနမှ ပြုလုပ်ပြဌာန်းထားသော ဥပဒေများကို တိုင်းသူ ပြည်သားတိုင်း ရိုသေလိုက်နာရန် တာဝန်သည် အုပ်ရေးဌာန၏ တာဝန်ဖြစ်သည်။ ဥပဒေစိုမိုးရေးအတွက် ထိရောက်စွာ ဆောင်ရွက်ရပေမည်။ ထို့ကြောင့် ပြည်ထဲရေး ဌာနအနေဖြင့် ရဲအဖွဲ့၊ မြို့ ပိုင်၊ သူကြီး၊ ဆယ်အိမ်ခေါင်း၊ အချုပ်ခန်း၊ ထောင်များ စသည်တို့ကို တည်ထောင်ဖွဲ့စည်းပြီး ဆောင်ရွက်ရပေမည်။ ဥပဒေကို မချိုးဖောက်အောင် ကာကွယ်သည့်အပြင် ဥပဒေချိုးဖောက်သော သူများကိုလည်း ထိုက်သင့်သောပြစ်ဒဏ်ပေးရသည်။
အုပ်ချုပ်ရေးဌာနအနေဖြင့် ပြည်တွင်းတွင် ဥပဒေစိုးမိုးစေ၍ ငြိမ်းချမ်းသာယာစေရုံဖြင့် တာဝန်ကျေမည်မဟုတ်ပေ။ အမျိုးသား လုံခြုံရေးအတွက် ပြည်ပအန္တရာယ်များဘေးမှ ကာကွယ်ရန် တာဝန်တစ်ရပ်လည်းရှိပေသည်။ ထို့ကြောင့် အုပ်ချုပ်ရေးဌာနအနေဖြင့် ပြည်ပအန္တရာယ်များကို ကာကွယ်ရန် ကြဉ်းတပ်၊ ရေတပ်များ ဖွဲ့စည်းထားနိုင်သော အာဏာများ ရှိရပေမည်။ ယင်းသို့ ပြည်တွင်းပြည်ပ အန္တရာယ်ဆိုးများဘေးမှ ကာကွယ်ရန် ကြည်း၊ ရေ၊ လေတပ်များ ဖွဲ့စည်းတည်ထောင်ခွင့် ရှိခြင်းသည် အုပ်ချုပ်ရေးဌာန၏ စစ်ရေးအာဏာပင်ဖြစ်သည်။
လူထုဒီမိုကရေစီ အခွင့်အရေးများ ရရှိခံစားစေနိုင်ရန် အစိုးရဌာနများဖြစ်ကြသော ဥပဒေပြုဌာန၊ အုပ်ချုပ်ရေးဌာန၊ တရားစီရင်ရးဌာနတို့ အာဏာကိုခွဲယူထားကြရုံဖြင့် မလုံလောက်ပေ။ လွှတ်လပ်မှုအပြည့်အ၀ ခံစားရန် ၄င်းဌာနများ "အချင်းချင်း အပြန်အလှန် ချုပ်ကိုင်မှု" (Check And Balance) တို့ကြောင့်ပင် ခေတ်သစ်နိုင်ငံတိုင်းတွင် လွတ်ငြိမ်းခွင့်အာဏာသည် အုပ်ချုပ်ရေးဌာန၌သာ တည်ရှိခြင်း ဖြစ်ပေသည်။ ( မြန်မာပြည်အုပ်ချုပ်ရေးဌာန၏ အထွတ်အထိပ်ဖြစ်သော သမတသည် တရားရုံးချုပ်မှ သေဒဏ်ပေးထားသူကို လွတ်ငြိမ်းချမ်းသာခွင့်ပေးခဲ့ဘူးသည်) ဤနည်းဖြင့် အုပ်ချုပ်ရေးဌာနသည် တရားစီရင်ရေးဌာနကို ချုပ်ကိုင်ထား၏။ ထို့ကြောင့် အုပ်ချုပ်ရေး ဌာန၌ တရားစီရင်ရေးအာဏာရှိသည်။
ဥပဒေပြုအဖွဲ့သည် ၄င်းသက်တမ်း တစ်လျောက်လုံး စုရုံးစည်းဝေးနေခြင်း မဟုတ်ပေ။ လွှတ်တော်အစည်းအဝေးများကို တစ်နှစ်တစ်ကြိမ်ခန့်သာ ကျင်းပလေ့ရှိသောကြောင့် အရေးပေါ်ကိစ္စများ ပေါ်ပေါက်လာသေအခါ ဥပဒေပြုအဖွဲ့အနေဖြင့် ဆောင်ရွက်ပါက များစွာ နှောက်နှေးကြန့်ကြာနေပေမည်။ ထို့ကြောင့် အရေးပေါ်ကိစ္စများ ပေါ်ပေါက်လာတိုင်း အုပ်ချုပ်ရေး အဖွဲ့ကသာ "အမိန့်ပြန်ထမ်း" များထုတ်၍ ဆောင်ရွက်ရပေသည်။ ယင်းအရေးပေါ် အမိန့်ပြန်ထမ်းများသည် ဥပဒေပြုအဖွဲ့မှ ပြုလုပ်ပြဌာန်းထားခြင်း မဟုတ်သော်လည်း ဥပဒေပြုအဖွဲ့မှ ပြုလုပ်ပြဌာန်းထားသော ဥပဒေများနှင့် မခြား တန်ခိုးထက်မြက်သည်။ နောင်အခါ လွှတ်တော်အစည်းအဝေး ကျင်းပစဉ် ယင်းအရေးပေါ် အမိန့်ပြန်တမ်းများကို တင်ပြ၍ အတည်ပြုစေခြင်းဖြင့် အမိန့်ပြန်ထမ်းများသည် ဥပဒေအဖြစ်ပြောင်းလဲလာသည်။
အုပ်ချုပ်ရေးအဖွဲ့သည် ဥပဒေပြုအဖွဲ့မှ ပြုစုထားသော ဥပဒေများကို ကိုင်စွဲ၍ လက်တွေ့ အုပ်ချုပ်လုပ်ကိုင်နေရသောကြောင့် လိုအပ်သောဥပဒေများ၊ မလိုအပ်သောဥပဒေများ၊ ချွတ်ယွင်းချက်ရှိသော ဥပဒေးများအကြောင်းကို ကောင်းစွသိရှိကြပေသည်။ ယင်းသို့ဖြစ်ရသည်မှာ အထင်နှင့်အမြင် ကွာခြင်းပင်ဖြစ်သည်။ အထင်သည် ထင်သမျှသာဖြစ်၍ မှားတတ်သည်။ အမြင်သည်သာ လက်တွေ့ကျသဖြင့် သစ္စာတရားမည်၏။ ဥပဒေပြုသမားများသည် အထင်သမားများ ဖြစ်ကြသည်။ အခြေအနေနှင့် ဟပ်မိမည်ထင်သော ဥပဒေများကိုပြုစုကြ၏။ အုပ်ချုပ်ရေးသမားများမှမူ အမြင်သများများဖြစ်ကြသဖြင့် ဥပဒေပြုအဖွဲ့မှပြုစုလိုက်သော ဥပဒေများအခြေအနေနှင့် ဟပ်မိ မဟပ်မိကို ကောင်းစွာသိရှိကြသည်။ ထို့ကြောင့် အုပ်ချုပ်ရေးဌာနသည် ဥပဒေပြုဌာနကို မည်သည့်ဥပဒေများလိုသည်၊ မည်သည့်ဥပဒေများကို မည်သို့ပြင်ဆင်ရန်လိုသည် စသဖြင့် အကြံဥာဏ်ပေး၍ တင်ပြရပေသည်။ ဥပဒေပြုအဖွဲ့အနေဖြင့်လည်း အုပ်ချုပ်ရေးဌာန၏ တင်ပြချက်များကို လေးစားလိုက်နာ၍ ပြုသင့်သောဥပဒေများကို ပြုစုပြဌာန်းပြီး ပြင်ဆင်သင့်သော ဥပဒေများကို ပြင်ဆင်ပေးရပေသည်။ ယင်းကဲ့သို့သောနည်းဖြင့် အုပ်ချုပ်ရေးဌာနသည် ဥပဒေများပြုစုသည်။ ထို့ကြောင့် အုပ်ချုပ်ရေးဌာန၌ ဥပဒေပြုခွင့်အာဏာလည်းရှိကြောင်း ထင်ရှားပေသည်။
Political Science Part (34)
00:48 HRDP No comments
ပါလီမန်အုပ်ချုပ်ရေး
ပါလီမန်အုပ်ချုပ်ရေးစနစ်သည် ပါတီစနစ်နှင့် ဥပဒေပြုရေးဌာနတို့ဖြင့် ဆက်သွယ်လျက်ရှိသည်။ အုပ်ချုပ်ရေးဌာန၏ အကြီးအကဲများ ဖြစ်ကြသော ၀န်ကြီးချုပ်နှင့်တကွ ၀န်ကြီးများသည် ဥပဒေပြုအဖွဲ့မှ ပါလီမန်များသာဖြစ်သည်။
ရွေးကောက်ပွဲတွင် အမတ်အများဆုံးရသော ပါတီက အစိုးရဖွဲ့ရသည်။ ထို့ကြောင့် ပါတီတစ်ခုသည် ရွေးကောက်ပွဲ၌ အမတ်များဆုံး အရွေးခံရသောကြောင့် အနိုင်ရရှိလျှင် ပါတီ၏ခေါင်းဆောင်ကို ၀န်ကြီးချုပ်အဖြစ် တင်မြှောက်ကြသည်။ ၀န်ကြီးချုပ်ကသာ ၄င်း၏ပါတီအမတ်များထဲမှ ၀န်ကြီးများခန့်အပ်ပြီး အစိုးရအဖွဲ့ကို ဖွဲ့စည်းသည်။ ယင်းသို့အောက်လွှတ်တော်အမတ်များကို စု၍အစိုးရဖွဲ့ထားသောကြောင့် ပါလီမန်အုပ်ချုပ်ရေးစနစ်တွင် အစိုးရနှင့်ဥပဒေပြုအဖွဲ့မှာ အတူတူနှင့် အနူနူပင်ဖြစ်သည်။
ပါလီမန်အုပ်ချုပ်ရေးတွင် ပါတီတစ်ခုတည်းမှ ပုဂ္ဂိုလ်များကိုစု၍ အစိုးရဖွဲ့ထားသောကြောင့် အမြင်ချင်းဝါဒချင်း တူညီကြသည်။ ထို့ကြောင့် စည်းလုံးညီညွှတ်မှုရရှိနိုင်သည်။ သို့ရာတွင် နှစ်ပါတီစနစ်ကို အသုံးမပြုပါက မည်သည့်ပါတီမျှ အမတ်အများစုဖြင့် လွတ်လွတ်ကျွတ်ကျွတ် အနိုင်မရရှိနိုင်သောကြောင့် ညွှန့်ပေါင်း အစိုးရအဖွဲ့စည်းရတတ်ပေသည်။ ယင်းသို့ဖြစ်လာလျှင် အမြင်ချင်းဝါဒချင်း တူသောသူများကိုစု၍ စည်းလုံးညီညွှတ်မှုမရှိနိုင်ပေ။
ပါလီမန်အုပ်ချုပ်ရေးစနစ်တွင် အစိုးရအဖွဲ့ကိုပြည်သူတို့က တိုက်ရိုက်ရွေးချယ်ခြင်း မဟုတ်ပေ။ ပြည်သူတို့က ရွေးကောက်တင်မြှောက်ထားသော ဥပဒေပြုအဖွဲ့ကသာ အစိုးရအဖွဲ့ကို ရွေးချယ်တင်မြှောက်ထားခြင်းဖြစ်သည်။ ထို့ကြောင့် အစိုးရွှအဖွဲ့သည် ဥပဒေပြုအဖွဲ့၏ လွှမ်းမိုးမှုများစွာ လွတ်လပ်ခြင်းမရှိပေ။ ထို့ကြောင့် ပါလီမန်အုပ်ချုပ်ရေးစနစ်ကို ဥပဒေပြုအဖွဲ့ကို တာဝန်ခံရသော အုပ်ချုပ်ရေးစနစ်ဟူ၍ နားလည်းထားသင့်သည်။
ပါလီမန်အုပ်ချုပ်ရေး၏ တတိယထူးခြားချက်မှာ အစိုးရ၏ သက်တမ်းသည် ပါလီမန်အပေါ်၌ တည်ရှိနေခြင်းပင် ဖြစ်သည်။ အကြောင်းမှာ အစိုးရအဖွဲ့မှ ပိုဂ္ဂိုလ်များသည် ဥပဒေပြုအဖွဲ့ဖြစ်သော ပါလီမန်သက်တမ်း ကုန်သည်နှင့် တစ်ပြိုင်နက် အစိုးရသက်တမ်းလည်း ကုန်ရပေသည်။ ထို့ပြင် အထက်လွှတ်တော်နှင့် အောက်လွှတ်တော် သဘောကွဲလွဲ၍ ပြဿနာတစ်ခုကို ဖြေရှင်းမရနိုင်လျှင်သော်လည်းကောင်း ၀န်ကြီးချုပ်သည် လွှတ်တော်ထဲ၌ အအမတ်အများစုတို့၏ ထောက်ခံမှုကိုမရရှိလျှင်သော်လည်းကောင်း လွှတ်တော်ကိုဖျက်သိမ်း၍ ရွေးကောက်ပွဲ အသစ် ကျင်းပရသည်။ ယင်းသို့ လွှတ်တော်ဖျက်သိမ်းသည်နှင့်အတူ အစိုးရသက်တမ်းလည်း ကုန်ဆုံးရပေတော့သည်။
Political Science Part (35)
00:50 HRDP No comments
ပါလီမန်အုပ်ချုပ်ရေးအဖွဲ့၏ ကော်းကျိုးများ
(၁) ပါလီမန်အုပ်ချုပ်ရေးအဖွဲ့ဖြစ်သော အစိုးရကို ပြည်သူလူထုက ရွေးကောက်တင်မြှောက်ထားရသော ဥပဒေပြုအဖွဲ့မှ အမတ်များက တိုက်ရိုက်ရွေးချယ်ထားခြင်း ဖြစ်သည်။ ထို့ကြောင့် အစစ်အမှန် အုပ်ချုပ်ရေးသမားကို ရုပ်ပြ အုပ်ချုပ်ရေးသမားနှင့် ခွဲခြားထားနိုင်ပေသည်။ နိုင်ငံတစ်နိုင်ငံတွင် မွေဆက်ခံသော အုပ်ချုပ်ရေးစနစ်အရ ဘုရင်စနစ်ကုလည်း ထားရှိလိုပြီး ဒီမိုကရေစီအခွင့်အရေးကိုလည်း ခံစားလိုသောအခါ ပါလီမန် အုပ်ချုပ်ရေးစနစ်သည် အသင့်တော်ဆုံးဖြစ်သည်။ အင်္ဂလန်တွင် ဓလေ့ထုံးထမ်း အစဉ်အလာအရ အမွေဆက်ခံခွင့်ရှိသော ဘုရင်စနစ်ကိုထားရှိပြီး ဒီမိုကရေစီလည်း ရရှိနေခြင်းမှာ ပါလီမန်အုပ်ချုပ်ရေးစနစ်ကို အသုံးပြုသောကြောင့်ပင်ဖြစ်သည်။ ယင်းသို့ ပါလီမန်အုပ်ချုပ်ရေးစနစ်ဖြင့်သာ ဘုရင်စနစ်ကို စောင့်ထိန်းထားနိုင်သောကြောင့် ပါလီမန်အုပ်ချုပ်ရေးစနစ်၏ ကောင်းသောလက္ခဏာတစ်ရပ်ပင်ဖြစ်သည်။
(၂) ပါလီမန်အုပ်ချုပ်ရေးစနစ်တွင် အစစ်နှင့်ရုပ်ပြအုပ်ချုပ်ရေးသမားသည် တစ်ဦးတည်းမဟုတ်သောကြောင့် ရုပ်ပြအုပ်ချုပ်ရေးသမား အနေဖြင့် အခမ်းအနား ပွဲလမ်းသဘင် ဆင်ယင်ကျင်းပပွဲများကို တက်ရောက်နိုင်ပေသည်။ ထို့ကြောင့် အစစ်အမှန် အုပ်ချုပ်ရေးသမား အနေဖြင့် အုပ်ချုပ်ရေးတာဝန်များကိုသာ ထမ်းဆောင်ရန် ရှိသောကြောင့် တာဝန်ကိုကျေပြွန်စွာ ထမ်းဆောင်နိုင်ပေသည်။
(၃) ပါလီမန်အုပ်ချုပ်ရေးစနစ်တွင် အစိုးရနှင့် ဥပဒေပြုအဖွဲ့မှာ အတူတူနှင့်အနူနူပင်ဖြစ်သည်။ အကြောင့်မှာ အစိုးရအဖွဲ့ ၀န်ကြီးချုပ်နှင့်တကွ ၀န်ကြီးအားလုံးတို့သည် ဥပဒေပြုအဖွဲ့အမတ်များသာ ဖြစ်သောကြောင့်ပင် ထို့ပြင် အစိုးရ တစ်ဖွဲ့လုံးသည် အမြင်ဝါဒချင်းတူညီသော ပါတီတစ်ခုတည်းမှ ပုဂ္ဂိုလ်များဖြစ်နိုင်ပေသည်။ ထို့ကြောင့် ပြဿနာများကို ဖြေရှင်းရာတွင် သဘောကွဲလွဲချက် နည်းပါးစေပြီး စည်းလုံးညီညွတ်မှု ရရှိနိုင်သည့်အပြင် ဥပဒေပြုအဖွဲ့နှင့် အုပ်ချုပ်မှုအဖွဲ့တို့ အပြန်အလှန် ကူညီလုပ်ကိုင်ဆောင်ရွက် နိုင်ပေသည်။
(၄) အုပ်ချုပ်ရေးအဖွဲ့သည် ဥပဒေပြုအဖွဲ့၏ ဤအစိတ်အပိုင်းတစ်ခုဖြစ်သည်။ ထို့ပြင် အုပ်ချုပ်ရေးအဖွဲ့မှ လူများစုတို့၏ ခေါင်းဆောင်များဖြစ်ကြပေသည်။ ထို့ကြောင့် အုပ်ချုပ်ရေးအဖွဲ့သည် ဥပဒေပြုအဖွဲ့၏ ဦးဆောင်လမ်းညွှန် ကော်မတီအဖွဲ့တစ်ခုဖြစ်၏။ အုပ်ချုပ်ရေးအဖွဲ့သည် ဖြစ်ပေါ်နေသော အခြေအနေများနှင့် ဟပ်မိသောဥပဒေများကို ပြုစုပြဌာန်းနိုင်ရန် ဥပဒေပြုအဖွဲ့ကို လမ်းညွှန်နိုင်ပေသည်။ ယင်းသို့ ဥပဒေအဖွဲ့၌ လမ်းညွှန်ကော်မတီ တစ်ဖွဲ့တည်းရှိနေခြင်းသည်။ ကောင်းသောလက္ခဏာတစ်ရပ်ပင်ဖြစ်သည်။
(၅) ပါလီမန်အုပ်ချုပ်ရေးအဖွဲ့ကို ဥပဒေပြုအဖွဲ့က ရွေးကောက်တင်မြှောက်ဖွဲ့စည်းထားပြီး ၄င်းဥပဒေကို ပြည်သူလူထုက ရွေးကောက်တင်မြှောက်ဖွဲ့စည်းထားခြင်းဖြစ်သည်။ ထို့ကြောင့် ဥပဒေပြုအဖွဲ့သည် ပြည်သူလူထု ကိုယ်စား အုပ်ချုပ်ရေးအဖွဲ့ကို ကြိုးကိုင်ထိန်းချုပ်ထားနိုင်ပေသည်။ ဥပဒေပြုအဖွဲ့နှင့် အုပ်ချုပ်ရေးအဖွဲ့တို့ ပြဿနာတစ်ရပ်ပေါ်၌ သဘောကွဲလွဲ၍ ဖြေရှင်းမရဖြစ်သောအခါ ယင်းပြဿနာကို ပြည်သူလူထုကို လွဲအပ်ဖြေရှင်းနိုင်ပေသည်။ ပါလီမန်ကို ဖျက်သိမ်း၍ ရွေးကောက်ပွဲ အသစ်ကျင်းပခြင်းဖြင့် ဖြေရှင်းမရသော ပြဿနာပြေလည်နိုင်ခြင်းသည် ပါလိမန်အုပ်ချုပ်ရေးစနစ်၏ ကောင်းသောလက္ခဏာပင်ဖြစ်၏။
(၆) ပါလိမန်အုပ်ချုပ်ရေးစနစ်အရ အစိုးရအဖွဲ့ကို ပါလီမန်မှကိုယ်စားလှယ်များဖြင့်သာ ဖွဲ့စည်းထားသောကြောင့် တိုင်းပြည်ကို အရေးကြုံလာသောအခါ ၄င်းကြုံလာသောအရေးအခင်းနှင့် ကိုက်ညီသောအစိုးရသစ်တစ်ဖွဲ့ကို လျှင်မြန်စွာ ဖွဲ့စည်းဆောင်ရွက်နိုင်သည်။ အစ္စရေး အရေးအခင်းပေါ်လာသောအခါ ဘာသာရေးသမားဝန်ကြီးချုပ်ကို ဖြုတ်ချ၍ စစ်ရေးကျွမ်းကျင်သူကို ၀န်ကြီးချုပ်တင်မြှောက်ပြီး အစိုးရအဖွဲ့သစ် တစ်ဖွဲ့ကို လွယ်ကူစွာဖွဲ့စည်းနိုင်သည်လည်း ပါလီမန်အုပ်ချုပ်ရေးစနစ် ကောင်းသောလက္ခဏာတစ်ရပ်ပင် ဖြစ်သည်။
Political Science Part (36)
00:52 HRDP No comments
ပါလီမန်အုပ်ချုပ်ရေး စနစ်၏ ဆိုးကျိုးများ
၁) အုပ်ချုပ်ရေးအဖွဲ့သည် ဥပဒေပြုအဖွဲ့၏ အဓိကအစိတ်အပိုင်းဖြစ်သောကြောင့် ယင်းဥပဒေပြုအဖွဲ့၏ လွှမ်းမိုးမှုမှ လုံးဝကင်းလွခြင်းမရှိပေ။ အုပ်ချုပ်ရေးအဖွဲ့သည် ဥပဒေပြုအဖွဲ့မှ ပြုလုပ်ထားသော ဥပဒေများကို ကိုင်စွဲ၍ အုပ်ချုပ်နေရသော်လည်း အုပ်ချုပ်ရေးလုပ်ငန်း များကို ကောင်းစွာ ပြုလုပ်ဆောင်ရွက်နိုင်ရန် လွတ်လပ်မှုရှိရပေမည်။ အကယ်၍ လွတ်လပ်မှုမရှိလျှင် အုပ်ချုပ်ရေးလုပ်ငန်းတစ်ခုလုံးကို ဟိရိသြတ္တပ္ပကင်းသော နိုင်ငံရေးသမားတို့၏ ချယ်လယ်ခြင်းကို ခံရတတ်ပေသည်။
၂) ၀န်ကြီးချုပ်နှင့်တကွ ကက်ဘိနက်အဖွဲ့ဝင် ၀န်ကြီးများအားလုံးသည် ပါလီမန်အမတ်များသာ ဖြစ်သောကြောင့် ပါလီမန်အစည်းအဝေး ကျင်းပတိုင်း အစည်းအဝေးကို တက်ရောက်၍ ဥပဒေရေးရာ လုပ်ငန်းများကိုလည်း လုပ်ကြရပါပေသည်။ ထို့ကြောင့် ၄င်းတို့သည် ၄င်းတို့၏ အုပ်ချုပ်ရေးတာဝန်များ လစ်ဟင်းပြီး ပြည့်ဝကောင်းမွန်သော အုပ်ချုပ်ရေးသမားများ ဖြစ်မလာနိုင်ပေ။ ယင်းသို့ အုပ်ချုပ်ရေး ညံ့ဖျင်းစေနိုင်ခြင်းသည် ပါလီမန်အုပ်ချုပ်ရေး စနစ်၏ မကာင်းသော လက္ခဏာတစ်ရပ်ဖြစ်ပေသည်။
၃) ပါလီမန် အုပ်ချုပ်ရေးစနစ်တွင် အုပ်ချုပ်ရေးဌာနသည် ဥပဒေပြုအဖွဲ့ပေါ်၌ လုံးဝတည်ရှိနေသောကြောင့် ဥပဒေပြုအဖွဲ့အတွင်း ၀ါဒအမျိုးမျိုးအတွက် အငြင်းအခုန်ဖြစ်တိုင်း ပါဝင်နေရပေသည်။ ပြင်းပြင်ထန်ထန် ငြင်းခုန် ဆွေးနွေးခြင်းဖြင့် အစိုးရအဖွဲ့အတွင်း အရေးတော်ပုံများ ပေါ်ပေါက်ကာ မကြာခဏ အစိုးရအပြောင်းအလဲ ဖြစ်နိုင်သည်။ ယင်းသို့အရေးတော်ပုံများကို အကြောင်းပြု၍ အစိုးရအဖွဲ့ပြောင်းလဲနေခြင်းကြောင့် တိုင်းပြည်တိုးတက်မှုကို ထိခိုက်စေနိုင်ခြင်းသည်လည်း ပါလီမန်အုပ်ချုပ်ရေး စနစ်၏ ပြော့ကွက်တစ်ကွက်ပင်ဖြစ်သည်။
၎) ပါလီမန်အုပ်ချုပ်ရေး စနစ်တွင် အုပ်ချုပ်ရေးဌာန၏ သက်တမ်းသည် ဥပဒေပြုအဖွဲ့၏ သက်တမ်းအတိုင်းသာဖြစ်သည်။ အတိုက်အခံ အားကောင်းသောကြောင့် အယုံအကြည်မရှိ အဆိုတင်ကာ ၀န်ကြီးချုပ်ကို ဖြုတ်ချလျှင်ပင် အစိုးရအဖွဲ့ ပျက်ရပေသည်။ ထို့ကြောင့် ၀န်ကြီးချုပ်သည် တိုင်းပြည်အတွက် လုပ်စရာရှိသည်များကို ရဲဝံ့စွာမလုပ်ဝံ့ဘဲ မိမိရာထူးတည်မြဲရေးအတွက် ဥပဒေပြုအဖွဲ့ကို ချော့မြူနေရတတ်ပေသည်။ အစိုးရအဖွဲ့သည် အတိုက်အခံ ပါလီမန်အင်အားတောင့်နေလျှင် အမြဲအစဉ်ကြောက်ရွံ့ နေရတတ်သည်။ ထို့ကြောင့် အစိုးရအဖွဲ့သည် အတိုက်အခံ ပါတီများ ကြီးစိုးရာ ဥပဒေပြုအဖွဲ့ကို အဆန့်ကျင်ဝံ့ပေ။ ဥပဒေပြဌာန်း၏ သဘောဆန္ဒအတိုင်း လိုက်နာပြုမူ ဆောင်ရွက်ရတတ်၏ ဤနည်းဖြင့် အုပ်ချုပ်ရေးဌာနသည် ဥပဒေပြုအဖွဲ့၏ ကျေးကျွန်ဖွယ် ဖြစ်လာရပေတော့သည်။
၅) ပါလီမန်အုပ်ချုပ်ရေးစနစ်တွင် ၀န်ကြီးချုပ်သည် ၄င်း၏ပါတီအမတ်များထဲမှသာ ၀န်ကြီးများကို ရွေးချယ်ခန့်ထားရပေသည်။ ယင်းဝန်ကြီးချုပ်သည် မိမိပါတီအမတ်များထဲကသာ ၀န်ကြီးများကို ရွေးချယ်ခန့်ထားရသောကြောင့် ရွေးချယ်ခန့်ထားရေး နယ်ပယ်သည် ကျဉ်းမြောင်းလှ၏။ ယင်းသို့ ကျဉ်းမြောင်းသောကြောင့် တိုင်းပြည်ရှိ လူတော်ကောင်းများကို ၀န်ကြီးများ မခန့်အပ်နိုင်ပေ။ ထို့ကြောင့် အုပ်ချုပ်ရေးအဖွဲ့အနေဖြင့် ညံ့ဖျင်းစေနိုင်သည်။ သမ္မတ အုပ်ချုပ်ရေးစနစ်တွင်မူ တိုင်းပြည်ရှိ မည်သူ့ကိုမဆို ၀န်ကြီးအဖြစ် ခန့်အပ်နိုင်သောကြောင့် အရည်အချင်းပြည့်ဝသော အုပ်ချုပ်ရေးအဖွဲ့ဖြစ်လာသည်။ ပါလီမန်အုပ်ချုပ်ရေးအဖွဲ့တွင် ၀န်ကြီးချုပ်သည် အရည်အချင်းပြည့်ဝဆုံးသော ပုဂ္ဂိုလ်များကို ရွေးချယ်၍ အစိုးရအဖွဲ့ဝင် ၀န်ကြီးများအဖြစ် မခန့်အပ်နိုင်သည့်အပြင် အစိုးရအဖွဲ့သည် တိုင်းပြည်ကောင်းစာရေးဝါဒထက် ပါတီကောင်းစားရေး ၀ါဒကိုချမှတ်လုပ်ကိုင် တတ်သောကြောင့် မကောင်းပေ။
၆) ပါလီမန် ဒီမိုကရေစီစနစ်တွင် လူနှစ်ယောက်လောက်ဖြင့်လည်း ပါတီတစ်ခု တည်းထောင်နိုင်သောကြောင့် ပါတီတွေမှိုလို ပေါနိုင်သည်။ ထို့ကြောင့် ရွေးကောက်ပွဲတွင် မည်သည့်ပါတီမှ လွတ်လွတ်ကျွတ်ကျွတ် အနိုင်မရနိုင်ပေ။ ယင်းသို့ဖြစ်လာသောအခါ ပါတီအချင်းချင်း စေ့စပ်၍ ညွှန့်ပေါင်းအစိုးရဖွဲ့စည်းရတတ်ပေသည်။ ညွှန်ပေါင်းအစိုးရ၏ ထူးခြားသောအာဏာ တစ်ရပ်မှာ မခိုင်မြဲမှုပင်ဖြစ်၏။ ယင်းသို့ ခိုင်မြဲမှု မရှိသော အစိုးရလူမျိုး အနေဖြင့် တိုင်းပြည်အတွက် မည်ကဲ့သို့သောကောင်းကျိုးများကို ပြိုင်အံ့နည်း။ ပါလီမန်တွင်း စကားစစ်ပွဲများ အစိုးရအဖွဲ့ မကြာခဏသော အပြောင်းအလဲဖြင့်သာ အချိန်ကိုကုန်လွန်စေနိုင်ပေသည်။
၇) ပါလီမန် အုပ်ချုပ်ရေးစနစ်အရ ပါတီတိုင်း ရွေးကောက်ပွဲပါဝင်ယှဉ်ပြိုင်ခွင့်ရှိပေသည်။ ယင်းသို့ ပါတီအများအပြား ရွေးကောက်ပွဲ ပါဝင်ယှဉ်ပြိုင်ခြင်းကြောင့် ပါတီတစ်ခုအနေဖြင့် အပြတ်အသတ်အနိုင်ရရန် ခဲယှဉ်းလှသည်။ ထို့ကြောင့် ပါတီကြားတစ်ခုသည် ပါတီလေးတစ်ခုနှင့်စေ့စပ်၍ အပေးအယူလုပ်ပြီး အစိုးရဖွဲ့စည်းလေ့ရှိ၏။ ယင်းသို့ဖြင့် အစိုးရဖွဲ့စည်းနိုင်အောင် အင်အားမရှိသော ပါတီကလေးများလည်း အစိုးရအာဏာကို ရရှိနိုင်ကြောင်း ထင်ရှားပေသည်။ ထို့ကြောင့်ပင် နိုင်ငံရေးလုပ်စားသော လူတန်းစားတစ်ရပ် ပေါ်ပေါက်လာခြင်းဖြစ်သည်။
၈) ပါလီမန်စနစ်၏ အဓိကမကောင်းဆုံးသော အချက်မှာ ဆိုရှယ်လစ်နိုင်ငံ ထူထောင်၍ မရရှိနိုင်ခြင်းပင်ဖြစ်သည်။ ပါလီမန် ဒီမိုကရေစီနည်းဖြင့် ဆိုရှယ်လစ်ပါတီများ တိုင်းပြည်၏အာဏာကို ရရှိနိုင်သည်ကို ငြင်းဆန်ရန် အကြောင်းမရှိပေ။ ကမ္ဘာရာဇ၀င်ကို ကြည့်ပါက -
၁) ဆိုရှယ်လစ်ပါတီဖြစ်သော လေဘာပါတီသည်လည်းကောင်း။
၂) မြန်မာပြည် ဆိုရှယ်လစ်သည်လည်းကောင်း။
၃) ဆွီဒင် ဆိုရှယ်လစ်ပါတီသည်လည်းကောင်း။
၎) နယူးဇီလန် ဆိုရှယ်လစ်ပါတီသည်လည်းကောင်း။
၅) နော်ဝေးနိုင်ငံ ဆိုရှယ်လစ်ပါတီသည်လည်းကောင်း။
သက်ဆိုင်ရာ တိုင်းပြည်၏ အာဏာများကို ပါလီမန်ဒီမိုကရေစီနည်းဖြင့် ရယူခဲ့ကြပေသည်။ သို့ရာတွင် အထက်ဖော်ပြပါ နိုင်ငံများအနက်မှ မည်သည့်နိုင်ငံမျှ ဆိုရှယ်လစ်နိုင်ငံများ ဖြစ်မလာခဲ့ကြချေ။ အကြောင်းမှာ ဒီမိုကရေစီ ဆိုရှယ်လစ်များသည် အရင်းရှင်အဆောက်အအုံများကို ဖျက်ဆီးနိုင်စွမ်း မရှိကြသောကြောင့်ပင် ဖြစ်ပေသည်။
ဆိုရှယ်လစ်တကယ်တမ်း တည်ထောင်လိုလျှင် ဓနရှင်စနစ်ကို ပြတ်ပြတ်သားသား တိုက်ဖျက်ပစ်ရပေမည်။ ပါလီမန်စနစ်ကို တကယ်တမ်း တည်ထောင်၍ရနိုသည်ဟု ယူဆကြသော ဆိုရှယ်လစ်ခါခြင်ကောင်များသည် ဓနရှင်တောင်ကြီးများကို ဖြိုခွင်းနိုင်စွမ်း မရှိကြောင်း ရာဇ၀င်က ထင်ထင်ရှားရှား သက်သေပြခဲ့ပေပြီ။ ထို့ကြောင့် တကယ်တမ်းဆိုရှယ်လစ်နိုင်ငံ တည်ထောင်လိုပါက ပါလီမန်စနစ်ကို စွန့်ပစ်၍ ပြည်သူ့ ဒီမိုကရေစီ (၀ါ) ဒီမိုကရေစီသစ်နှင့် အစားထိုးရပေမည်။
Political Science Part (37)
00:54 HRDP No comments
သမ္မတအုပ်ချုပ်ရေး
သမ္မတအုပ်ချုပ်ရေးဆိုသည်မှာ သတ်မှတ်ထားသော အုပ်ချုပ်ရေးကာလ သက်တမ်းတွင်း ဥပဒေပြု အဖွဲ့ကသော်လည်းကောင်း ပြည်သူများကသော်လည်းကောင်း ဖြုတ်ချ၍မရသော "ခိုင်မြဲသည့် အုပ်ချုပ်ရေး" (Fixed Executive) ပင်ဖြစ်သည်။
သမ္မတအုပ်ချုပ်ရေး၏ ထင်ရှားသောလက္ခဏာများ
၁) သမ္မတအုပ်ချုပ်ရေးစနစ်တွင် အုပ်ချုပ်ရေးဌာန၏ အကြီးအကဲဖြစ်သူ သမ္မတသည် ရုပ်ပြအုပ်ချုပ်ရေးသမား မဟုတ်ပေ။ ထို့ကြောင့် ၄င်းကိုပြည်သူများသာလျှင် တိုက်ရိုက်ရွေးကောက်တင်မြှောက်ရသည်။
၂) သမ္မတကို ဥပဒပြုအဖွဲ့က တင်မြှောက်ခြင်းမဟုတ်ပဲ ပြည်သူများကသာ ရွေးကောက် တင်မြှောက်ခြင်း ဖြစ်သောကြောင့် သမ္မတသက်တမ်းသည် ဥပဒေပြုအဖွဲ့ပေါ်မူတည်ည်။ ဥပဒေပြုအဖွဲ့သည် သမ္မတကိုမကြိုက်သော်လည်း ဖြုတ်မချနိုင်ပေ။ ယင်းသို့ ဥပဒေပြုအဖွဲ့နှင့် လုံးဝင်းလွတ်နေခြင်းသည် သမ္မတကို အုပ်ချုပ်ရေးစနစ်၏ ထူးခြားချက်တစ်ရပ်ပင်ဖြစ်သည်။
၃) သမ္မတအုပ်ချုပ်ရေးနစ်တွင် အစစ်နှင့်ရုပ်ပြအုပ်ချုပ်သမားသည် ပုဂ္ဂိုလ်တစ်ဦးတည်းသာ ဖြစ်သည်။ သမ္မတသည် ရုပ်ပြအနေဖြင့် တိုင်းပြည်၏ အထွတ်အထိပ် ဖြစ်သကဲ့သို့ အစစ်အမှန်အုပ်အုပ်ချုပ်ရေးသမား အနေဖြင့် အုပ်ချုပ်ရေးဌာန၏ အကြီးမားဆုံးသော ပုဂ္ဂိုလ်လည်းဖြစ်သည်။
၎) သမ္မတအုပ်ချုပ်ရေးစနစ်တွင် သမ္မတကိုမဲဆန္ဒပေး၍ တင်မြှောက်ပြီှးလျှင် သတ်မှတ်ထားသော သမ္မတသက်တမ်းအတွင်းတွင် ဖြုတ်မချနိုင်တောပေ။
အမေရိကန်သမ္မတ
အမေရိကန်သမ္မတသည် ရုပ်ပြအုပ်ချုပ်ရေးသမားအနေဖြင့် အမေရိကန်ပြည်ထောင်စု၏ အထွတ်အထိပ်သမ္မတ ဖြစ်ပြီး အစစ်အမှန် အုပ်ချုပ်ရေးသမားအနေဖြင့် အမေရိကန်အုပ်ချုပ်ရေးဌာန အစိုးရအဖွဲ့၏အကြီးဆုံး တာဝန်အရှိဆုံး ပုဂ္ဂိုလ်လည်းဖြစ်သည်။ ထို့ကြောင့်ပင် အမေရိကန်သမ္မတကို ကမ္ဘာပေါ်တွင် တန်ခိုးအကြီးဆုံးသော အုပ်ချုပ်ရေးသမားဟု ယူဆကြသည်။
အမေရိကန်သမ္မတရွေးကောက်ပွဲ
မဲဆန္ဒရှင်လူထုသည် ကော်လိပ်တော်အရာရှိခေါ် ရွေးချယ်ရေးအဖွဲ့ (College of Electros) ကိုရွေးရောက် တင်မြှောက်ရသည်။ အမေရိကန် ဥပဒေပြုအဖွဲ့ (Congress) အမတ်ဦးရေ အပြည့်ရွေးကောက်ပြီး ၄င်းရွေးချယ်ရေးပေါ်အဖွဲ့မှ သမ္မတကို ရွေးကောက်တင်မြှောက်ရသည်။ ထို့ကြောင့် စာဆိုအားဖြင့် ပြည်သူလူထုသည် သမ္မကိသွယ်ဝိုက်၍ ရွေးကောက်တင်မြှောက်ကြရသည်။
သို့ရာတွင် ပါတီစနစ်ကို အသုံးပြုသောကြောင့် ရွေးချယ်ရေးကိုယ်စားလှယ်များက သမ္မတကို မရွေးချယ်သေးမီပင် မည့်သည့် သမ္မတအနိုင်ရရှိကြောင်း သိရှိနိုင်သည်။ ရွေးချယ်ရေး ကိုယ်စားလှယ်များသည် ရွေးကောက်ပွဲကာလ၌ပင် မိမိတို့ ရွေးချယ်ရေးကိုယ်စားလှဝ်အဖြစ် အရွေးးခံရပါက မည်သူ့ကိုသမ္မတ အဖြစ်ရွေးကောက်တင်မြှောက်ရန် မဲပေးပါမည်ဟု ကြေငြာထားကြလေသည်။ ထို့ကြောင့် အမေရိကန်သမ္မတ ရွေးကောက်ပွဲစနစ်ကို တိုက်ရိုက် ရွေးကောက်သောစနစ်ဟုပင် ယူဆရပေမည်။
အမေရိကန်သမ္မတ၏ တန်ခိုးပါဝါများ
အမေရီကန်သမ္မတသည် ၄င်း၏အစိုးရအဖွဲ့ဝင်များအဖြစ် ၄င်းကြိုက်သောသူများကို ရွေးချယ်ခွင့်ရှိသည်။ ပါတီမှ ပုဂ္ဂိုလ်များကိုသာ ရွေးချယ်ရမည်ဟု ကန့်သတ်ချက်မရှိပေ။ သင့်တောင်မည်ထင်သူ မည်သူ့ကိုမဆို ရွေးချယ်ခန့်ထားနိုင်သည်။ ဆီးနိတ်လွှတ်တော်အနေဖြင့်သာ သမ္မတရွေးချယ်ထားသူများကို အတည်ပြုပေးရသော်လည်း ပြင်းပယ်ခွင့်မရှိ။ ထို့ကြောင့် သမ္မတလက်ထဲတွင် အစိုးရအဖွဲ့ဝန်ကြီးများကို ကြိုက်သလို ခန့်ထားခွင့် ပြည်ထောင်စု တရားသူကြီးများကို ကြိုက်သလိုခန့်ထားခွင့် ပြည်ထောင်စုတရားသူကြီးများ ခန့်ထားခွင့်နှင့် အခြားရာထူးများ ခန့်ထားခွင့်အာဏာများ ရှိသည်။
(၂) အမေရိကန် သမ္မတသည် လက်နက်ကိုင်တပ်ပေါင်းစုံ၏ စစ်သေနာပတိ ဗိုလ်ချုပ်ကြီးဖြစ်သည်။ သမ္မတကိုစစ်ရေးစစ်ရာနှင့် စပ်လျဉ်းပြီး အကြံဥာဏ်ပေးရန် တပ်ပေါင်းစု အကြံပေးအဖွဲ့ချုပ် ရှိသော်လည်း သမ္မတသည် အကြံပေးချက်များကို လက်ခံလိုမှ လက်ခံနိုင်သည်။ မကြိုက်လျှင် ငြင်းပယ်နိုင်ပေသည်။ ထို့အပြင် ၄င်းအကြံပေးအဖွဲ့သည် သမ္မတက ခန့်အပ်ထားခြင်းသာ ဖြစ်သည်။ သမ္မ၌ အုပ်ချုပ်ရေးဌာနမှ မည်သူ့ကိုမဆို ဖြုတ်ချနိုင်သောအာဏာရှိသည်။ ဥပမာ ကိုးရီးယား စစ်ပွဲကာလတွင် အမေရိကန်သမ္မတသည် စစ်ဗိုလ်ချုပ် မက်အာသာကို ရာထူးမှ ဖယ်ရှားခဲ့ဖူးသည်။
(၃) အမေရိကန်သမ္မတနှင့် ဥပဒေပြုအဖွဲ့ကို ပါတီကရွေးချယ်ထားခြင်းဖြစ်သည်။ သမ္မတပါတီမှ အမတ်များ လွှတ်တော်ထဲတွင် အများစုဖြစ်နေပါက သမ္မတအနေဖြင့် ၄င်းကြံစည်ချက်များနှင့် ကိုက်ညီသော ဥပဒေများကို ပြုလုပ်စေခိုင်းနိုင်သည်။
ထို့ကြောင့် အမေရိကန်သမ္မတဥပဒေပြုခြင်းကို သြဇာလွှမ်းမိုးနိုင်သော တန်ခိုးပါဝါရှိသည်။ သမ္မတသက်တမ်း ၄ နှစ်ဖြစ်ပြီး ဆီးနိတ်အမတ်တို့၏ ၁/၃ နှင့် အောက်လွှတ်တော် အမတ်အားလုံးတို့ကို ၂ နှစ် ၁ ခါ အသစ်တစ်ဖန် ရွေးကောက်တင်မြောက်ရသောကြောင့် သမ္မတသက်တမ်းအတွင်း ဥပဒေပြုအဖွဲ့၌ ၄င်းသမ္မတ၏ ပါတီမှအမတ်များ လူနည်းစုဖြစ်သွားနိုင်သည်။ ယင်းသို့ဖြစ်လာပါမူ သမ္မတအနေဖြင့် ဥပဒေပြုအဖွဲ့အပေါ် သြဇာမရှိနိုင်၊ သို့ရာတွင် သမ္မတ၀ီလဆင်လက်ထက်၌ သမ္မတပါတီမှ အမတ်များ ဥပဒေပြုအဖွဲ့အတွင်း လူနည်းစုဖြစ်ခဲ့ရပြီးနော်က ယနေ့အထိမူ ထိုသို့မဖြစ်သေးပေ။ သမ္မတပါတီမှ အမတ်များသည် ဥပဒေပြုအဖွဲ့ထဲ၌ အမြဲတမ်းဖြင့် လူများစုဖြစ်၏။ ထို့ကြောင့် သမ္မတအနေဖြင့် ၄င်း၏ ၀ါဒလမ်းစဉ်နှင့် ကိုက်ညီသော ဥပဒေများကို ပြုလုပ်စေခိုင်းခြင်းဖြင့် သမ္မတသည် ဥပဒေပြုအဖွဲ့အပေါ် သြဇာလွှမ်းမိုးနိုင်ခြင်းသည် သမ္မတ၏ တန်ခိုးပါဝါ တစ်ခုပင်ဖြစ်သည်။
(၄) သမ္မတတွင် ဥပဒေပြုအဖွဲ့မှ ပြုလုပ်လိုက်သာ ဥပဒေများကို ဗီတို (Veto) ခေါ် တစ်ချက်လွှတ်အမိန့်အာဏာဖြင့် ပယ်ချနိုင်သော အာဏာရှိသည်။ သမ္မတသည် ဥပဒေပြုအဖွဲ့၌ ၄င်း၏ ပါတီမှ အမတ်များလူနည်းစု ဖြစ်နေသောကြောင့် ၄င်း၏၀ါဒလမ်းစဉ်နှင့် မကိုက်ညီသော ဥပဒေများကို ဥပဒေပြုအဖွဲ့က ပြုစုလျှင်ဗီဒိုအာဏာဖြင့် ပယ်ချနိုင်သည်။ သမ္မတက ဗီဒိုအာဏာဖြင့် ပယ်ချထားသော ဥပဒေကို လွှတ်တော်သို့ ပြန်လည်တင်ပြပြီး လွှတ်တော်နှစ်ခုစလုံးက ၂/၃ သော အမတ်များကထော်ကခံရန်မှာ ဖြစ်နိုင်ခဲသော ကိစ္စတစ်ရပ်သာဖြစ်သည်။ ထို့ကြောင့် သမ္မတသည် ဥပဒေပြုဗီတိုအာဏာ (Legislative Veto) သည် အလွန်ထက်မြက်သော အာဏာဖြစ်သည်။
(၅) သမ္မတသည် အုပ်ချုပ်ရေးဌာန၏ အာဏာပိုင်ဖြစ်သည့်အလျောက် ရှိပေသည်။ ဥပဒေပြုအဖွဲ့အနေဖြင့် နိုင်ငံခြားရေးဝါဒကိုမူချထားသော်လည်း စေ့စပ်ဆွေးနွေးရေး၊ အပြည်ပြည်ဆိုင်ရာ ဆက်ဆံရေးပမာဏတို့သည် သမ္မတ၏ လက်ထဲ၌သာရှိကြ၏။ ထို့ပြင် ဥပဒေပြုအဖွဲ့ပသည် သမ္မတ၏အလိုဆန္ဒနှင့်ကိုက်ညီသော နိုင်ငံရေးဝါဒကိုသာ ချမှတ်လေ့ရှိ၏။ သမ္မတသည်စစ်ကြေငြာ နိုင်ခြင်းမရှိသော်လည်း စစ်ဖြစ်ရန်မလွှဲရှောင်သာဟု ယုံကြည်ပြီး စစ်ကြေငြာလိုလျှင် စေ့စပ်ပြောဆုမှုကို အဆုံးသတ်ခွင့်ရှိသည်။ ယင်းသို့ စေ့စပ်ပြောဆိုမှု ရုပ်သိမ်းပြီးသောအခါ ကွန်ဂရက်လွှတ်တော်ကသာ စစ်ကြေငြာရလေသည်။ ထို့ကြောင့် သမ္မတတွင် အပြည်ပြည်ဆက်ဆံရေးအာဏာနှင့် နိုင်ငံခြားရေးမူဝါဒချမှတ်ခွင့် အာဏာများလည်း ရှိသည်။
(၆) သမ္မတသည် ဥပဒေပြုလွှတ်တော်သို့ တက်ရောက်၍ ဥပဒေပြုခြင်း လုပ်ငန်းများကို မပြုလုပ်သော်လည်း ဥပဒေပြုအဖွဲ့အနေဖြင့် စည်းဝေးကျင်းပရန်လိုအပ်လျှင် စည်းဝေးခေါ်ယူကျင်းပစေသည်။ သို့ရာတွင် လိုအပ်ပါက အလိုရှိတိုင်း ခေါ်ယူကျင်းပစေခိုင်းနိုင်ပေသည်။
(၇) ၁၉၄၆ ခုနှစ် အနုမြူအင်အား အက်ဥပဒေ (The Atomic Energy Act of 1946 ) အရ အမေရိကန် သမ္မတတွင် အနုမြူဗုံးကို အသုံးပြုရန် နောက်ဆုံးအမိန့်ပေးခွင့်အာစာ ရှိသည်။
Political Science Part (38)
00:56 HRDP No comments
သမ္မတအာဏာကိုကန့်သတ်ချက်များ
ကမ္ဘာပေါ်တွင်ရှိသော အုပ်ချုပ်ရေးဌာနတို့၏ အာဏာများထဲတွင် အမေရိကန်အုပ်ချုပ်ရေးဌာနမှ အမေရိကန် သမ္မတအုပ်ချုပ်ရေး ဌာနမှ အမေရိကန်သမ္မတ၏ အုပ်ချုပ်ရေးအာဏာသည် တန်ခိုးပါဝါအကြီးဆုံးဖြစ်သည်။ သို့ရာတွင် အမေရိကန် သမ္မတအာဏာမှာလည်း အကန့်အသတ်မရှိသော အာဏာမဟုတ်ချေ။ သမ္မတအာဏာကို ကန့်သတ်ထားကြ၏ ယင်းသို့ ကန့်သတ်မထားလျှင် သမ္မတလည်း အာဏာရှင်ဖြစ်လာပေမည်။ ထို့ကြောင့် အောက်ဖော်ပြပါအတိုင်း အမေရိကန် သမ္မတ၏ အာဏာများကို ကန့်သတ်ထားပေသည်။
၁) ဒုတိယဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေပြင်ဆင်ချက်အရ မည်သည့်ပုဂ္ဂိုလ်မျှ အမေရိကန်သမ္မတအဖြစ် နှစ်ကြိမ်ထက်ပို၍ ဖြစ်နိုင်ခွင့်မရှိပေ။
သို့ရာတွင် အမေရိကန်လွတ်လပ်ရေးရရှိသော ၁၇၈၃ မှ စ၍ ယနေ့သမ္မတ ဂျွန်ဆင်လက်ထက်အထိ အမေရိကန် သမ္မတပေါင်း ၃၆ ယောက်ရှိသည့်အနက် "၃၁" ကြိမ်မြောက်ဖြစ်သော သမ္မရူးစဘဲတ် (Roosevelt) သည် ၁၉၃၃ ခုနှစ်မှစ၍ ၁၉၄၅ ခုနှစ်အထိ သမ္မတဖြစ်ခဲ့သောကြောင့် နှစ်ကြိမ်ထက်ပို၍ သမ္မတဖြစ်ခဲ့ရသည်ကို တွေ့ရှိရသည်။ ယင်းသို့ ကန့်သတ်ချက်ထက် အကြိမ်ပို၍ သမ္မဖြစ်ရခြင်းမှာ ၄င်းသမ္မတနှစ်ကြိမ်သက်တမ်းအတွင်း ဒုတိယကမ္ဘာစစ်ဖြစ်သောကြောင့်ပင် ဖြစ်သည်။
၂) သမ္မတသည် အုပ်ချုပ်ရေးဌာန၏ အာဏာပိုင်ဖြစ်သော်လည်း ဥပဒေပြုအဖွဲ့ကို ဖျက်သိမ်းနိုင်ခွင့်မရှိပေ။ ဥပဒေပြုအဖွဲ့အနေဖြင့်လ်း သမ္မတကို ဖြုတ်မချနိုင်သောကြောင့် အုပ်ချုပ်ရေးဌာနနှင့် ဥပဒေပြုဌာနတို့သည် အကြမ်းအားဖြင့် တန်ခိုးအာဏာတူမျှသည်။ သို့ရာတွင် သမ္မတ၏ အပြည်ပြည်ဆိုင်ရာ စာချုပ်များည် စီးနိတ်လွှတ်တော်က သဘောတူမှသာလျှင် အတည်ဖြစ်နိုင်သည်။ ထို့ကြောင့် အမေရိကန်သမ္မတသည် အပြည်ပြည်ဆိုင်ရာ စာချုပ်များကို ၄င်း၏သဘောအတိုင်း ချုပ်ဆိုနိုင်ခွင့် မရှိပေ။
၃) သမ္မတသည် အုပ်ချုပ်ရေးကိစ္စမှန်သမျှ တာဝန်ယူ၍ ဆောင်ရွက်ရသော်လည်း ၄င်းအုပ်ချုပ်ရေး ကိစ္စများနှင့် စပ်လျဉ်း၍ ငွေသုံးစွဲခွင့်ကိုမူ ဥပဒေပြုအဖွဲ့က ချုပ်ကိုင်ထားပေသည်။ ထို့ကြောင့် သမ္မတသည် ဥပဒေပြုအဖွဲ့၏ ခွင့်ပြုချက်ရမှသာလျှင် အုပ်ချုပ်ရေး၊ စီမံကန်းစသည်တို့အတွက် ငွေကြေးသုံးစွဲရပေသည်။
အမေရိကန်သမ္မတအုပ်ချုပ်ရေးစနစ်၏ ကောင်းကျိုးများ
၁) ပါလီမန်အုပ်ချုပ်ရေးစနစ်တွင် မတွေ့ရှိနိုင်သော ကောင်းကျိုးများကို သမ္မတအုပ်ချုပ်ရေးစနစ်တွင် တွေ့ရှိနိုင်သည်။ အုပ်ချုပ်ရေးဌာနသည် ဥပဒေပြုဌာနနှင့် လုံးဝကင်းလွှတ်နေခြင်းသည် သမ္မအုပ်ချုပ်ရေးစနစ်၏ လက္ခဏာတစ်ရပ်ဖြစ်သည်။ အုပ်ချုပ်ရေးအဖွဲ့သည် ဥပဒေပြုအဖွဲ့နှင့် ကင်းလွှတ်နေသောကြောင့် ပြည်တွင်းစစ်များနှင့် လုပ်ကြံမှုများဖြစ်နိုင်သည်။
၃) ဥပဒေကို အခြေအနေနှင့် လိုက်လျောကိုက်ညီအောင် ပြုစုပြဌာန်းရန် အလွန်အရေးကြီးသည်။ ယင်းသို့အခြေအနေနှင့် လိုက်လျောကိုက်ညီအောင် ပြုစုပြဌာန်းခွင့် ရှိမှသာလျှင် ဖြစ်နိုင်ပေမည်။ ပါလီမန်အုပ်ချုပ်ရေးစနစ်တွင် အုပ်ချုပ်ရေးဌာနမှ ကက်ဘိနက်အဖွဲ့ဝင် ၀န်ကြီးအားလုံးတို့သည် ဥပဒေပြုအမတ်များ ဖြစ်ကြသောကြော့် ဥပဒေပြုအဖွဲ့တွင် လမ်းညွှန်ကော်မတီသဖွယ် ဖြစ်နေ၏။ ထိုကြောင့် တိကျပြတ်သားသော ဥပဒေများ၊ အခြေအနေနှင့် ဟပ်မိသောဥပဒေများ၊ တကယ်တမ်းလိုအပ်သည့် လုံးဝင်းလွတ်နေကြသည့်အလျောက် အခြေအနေနှင့် ဟပ်မိသော ဥပဒေများကိုလည်း ပြုစုနိုင်လိမ့်မည် မဟုတ်ပေ။ ထိုကြောင့် အုပ်ချုပ်ရေးစက်ယန္တယားတွင် ချွတ်ယွင်းချက်များဖြစ်ပေါ်နိုင်သည်။
၎) သမ္မတအုပ်ချုပ်ရေးစနစ်ကို အသုံးပြုသော နိုင်ငံအစစ် အုပ်ချုပ်ရေးသမားတို့နှင့် ရုပ်ပြအုပ်ချုပ်ရေးသမားတို့ (National And Real Executive) မှာ ကွဲပြားခြားနားမှု မရှိချေ။ သမ္မတသည် အာာပိုင်အုပ်ချုပ်ရေးသမား ဖြစ်သကဲ့သို့ ရုပ်ပြအုပ်ချုပ်ရေးသမားလည်းဖြစ်သည်။ ထို့ကြောင့် သမ္မတသည် အာဏာပိုင် အုပ်ချုပ်ရေးသမား တစ်ယောက်အနေဖြင့် တိုင်းပြည်အုပ်ချုပ်ရေး စက်ယန္တရားကို မောင်နှင်နေရပြီး၊ တစ်ဘက်တွင်လည်း အာဏာမပိုင်သော ရုပ်ပြအုပ်ချုပ်ရေးသမား တစ်ယောက်အနေဖြင့် အရေးမကြီးသော အခမ်းအနား ပွဲလမ်းသဘင် ကပွဲ၊ ပြပွဲများ ဖွင်ပေးခြင်း အဆောက်အဦးအုပ်မြစ်ချခြင်း စသောအလုပ်များကို ပြုလုပ်ရပေသည်။ ယင်းသို့ ရုပ်ပြအုပ်ချုပ်ရေးသမား ပြုလုပ်ရမည့် ကစ္စအ၀၀ကို ဆောင်ရွက်နေရခြင်းဖြင့် အုပ်ချုပ်ရေး လုပ်ငန်းများ လစ်ဟင်းစေနိုင်သည်။
Political Science Part (39)
00:59 HRDP No comments
တရားစီရင်ရေးဌာန
တရားဥပဒေဆန့်ကျင်ချိုးဖောက်သူများကို အပြစ်ပေးရန် တရားစီရင်ရေးဌာန၏ အဓိကတာဝန်ဝတ္တရား ဖြစ်ပေသည်။ တရားစီရင်ရေးဌာနသည် လူတိုင်းကို တရားဥပဒေအရ ကာကွယ်ပေးရသောကြောင့် လူတစ်ဦးကို တခြားတစ်ဦးက သော်လည်းကောင်း လူအများနှင့် အစိုးရကသော်လည်းကောင်း တရားဥပဒေမဲ့ ထင်တိုင်းမလုပ်နိုင်အောင် ကာကွယ်မှုပြရသည်။ ထို့ကြောင့် တရားစီရင်ရေးဌာနကို ပုဂ္ဂိုလ်တိုင်း၏ စောင့်ထိန်းကာကွယ်သူအဖြစ် နားလည်ကြပေသည်။ ပြည်ထောင်စု နိုင်ငံများတွင်မူ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေရေးရာနှင့် စပ်လျဉ်းပြီး အချင်းများနိုင်သည်။ယင်းသို့ အချင်းများလာလျှင် ကိုးကားကိုင်စွဲ၍ ဖြေရှင်းရသည်။ သို့ရာတွင် ပြည်ထောင်စု နိုင်ငံများရှိ တရားစီရင်ရေးဌာနတို့၏ တန်ခိုးအာဏာတစ်ခုနှင့် တစ်ခု မတူညီသညို သတိပြုရပေမည်။
အထက်ပါအကြောင်းများကို ထောက်ရှုလျှင် တရားစီရင်ရေးဌာန၏ အဓိကအရေးကြီးဆုံးတာဝန်မှာ အုပ်ချုပ်ရေးနှင့် စပ်လျဉ်းပြီး တရားမျှတမှုရှိအောင် ဆောင်ရွက်ပေးရန်ပင်ဖြစ်ကြောင်း ထင်ရှားသည်။ ပြည့်ဝသော တရားမျှတမှုကို လူတိုင်းရရှိခံစားနိုင်စေရန် တရားစီရင်ရေးဌာနသည် အစိုးရအဖွဲ့၏ ကျန်နှစ်ဌာနတို့၏ လွှမ်းမိုးမှုမှ လုံးဝကင်းလွတ်ရန်လခိုအပ်ပေသည်။ ထို့ပြင် တကယ်တမ်း ဖြောင့်မှန် တရားမျှတသော ဆုံးဖြတ်ချက်များ ပေးနိုင်ရန် အမက်ဒေါသထွက်နေသော လူထု၏ အလိုဆန္ဒလွှမ်းမိုးမှုတို့မှလည်း ကင်းလွတ်ရပေမည်။ ယင်းသို့ဖြစ်လာနိုင်စေရန် နည်းအမျိုးမျိုးကို အသုံးပြုသောကြောင့် တရားသူကြီးများကို ခန့်အပ်ရာ၌လည်းကောင်း၊ ဖြုတ်ချရာ၌လည်းကောင်း တစ်နိုင်ငံနှင့် တစ်နိုင်ငံ မတူညီကြချေ။
တရားသူကြီးများခန့်အပ်ပုံ
၁) တရားသူကြီးများကို ပြည်သူလူထုက ရွေကောက်တင်မြောက်ခြင်း။
၂) ဥပဒေပြုအဖွဲ့က ရွေးကောက်တင်မြှောက်ခြင်း။
၃) ရွေးချယ်ရေးဌာနက ရွေးချယ်ခန့်အပ်ခြင်း။
၁)အမေရိကန်ပြည်ထောင်စုမှ များစွာသော ပြည်နယ်တို့တွင် တရားသူကြီးများကို ပြည်သူများကိုယ်တိုင် ရွေးကောက် တင်မြောက်ကြသည်။ ဤနည်းသည် အာဏာခွဲဝေသောစနစ် (Seperation Of power) နှင့် ကိုက်ညီသောကြောင့် ဒီမိုကရေစီကျသောနည်းဟူ၍ ယူဆကြ၏။ သို့ရာတွင် ၄င်းနည်း၌ ချွင်းချက်များရှိနေသည်ကို အောက်ပါအတိုင်း တွေ့ရှိရပေသည်။
(က)သာမန်မဲဆန္ဒရှင်တို့သည် တရားရေးရာများနှင့် စပ်လျဉ်းပြီး နားမလည်ကြသောကြောင့် တရားသူကြီးလောင်းတို့၏ တကယ့်အရညအချင်းများကို သိနိုင်ကြလိမ့်မည် မဟုတ်ပေ။ ထို့ကြောင့် မဲဆန္ဒရှင်တို့သည် တရားရေးရာနှင့် စပ်လျဉ်းပြီး အရည်အချင်းပြည့်ဝသော သူထက် ထင်ပေါ်ကျော်စောသူကို ရွေးကောက်တင်မြောက်ကြပေလိမ့်မည်။
(ခ)တရားသူကြီးများကို ရွှေးကောက်တင်မြှောက်လျှင် နိုင်ငံရေးပါတီတို့မှ ပုဂ္ဂိုလ်များဝင်ရောက် အရွှေးခံကြပေလိမ့်မည်။ အကျင့် သီလသမာဓိတို့နှင့် ပြည့်စုံကြပြီး ပါတီနိုင်ငံရေးနှင့် ကင်းရှင်းသော ပုဂ္ဂိုလ်များအနေဖြင့် ကင်းရှင်းသော ပုဂ္ဂိုလ်များအနေဖြင့် တရားသူကြီး ရွှေးကောက်ပွဲတွင် ၀င်ရောက်ပြိုင်ဆိုင်လိုကြမည် မဟုတ်ပေ။ ထို့ကြောင့် တရားသူကြီးကောင်းများ မရရှိနိုင်ပဲ ပါတီသံယောဇဉ်ဖြင့် မျက်နှာလိုက်တတ်သော နိုင်ငံရေးရာသူကြီးများ ကြီးစိုးသည့်အောက်တွင် ပြည်သူတို့ဒုက္ခရောက်ကြရပေလိမ့်မည်။
(၂)အမေရိကန်ပြည်ထောင်စု၏ တချို့ သောပြည်နယ်များတွင် တရားသူကြီးများကို ဥပဒေပြုအဖွဲ့ အရွှေးအကောက် တင်မြှောက်ကြသည်။ ဆွစ်ဇာလန်ပြည်ထောင်စု တရားသူကြီးများကိုလည်း ပြည်ထောင်စုဥပဒေပြုအဖွဲ့က ရွှေးကောက်တင်မြှောက်ရ၏။ ဥပဒေပြုအဖွဲ့မှ အမတ်များသည် မဲဆန္ဒရှင် လူထုထက်အရည်အချင်းရှိသောကြောင့် ၄င်းအဖွဲ့မှ ရွှေးကောက် တင်မြှောက်သော တရားသူကြီးများသည် မဲဆန္ဒရှင် ပြည်သူတို့က ရွှေးကောက်တင်မြောက်သော တရားသူကြီးများထက် အဆင့်အတန်းမြင့်လိမ့်မည်ဟု ယုံကြည်ယူဆကြသည်။ သို့ရာတွင် အောက်ပါအတိုင်း ချို့ ယွင်းချက်တစ်ခုကို တွေ့ရှိရသည်။
ဥပဒေပြုအဖွဲ့တွင် အာဏာရပါတီ၏ အမတ်ဦးရေက အများစုဖြစ်နေသောကြောင့် အာဏာရပါတီသည် ၄င်း၏ဥပဒေပြုအဖွဲ့မှ အမတ်များကို အသုံးချပြီး မှန်ကန်စွာ ဆုံးဖြတ်နိုင်မှ အရည်အချင်း ပြည့်ဝမှုတိုပါတီကို သစ္စာရှိသော သူများကိုသာ တရားသူကြီး များအဖြစ်ဖြင့် ရွှေးကောက်တင်မြှောက်ကြပေလိမ့်မည်။ ပါတီမှ မြှောက်စားလိုက်သော တရားသူကြီးသည် ပါတီအတွက်သာ အဓိကားပြုမူလုပ်ဆောင်ကြမည်ဖြစ်သောကြောင့် တရားသူကြီးများတွင် ရှိအပ်သော
(၁) မျက်နှာမလိုက်ခြင်း။
(၂)ရိုးသားဖြောင့်မတ်ခြင်း။
(၃) သန့်ရှင်းစင်ကြယ်ခြင်း။
(၄)လွတ်လပ်ခြင်း အစရှိသော အရည်အချင်းများကို ဖျက်ဆီးပစ်ကြပေလိမ့်မည်။ ယင်းသို့သော တရားသူကြီးများ လက်အောက်ရှိ ပြည်သူလူထုသည် "ကျားသနားမှ နွားချမ်းသာ" ဘ၀မျိုးတွင် ကျရောက်နေကြရပေလိမ့်မည်။
(၃)အထက်ဖော်ပြပါ အကြောင်းများကြောင့် မျက်မှောက်ခေတ် နိုင်ငံအများအပြားတွင် တရားသူကြီးများကို အုပ်ချုပ်ရေးဌာနက ခန့်အပ်သော နည်းကို အသုံးပြုကြသည်။ ဤနည်းမှာလည်း ပါတီသံယောဇဉ် ကင်းနိုင်သော နည်းတစ်ရပ်မဟုတ်သေးပေ။ သို့ရာတွင် ပထမနည်းတိုးတက်မှု ကောင်းမွန်ကြောင်း လက်တွေ့အားဖြင့် တွေ့ရှိကြရပေမည်။ တရားစီရင်ရေး ဌာနနှင့် စပ်လျဉ်းပြီး ဤမျှနှင့် ကျေနပ်နိုင်စရာ အကြောင်းမရှိပေ။
ထို့ကြောင့်ပြည်သူတို့ တရားမျှတမှု အပြည့်အ၀ခံစား နိုင်စေရန် အောက်ဖော်ပြပါ နည်းများကို အသုံးပြုကြပေသည်။
(၁)ကမ္ဘာ့နိုင်ငံတိုင်းလိုတွင်ရှိကြသော တရားသူကြီးတို့၏ တရားသူကြီးသက်တမ်းသည် အမြဲတမ်းဖြစ်ကြ၏ တရားသူကြီးတစ်ယောက်သည် အကျင့်သီလပျက်ပြီး လာဘ်စားခြင်း စသောတရားဥပဒေ တစ်ခုခုကိုမျှ ချိုးဖောက်ခြင်းမရှိလျှင် ၄င်း၏ရာထူးမှာ ရာသက်ပန်တည်မြဲနိုင်သည်။ တရားသူကြီး တစ်ယောက်သည် ကောင်းစွာကျင့်ကြံပြုမှု နေသမျှ ၄င်းကိုမည်သူကမျှ ဖြုတ်မချနိုင်ပေ။ ထို့ကြောင့် တရားသူကြီးသည် ပြည်သူတို့အပေါ် "တရားမိုး" ရွာသွန်းဖြိုးနိုင်ပေလိမ့်မည်။
(၂)တရားသူကြီးများ တရားဆုံးဖြတ်ရာတွင် လွတ်လပ်မှုနှင့် လုံခြုံမှုရှိစေရန် ၄င်းတရားသူကြီးများကို ခန့်အပ်နိုင်သူနှင့် ဖြုတ်ချနိုင်သူကို တစ်ဦးစီထားရှိရပေသည်။ များစွာသော နိုင်ငံများတွင် တရားသူကြီးများကို အုပ်ချုပ်ရေးဌာနကသာ ခန့်အပ်လေ့ရှိသည်။ ၄င်းတရားသူကြီးများတွင် အပြစ်ရှိလာသောအခါ ဥပဒေပြုအဖွဲ့က ဖြုတ်ချရ၏ အမေရိကန်တွင် ဆီးနိတ်၏ သဘောတူညီချက်ဖြင့် သမ္မတကပြည်ထောင်စု တရားသူကြီးကို ခန့်အပ်ရသည်။ တရားသူကြီးအနေဖြင့် အပြစ်တစ်စုံတစ်ရာကို ကျူးလွန်လျှင် စွဲချက်တင်၍ ဥပဒေပြုအဖွဲ့က ဖြုတ်ချနိုင်သည်။
အင်္ဂလန်နိုင်ငံတွင်မှု လွှတ်တော်ချုပ်တရားသူကြီးများကို ချန်ဆယ်လာ၏ အကြံပေးတင်ပြချက် အတိုင်းဘုရင်ခန့်အပ်ရသည်။ ချန်ဆယ်လာကို တရားသူကြီး ချုပ်အနေဖြင့် ယူဆကြသည်။ တရားသူကြီးများကို လွှတ်တော်နှစ်ရပ်ပေါင်းက ဖြုတ်ချနိုင်သည်။
(၃)တရားမျှတသော ဆုံးဖြတ်ချက်များ ပေးနိုင်ရန် တရားသူကြီးများအတွက် အရေးကြီးဆုံးသော အချက်မှာ စိတ်ရူးပေါက်နေသော ပြည်သူတို့၏ အလိုဆန္ဒလွှမ်းမိုးမှုမှ ကင်းလွတ်ရန်ပင်ဖြစ်သည်။ ဆိုလိုသည်မှာ ပြည်သူတို့အနေဖြင့် မမှန်မကန် မကောင်းသော ဆုံးဖြတ်ချက်ဟု ယူဆန္ဒနေကြသော်လည်း တရားသူကြီးအနေဖြင့် ၄င်းမှန်သည်ထင်ရာကို ရဲရဲဝံ့ဝံ့ဆုံးဖြတ်ဆုံးဖြတ်ချက် ပေးဝံ့ရန်ပင်ဖြစ်သည်။ တရားသူကြီး တစ်ယောက်အနေဖြင့် ပြည်သူလူထု အလိုဆန္ဒလွမ်းမိုးခံရပါမှု "မြည်းတစ်ကောင်နှင့် သားဖ နှစ်ယောက်" ပုံပြင်ကဲ့သို့ ဖြစ်သွားပေလိမ့်မည်။ ထို့ကြောင့်တရား သူကြီးများအပေါ် ပြည်သူဆန္ဒ လွှမ်းမိုးမှုမရှိနိုင်စေရန် တရားသူကြီးများကို ရွှေးကောက်တင်မြောက်ခြင်း မပြုအပ်ပေ သို့မှသာလျှင် တရားသူကြီးတို့၏ တရားဆုံးဖြတ်ချက်များသည် ပြည်သူတို့၏ စိတ်ရူးပေါက်သော အလိုဆန္ဒများ လွှမ်းမိုးခြင်းတို့မှ ကင်းလွန်ပြီးတရားမျှတ နိုင်ပေမည်။
(၄)တရားသူကြီးများကို အဆင့်အတန်းမြင့်မားစွာ နေထိုင်စေရန် လုံလောက်သောလစာ ပေးထားသင့်ပေသည်။ သို့မှသာလျှင် လာဘ်စား၍ မျက်နှာလိုက်ဆုံးဖြတ်ပေးမှုတို့မှ ကင်းလွတ်နိုင်ပေမည်။
(၅)တရားသူကြီးများကို ခန့်အပ်ရာတွင်လည်း ပါတီသံယောဇဉ်ရှိသူများကို မခန့်အပ်ဘဲ ရိုးသားဖြောင့်မတ်၍ အရည်အချင်းရှိသော ပုဂ္ဂိုလ်များကို ခန့်အပ်သင့်သည်။
Political Science Part (40)
01:01 HRDP No comments
အင်္ဂလန်တရားစီရင်ရေးဌာန
အင်္ဂလန်တရားစီရင်ရေး လွတ်လပ်မှုကို ၁၇၀၀ ခုနှစ် ဥပဒေဖြင့် အာဏာအကွယ် ပေးထားရသည်။ တရားသူကြီးများကို ဘုရင်က ခန့်အပ်ပြီး ၄င်းတရားသူကြီးတို့သည် ဥပဒေတစ်ခုခုကို မကျူးလွန်သမျှကာလပတ်လုံး ရာထူးတည်မြဲခွင့်ရရှိကြသည်။ တရားသူကြီးမျာကို လွှတ်တော်နှစ်ရပ်ပေါင်းကသာဖြုတ်ချနိုင်၏ သို့ရာတွင် တရားသူကြီးလေးများကိုမူ လော့ချရန် ဆယ်လာက ထုတ်ပယ်ပစ်နိုင်သည်။ ယင်းသို့ လော့ချရန်ဆယ်လာက ထုတ်ပယ်မှုမျိုးမှာလည်း အလွန်ပြုလုပ်ခဲ့သော ကိစ္စတစ်ရပ် ဖြစ်သောကြောင့် တရားသူကြီးလေးတို့ ရာထူးမှာလည်း ခိုင်မြဲကြောင်းသိသာ နိုင်ပေသည်။
ပြင်သစ်တရားစီရင်ရေးဌာန
ပြင်သစ်နိုင်ငံတွင် တရားသူကြီးများကို အုပ်ချုပ်ရေးဌာနက စာမေးပွဲစစ်၍ ခန့်အပ်သည်။ ယင်းသို့ စာမေးပွဲကို ယှဉ်ပြိုင်ဖြေဆို၍ ရွေးချယ်ခန့်အပ်ထားသောကြောင့် အရည်အချင်းပြည့်ဝသော တရားသူကြီးများကို ရရှိနိုင်ပေသည်။ တရားသူကြီးများကို နောက်ဆုံးအယူခံရုံးချုပ် (The Final Court of Appeal) ခေါ်ရာထူးချထားရေး တရားရုံး (Court of Cessation) က ဖြုတ်ချနိုင်သည်။ ၄င်းတရားရုံးတွင် တရားသူကြီး ၇ ဦး ပါဝင်သော ကော်မတီက ရုံးထိုင်၍ စဉ်းစားဆုံးဖြတ်သည်။ တရားသူကြီးများကို ရာထူးမှ ထုတ်ပယ်ခြင်းပြုလုပ်ကြသည်။
တရားစီရင်ရေးဌာနအမျိုးမျိုးအကြောင်း
(၁) Rule of Law ပြည်သူ့ဥပဒေ
(၂) The Droit Administrative ရာထမ်းမှုထမ်းဥပဒေ
ကမ္ဘာပေါ်တွင် တရားစီရင်ရေးဌာန အနမျိုးအစားအားဖြင့် နှစ်မျိုးသာရှိသည်။ ၄င်းတို့မှာ တိုင်းသူပြည်သားအားလုံး အတွက် တရားဥပဒေ တစ်မျိုးတစ်စားတည်းသာ ထားရှိသော "ပြည်သူ့ဥပဒေ" Rule of Law နှင့် တခြားတစ်ခုမှာ အစိုးရ အရာထမ်းမှုထမ်းများအတွက် ဥပဒေတစ်မျိုး သာမန်တိုင်းသူပြည်သားများအတွက် ဥပဒေတစ်မျိုးထား၍ တရားစီရင်သော "ရာထမ်းမှုထမ်း" The Droit Administrative Law တို့ပင်ဖြစ်ကြသည်။ ယင်းတရားဌာနနှစ်မျိုးတို့၏ ကွဲပြားခြားနားမှုသည် အဓိကအားဖြင့် တရားစီရင်ရေးဌာနနှင့် အုပ်ချုပ်ရေးဌာနတို့၏ ဆက်သွယ်ပုံပေါ်တွင် မူတည်နေကြောင်း တွေ့ ရှိနိုင်၏။
အကယ်၍ တရားစီရင်ရေးဌာနသည် အုပ်ချုပ်ရေးဌာန၏ ချယ်လှယ်လွှမ်းမိုးမှုတို့မှ လုံးဝကင်းလွတ်နေလျှင် "ပြည်သူ့ဥပဒေစနစ် " Rule of Law ဖြစ်ပြိး တရားစီရင်ရေးဌာနသည် အုပ်ချုပ်ရေးဌာနနှင့် ဆက်သွယ်ပုံပေါ်တွင် မူတည်နေကြောင်း သိသာနိုင်ပေသည်။ တနည်းအားဖြင့် ၄င်းတရားစီရ၈်ရေးစနစ်များကို လွယ်ကူအောင် မှတ်လိုပါက ပထမစနစ်ကို ဥပဒေတစ်မျိုးတည်းရှိသော စနစ်ဟုမှတ်ယူပြီး ဒုတိယစနစ်ကိုမူ ဥပဒေနှစ်မျိုးစနစ်ဟူ၍ မှတ်ယူနိုင်ပေသည်။ ၄င်းစနစ်နှစ်မျိုးတို့၏ အကျိုး အပြစ်များကို ဝေဖန်စီစစ် မကြည့်မီ ၄င်းတရားဥပဒေများကို အသုံးပြုသည့် တရားစီရင်ရေးဌာနတို့၏ ဖွဲ့စည်းမှုကို လေ့လာကြည့်ကြပါစို့။
ဥပဒေတစ်မျိုးစနစ်
ဥပဒေတစ်မျိုးဆိုသည်မှာ တစ်နိုင်ငံလုံမှ ပြည်သူတိုင်းအတွက် ဥပဒေတစ်မျိုး တစ်စားတည်းဖြင့် စီရင်ဆုံးဖြတ်သော စနစ်ပင်ဖြစ်သည်။ ဘုရင်သည်လည်းကောင်း၊ သူတောင်းစားသည်လည်းကောင်း တူညီသော ဥပဒေတစ်ခုခုကို ချိုးဖောက်လျှင် ထိုနှစ်ဦးအပြစ်တူညီစွာ ခံကြရလိမ့်မည်။ ထို့ကြောင့် "ဥပဒေတစ်မျိုး" စနစ်တွင် မည်သူတစ်စုံတစ်ယောက်မျှ ဥပဒေအပေါ်၍ မရှိကြပေ။ တိုင်းပြည်၏ အထွဋ်အထိပ်ဖြစ်ကြသော ဘုရင်နှင့် သမ္မတတို့မှအစ တိုင်းပြည်၏အောက်ဆုံးလွှာမှ ကျေးကျွန်တောင်းစားသူများအထိ မည်သူမျှဥပဒေပြင်ပတွင် မရှိကြပေ။ ဥပဒေမျက်စိ ရှေ့ မှောက်၌ လူတိုင်းသည် အတူတူသာဖြစ်၏။ ယင်းဥပေးတစ်မျိုးတည်းသော စနစ်သည် ဒီမိုကရေစီကျသောကြောင့် ကမ္ဘာ့နိုင်ငံအများစုတွင် အသုံးပြုလျက်ရှိကြပေသည်။
ဥပဒေတစ်မျိုးစနစ်တွင် တရားသူကြီးများကို ဥပဒေပြုထားသည်ကို တွေ့ရှိပေသည်။ ဥပဒေပြုအဖွဲ့မှ ပြုလုပ်လိုက်သော ဥပဒေများသည် အခြေအနေအရပ်ရပ်နှင့် ကိုက်ညီအောင် ပြုစုထားခြင်းဖြစ်သောကြောင့် ယင်းလွှတ်တော်မှ ပြုစု လိုက်သောဥပဒေများ အနေဖြင့်အခြေအနေအတိုင်းနှင့် အံကျကိုက်ညီရန်မဖြစ်နိုင်ပေ။ ယင်းသို့အခြေအနေနှင့် အံကျမဖြစ်သော ဥပဒေများကိုကိုင်စွဲ၍ တရားစီရင်ဆုံးဖြတ်ရန်မှာလည်း အခြေအနေနှင့်ကိုက်ညီနိုင်သလောက်ကိုက်ညီအောင် ပြန်ဆို၍ တရားစီရင်ဆုံးဖြတ်ကြရပေသည်။ ဤသို့ဆုံးဖြတ်ချက်များကို မှတ်တမ်းတင်ထားပြီး နောင်လာနောင်သားတရား သူကြီးကလည်း ထိုစီရင်ဆုံးဖြတ်ချက်မှတ်တမ်းများကို ကိုးကား၍ တရားစီရင်ဆုံးဖြတ်ကြသည်။ ယင်းသို့ဖြင့် ကာလကြာသောအခါ တရားသူကြီးတို့၏ ဆုံးဖြတ်ချက်များသည် ဥပဒေအဖြစ် ပြောင်းလဲလာပေသည်။ ထို့ကြောင့် တရားသူကြီးများသည် ဥပဒေပြုလုပ်ငန်းလုပ်ကြသ်ညဟူ၍ မှတ်ယူရခြင်းဖြစ်၏။
တရားသူကြီးများ၏ အဓိကလုပ်ငန်းသည် လူတစ်ဦးစီကို ဥပဒေအရအကာအကွယ် ပေးရန်ပင်ဖြစ်သည်။ လူတစ်ဦးကို လူတစ်ယောက်ကသော်လည်းကောင်း လူတစ်ဦးကို အစိုးရနှင့်တကွ လူများစုကသော်လည်းကောင်း တရားလက်လွတ် အနိုင်ကျင့် မတရားပြုလုပ်ခြင်းတို့မှ ကာကွယ်ပေးရန်သည် တရားစီရင်ရေးဌာန၏ အလုပ်ဖြစ်ပေသည်။ ထို့ကြောင့် တရားစီရင်ရေးဌာနသည် အုပ်ချုပ်ရေးဌာန၏ လွှမ်းမိုးမှုမှ လုံးဝကင်းလွတ်ရပေသည်။
(၁) အထက်ပါအတိုင်း ဥပဒေမျိုးသာရှိခြင်း။
(၂) တရားသူကြီးများ ဥပဒေပြုရခြင်း။
(၃) တရားစီရင်ရေးဌာနသည် အုပ်ချုပ်ရေးဌာနတို့နှင့် ကင်းလွတ်နေခြင်းတို့သည် ဥပဒေ တစ်မျိုး စနစ်၏ထူးခြားသော လက္ခဏာသုံးရပ်ပင်ဖြစ်ပေသည်။
ဥပဒေတစ်မျိုးစနစ်ကောင်းကျိုးများ
(၁) တရားစီရင်ရေးဌာန၏ တာဝန်ဝတ္တရားသည် ပြည်သူပြည်သား တစ်ယောက်ကို တခြားပြည်သူပြည်သားတစ်ယောက်နျင့် အစိုးရတို့က တရားမဲ့ပြုကျင့်ခြင်းတို့မှ ကာကွယ်ရန်ဖြစ်သည်။ ဥပဒေတစ်မျိုးစနစ်တွင် တရားသူကြီးများ၏တာဝန်ကို ကျေပြွန်စွာ ထမ်းဆောင်နိုင်စေရန် တရားစီရင်ရေးဌာနကို အစိုးရအဖွဲ့၏ ကျန်နှစ်ဌာနဖြစ်သော ဥပဒေဖြစ်သောဥပဒေနှင့် အုပ်ချုပ်ရေးဌာနတို့မှ သီးခြားခွဲ၍ တည်ထောင်ထားပေသည်။ ထို့ကြောင့် တရားသူကြီးများသည် ၄င်းတို့၏ အသက်အိုးအိမ်စည်းစိမ်အတွက် စိုးရိမ်မှုကြောင့် ဂတိလိုက်စားမှု၊ မျက်နှာကြီးရာ ဟင်းဖတ်ပါမှု စသည်တို့နှင့် ကင်းကာတရားပိုးကို ရွာသွန်းဖြိုးနိုင်ကြပေသည်။ တိုင်းပြည်တွင်း၌ ဤဥပေးတစ်မျိုးစနစ်ကို အသုံးပြုခြင်းဖြင့် မလိုလားအပ်သော တရားမဲ့မှုများ ကင်းလွတ်နိုင်သောကြောင့် ကောင်းသောစနစ်ဟု ယူဆရပေမည်။
(၂) ဥပဒေတစ်မျိုးစနစ်သည် လူတန်းစားခွဲခြားခြင်းမရှိသော စနစ်တစ်ခုဖြစ်သည်။ ဥပဒေမျက်စိ ရှေ့ မှောက်၌ အတူတူသာဖြစ်ကြ၏။ မည်သည့်ပုဂ္ဂိုလ်မျှဥပေးကို ကျုးလွန်ခွင့်မရှိပေ။ ဘုရင်နှင့် သူတောင်းစားသည် လူမှုဆက်ဆံရေးလောက၌ မိုးနှင့်မြေပမာ ကွာခြားလှပေသည်။ သို့ရာတွင် ၄င်းတို့နှစ်ဦးသည် ဥပေး၏ မျက်မှောက်ရှေ့ ၌ မည်သို့မျှခြားနားခြင်း ရှိလိမ့်မည်မဟုတ်ပေ။ ယင်းသို့လူတိုင်းကို တရားဥပဒေအရ အခွင့်အရေး တူညီစွာပေးထားသောကြောင့် ဒီမိုကရေစီကျသော လက္ခဏာအရပ်ပင် ဖြစ်သည်။ ထို့ကြောင့် ဥပဒေတစ်မျိုးစနစ်သည် ကောင်သောစနစ်ဟူ၍ နှစ်ကြိမ်မြောက်မှတ်ယူရပေမည်။
ဥပဒေတစ်မျိုးစနစ်၏ ဆိုးကျိုးများ
ဥပဒေတစ်မျိုးစနစ်၏ လက္ခဏာရပ်သုံးချက်တွင် ဖေါ်ပြပြီးသည့်အတိုင်း ၄င်း၏စနစ်တွင် တရားသူကြီးများက ဥပဒေပြုလုပ်နိုင်ပေသည်။ တရားသူကြီးများသည် ဥပဒေပြုအဖွဲ့မှ ပြုလုပ်လိုက်သော ဥပဒေများကို အခြေအနေနှင့် အံကျဖြစ်အောင် အဓိပ္ပါယ်ပြန်ဆို၍ တရားစီရင်ဆုံးဖြတ်ကြပြီး ယင်းဆုံးဖြတ်ချက်ကို မှတ်တမ်းတင်ထားကြပေမည်။ နောင်လာနောက်သား တရားသူကြီးများကလည်း ၄င်းစီရင်ချက် မှတ်တမ်းများကို ကိုးကား၍ တရားစီရင်ခြင်းပြုကြခြင်းဖြင့် ၄င်းမျတ်တမ်းများသည် ဥပဒေအစစ်များ ဖြစ်လာကြပေသည်။ ယင်းသို့တရားသူကြီး အဆက်အဆက်တို့က ၄င်းတို့၏ဆန္ဒအတိုင်း ဥပဒေပြုအဖွဲ့မှ ပြုစုပြဌာန်းထားသော ဥပဒေကိုလိုသလိုဆွဲ၍ လိုသလို ဆုံးဖြတ်ကြသောကြောင့် မူလဥပဒေတို့၏ သဘောလက္ခဏာများ ကွယ်ပျောက်သွားနိုင်ပေသည်။ တနည်းအားဖြင့် တရားသူကြီးများ ပြုလုပ်ကြသော ဥပဒေများသည် မူလဥပဒေအဖွဲ့မှ ပြုလုပ်ကြသော ဥပဒေများသည် မူလဥပဒေအဖွဲ့မှ ပြုလုပ်ကြသောဥပဒေတို့၏ ဆိုလိုရင်းသဘောမှ တိမ်းယိမ်းကွဲလွဲလာနိုင်၏။ ဤချိန်ကြာညောင်းလာလျှင် ဥပဒေပြုအဖွဲ့မှ လုပ်ထားသောဥပဒေများ လုံးလုံးပင်ပျောက်ကွယ်သွားနိုင်ပေသည်။ ယင်းသို့ဖြစ်လာပါက ဥပဒေများသည် တိကျပြတ်သားမှုမရှိဘဲ လိုသလိုဆွဲ၍ရနိုင်သော မြော့ကြိုးဥပဒေများကို မည်သို့ကျေပြွန်အောင် ထမ်းဆောင်အံ့နည်း။ ပြည်သူတို့ကို ဘေးအန္တရာယ် ကျရောက်စေနိုင်သောကြောင့် ဥပဒေတစ်မျိုးစနစ်ကို အကြွင်းမဲ့ကောင်းသော စနစ်ဟူ၍ မှတ်ယူရန် မထိုင်သင့်ပေ။
Political Science Part (41)
01:11 HRDP No comments
ဥပဒေနှစ်မျိုးစနစ်
ဥပဒေနှစ်မျိုးစနစ်သည်ဆိုသည်မှာ သာမန်အရပ်သူအရပ်သားများအတွက် ဥပဒေတစ်မျိုး အစိုးအရထမ်း အမှုထမ်းများအတွက် ဥပဒေတစ်မျိုးထားရှိသော စနစ်ပင်ဖြစ်သည်။
ကမ္ဘာတွင် ပြင်သစ်တိုင်းပြည်၌ ဥပဒေနှစ်မျိုးထားရှိသောစနစ်ကို အသုံးပြုသည်ကို တွေ့ရှိရ၏။ ပြင်သစ်ပြည်တွင် ယင်းစနစ်ကို အသုံးပြုခြင်း အကြောင်းကို ဆန်းစစ်ကြည့်ပါက အောက်ပါအကြောင်းနှစ်ချက်ကို တွေ့ရှိရပေသည်။
၎င်းတို့မှာ...
(၁) အာဏာခွဲဝေသော စနစ်အရတရားစီရင်ရေးသည် အုပ်ချုပ်ရေးဌာန၏ အရေးယူဆောင်ရွက်များကို ၀င်ရောက်မစွက်ဖက်သင့်ဟု ယူဆကြသည်။ ထို့ကြောင့် သာမန်တရားရုံးသည် အစိုးရ၏ တာဝန်ဝတ္တရားဆောင်ရွက်ချက်များကို ၀င်ရောက် နှောက်ယှက်စွက်ဖက်ခွင့် မပြုကြချေ။
(၂) အစိုးရအရထမ်းအမှုထမ်းများသည် တိုင်းပြည်ကို အကျိုးပြုနေကြသည့် တိုင်းပြည်၏ ကိုယ်စားလှယ်သားကောင်း သမီးကောင်းများ ဖြစ်ကြသောကြောင့် အခွင့်ထူးများ ရရှိခံစားထိုက်သည်။ ထို့ကြောင့် သာမန်တရားရုံးများသည် အစိုးရ၏ တာဝန်ဝတ္တရားဆောင်ရွက်ချက်များကို ၀င်ရောက်နှောင့်ယှက်စွက်ဖက်ခွင့် မပြုကြချေ။
ဥပဒေနှစ်မျိုးစနစ်၏ ထင်ရှားသော လက္ခဏာတစ်ရပ်မှာ တရားစီရင်ရေး ကိစ္စ်အစိတ်အပိုင်းတစ်ခုကို အုပ်ချုပ်ရေးဌာနက ချုပ်ကိုင်ထားခြင်းပင် ဖြစ်သည်။ ယင်းစနစ်တွင် အမှုအခင်း နှစ်မျိုးနှစ်စားရှိပေသည်။
၎င်းတို့မှာ...
၁။သာမန်အရပ်သူအရပ်သားအချင်းချင်း ပဋိပက္ခဖြစ်မှု။
၂။အရပ်သူအရပ်သားနှင့် အရာထမ်းအမှုထမ်းတို့ ပဋိပက္ခဖြစ်မှု။
အရပ်သူ အရပ်သားအချင်းချင်း ပဋိပက္ခဖြစ်သောအခါ ရိုးရိုးတရားရုံးများတွင် ရိုးရိုးဥပဒေများဖြင့် စီရင်ဆုံးဖြတ်ပြီး အရပ်သူအရပ်သားနှင့် အရာထမ်းအမှုထမ်းတို့ပဋိပက္ခ ဖြစ်မှုများကိုမူ အထူးတလည်ပြုစုပြဌာန်းထားသော ဥပဒေဖြင့်အထူးတလည် တည်ဆောက်ထားသော "ရာထမ်းမှုထမ်းတရားရုံး" ၌ တရားစီရင်ဆုံးဖြတ်သည်။ ထို့ကြောင့် တရားစီရင်ရေးဌာနသည် လုံးဝလွတ်လပ်ခြင်း မရှိဘဲအုပ်ချုပ်ရေးဌာန၏ ချုပ်ကိုင်မှုကို တစ်စိတ်တစ်ဒေသအားဖြင့် ခံနေရကြောင်း ထင်ရှားပါသည်။
တရားရုံးများဖွဲ့စည်းပုံနှင့် ၄င်းတို့၏တာဝန်များ
သာမန်တရားရုံးငါးမျိုးရှိသည်။ ၄င်းတို့မှာ...
၁။ ကင်တွန်ခေါ်ဒေသဆိုင်ရာရုံး (Canton Courts)
၂။ Courts of Arroundessements.
၃။ အယူခံရုံး (Courts of Appeal)
၎။ စက်ရှင်ရုံး (Courts of Assizes)
၅။ ရာထူးချထားရေးရုံး (Courts of Cessation)
အငယ်ဆုံးတရားရုံးများမှာ ကင်တွန်ခေါ်တရားရုံးများဖြစ်ပြီး ၄င်းတို့သည်ကင်တွန်ခေါ် ပြည်တိုင်းတွင်ရှိကြသည်။ တရားသူကြီးများအရည်အချင်းပြည့်ဝစေရန်အတွက် တရားသူကြီးတိုင်း ပထမဥပဒေ အောင်လက်မျတ်ရှိကြရပေသည်။ အမှတ် (၁) ရုံးမှဆုံးဖြတ်ချက်ကိုမကျေနပ်လျှင်၊ အမှတ် (၂) ရုံး၌အယူခံဝင်ရပြီး၊ အမှတ် (၂) ရုံး၏ ဆုံးဖြတ်ချက်ကို မကျေနပ်ပါက အမှတ် (၃) ရုံး၌အယူခံဝင်ရသည်။ ယင်းသို့တစ်ဆင့်ထက်တစ်ဆင့်တက်၍ အယူခံဝင်ရပေသည်။
Courts of Cessation ခေါ်ရာထူးရပ်စဲရေး တရားရုံးသည် သာမန်ရိုးရိုးရုံးများထဲတွင် အမြင့်ဆုံးသောရုံးဖြစ်သည်။ ၄င်းတရားရုံး၌ တရားသူကြီးပေါင်း ၄၉-ယောက်ရှိပြီး တရားမမှု ဌာန၊ ရာဇ၀တ်မှုဌာန စသဖြင့်ဌာနများခွဲထားသည်။ ယင်းတရားရုံးသည် သာမန်အရပ်သူအရပ်သားများရုံးများအနက် အမြင့်မားဆုံး အယူခံတရားရုံး ဖြစ်သည်သာမက၊ အောက်ရုံးများမှ တရားသူကြီးတို့၏ စည်းကမ်းကို ထိန်းသိမ်းရပြီး လိုအပ်လျှင် အရေးယူဖြုတ်ချနိုင်ပေသည်။
The Courts of State သည်ရာထမ်းမှုထမ်း တရားရုံးချုပ်ပင်ဖြစ်သည်။ ၄င်းတရားရုံးတွင် သမ္မတခန့်ထားသော ကောင်ဆယ်လာ ၃၅ ယောက်ပါဝင်သည်။ ဌာနတိုင်းတွင် Perfectorial Council ခေါ် ရာထမ်းမှုထမ်း တရားရုံးကလေးများ တည်ထောင်ထားရှိ၏။ ၄င်းတရားရုံးများ၏ ဆုံးဖြတ်ချက်ကို အကျေနပ်ပါက Courts of State ခေါ်ရာထမ်းမှုထမ်း တရားရုံချုပ်တွင် အယူခံဝင်နိုင်ပေသည်။
တရားဥပဒေနှစ်မျိုးစနစ်တွင် ဖော်ပြပြီးသည့်အတိုင်း ဥပဒေနှစ်မျိုး၊ တရားရုံးနှစ်မျိုး ဖြစ်နေသောကြောင့် မည်သည့် အမှုမျိုးသည် မည်သည့်တရားရုံးနှင့်ဆိုင်ပြီး၊ မည်သည့် ဥပဒေများနှင့် စီရင်ဆုံးဖြတ်ရမည်ဟူ၍ အငြင်းအခုံဖြစ်စရာ အကြောင်းရှိပေသည်။ တစ်နည်းအားဖြင့် သာမန်ရုံးနှင့် ရာထမ်းမှုထမ်းရုံးတို့သည် အမှုတစ်ခုအပေါ် အကြောင်းပြ၍ စီရင်ဆုံးဖြတ်ခွင့်နှင့် စပ်လျဉ်းပြီး အချင်းချင်းအငြင်းပွားကြပေလိမ့်မည်။
ယင်းသို့တရားရုံးနှစ်ခု အငြင်းပွားခြင်းကို Courts of Conflit ခေါ် "ပြန်ဖြေရေး" တရားရုံးက ဆုံးဖြတ်ပေးရသည်။ အမှုတစ်ခု ရားထမ်းမှုထမ်းရုံး၌ စစ်ဆေးသင့်သည်။ သာမန်တရားရုံး၌သာစစ်ဆေးသင့်သည်ဟူ၍ စကာများတိုင်း ၄င်းCourt of Conflit ခေါ် ဖြန်ဖြေရေးတရားရုံးက ဆုံးဖြတ်ပေးသည့် တရားရုံး၌ အမှုစစ်ဆေးရသည်။ ထို့ကြောင့် Court of Conflit ကို ဖြန်ဖြေရေးတရားရုံး ဟုမှတ်ယူသင့်ပေသည်။ ဖြန်ဖြေရေးတရားရုံး Court of Conflit တွင် တရားရေးဌာန၀န်ကြီး၊ သာမန်အရပ်သား တရားရုံးချုပ် Courts of Cessation မှ တရားသူကြီး သုံးယောက်ရာထမ်းမှုထမ်း တရားရုံးချုပ် Council of State မှတရားသူကြီး သုံးယောက်နှင့် နိုင်ငံခြားသားတို့က ရွေးကောက်တင်မြှောက်သော တရားသူကြီးနှစ်ယောက်ပေါင်း ၉ယောက်တို့ဖြင့် ဖွဲ့စည်းထားသည်။
ဥပဒေနှစ်မျိုးစနစ်၏ကောင်းကျိုးများ
(၁) ဥပဒေနှစ်မျိုးစနစ်သည် အစိုးရအရာထမ်းအမှုထမ်းတို့ မတော်တဆ၊ သို့မဟုတ် ကောင်းစေလိုသော စေတနာဖြင့် အမှုထမ်းဆောင်ရင်း တရားဥပဒေများကို ချိုးဖောက်ငြိစွန်းမိသောအခါ အပြစ်ဘေးမှလွတ်ငြိမ်းခွင့်ရစေရန် စီမံထားသော စနစ်ပင်ဖြစ်သည်။ အစိုးရအရာထမ်း အမှုထမ်းတို့ကို စေတနာသန့်သန့်ဖြင့် အမှုတော်ထမ်းဆောင်ရင်း အမှားတစ်ခုခုနှင့် ကြုံကြိုက်တိုင်းသာ အရေးတယူနေပါမှု ၄င်းတို့သည် အမှုထမ်းဆောင်ရာ၌ ရဲဝံ့ခြင်းမရှိဘဲ ကြောက်ကြောက်ရွံ့ ရွံ့ နောက်တွန့်တွန့် ဖြစ်နေကြပေလိမ့်မည်။ ယင်းသို့ ကြောက်ရွံ့ နောက်တွန့်နေကြခြင်းကြောင့် အစိုးရလုပ်ငန်းများ နှောင့်နှေး ကြန့်ကြာနေပေလိမ့်မည်။ တမင်ကြံစည်ကျူးလွန်ခြင်း မဟုတ်ဘဲ စေတနာရိုးရိုးဖြင့် ဆောင်ရွက်ရာတွင် အမှားဖြစ်နေလျှင်လည်း ဥပဒေနှစ်မျိုးစနစ်အရ အပြစ်ဘေးမှ ကင်းလွတ်နိုင်ခွင့်ရှိသောကြောင့် အရာထမ်းအမှုထမ်းတိုင်း ၄င်းတို့၏တာဝန်များကို မကြောက်မရွံ့ နောက်မတွန့်တမ်း ထမ်းဆောင်နိုင်ကြသောကြောင့် အစိုးရလုပ်ငန်းစဉ်များ လျှင်မြန်စွာ ထမြောက် အောင်မြင်နိုင်ခြင်းသည် ကောင်းသော လက္ခဏာတစ်ရပ်ဖြစ်၏။
(၂) ဥပဒေနှစ်မျိုးစနစ်တွင် ဥပဒေတစ်မျိုးစနစ်ကဲ့သို့ တရားသူကြီးများ ပြုလုပ်သော ဥပဒေများ မရှိပေ။ တရားသူကြီးများသည် ဥပဒေပြုအဖွဲ့က ပြုစုပြဌာန်းထားသော ဥပဒေများကို အခြေအနေနှင့် အံကျဖြစ်အောင် ပြုလုပ်ရန် အကြောင်းမရှိသောကြောင့် ၄င်းတို့၏တရားစီရေး တာဝန်တစ်ခုတည်ကိုသာ ထမ်းတောင်ရန်ရှိပေသည်။ ထို့ပြင် တရားဥပဒေအားလုံးမှာလည်း သက်ဆိုင်ရာတရားရုံးအလိုက် စည်းစည်းလုံးလုံး ပြဌာန်းထားသောကြောင့် တရားစီရင်ရာတွင် လျက်မြန်စွာ ပြီးစီးနိုင်သည်။
(၃) ဥပဒေတစ်မျိုးစနစ်မှာကဲ့သို့ နောင်လာနောက်သား တရားသူကြီးများသည် ရှေးတရားသူကြီးများ၏ စီရင်ဆုံးဖြတ် ပုံများကို ပြန်လည်ကိုးကားရန်မလိုသောကြောင့် အမှုအခင်းများ လျှင်မြန်စွာ ပြီးစီးနိုင်သည့်အပြင် တရားဥပဒေရေးရာတွင်လည်း ဥပဒေပြုအဖွဲ့မှ ပြဌာန်းထားသော တရားဥပဒေတစ်မျိုးတည်းသာ ရှိသောကြောင့် ရှုပ်ထွေးခြင်းမရှိနိုင်ပေ။
(၄) အစိုးရသည် အရာထမ်းမှုများကို တရားစီရင်ရေးနှင့် စပ်လျဉ်းပြီး အခွင့်ထားပေးထားကြောင့် လူများစုအနေဖြင့် အစိုးရမှုများကို ထမ်းရွက်လိုကြပေမည်။ ယင်းသို့လူအများစုက အစိုးရအမှုများကို ထမ်းဆောင်လိုကြသောကြောင့် ၄င်းလူများစုထဲမှ အရည်အချင်းပြည့်ဝသူများကို ရွေးချယ်ခန့်ထားခြင်းဖြင့် အမှုထမ်းကောင်းများရရှိပြီး တိုင်းပြည် တိုးတက်မှု ပိုမိုကြီးထွားနိုင်ပေသည်။
ဥပဒေနှစ်မျိုးစနစ်၏မကောင်းကျိုး
(၁) ဥပဒေနှစ်မျိုးစနစ်သည် အစိုးထမ်းအမှုထမ်းများနှင့် အရပ်သူအရပ်များကို ခွင့်အရေးချင်း ခွဲခြားထား၏၊ ယင်းသို့ တိုင်းသူပြည်သားချင်း တူညီပါလျက် အခွင့်အရေးတူညီစွာ မပေးဘဲ ခွဲခြားထားခြင်းသည် သာတူညီမျှသဘောတရားကို ဆန့်ကျင်နေပေသည်။ ထို့ပြင် ဒီမိုကရေစီသဘောတရားနှင့် ဆန့်ကျင်နေသောကြောင့် ၄င်းဥပဒေနှစ်မျိုးစနစ်ကို ကောင်းသော စနစ်ဟု ယူဆရန်မဖြစ်နိုင်ပေ။
(၂) ဥပဒေများသည်တလုံးတစည်းတည်းရှိရန် လိုအပ်သည်။ ဥပဒေများကို မည်သည့်ဥပဒေနှင့် ဖြေရှင်းသင့်သည်/ မည်သည့်ဥပဒေနှင့် မဖြေရှင်းသင့် စသဖြင့် အလုပ်မဟုတ်သည်ကို အလုပ်ကြီးတစ်ခုအဖြစ် နေရပေလိမ့်မည်။ ထို့ကြောင့်ပင် ဖြန်ဖြေရေး တရားရုံး Court of Confilt ထားရှိရခြင်းဖြစ်၏ တရားရုံးတစ်ခု အပို ဖွဲ့စည်းထားရသောကြောင့် ငွေကြေးအကုန်အကျ များပေလိမ့်မည်။ ယင်းသို့ ငွေကုန်လူပန်းသော ဥပဒေနှစ်မျိုးစနစ်ကို အကြွင်းမဲ့ကောင်းသောစနစ်ဟူ၍ မည်သို့ယူဆနိုင်အံ့နည်း။
(၃) တရားစီရင်ရေးဌာနသည် ပြည်သူပြည်သားတို့၏ လွတ်လပ်မှုကို ကာကွယ်ပေးရသော ဌာနတစ်ခုဖြစ်သည်။ ထို့ကြောင့် တရားဌာနကို ပြည်သူ့အထိန်းတော် ဟူ၍နားလည်မှတ်ယူကြခြင်းဖြစ်သည်။ ပြည်သူ့အထိန်းတော် တရားဌာနသည် အထိန်းတော်ပီပီသသဖြစ်နိုင်ရန်အစိုး၏ ကျန်နှစ်ဌာနဖြစ်သော ဥပဒေပြုရေးဌာနနှင့် အုပ်ချုပ်ရေးဌာနတို့မှ လွတ်ကင်းစွာ တည်ရှိနေရပေမည်။ ဥပဒေနှစ်မျိုးစနစ်တွင်မူ တရားဌာနသည် အုပ်ချုပ်ရေးဌာန၏ ကြိုးကိုင်ခြင်းမှ လုံးဝကင်းလွတ်မှု မရှိပေ။ ထို့ကြောင့် တရားစီရင်ရေးဌာနသည် ပြည်သူ့ လွတ်လပ်မှုကို ထိရောက်စွာ ကာကွယ် ပေးနိုင်လိမ့်မည်ဟု ယူဆရန်ခက်ခဲယဉ်းလှ၏။ တရားစီရင်ရေးဌာနကို အုပ်ချုပ်ရေးဌာနက လွှမ်းမိုးနေသောကြောင့် ပြည်သူများတွင် လေးအန္တရာယ် များစေနိုင်သည်။ ထို့ကြောင့် ဥပဒေနှစ်မျိုးစနစ်သည် မကောင်းပေ။
Political Science Part (42)
01:13 HRDP No comments
ဒီမိုကရေစီထိန်းသိမ်းနိုင်ခွင့်အာဏာ
မျက်မှောက်ခေတ် ဒ်ီမိုကရေစီသည် ရှေးခေတ်ဒီမိုကရေစီနှင့် တူညီခြင်းမရှိပေ။ ရှေးခေါမ Greek မြို့ နိုင်ငံများ ခေတ်ကာလတွင် ပြည်သူတိုင်း နိုင်ငံတော်၏ အရေးကိစ္စများကို ပါဝင်စည်းဝေး ဆုံးဖြတ်ဆောင်ရွက်နိုင်ခွင့် ရှိခဲ့ကြပေသည်။ ထို့ကြောင့် ခေါမမြို့  နိုင်ငံများခေတ်က ဒီမိုကရေစီကို "တိုက်ရိုက်ဒီမိုကရေစီစနစ်ကို" အသုံးပြုရန် မဖြစ်နိုင်ပေ။ မျက်မှောက်ခေတ်နိုင်ငံများသည် ရှေးခေါမမြို့ နိုင်ငံများထက် ကျယ်ဝန်း ကြီးမား လှသည်သာမက လူဦးရေအနေဖြင့်လည်း ပိုမိုများပြားလှသည်။ ထို့ကြောင့် တိုင်းပြည်ရေးရာ ကိစ္စအ၀၀ကို နိုင်ငံသားအားလုံးတစ်နေရာ တစ်ဒေသ တစ်ခုခုတွင် စု၍စည်းဝေးဆုံးဖြတ်နိုင်သော ကိစ္စတစ်ရပ်မဟုတ်ပေ။ ယင်းကဲ့သို့သော အခြေအနေများအရ ကိုယ်စားလှယ်စနစ်ကို အသုံးပြုရပေသည်။ လူထုသည် ၄င်းတို့၏ ကိုယ်စား တိုင်းပြည်ရေးရာကိစ္စအ၀၀ကို ဆောင်ရွက်စေနိုင်ရန် ကိုယ်စားလှယ်များကို ရွေးကောက်တင်မြောက်ရသည်။ ထို့ကြောင့် မျက်မှောက်ခေတ် ဒီမိုကရေစီစနစ်ကို "သွယ်ဝိုက်ဒီမိုကရေစီစနစ်" ဟူ၍ ခေါ်ဆိုကြခြင်းဖြစ်ပေသည်။
အစိုးရအဖွဲ့၏ အုပ်ချုပ်ရေးဌာနနှင့် တရားစီရင်ရေးဌာနတို့၏ လုပ်ငန်းစဉ်များသည် ဥပဒေပြုရေးဌာန၏ လုပ်ငန်းစဉ်ပေါ်တွင် တည်ရှိပေသည်။ ထို့ကြောင့် ဥပဒေပြုရေးဌာနသည် အရေးကြီးဆုံးဌာနဖြစ်၏။ ဥပဒေပြုအဖွဲ့အနေဖြင့် ၄င်းတို့ကို ရွေးကောက် တင်မြောက်လိုက်ကြသည့် မဲဆန္ဒရှင်များ၏ အလိုဆန္ဒအတိုင်း ဥပဒေပြုစုပြဌာန်းပါမှ ဒီမိုကရေစီဖြစ်ပြီး မဲဆန္ဒရှင်တို့၏ဆန္ဒနှင့် မကိုက်ညီသော ဥပဒေများကို ပြုစုပြဌာန်းပါမူ ပြည်သူ့ ဒီမိုကရေစီ ဆိတ်သုဉ်းပေတော့သည်။ ထို့ကြောင့် "သွယ်ဝိုက်ဒီမိုကရေစီစနစ်" တွင် အရေးကြီးသော အချက်မှာ မဲဆန္ဒရှင်တို့၏ အလိုဆန္ဒ ရောင်ဟပ်၊ ပဲ့တင်ထပ်စေနိုင်သော ဥပဒေပြုအဖွဲ့ကို တည်ဆောက်နိုင်ရန်ပင်ဖြစ်သည်။ ဥပဒေပြု အမတ်တစ်ယောက်သည် ၄င်း၏သက်တမ်းအတွင်း ၄င်းကိုမည်သူမျှ ဖြုတ်ချနိုင်သည့်အလျောက် မဲဆန္ဒရှင်တို့၏ ဒီမိုကရေစီဆိတ်သုဉ်းသောနေ့ပင် ဖြစ်ပေလိမ့်မည်။
အထက်ပါအကြောင်းကြောင့် မဲဆန္ဒရှင်များအနေဖြင့် ဥပဒေပြုအမတ်များကို ၄င်းတို့၏အမတ်သက်တမ်းအတွင်း၌ပင် တစ်နည်းနည်းအားဖြင့် ချုပ်ကိုင်ထားနိုင်ရန် အပ်ပေတော့သည်။ မဲဆန္ဒရှင်များသည် ဥပဒေပြုအဖွဲ့ကို ၄င်းတို့ဆန္ဒရှင်များနှင့် ဆန့်ကျင်သောဥပဒေများကို မပြုစုပြဌာန်းနိုင်အောင် ချုပ်ကိုင်ထားနိုင်ခြင်း၊ ဒီမိုကရေစီကို ထိမ်းသိမ်းနိုင်ခြင်း မည်ပေသည်။ ထို့ကြောင့် ဒီမိုကရေစီထိန်းသိမ်းနိုင်ခွင့်အာဏာ Direct Democratic Chrck ဆိုသည်မှာ မဲဆန္ဒရှင်တို့သည် ဥပဒေပြုရေးကိစ္စတွင် တစ်နည်းအားဖြင့် တိုက်ရိုက်ပါဝင် ဆောင်ရွက်နိုင်ခွင့် ရရှိခြင်းပင်ဖြစ်သည်။
ဒီမိုကရေစီထိန်းသိမ်းခွင့်အာဏာရှိသင့်ခြင်း အကြောင်း
(၁) ကမ္ဘာပေါ်ရှိဥပဒေအဖွဲ့များ၏ သက်တမ်းမှာ ၄ နှစ် သို့မဟုတ် ၅ နှစ်ဖြစ်ကြသည်။ ထို့ကြောင့် ဥပဒေပြုအမတ်များကို တင်မြောက်ပြီးလျှင် မဲဆန္ဒရှင်တို့အနေဖြင့် ၄င်းတို့၏ဆန္ဒရှင်ကို ပြောပြရန်ခက်သည်။ ဥပဒေပြုအမတ်များအနေဖြင့်လည်း ၄င်းတို့၏အမတ် သက်တမ်းအတွင်း ၄င်းတို့ကိုဖြုတ်ချနိုင်သောသူ မရှိသောကြောင့် ပြည်သူ့ဆန္ဒနှင့် ဆန့်ကျင်သော ဥပဒေများ ပြုစုပါက ပြည်သူများ နစ်နာကြရပေမည်။ ထို့ကြောင့် ပြည်သူများတွင် ၄င်းတို့၏ဒီမိုကရေစီကို ထိန်းသိမ်းခွင့်အာဏာရှိသင့်ပေသည်။
(၂) ပြည်သူများသည် ၄နှစ် (သို့မဟုတ်) ၅နှစ် သက်တမ်းရှိသော ဥပဒေပြုအမတ်များကို ရွေးကောက်တင်မြောက်ပြီး ၄င်းသက်တမ်းအတွင်း၌ပင် နိုင်ငံရေး၊ စီးပွားရေး၊ ပေါင်းသင်းဆက်ဆံရေး အခြေအနေအရ ၄င်းတို့၏အလိုဆန္ဒထင်မြင်ချက် စသည်များ ပြောင်းလဲနိုင်ပေသည်။ ယင်းသို့မဲဆန္ဒရှင်တို့၏ ပြောင်းလဲလာသော အလိုဆန္ဒထင်မြင်ချက် စသည်များအတိုင်း ပြုလုပ်နိုင်ရန် အခွင့်အရေးသည် မဲဆန္ဒရှင်တို့လက်ထဲ၌ ရှိသင့်ပေသည်။ ထို့ကြောင့် ဒီမိုကရေစီထိန်းသိမ်းခွင့်အာဏာသည် ပြည်သူ့လက်ထဲ၌ အပ်ရှိရပေမည်။
(၃) ပါလီမန်နောက်တစ်ကြိမ် ရွေးကောက်ပွဲရက်သတ်မှတ်ရန် အာဏာသည် ပြည်သူ့လက်တွင်း၌ မရှိပေ။ ပတ်ဝန်းကျင် အခြေအနေအရ ရွေးကောက်ပွဲနေ့ရက်ကို နှစ်ချီ၍ ရွှေ့ ဆိုင်းခဲ့ကြခြင်းများကိုလည်း မြန်မာ့ရာဇ၀င်အထိ အများအပြားပင် တွေ့ရှိနိုင်ပေသည်။ ယင်းသို့ ပါလီမန်ရွေးကောက်ပွဲရက်ကို ရွှေ့ ဆိုင်းခြင်းသည် ပြည်သူတို့က အာဏာအပ်နှင်းထားသောကာလထက် ပို၍အာဏာကို ဆုပ်ကိုင်ထားခြင်း မည်ပေသည်။ တစ်နည်းအားဖြင့် ပြည်သူတို့က ဥပဒေပြုအာဏာကို အပ်နှင်းမထားဘဲ အတင်းအဓမ္မရယူ ဆုပ်ကိုင်ထားခြင်းသာဖြစ်၏။ ထို့ကြောင့် ပြည်သူတို့တွင် ဒီမိုကရေစီ ထိန်းသိမ်းခွင့်အာဏာ ရှိသင့်ပေသည်။
(၄) တိုက်ရိုက်ဒီမိုကရေစီစနစ် ကွယ်ပျောက်သောနေ့မှစ၍ လူနည်းစုတို့ နစ်နာခဲ့ကြရပေသည်။ သွယ်ဝိုက်သော ဒီမိုကရေစီစနစ်သည် ကိုယ်စားလှယ်စနစ် ဖြစ်သောကြောင့် လူနည်းစုတို့၏ ကိုယ်စားလှယ်များ ဥပဒေပြုအဖွဲ့တွင် ပါဝင်ခွင့်မရကြပေ။ အချိုးကျ ကိုယ်စားလှယ်စနစ်ကို အသုံးပြု၍ ရွေးကောက်တင်မြောက်ကြသည့်တိုင် လူနည်းစုတို့တွင် နစ်နာနိုင်ပေသည်။ အကြောင်းမှာ ဥပဒေပြုအဖွဲ့တွင် လူများစု၏ ကိုယ်စားလှယ်များသာ ကြီးစိုးနိုင်သောကြောင့်ပင် ဖြစ်သည်။ ဥပဒေပြုအဖွဲ့သည် ပြည်သူလူထုအများစု၏ အလိုဆန္ဒနှင့် ဆန့်ကျင်သော ဥပေးများကို ပြုစုပြဌာန်းလျှင်ပင်လူနည်းစု၏ အလိုဆန္ဒနှင့် ကိုက်ညီချင်မှ ကိုက်ညီပေမည်။ ထို့ကြောင့် လူနည်းစုကိုလည်း ဒီမိုကရေစီအခွင့်အရေးကို ထိန်းသိမ်းထားနိုင်သော အခွင့်အရေးတစ်ရပ်ပေးထားသင့်ပေသည်။ ဤအထက်ပါ အကြောင်းများကြောင့် ဒီမိုကရေစီထိန်းသိမ်းခွင့်အာဏာ စနစ်ကိုအသုံးပြုသင့်ပေသည်။
Political Science Part (43)
01:15 HRDP No comments
ဒီမိုကရေစီထိန်းသိမ်းခွင့်အာဏာအမျိုးအစားများ
(၁) ကိုယ်ပိုင်ဆုံးဖြတ်ခွင့် (Plebiscite)
(၂) ပြည်သူ့ဆန္ဒကောက်ခံခြင်း (Referendum)
(၃) ပြည်သူ့ဆန္ဒတင်ပြခြင်း (Popular Initiative)
(၄) ကိုယ်စားလှယ်အမတ်ကို ပြည်လည်ရုပ်သိမ်းခွင့် (Recall)
(၁) ကိုယ်ပိုင်ဆုံးဖြတ်ခွင့်
ကိုယ်ပိုင်ဆုံးဖြတ်ခွင့်ဆိုသည်မှာ တိုင်းရေးပြည်ရေးနှင့် စပ်လျဉ်းပြီး အလွန်အရေးကြီးသော ကိစ္စရပ်များကို အစိုးရအနေဖြင့် ဆုံးဖြတ်နိုင်ခွင့်မရှိခြင်း၊ သို့မဟုတ် ဆုံးဖြတ်ခြင်းငှာ မတတ်နိုင်သော အခါများတွင် ပြည်သူတို့ကိုဆုံးဖြတ်စေခြင်းပင် ဖြစ်၏။ ယင်းသို့ တိုင်းရေးပြည်ရေးနှင့် စပ်လျဉ်းပြီး ပြည်သူတို့ကိုယ်တိုင် ၄င်းတို့၏ ဆန္ဒအတိုင်း ဆုံးဖြတ်ဆောင်ရွက်ခြင်းကို "ကိုယ်ပိုင်ဆုံးဖြတ်ခွင့်" Plebiscite ဟူ၍ ခေါ်ဆိုပေသည်။
ကိုယ်ပိုင်ဆုံးဖြတ်ခွင့်ကို ၁၈၊၁၉၊၂၀ ရာစုနှစ်များတွင် အသုံးပြုခဲ့သည်။ ပထမ ကမ္ဘာစစ်အပြီးတွင် ယင်းကိုယ်ပိုင်ဆုံးဖြတ်ခွင့် စနစ်ကြောင့် ပိုလန်နိုင်ငံနှင့် ချက်ကိုစလိုဗေးကီးယားနိုင်ငံများသည် လွတ်လပ်သောနိုင်ငံများ ဖြစ်လာခဲ့ကြပေသည်။ အဲ့လ်စေ့လိုရင်း Alsace Lorraine သည်လည်း ယင်းစနစ်အရပင် ပြင်သစ်နှင့် ပြန်လည်ပူးပေါင်းခဲ့ပေသည်။ ပြင်သစ်ပြည် စစ်ဘုရင် နပိုလီယံသည်လည်းကောင်း၊ ဂျာမဏီပြည်၏ အာဏာရှင်ဟစ်တလာသည်လည်းကောင်း ကိုယ်ပိုင်ဆုံးဖြတ်ခွင့်စနစ်ကို အသုံးပြုခဲ့၏။
ပထမကမ္ဘာစစ်တွင် ဂျာမစီစစ်ရုံးသောအခါ ပြင်သစ်သည် ဆားဗ့်ဆင်းန်နယ် Sar Distic ကိုတောင်းဆိုခဲ့သည်။ ဗြိတိန်နှင့်အမေရိကန်တို့က ကန့်ကွက်ပြီး ၄င်းဆားဗ့်ဆင်းန်ဒေသကို နိုင်ငံပေါင်းချုပ် League if Nation အောက်တွင် ၁၅ နှစ်ထားရန် ၁၅ နှစ်ပြည့်လာသောအခါ ၄င်းဒေသတွင်ရှိသောလူမျိုးများကို နိုင်ငံပေါင်းချုပ် လက်အောက်တွင်ဖြစ်စေ၊ ပြင်သစ်နှင့်ဖြစ်စေ၊ ဂျာမဏီနှင့်ဖြစ်စေ ပြန်လည်ပူးပေါင်းနိုင်သော ကိုယ်ပိုင်ဆုံးဖြတ်ခွင့် ပေးထားခဲ့ကြပေသည်။ ၁၉၃၅ ခုနှစ်တွင် ကိုယ်ပိုင်ဆုံးဖြတ်ခွင့်အရ ပြည်သူများသည် ၄င်းတို့ဆန္ဒအတိုင်း ဆုံးဖြတ်၍ ဂျာမဏီနှင့် ပြန်လည်ပူးပေါင်းသွားခဲ့၏။
ကက်ရှမီးယားနယ်ကို သူပိုင်ငါပိုင် အငြင်းပွားနေသော အိန္ဒိယနှင့် ပါကစ္စတန်နိုင်ငံများကို ကိုယ်ပိုင်ဆုံးဖြတ်ခွင့်စနစ်ဖြင့် ဆုံးဖြတ်ကြရန် အကြံပေးသူများ ရှိသော်လည်း ယနေ့အထိမူ ၄င်းစနစ်ကို အသုံးမပြုသေးပေ။
တိုင်းပြည်ရေးရာများနှင့် စပ်လျဉ်းပြီး ကိုယ်ပိုင်ဆုံးဖြတ်ခွင့်စနစ်ကို အသုံးပြုခြင်းဖြင့် အေးချမ်းစွာပြီးနိုင်သည့်အပြင် ဒီမိုကရေစီသဘော သက်ဝင်သောကြောင့် ကောင်းသည်ဟုယူဆနိုင်၏။ သို့ရာတွင် ကိုယ်ပိုင်ဆုံးဖြတ်ခွင့် စနစ်၌ အောက်ပါအတိုင်း မကောင်းကျိုးက များနေသည်ကို တွေ့ရပေသည်။
ကိုယ်ပိုင်ဆုံးဖြတ်ခွင့်၏ မကောင်းကျိုးများ
၁။ ကိုယ်ပိုင်ဆုံးဖြတ်ခွင့်ကို တိုင်းရေးပြည်ရေးနှင့် စပ်လျဉ်းပြီး လူထုကိုဆုံးဖြတ်စေခြင်း ဖြစ်သောကြောင့် အမှားတစ်ခုကို ဆုံးဖြတ်ပြီးလျှင် ပြန်ပြင်နိုင်ခြင်းမရှိပေ။ တစ်ခါဆုံးဖြတ်ထားခြင်းသည် ရာသက်ပန်သာမက သားစဉ်မြေးဆက်တည်မြဲနေမည် ဖြစ်သောကြောင့် အထူးသတိပြု၍ ဆုံးဖြတ်ရန်လိုသည်။ သို့ရာတွင် မတော်တဆမှားခြင်းကိုပင် ပြင်ရန်ခဲယဉ်းသောကြောင့် လူထုတွင်နစ်နာစေပေမည်။
၂။ လောက၌ ပညာအဆင်အခြင်နည်းသော သူများသည် အမြော်အမြင် များသော သူထက် များပြားပေသည်။ ထို့ကြောင့် လူထုကို ဆုံးဖြတ်ဖြေရှင်းခိုင်းခြင်းသည် အမှန်တရားနှင့် နီးစပ်ရန်ခဲယဉ်းပေမည်။ လူထုကို ဆုံးဖြတ်ခိုင်းခြင်းသည် ပညာမဲ့လူများစုကို တာဝန်ပေးခြင်းပင်မည်ပေသည်။ တွေဝေယိမ်းယိုင်တတ်သော ပညာမဲ့လူထုကို တာဝန်ပေးဆုံးခြင်းဖြစ်စေသော စနစ်ကိုနည်းကောင်းတစ်ရပ်ဟု ယူဆရန်ခဲယဉ်းလှ၏။ ယင်းသို့တွေဝေယိမ်းယိုင်၊ အပြောအဟော ကောင်းသူများ နောက်သို့ အဆင်ခြင်မဲ့လိုက်ခဲ့ကြသောပြင်သစ်၊ ဂျာမဏီလူထုကြောင့် ၄င်းတိုင်းပြည်များတွင် အာဏာရှင်စနစ် ကြီးထွားလာခဲ့ရခြင်း ဖြစ်ပေသည်။
၃။ ကိုယ်ပိုင်ဆုံးဖြတ်ခွင့်စနစ်ကို သာမန်အများစုဖြင့် ဆုံးဖြတ်သောကြောင့် လူနည်းစုတွင် နစ်နာပေသည်။ ဥပမာ လ ၆ သန်းရှိသော နေရာတစ်ခုတွင် သေရေးရှင်ရေးသမျှ အရေးကြီးသော တိုင်းပြည်ရေးတစ်ခုကို လူ ၃ သန်းနှင့် တစ်ယောက်က သဘောတူထောက်ခံပြီး အတည်ပြုသွားပါက သဘောမတူသော ၂.၉၉၉.၉၉၉ ယောက်တို့မှာ များစွာနစ်နာနေပေမည်။ ထို့ကြော့် အုံကြွပေါက်ကွဲမှုများလည်း ဖြစ်နိုင်သည်။
(၂) ပြည်သူ့ဆန္ဒကောက်ခံခြင်း
ပြည်သူ့ဆန္ဒကောက်ခံခြင်းဆိုသည်မှာ ဥပဒေရေးရာနှင့် စပ်လျဉ်းပြီး ပြည်သူလူထု၏ သဘောဆန္ဒအတိုင်း ဆုံးဖြတ်ခွင့်ပေးခြင်းပင်ဖြစ်သည်။ တစ်ခါတစ်ရံအရေးကြီးသော ဥပဒေကြမ်းများ၊ အထူးသဖြင့် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပေဒများနှင့် စပ်လျဉ်းပြီး ပြည်သူလူထုကို တင်ပြ၍ ဆုံဖြတ်စေခိုင်းလေ့ရှိသည်။
ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကို ပြင်ဆင်ရာတွင် ပြည်သူ့ဆန္ဒကောက်ခံခြင်းစနစ်ကို အသုံးပြုလေ့ရှိသည်။ သြစတေးလျဆွစ်ဇာနှင့် ပြည်သစ်နိုင်ငံများတွင် အသုံးပြုကြသည်။ ဆွန်ဇာလန်နိုင်ငံတွင်မူ လူသုံးသောင်းကတောင်းဆိုလျှင် ဥပဒေတိုင်းကို ပြည်သူ့ဆန္ဒနှင့် ဆန့်ကျင်သော ဥပဒေများကို မပြုလုပ်နိုင်ပေတော့ပေ။ သို့ရာတွင် ၄င်းစနစ်၌လည်း မကောင်းသော အချက်များရှိသည်။ ဥပဒေပြုရာတွင် ပြည်သူကို တင်ပြနေရသောကြောင့် အချိန်နှောင့်နှေးကြန့်ကြာစေခြင်း၊ ဥပဒေရေးရာ ကိစ္စရပ်များသည် အရည်အချင်းပေါ်၌ ရပ်တည်မနေပဲ အရေအတွက်ပေါ်၌ ရပ်တည်နေရခြင်းများသည် မကောင်းသော အချက်များပင်ဖြစ်သည်။
(၃) ပြည်သူ့ဆန္ဒတင်ပြခြင်း
ပြည်သူ့ဆန္ဒတင်ပြခြင်း Popular Initative ဆိုသည်မှာ ပြည်သူလူထုအနေဖြင့် တရားဥပဒေရေးရာနှင့် စပ်လျဉ်းပြီး စတင်၍ တင်ပြနိုင်ခြင်းပင်ဖြစ်ပေသည်။ ယင်းပြည်သူ့ဆန္ဒတင်ပြခငြ်းစနစ်မှာ ပြည်သူ့ဆန္ဒကောက်ခံခြင်း Referendum စနစ်နှင့် ဖြောင့်ဖြောင့်ကြီးဆန့်ကျင်လျက်ရှိသည်။ ပြည်သူ့ဆန္ဒ အောက်ခံခြင်းမှာ ဥပဒေရေးရာကိစ္စနှင့် စပ်လျဉ်းပြီး အထက်မှအောက်သို့ ချပြခြင်းဖြစ်ပြီး ပြည်သူ့ဆန္ဒ တင်ပြခြင်းမှာမူ အောက်ကအထက်သို့ တင်ပြခြင်း ဖြစ်ပေသည်။
တိုင်းသူပြည်သားများအနေဖြင့် ဥပဒေပြုစေရန်၊ သို့မဟုတ် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကို ပြင်ဆင်ရန် လိုအပ်သည်ဟု ထင်မြင်ယူဆလျှင် သတ်မျတ်ထားသော လူဥိးရေပြည့်အောင်စုပြီး ဥပဒေပြုလုပ်ဖို့ (သို့) ပြင်ဆင်ရန် အစိုးရကို တင်ပြနိုင်သည်။ အစိုးရအနေဖြင့်လည်း အရေးယူ ဆောင်ရွက်ပေးရသည်။ ထို့ကြောာင့် ပြည်သူလူထုသည် ဥပဒေပြုစု ပြင်ဆင်ရေးတွင် တိုက်ရိုက်ပါဝင်ဆောင်ရွက်ခွင့်ရှိသည်ဟု ယူဆနိုင်ပေသည်။
ပြည်သူ့ဆန္ဒတင်ပြသောစစန်ကို ဆွစ်ဇာလန်နိုင်ငံနှင့် တစ်ချို့ သော အမေရိကန် ပြည်ထောင်စုမှ ပြည်နယ်များတွင် အသုံးပြုလျှက်ရှိကြသည်။ ဆွစ်ဇာလန်နိုင်ငံတွင် မဲဆန္ဒရှင် ၅၀၀၀၀(ငါးသောင်း) က ဥပဒေပြုစုပြင်ဆင်ရေးအတွက် အစိုးရကို တင်ပြနိုင်သည်။ အမေရိကန်ပြည်ထောင်စုတွင်မူ ၁၄ ပြည်နယ်တို့တွင် ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေကို ပြင်ဆင်ရန် ပြည်သူ့ဆန္ဒတင်ပြသော စနစ်ကိုအသုံးပြုပြီး ၉ပြည်နယ်တို့တွင်မူ သာမန်ဥပဒေပြုစုရေးတွင် ၄င်းစနစ်ကို အသုံးပြုကြသည်။ ပြည်သူ့ဆန္ဒတင်ပြသောစနစ်ကို အသုံးပြုသောကြောင့် ဥပဒေအဖွဲ့အနေဖြင့် လိုအပ်ပါလျက် ပြုစုနိုင်ပေသည်။ ထို့ပြင်မလိုအပ်သော ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေများကိုလည်း ပြည်သူလူထု အနေဖြင့် တင်ပြပြုနိုင်သောကြောင့် ကောင်းသော စနစ်တစ်ခုဟု ယူဆနိုင်ပေသည်။ သို့ရာတွင် မကောင်းသောအချက်များမှာလည်း လွတ်ကင်းနိုင်ခြင်းမရှိပေ။
(၁) လူတန်းစားကွဲပြားခြားနားနေသောကြောင့် လူတန်းစားအသီးသိးတို့ဖြင့် ၄င်းတို့၏ လူတန်းစားအကျိုးအတွက် ကိုသာရှေ့ ရှု၍ ဥပဒေပြုလုပ်ပြင်ဆင်ရန် တင်ပြလာနိုင်သည်။ ဥပမာ ကုန်သည်လူတန်းစားသည် ၄င်းတို့အကျိုးအတွက်သာ ဥပဒေများ ပြုစုပြင်ဆင်ကြသကဲ့သို့ ဆင်းရဲသား အလုပ်သမား လယ်သမားများကလည်း ၄င်းတို့အကျိုးအတွက်သာ ရှေးရှု၍ ဥပဒေများကို ပြုစုပြင်ဆင်ကြပေမည်။ ယင်းသို့ဖြစ်လာပါက လူတန်းစားချင်းပို၍ ပဋိပက္ခဖြစ်လာစရာ အကြောင်းရှိနိုင်သည်။
(၂) လူထုဆိုသည်မှာ လူပျင်းများ၊ လူဖျင်းများ၊ ခြောက်လျှင်ကြောက်၍ မြှောက်လျှင်မြောက်ကာ လိမ်လျှင်လည်း လိမ်မှန်းမသိအောင်ပင် အသောလူများစုတို့ကို အစုအဝေးကြီးပင်ဖြစ်သည်။ ယင်းကဲ့သို့သော လူများစုလက်ထဲတွင် ပြည်သူဆန္ဒတင်ပြသော စနစ်ကို အပ်နှင်းထားပါက နိုင်ငံရေးသမားလူငယ်တို့၏ လှည့်ဖြားမှုနောက်သို့ ယောင်ရမ်းပါဝင်ကာ တိုင်းပြည်၌ လေးအန္တရာယ် ကျရောက်နိုင်ပေသည်။
Political Science Part (44)
01:18 HRDP No comments
(၄)ကိုယ်စားလှယ်အမတ်ကို ပြန်လည်ရုပ်သိမ်းနိုင်ခွင့်
မဲဆန္ဒရှင်များသည် ၄င်းတို့ရွေးကောက် တင်မြောက်ထားသော ကိုယ်စားလှယ်အမတ်များကို ၄င်းတို့ အမတ် သက်တမ်းမပြည့်မီအတွင်း ပြန်လည် ဖြုတ်ချနိုင်ခြင်းကို ကိုယ်စားလှယ်အမတ်ပြည်လည်ရုပ်သိမ်းခြင်း (Recall) ဟူ၍ ခေါ်ဆိုကြသည် ဥပဒေပြုအမတ်များကို ပြည်သူမဲဆန္ဒရှင်များက ရွေးကောက် တင်မြောက်ကြရသည်။ ၄င်းအမတ်တို့၏အမတ် သက်တမ်းမှာ ၄နှစ် သို့မဟုတ် ၅နှစ်ဖြစ်၏။ မဲဆန္ဒရှင်လူထုသည် ၄င်းတို့ကို အလေးမမူဂရုမစိုက်ဟု ယူဆပါက ထိုအမတ်ကိုဖြုတ်ချ၍ ၄င်းနေရာတွင် တခြားသူတစ်ယောက်ကို ရွေးကောက်တင်မြောက်ပြီး အစားထိုးနိုင်ပေသည်။
ကိုယ်စားလှယ်အမတ်ကို ပြန်လည်ရုပ်သိမ်းနိုင်သော စနစ်ကို တစ်ချို့ သော အမေရိကန် ပြည်ထောင်စု၏ ပြည်များတွင် အသုံးပြုကြသည်။ ယင်းစနစ်ကို အသုံးပြုခြင်းဖြင့် ကိုယ်စားလှယ်အမတ်များနှင့် မဲဆန္ဒရှင်များကို လျစ်လျူရှု၍ မဖြစ်နိုင်တော့ပေ။ မဲဆန္ဒရှင်များ၏ အလိုဆန္ဒနှင့်ဆန့်ကျင်သော အမတ်သည် ၄င်း၏ အမတ်သက်တမ်းအတွင်း၌ပင် ဖြုတ်ချခြင်းခံရပေမည်။ ထို့ကြောင့် အာဏာရှင်စနစ်၊ ဗြူရိုကရက်စနစ်စသည်တို့ ပေါ်ပေါက်ရန်ခဲယဉ်းလှပေသည်။ ယင်းစနစ်ကို အသုံးမချနိုင်ပါက အမတ်တစ်ယောက်သည် အမတ်ဖြစ်သည့် နေ့မှစ၍ မဲဆန္ဒရှင်များကို အလေးမှု၊ ဂရုမစိုက်၊ မထေလေးစားပြုလုပ်ငြားလည်း ၄င်းအမတ်ကို ဖြုတ်ချနိုင်သော စနစ်သည် ကောင်းသောစနစ်တစ်ခုဟူ၍ မှတ်ယူနိုင်ပေသည်။ ထို့ကြောင့် လူထုတွင် နစ်နာပေလိမ့်မည်။ အထက်ပါ အကြောင်းအရာများကို ထောက်ရှုပါက ကိုယ်စားလှယ်အမတ်ကို အဲဆန္ဒရှင်တို့အနေဖြင့် သဘောမကျသောနေ့တွင် ဖြုတ်ချနိုင်သော စနစ်သည်ကောင်းသော စနစ်တစ်ခုဟူ၍ မှတ်ယူနိုင်ပေသည်။ သို့ရာတွင် ၄င်းစနစ်၌ အောက်ပါ အတိုင်းမကောင်းသော အချက်များလည်းရှိနေပေသည်။
ကိုယ်စားလှယ်အမတ်ကို ပြန်လည် ရုပ်သိမ်းနိုင်သော စနစ်၏ မကောင်းကျိုးများ
၁။ မဲဆန္ဒရှင်ပြည်သူလူထုမလက်ထဲတွင် ၄င်းတို့တင်မြောက်ထားသော အမတ်ကို ၄င်းတို့မကြိုက်မနှစ်သေက်သော အချိန်တွင် ပြည်လည်ဖြုတ်ချနိုင်သော အခွင့်အာဏာရှိနေပါက အမတ်များအနေဖြင့် လွတ်လပ်စွာ တာဝန်ဝတ္တ၇ားများကို ထမ်းဆောင်နိုင်တော့မည် မဟုတ်ပေ။ အမတ်များသည် ၄င်းတို့၏ သက်တမ်းဆိုင်ရာ မဲဆန္ဒရှင်များကို အမြဲတမ်းကြောက်နေသောကြောင့် ပြုသင့်ပြုထိုက်သော ဥပဒေများကိုပင် မဲဆန္ဒရှင်တို့အနေဖြင့် မကြိုက်ပါက ပြုလုပ်ဝံ့ကြလိမ့်မည် မဟုတ်ပေ။ ယင်းသို့ ဆောင်ရွက်သင့်ဆောင်ရွက်ထိုက်သော ကိစ္စရပ်များကို မဆောင်ရွက်နိုင်သောကြောင့် တိုင်းပြည်နစ်နာနိုင်၏။ ထို့ပြင် ခေါင်းဆောင်အနေဖြင့် တင်မြောက်ခံထားရသော အမတ်သည် မဲဆန္ဒရှင် ပြည်သူတို့၏ ကျေးကျွန်သာလျှင် ဖြစ်နေပေလိမ့်မည်။
၂။ ပြည်သူလူထုသည် ၄င်းတို့၏ဆန္ဒနှင့် ဆန့်ကျင်ဘက်ပြုသော အမတ်များကို ပြန်လည်ဖြုတ်ချနိုင်ရန် ပေးထားသော အခွင့်မရေးကို မှန်ကန်စွာ အသုံးချနိုင်အောင် ပညယ အဆင့်အတန်းမြင့်မားနေရန်လိုသည်။ လူထုအနေဖြင့် နိုင်ငံတော်နှင့် တကွ စဉ်းစားဆင်ခြင်နိုင်သော ပညာဥာဏ် ကင်းမဲ့နေပါက ဟိရိသြတ္တပ္ပမရှိသော နိုင်ငံရေးသမားတို့၏ မဟုတ်မမှန် လုပ်ကြံမှုများကြောင့် အမတ်ဖြုတ်ချပွဲများနှင့် အမတ်ပြန်လည် ရွေးကောက်ပွဲများဖြင့်သာ အချိန်ကုန်နေပေလိမ့်မည်။
Political Science Part (45)
01:22 HRDP No comments
ကမ္ဘာတိုင်းပြည်များ နှိုင်းယှဉ်ချက်
တိုင်းပြည်တစ်ပြည်နှင့် တစ်ပြည် ကွဲပြားခြားနားပုံကို တိကျစွာ သိရှိလျှင် အောက်ဖော်ပြပါ အချက်များအပေါ်မူတည်၍ နှိုင်းယှဉ်ကြည့်သင့်ပေသည်။
၎င်းတို့မှာ ...
(၁) နိုင်ငံအမျိုးအစား။
(၂) ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ။
(၃) ကိုယ်စားလှယ်အမတ် ရွေးချယ်ရေးစနစ်။
(၄) ဥပဒေပြုအဖွဲ့။
(၅) အုပ်ချုပ်ရေးအဖွဲ့။
(၆) တရားစီရင်ရေးအဖွဲ့ စသည်တို့ဖြစ်သည်။
၁။နိုင်ငံအမျိုးအစား ခွဲခြားကြည့်ရာတွင် ယူနီတရီ နိုင်ငံနှင့် ပြည်ထောင်စုနိုင်ငံမျိုးလောက်သာ ခွဲခြားမကြည့်ဘဲ ပြည်ထောင်စု စစ်သောနိုင်ငံနှင့် ပြည်ထောင်စု မစစ်သောနိုင်ငံများအပြင် ပြည်ထောင်စုနိုင်င့များ အမျိုးမျိုး အစားစား ကွပြားခြားနားပုံကိုလည်း လေ့လာသင့်ပေသည်။
၂။ ဖွဲ့စည်းအုပ်ချုပ်ပုအခြေခံဥပဒေကို လေ့လာရာတွင် ပြင်ဆင်ရန်လွယ်ကူသော ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေနှင့် ပြင်ဆင်ရန် ခက်ခဲသော ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံများ အပြင် ရေးသားမှတ်တမ်းတင်ထားသော ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံ ဥပဒေနှင့် ရေးသားမှတ်တမ်းတင်မထားသော ဥပဒေများနှင့်တကွ ၄င်းဥပဒေတို့၏ အကျိုးအပြစ်များကိုလည်း တစ်ဆက်တည်း လေ့လာသင့်ပေသည်။
၃။ တိုင်းပြည်အချင်းချင်း နှိုင်းယှဉ်ကြည့်ရာတွင် ဥပဒေပြုဌာနဖွဲ့စည်းရန်အတွက် ကိုယ်စားလှယ် အမတ်များ ရွေးချယ်ပုံ စနစ်အမျိုးမျိုးကိုလည်း နှိုင်းယှဉ်ကြည့်ရပေမည်။ ယင်းသို့ နှိုင်းယှဉ်ကြည့်ရာတွင် မည်သူက မည်သူ့ကို မည်ကဲ့သို့ ရွေးချယ်သနည်းဆိုသော မေးခွန်းပြေလည်အောင် ဖြေဆိုရန်လိုသည်။
ကမ္ဘာ့နိုင်ငံများတွင် ...
(၁) မဲဆန္ဒရှင်တို့၏ အရညအချင်းသတ်မှတ်မှု ကွဲပြားခြင်း။
(၂) မဲဆန္ဒနယ် သတ်မှတ်ပုံချင်း မတူညီပုံ။
(၃) မဲပေးရွေးကောက်ပုံချင်း ခြားနားပုံများကို တွေ့ရှိရပေမည်။
၎။ဥပဒေပြုအဖွဲ့များကို ဖွဲ့စည်းပုံ၊ ၄င်းတို့၏ တန်ခိုးအားဏာများကို လေ့လာကြည့်ခြင်း ဖြင့်လည်း ကမ္ဘာ့နိုင်ငံများအချင်းချင်း မတူညီကွဲပြားခြားနားပုံကို သိရှိနိုင်ပေသည်။
ဥပဒေပြုအဖွဲ့ကိုလေ့လာရာတွင်...
(၁) လွှတ်တော်တစ်ခုတည်းရှိသောစနစ်
(၂) လွှတ်တော်နှစ်ခုထားရှိသောစနစ်
(၃) ၄င်းလွှတ်တော်များကို ဖွဲ့စည်းပုံနှင့်
(၄) ၄င်းလွှတ်တော်တို့၏ တန်ခိုးအာဏာတို့ကို လေ့လာရပေမည်။
၅။ကမ္ဘာ့နိုင်ငံတိုင်း၌ အုပ်ချုပ်ရေးဌာနများရှိပြီး ၄င်းအုပ်ချုပ်ရေးဌာနတို့သည် တစ်တိုင်းပြည်နှင့် တစ်တိုင်းပြည် တူညီခြင်းမရှိပေ။ ထို့ကြောင့် နိုင်ငံအချင်းချင်း ကွဲပြားခြားနားပုံကို နှိုင်းယှဉ်ကြည့်လိုသော နိုင်ငံတို့၏ အုပ်ချုပ်ရေးဌာနတို့ ကွဲပြားခြားနားပုံကို လေ့လာကြည့်ရမည်။ ကမ္ဘာ့အုပ်ချုပ်ရေးဌာနများမှာ...
(၁)ပါလီမန်အုပ်ချုပ်ရေး
(၂)သမ္မတအုပ်ချုပ်ရေး
(၃)ဘုရင်အုပ်ချုပ်ရေး
(၄)ကော်မတီအုပ်ချုပ်ရေး စသည်ဖြင့် အမျိုးမျိုးကွဲပြားလျက်ရှိသည်။ ထို့ပြင် ရုပ်ပြအုပ်ချုပ်ရေး Nominal Executive နှင့် တကယ့်အုပ်ချုပ်ရေး Real Executive တို့၏ ကွဲပြားခြားနားပုံကိုလည်း လေ့လာရပေမည်။
၆။ကမ္ဘာ့နိုင်ငံတိုင်းမှ အစိုးရဌာနတိုင်းတွင် တရားစီရင်ရေးဌာနများရှိကြသည်။ တရားစီရင်ရေးဌာနချင်း တူညီသော်လည်း ၄င်းတို့ကို ဖွဲ့စည်းပုံများမှာ တစ်ပြည်နှင့် တစ်ပြည် မတူညီကြပေ။ ထို့ပြင် နိုင်ငံတစ်ချို့ တွင် နိုင်ငံသားအားလုံးအတွက် တရားဥပဒေတစ်မျိုးသာရှိပြီး တစ်ချို့ နိုင်ငံတွင် အစိုးရအရာထမ်းအမှုထမ်းများအတွက် ဥပဒေတစ်မျိုး၊ သာမန်အရပ်သူ အရပ်သားအတွက် ဥပဒေမျိုးစသဖြင့် ဥပဒေနှစ်မျိုးနှစ်စား ထားရှိသည်ကို တွေ့ရသည်။
တရားရုံးဖွဲ့စည်းပုံ၊ တရားသူကြီးများကို ခန့်အပ်ပုံ၊ တရားသူကြီးများကို တရာထူးမှရပ်စဲပုံ၊ တရားရုံး၏ တန်ခိုးအာဏာစသည်တို့မှာလည်း တစ်နိုင်ငံနှင့် တစ်နိုင်ငံထပ်တူထပ်မျှ တူညီနေကြသည် မဟုတ်ပေ။ ထို့ကြောင့် ကမ္ဘာ့နိုင်ငံအချင်းချင်း ကွဲပြားခြားနားပုံကိုလည်း လေ့လာကြည့်ရှုသင့်ပေသည်။ ထို့ကြောင့် ၄င်းမူ "၆" ချက်ဖြင့် နိုင်ငံအသီးသီးကို လေ့လာကြရပေမည်။
အမေရိကန်ပြည်ထောင်စု
နိုင်ငံအမျိုးအစား
အမေရိကန်နိုင်ငံသည် ပြည်နယ်ပေါင်း ၅၀ ကို စုပေါင်းဖွဲ့စည်းထားသောကြောင့် ပြည်ထောင်စု နိုင်ငံတစ်နိုင်ငံဖြစ်သည်။ ထို့ပြင် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ၌ သတ်မှတ်ဖော်ပြထားသော အချုပ်အခြာအာဏာ Sovereignty တစ်ချို့ ကို ဗဟိုအစိုးရ (၀ါ) ပြည်ထောင်စုအစိုးရလက်ထဲ၌ ထား၍ အခြေခံဥပဒေ၌ သတ်မှတ်ဖော်ပြထားခြင်း မရှိသော ကျန်ရှိသည့် အချုပ်ချာအာဏာ (၀ါ) အကြွင်းအကျန်အာဏာများ Reserve of Power ကိုပြည်နယ်တို့၏ လက်ထဲတွင် ထားရှိသောကြောင့် အမေရိကန်နိုင်ငံသည် "အမေရိကန်နိုင်ငံသည် "ပြည်ထောင်စုစစ်သောနိုင်ငံ" Hith Federalised State ဖြစ်သည်။
ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေ
အမေရိကန် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေသည် ပြင်ဆင်ရန် ခက်ခဲသောဥပဒေ Rigid Constitution ဖြစ်၏။ အကြောင်းမှာ ၄င်းအခြေံဥပဒေကို ရိုးရိုးနည်းဖြင့် ပြင်ဆင်၍ မရသောကြောင့်ပင် ဖြစ်သည်။ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကို ပြင်ဆင်လိုလျှင်၂/၃ သော ကွန်ကရက် (လွှတ်တော်နှစ်ရပ်ပေါင်း) အမတ်များကသော်လည်းကောင်း၊ ၂/၃ သော ပြည်နယ်များကသော်လည်းကောင်း ၄င်းပြင်ဆင်ချက်အဆိုကို တင်သွင်းရသည်။ အနည်းဆုံး ၃/၄ သောကွန်ကရက် အမတ်များက သဘောတူထောက်ခံမှသာလျှင် ပြင်ဆင်ချက်အဆိုကို အတည်ပြုသည်။ ထို့ပြင်အမေရိကန်ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေသည် ရေးသားမှတ်တန်းတင်ထားသော ဥပဒေ Documentry ဖြစ်ပေသည်။
ကိုယ်စားလှယ်ရွေးကောက်ချယ်ရေးစနစ်
၁၉၂၀-ခုနှစ်မှစ၍ အသက် ၂၀ပြည့်သော အမေရိကန်သူ/အမေရိကန်သားတိုင်း မဲဆန္ဒ ပေးခွင့်ရရှိကြသည်။ မဲဆန္ဒပေးခွင့်ရရှိကြသည်။ မဲဆန္ဒတစ်နယ် ကိုယ်စားလှယ်တစ်ယောက် စနစ် (Single Member Constituency System) ဖြင့် မဲဆန္ဒနယ်ပေါင်း ၄၃၆ နယ်သတ်မှတ်ပြီး အောက်လွှတ်တော်အတွက် ကိုယ်စားလှယ်များ ရွေးကောက်တင်မြောက်ကြသည်။ အထက်လွှတ်တော် (စီးနိတ်) အတွက် မဲဆန္ဒနယ်များမှ ပြည်နယ်နှစ်ခုစနစ် (Bi-Party System) ကို အသုံးပြုသောကြောင့် ရွေးကောက်ပွဲများတွင် "ရီပတ်ဘလစ်ကင်" (Republican) ပါတီနှင့် "ဒီမိုကရက်တစ်" (Democrat) ပါတီတို့ ယှဉ်ပြိုင်အရွေးခံကြသည်။
အထက်လွှတ်တော်အတွက် စီးနတ်အမတ်နှစ်ဦးစီကို ပြည်နယ်တိုင်းမှ ပြည်သူတို့က ရွေးကောက်တင်မြှောက်ပြီး အောက်လွှတ်တော်အမတ်များကိုမူ လူဦးရေအလိုက် အချိုးကျ ရွေးကောက်တင်မြောက်ကြသည်။
အမေရိကန်ပြည်ထောင်စုတွင် ဥပဒေပြုဌာနအဖြစ်ဖြင့် အထက်လွှတ်တော် (Senate) နှင့် အောက်လွှတ်တော် (House of Representative)ဟူ၍ လွတ်တော်နှစ်ခုရှိသည်။ ထို့ကြောင့် လွှတ်တော်အမတ်တို့၏ အမတ်သက်တမ်းမှာမူ ၂နှစ်သာ ဖြစ်သည်။
အထက်လွှတ်တော်အတွက် ကိုယ်စားလှယ် အတ်များကို ပြည်နယ်တိုင်းမှ နှစ်ဦးကျစီ ရွေးကောက်ဖွဲ့စည်းထားသော်လည်း အောက်လွှတ်တော်ကိုယ်စားလှယ် အမတ်များကိုမူ ပြည်နယ်တို့၌ နေထိုင်ကြသော လူဦးရေနည်းသာ နီဗားဒါးပြည်နယ်ကလေးကမူ ကိုယ်စားလှယ်အမတ် ၁ယောက်သာ ရွေးကောက်တင်မြှောက်ခွင့် ရရှိပေသည်။
အထက်လွှတ်တော်အတွက် ကိုယ်စားလှယ် အတ်များကို ပြည်နယ်တိုင်းမှ နှစ်ဦးကျစီ ရွေးကောက် ဖွဲ့စည်းထားသော်လည်း အောက်လွှတ်တော်ကိုယ်စားလှယ် အမတ်များကိုမူ ပြည်နယ်တို့၌ နေထိုင်ကြသော လူဦးရေနည်းသာ နီဗားဒါးပြည်နယ် ကလေးကမူ ကိုယ်စားလှယ် ၁ယောက်သာ ရွေးကောက်တင်မြှောက်ခွင့်ရရှိပေသည်။
လွှတ်တော်နှစ်ရပ်၏ ဥပဒေပြုခွင့်အာဏာမှာ တူညီသော်လည်း အထက်လွှတ်တော်၌ အုပ်ချုပ်ရေးဌာနကို ကြိုးကိုင်ထိန်းသိမ်းနိုင်ခွင့် ပြည်နယ်တို့၏ အခွင့်အရေးများကို ကာကွယ်နိုင်ခွင့် အပြည်ပြည်ဆိုင်ရာ စာချုပ်များကို အတည်ပြုခွင့်နှင့် ဗဟိုအစိုးရရာထူးကြီးများ ခန့်အပ်ခြင်းကို သလောတူညီချက် ပြုနိုင်ခြင်းတို့ကြောင့် အောက်လွှတ်တော်ထက် တန်ခိုးကြီးသည်။
အုပ်ချုပ်ရေးဌာန
အမေရိကန်အုပ်ချုပ်ရေးဌာန၏ အကြီးဆုံးပုဂ္ဂိုလ်သည် အမေရိကန်သမ္မတပင်ဖြစ်သည်။ သမ္မတသက်တမ်းမှာ ၄နှစ် ဖြစ်ပြီး ၄င်းသမ္မတကို ပြည်သူလူထုက သွယ်ဝိုက်သောနည်းများဖြင့် ရွေးကောက်တင်မြောက်ကြသည်။
အမေရိကန်သမ္မရွေးကောက်ရာတွင် ပါတီစနစ်ကိုအသုံးပြုသောကြောင့် ပါတီတစ်ခုမှ အမေတ်လောင်းတစ်ဦးအား မဲပေးခြင်းသည် ၄င်းပါတီမှ ရွေးချယ်ထားသော သမ္မတလောင်းကို မဲပေးခြင်းမည်ပေသည်။ အကြောင်းမှာ ရွေးကောက်ပွဲတွင် အမတ်အများဆုံး အရွေးချယ်ခံရသောပါတီမှ ရွေးချယ်တင်မြောက်ထားသော သမ္မတလောင်းသည် သမ္မတဖြစ်လာရသောကြောင့်ပင်ဖြစ်၏။
အမေရိကန်သမ္မတသည် အုပ်ချုပ်သူအစစ် Real Executive ဖြစ်သကဲ့သို့ ရုပ်ပြအုပ်ချုပ်သူတစ်ယောက်လည်း ဖြစ်သည်။ အကြောင်းမှာ အမေရိကန်သမ္မတသည် အိန္ဒိယ၀န်ကြီးချုပ်တစ်ယောက်ကဲ့သို့ အုပ်ချုပ်ရေးအာဏာများကို လက်ကိုင်ပြု၍ တိုင်းပြည်ကိုတကယ်တမ်းအုပ်ချုပ်နေသကဲ့သို့ အခြားတစ်ယောက်တွင်လည်း အုပ်ချုပ်ရေးအာဏာများ လက်ဝယ်မရှိသော အိန္ဒိယရုပ်ပြအုပ်ချုပ်ရေးသမ္မတကဲ့သို့ အဆောင်ယောင် အခမ်းအနားကိစ္စရပ်များကို ဆောင်ရွက်နေရသောကြောင့်ပင် ဖြစ်သည်။
အမေရိကန်သမ္မသည် အမေရိကန်ဥပဒေပြုအဖွဲ့ဖြစ်သော ကွန်ဂရက်ခေါ် ပါလီမန်နှင့် လုံးဝကင်းလွတ်နေသည်။ ထို့ကြောင့် ပါလီမန်အုပ်ချုပ်ရေးတွင် ပါလီမန်သည် ၀န်ကြီးချုပ်ကို ဖြုတ်ချနိုင်သကဲ့သို့ အမေရိကန်ပါလီမန်သည် အမေရိကန် သမ္မတကို ၄င်း၏သမ္မတသက်တမ်း ၄နှစ်အတွင်း ဖြုတ်မချနိုင်ပေ။ ထို့ကြောင့် အမေရိကန် အုပ်ချုပ်ရေး စနစ်ကို ပါလီမန်ကို တာဝန်မခံသော (၀ါ) ပါလီမန်နှင့် ဆက်စပ်မှုမရှိသော အုပ်ချုပ်ရေး Fixed Executive ဟူ၍ ခေါ်ဆိုသည်။
အမေရိကန်အုပ်ချုပ်ရေးစနစ်တွင် ပါလီမန်သည် သမ္မတကို ဖြုတ်မချနိုင်သကဲ့သို့ သမ္မတသည်လည်း ပါလိမန်ကိုဖျက်သိမ်းခွင့် မရှိပေ။ သမ္မတသည် ၄င်း၏အစိုးရအဖွဲ့အတွက် ၄င်းခန့်ချင်သော လူကိုဝန်ကြီးခန့်ခွင့်ရှိသည်။ ၄င်း၏ပါတီနှင့် ပါလီမန်အမတ်မဟုတ်သူကိုပင် ၀န်ကြီးအဖြစ် ခန့်နိုင်ခွင့်ရှိသည်။ နိုင်ငံခြားရေး မူဝါဒမှာလည်း သမ္မတ၏ သဘောအတိုင်းသာဖြစ်သည့်အပြင် သမ္မတသည် ၄င်း၏ပါတီမှတစ်ဆင့် တရားဥပဒေပြုစုခြင်းတွင်လည်း တန်ခိုးသြဇာလွှမ်းမိုးနိုင်ပေသည်။ ထို့ပြင် အမေရိကန်သမ္မတသည် လက်နက်ကိုင် တပ်ပေါင်းစု၏ စစ်သေနာပတိချုပ်လည်း ဖြစ်ပေသည်။ ထို့ကြောင့် အမေရိကန်သမ္မတသည် ကမ္ဘာပေါ်တွင် တန်ခိုးအကြီးဆုံးသော သမ္မတဖြစ်သည်။
တရားစီရင်ရေးဌာန
ပြည်ထောင်စုတရားစီရင်ရေးဌာနသည် ပြည်ထောင်စု၏ တရားရုံးချုပ်ပင်ဖြစ်သည်။ ၄င်းတရားရုံးချုပ်တွင် တရားသူကြီး ၆ယောက်ရှိပြီး ၄င်းတို့ကို စီးနိတ်ခေါ် အထက်လွှတ်တော်၏ သဘောတူညီချက်ဖြင့် သမ္မတခန့်အပ်ထားသည်။
ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကို ကာကွယ်ရန်သည် ယင်းဗဟိုအစိုးရ၏ တရားစီရင်ရေးဌာနပင်ဖြစ်သည်။ ဗဟိုအစိုးရနှင့် ပြည်နယ်တို့ကြား ဖြစ်ပေါ်လာသော ပြဿနာများကိုလည်း ၄င်းတရားစီရင်ရေးဌာနသည် ပြည်နယ်တို့၏ တရားဥပဒေများကို ထိပါးခွင့်မရှိပေ။
Political Science Part (46)
01:24 HRDP No comments
ဆွစ်ဇာလန်နိုင်ငံ
နိုင်ငံအမျိုးအစား
ဆွစ်ဇာလန်နိုင်ငံသည် ကင်တွန် (Canton) ခေါ်ပြည်နယ်ပေါင်း ၂၂ ပြည်နယ်တို့ကို စုပေါင်းထားသော ပြည်ထောင်စု နိုင်ငံဖြစ်သည်။ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေတွင် အရေးသား သတ်မှတ်ထားသော အချုပ်အခြာအာဏာများကို ဗဟိုအစိုးရလက်ထက်တွင် ထားရှိပြီး ရေးသားသတ်မှတ်ထားခြင်း မရှိသော ကျန်အာဏာများကို ပြည်နယ်တို့၏ လက်ထဲတွင် ထားရှိသောကြောင့် ဆွစ်ဇာလန်နိုင်ငံသည် ပြည်ထောင်စုစစ်စစ် နိုင်ငံပင် ဖြစ်သည်။
ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေ
ဆွစ်ဇာလန်နိုင်ငံ၏ ဖွဲ့စည်းအုပ်ချုပ်ပုံ ခြေခံဥပဒေသည် ပြင်ဆင်ရန် ခက်ခဲသည့် မှတ်တမ်းတင်ထားသော ဥပဒေများဖြစ်သည်။ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေများကို ပြည်သူ့ဆန္ဒကောက်ခံခြင်း (Referendum) မပြုလုပ်ဘဲ ပြင်ဆင်ခြင်း မပြုကြပေ။ နိုင်ငံသား ၅၀၀၀၀ (ငါးသောင်း) တို့က ပြည်သူ့ဆန္ဒတင်ပြခြင်း (Initiative) ပြုသောအခါများတွင်လည်း ဥပဒေကို ပြင်ဆင်ကြသည်။
ကိုယ်စားလှယ်အမတ်များရွေးချယ်ပုံ
ကမ္ဘာပေါ်တွင် မိန်းမများမဲဆန္ဒပေးခွင့် မပြုသောနိုင်ငံမှာ ဆွစ်ဇာလန်နိုင်ငံပင် ဖြစ်သည်။ အသက် ၁၈ နှစ် ပြည့်သော ယောကျာင်္းများသာ မဲဆန္ဒပေးခွင့်ရရှိကြသည်။
အချိုးကျကိုယ်စားလှယ် ရွေးချယ်စနစ် (Propotional Representative) ကို အသုံးပြုသည်။ နိုင်ငံသာ ၂၄၀၀၀ လောက်တွင် ကိုယ်စားလှယ် တစ်ယောက်ကျ ရွေးကောက်တင်မြှောက်ကြသည်။
ဥပဒေပြုဌာန
လွှတ်တော်နှစ်ခုထားရှိသောစနစ်ကို အသုံးပြုသည်။ အောက်လွှတ်တော်ကို အမျိုးသား ကောင်စီ (National Council) ဟူ၍ ခေါ်ဆိုကြပြီး ၄င်းလွှတ်တော်တွင် အမတ်ပေါင်း ၂၀၀ခန့် ပါဝင်ပြီး ၄င်းတို့၏ အမတ်သက်တမ်းမှာ ၄ နှစ် ဖြစ်သည်။ ဘဏ္ဍာရေး ဥပဒေများမှအစ ဥပဒေပြုအာဏာကို အောက်လွှတ်တော်ကသာ ကြိုးကိုင်ထားသည်။
အထက်လွှတ်တော်ကို နိုင်ငံတော်ကောင်စီ (Council of State) ဟူ၍ ခေါ်ဆိုသည်။ ၄င်းလွှတ်တော်ကို ပြည်နယ် ၂၂နယ်တို့မှ အမတ်ပေါင်း ၄၄ ယောက်ဖြင့် ဖွဲ့စည်းထားသည်။ သို့ရာတွင် ပြည်နယ်တစ်နယ်မှ ကိုယ်စားလှယ်အမတ် နှစ်ဦးကျစီသာတူညီမျှ ရွေးကောက်တင်မြှောက်၍ ဖွဲ့စည်းထားခြင်း မဟုတ်ပေ။ ငယ်သော ၆ပြည်နယ်တို့မှ ပြည်နယ်တစ်ခုတွင် အမတ်တစ်ဦးကျစီသာ ရွေးကောက်ခွင့်ရရှိကြသည်။
အထက်လွှတ်တော်အတွက် အမတ်များကို တစ်ချို့ ပြည်နယ်တွင် ရွေးကောက်တင်မြှောက်၍ တစ်ချို့ ပြည်နယ်တွင်မူ ဆိုင်ရာအစိုးရက ခန့်အပ်စေလွှတ်သည်။ ၄င်းတို့၏ အမတ်သက်တမ်းမှာလည်း ပြည်နယ်တစ်ခုနှင့် ပြည်နယ်တစ်ခု မတူညီကြချေ။
အထက်လွှတ်တော်၏ အာဏာမှာအောက်လွှတ်တော်၏ အာဏာနှင့်ညီမျှသည်။ ဆွစ်ဇာလန်နိုင်ငံသည် ပြည်နယ်ထောင်စုနိုင်ငံစစ် သော်လည်း အထက်လွှတ်တော်သည် အမေရိကန်အထက်လွှတ်တော်ကဲ့သို့ အုပ်ချုပ်ရေးဌာနကို ကြိုးကိုင်နိုင်ခွင့် မရှိပေ။ ထို့ပြင်ပြည်နယ်များ၏ အခွင့်အရေးများကိုလည်း ကာကွယ်နိုင်ခွင့် မရှိသောကြောင့် ဆွစ်ဇာလန်အထက်လွှတ်တော်သည် တန်ခိုးကြီးသော လွှတ်တော်တစ်ခုမဟုတ်ပေ။ ဥပဒေရေးရာနှင့် စပ်လျဉ်း၍ တိုင်းသူပြည်သား မဲဆန္ဒရှင်တို့၏ မဲဆန္ဒရှင်တို့၏ မည်သည့်ပြင်ဆင်ချက်ကိုမျှ သဘောဆန္ဒမပါဘဲ မပြုနိုင်သောကြောင့် အထက်လွှတ်တော် တန်ခိုးကြီးရန်မလိုအပ်ပေ။
အုပ်ချုပ်ရေးဌာန
ဆွစ်ဇာလန်အုပ်ချုပ်အဖွဲ့ (၀ါ) အစိုးရအဖွဲ့ကို ဆွစ်ဇာလန် ဥပဒေပြုအဖွဲ့က ရွေးကောက်တင်မြှောက်အဖွဲ့က ရွေးကောက်တင်မြှောက်ရသည်။ သို့ရာတွင် ဥပဒေပြုအဖွဲ့သည် ၄င်းတင်မြှောက်သော အစိုးရအဖွဲ့ကို ဖျက်သိမ်းခွင့် မရှိသောကြောင့် ဆွစ်ဇာလန် အုပ်ချုပ်ရေးစနစ်ကို ဥပဒေပြုအဖွဲ့က ရွေးချယ်တင်မြှောက်ရသည့် မြဲသော အုပ်ချုပ်ရေး (Fixed Executive) ဟူ၍ ယူဆရပေမည်။
ဥပဒေပြုဌာနက ၇ဦး ပါဝင်သော အုပ်ချုပ်ရေးအဖွဲ့ကို ရွေးကောက်တင်မြှောက်ရ၏။ ၄င်းအုပ်ချုပ်ရေးအဖွဲ့ကို ပြည်ထောင်စုကောင်စီ (Federal Council) ဟူ၍ ခေါ်ပြီး ၄င်းကောင်စီအုပ်ချုပ်ရေးအရာရှိ ၇ဦး၏ ရာထူးသက်တမ်းမှာ ၄နှစ်ဖြစ်သည်။ သို့ရာတွင် သက်တမ်းစေ့တိုင်း ပြန်လည်၍ ယှဉ်ပြိုင်အရွေးခံခွင့်ရှိသည်။ အုပ်ချုပ်ရေးအရာရှိ ၇ဦးအနက် သမ္မတအပြင် ၀န်ကြီးချုပ်နှင့် အဆင့်အတန်းညီမျှသော ချန်စီလာ (Charncellor) တစ်ယောက်ကိုလည်း ရွေးကောက်တင်မြှောက်၍ တိုင်းပြည်ကို အုပ်ချုပ်သည်။ တစ်နည်းအားဖြင့် ပုဂ္ဂိုလ် ၇ ဦးပါဝင်သော "ပြည်ထောင်စုကောင်စီ" ခေါ် အစိုးရအဖွဲ့ဖြင့် တိုင်းပြည်ကိုအုပ်ချုပ်ခြင်းပင် ဖြစ်သည်။
တရားစီရင်ရေးဌာန
ပြည်ထောင်စုတရားရုံးချုပ်အတွက် တရားသူကြီး ၃၀ကျော်ကို ပြည်ထောင်စု ဥပဒေပြုအဖွဲ့က ရွေးကောက်တင်မြှောက်သည်။ တရားသူကြီးတို့၏ တရားသူကြီးအဖြစ် သက်တမ်း ၆နှစ်ဖြစ်၏။ ၄င်းပြည်ထောင်စု တရားရုံးချုပ်မှာ "နောက်ဆုံးအယူခံဝင်ရာ တရားရုံးချုပ်ပင်ဖြစ်သည်။ ၄င်းတရားရုံးချုပ်သည် ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံ ဥပဒေကို ကိုးကားကိုင်စွဲနိုင်ခွင့် ရှိသော်လည်း ၄င်း၏ဆုံးဖြတ်ချက်များကို ပြည်ထောင်စု ဥပဒေပြုအဖွဲ့က ပယ်ဖျက်နိုင်သည်။ ထို့ကြောင့် ပြည်နယ်တို့၏ အခွင့်အရေးများကို ထိပါးနိုင်သည်ဟု ထင်ရသည်။ သို့ရာတွင် ပြည်သူတို့သည် အစိုးရကို တိုက်ရိုက်ကြိုးကိုင်နိုင်သောစနစ် (Direct Democratic Checks) ကို အသုံးပြုသောကြောင့် ပြည်နယ်များအနေဖြင့် လုံခြုံမှုရရှိကြပေသည်။
Political Science Part (48)
01:31 HRDP No comments
ၾသစေၾတးလ်
နိုင်ငံ
သြစတေးလျနိုင်ငံသည် ၁၉၀၀ခုနှစ်တွင် ၆ပြည်နယ်တို့ကို ပူးပေါင်းဖွဲ့စည်းထားသော ပြည်ထောင်စု နိုင်ငံဖြစ်သည်။ ရေးသားသတ်မှတ်ထာသော အာဏာကို ပြည်ထောင်စု အစိုးရလက်ထဲ၌ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ၌ ရေးသားသတ်မှတ်မထားသော အကြွင်းအကျန်အာဏာများကို ပြည်နယ်များ၏လက်ထဲ၌ ထားရှိသောကြောင့် သြစတြေးလျနိုင်ငံသည် ပြည်ထောင်စုနိုင်ငံ တစ်နိုင်ငံဖြစ်သည်။
ဖွဲ့စည်းအုပ်ချုပ်ပုံ
ပြင်ဆင်ရန်ခက်ခဲ့သော အခြေခံဥပဒေဖြစ်ပြီး ရေးသားမှတ်တမ်းတင်ထားသော ဥပဒေများ ဖြစ်သည်။ ဥပဒေ ပြင်ဆင်ချက်များကို လွှတ်တော်နှစ်ရပ်မှ အတည်ပြုရမည့်အပြင် ပြည်နယ်အများစုက ပြည်သူအများစုတို့ သဘောတူမှသာလျှင် ပြင်ဆင်ချက်အတည်ဖြစ်သည်။ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေပြင်ဆင်ချက် အဆိုကြမ်းကို အောက်လွှတ်တော်ကသာ စတင်၍ အဆိုတင်သွင်းခွင့်ရှိသည်။ အကယ်၍ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံ ဥပဒေပြင်ဆင်ချက် အဆိုကြမ်းနှင့် စပ်လျဉ်း၍လွှတ်တော်နှစ်ခု သဘောတူညီမှုမရပါက ရက်ပေါင်း ၉၀ ခြားပြီး ထပ်၍ ဆွေးနွေးရသည်။ ဒုတိယ အကြိမ် ဆွေးနွေးရသည်။ ဒုတိယအကြိမ် ဆွေးနွေးခြင်းဖြင့် လွှတ်တော်နှစ်ရပ်အနေနှင့် သဘောတူညီချက် မရရှိပါက သြစတြေးလျ ဂါဗာနာဂျင်နရယ်ခေါ် ဘုရင်ခံချုပ်က လွှတ်တော်ကိုဖျက်သိမ်း၍ ပြင်ဆင်ျချက်အဆိုကို ကြိုက် မကြိုက်ပြည်သူ့ဆန္ဒကောက်ခံကြသည်။
ကိုယ်စားလှယ်အမတ်ရွေးချယ်ရေးစနစ်
အသက် ၂၁နှစ်ပြည့်သော သြစတြေးလျသူ သြစတေးလျသားတိုင်း မဲပေးခါင့်ရရှိကြသည်။ ပါတီကြီးနှစ်ခု စနစ်ဖြင့် မဲဆန္ဒတစ်နယ် ကိုယ်စားလှယ်တစ်ယောက်အနေဖြင့် ရွေးကောက်တင်မြှောက်ကြသည်။
ဥပဒေပြုအဖွဲ့
လွှတ်တော်နှစ်ခု စနစ်ကိုအသုံးပြုသည်။ အောက်လွှတ်တော်တွင် အမတ်ပေါင်း ၁၂၃ ယောက် ပါဝင်ပြီး၎င်းတို့ကို ပြည်သူလူထုက တိုက်ရိုက် ရွေးကောက်တင်မြှောက်ကြရသည်။ အောက်လွှတ်တော် အမတ်သက်တမ်းမှာ ၃နှစ်ဖြစ်ပြီး ၄င်းလွှတ်တော်၏ တရားဥပဒေပြုစုရေး အာဏာမှာ အထက်လွှတ်တော်နှင့် ညီမျှသည်။
အထက်လွှတ်တော်ကို ဆီးနိတ်ဟူ၍ ခေါ်ဆိုကြသည်။ ၄င်းအထက်လွှတ်တော်ကို ပြည်နယ်တစ်နယ်မှ အမတ် ၁၀ယောက်စီဖြင့် ဖွဲ့စည်းထားသောကြောင့် အမတ်ပေါင်း ၆၀ပါဝင်သည်။ အထက်လွှတ်တော် အမတ်တို့၏ အမတ်သက်တမ်းမှာ ၆နှစ်ဖြစ်ပြီး ၁/၂ ကို သုံးနှစ် တစ်ကြိမ် ရွေးကောက်ပွဲအသစ် ကျင်းပ၍ ပြန်လည် ရွေးကောက် တင်မြောက်ကြသည်။
ဆီးနိတ်အမတ်များကို အချိုးကျကိုယ်စားလှယ်စနစ်တွင် မဲလွဲပြောင်းပေးသောစနစ်ဖြင့် ရွေကောက်တင်မြှောက်ကြသည်။ ဘဏ္ဍာရေး ဥပဒေကြမ်းကို မတင်သွင်းနိုင်သောကြောင့် အောက်လွှတ်တော်ထက် တန်ခိုးသေးငယ်သည်ဟု ယူဆရပေသည်။
အုပ်ချုပ်ရေးဌာန
အုပ်ချုပ်ရေးအဖွဲ့ကို ပါလီမန်က ရွေးချယ်တင်မြှောက်ရသောကြောင့် ပါလီမန်အုပ်ချုပ်ရေး ဖြစ်သည်။ အုပ်ချုပ်ရေး အာဏာလက်ကိုင်ထားရသည့် အုပ်ချုပ်ရေးအရာရှိအစစ်မှာ ၀န်ကြီးချုပ်နှင့် ၄င်း၏၀န်ကြီးအဖွဲ့ဖြစ်ပြီး ရုပ်ပြအုပ်ချုပ်ရေးမှူးမှာ ဘုရင်ခံချုပ်ဖြစ်သည်။ ၄င်းဘုရင်ခံချုပ်ကို ဗြိတိသျှဘုရင်က ခန့်အပ်ရသည်။ အစိုးရအဖွဲ့ကို ဥပဒေပြုအဖွဲ့က အယုံအကြည်မရှိ အဆိုတင်သွင်း၍ ဖြုတ်ကိုင်သကဲ့သို့ ၀န်ကြီးချုပ်ကလည်း ဥပဒေပြုအဖွဲ့ကို ဖျက်သိမ်းနိုင်သည်။
တရားစီင်ရေးဌာန
ဥပဒေတစ်မျိုးစနစ်ကိုသာ အသုံးပြုသည်။ ပြည်ထောင်စု တရားစီရင်ရေးဌာနမှ တရားသူကြီးများကို ၀န်ကြီးချုပ်က ခန့်အပ်ရ၏ ၄င်းတရားစီရင်ရေးဌာန၌ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေများကိုလည်း ၀င်ရောက် စွက်ဖက်နိုင်ခွင့်ရှိသည်။
Political Science Part (49)
01:34 HRDP No comments
ကနေဒါနိုင်ငံ
နိုင်ငံအမျိုးအစား
ပြည်နယ်ပေါင်း ၁၀နယ်ကို စုပေါင်းဖွဲ့စည်းထားသော ပြည်ထောင်စုနိုင်ငံ ဖြစ်သည်။ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ၌ ရေးသားသတ်မှတ်ထားသော အချုပ်အခြာအာဏာများသည် ဗဟိုအစိုးရလက်ထဲ၌ ရှိသည်။ ထို့ကြောင့် ကနေဒါနိုင်ငံသည် ပြည်ထောင်စု မစစ်သောနိုင်ငံဖြစ်သည်။
ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေ
ကနေဒါဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေသည် ၁၈၆၇ ခုနှစ် ဗြိတိသျှမြောက်ပိုင်း အမေရိကန်ဥပဒေကို အခြေခံ၍ ရေးဆွဲထားသောကြောင့် မှတ်တမ်းထားသောဥပဒေများ ဖြစ်သည်။ ၄င်းဖွဲ့စည်း အုပ်ချုပ်ပုံ အခြေခံဥပဒေဟု ဆိုရသော်လည်း လက်တွေ့ပြင်ဆင်ရာတွင်မူ အမေရိကန် သြစတေးလျနိုင်ငံတို့ကဲ့သို့ ခက်ခဲခြင်းမရှိလှပေ။
ကိုယ်စားလှယ်အမတ်ရွေးချယ်ရေးစနစ်
အသက်၂၁နှစ် ပြည့်သော ကနေဒါသူ/သားတိုင်း မဲဆန္ဒပေးခွင့် ရှိသောကြောင့် လိင်အရည်အချင်း ကန့်သတ်ချက် (Discrimination of sex) မရှိသော မဲဆန္ဒပေးခွင့်စနစ်ပင်ဖြစ်သည်။ ဥပဒေပြု ပါလီမန်နှစ်ဖွဲ့ကို မဲဆန္ဒနယ်ကိုယ်စားလှယ် တစ်ယောက်စနစ်ဖြင့် ရွေးကောက်တင်မြှောက်ကြသည်။ အဓိကပါတီကြီးများမှာ လေဘာပါတီ၊ ကွန်ဆာဗေးတစ်ပါတီနှင့် ဆိုရှယ်လစ်ပါတီတို့ဖြစ်ကြသည်။
ဥပဒေပြုဌာန
အထက်လွှတ်တော်နှင့် အောက်လွှတ်တော်ဟူ၍ လွှတ်တော်နှစ်ခုထားရှိသည်။ အောက်လွှတ်တော်ကို ပြည်သူတို့ကို တိုက်ရိုက်ရွေးကောက်တင်မြှောက်ထားသော အမတ်ပေါင်း ၂၆၁ယောက်နှင့် ဖွဲ့စည်းထားသည်။ အစိုးရအဖွဲ့ဝင် ၀န်ကြီးချုပ်နှင့်တကွ ၀န်ကြီးများမှာ အောက်လွှတ်တော်က ပုဂ္ဂိုလ်များသာဖြစ်ကြ၏။ ယင်းလွှတ်တော်၌ ဘဏ္ဍာရေးဥပဒေနှင့် အခြားသော ဥပဒေများပြုလုပ်ပြဌာန်းနိုင်သောကြောင့် အထက်လွှတ်တော်ထက်ပို၍ တန်ခိုးကြီးသည်။
အထက်လွှတ်တော်ကို အမတ်ပေါင်း ၁၀၂ ယောက်ဖြင့် ဖွဲ့စည်းထားသည်။ ၄င်းအမတ်များကို ဘုရင်ခံချုပ်က ရာသက်ပန် ခန့်အပ်ထားခြင်းကြောင့် စီးနိတ်အမတ်များသည် ပြည်သူ့ကိုယ်စားလှယ်အစစ်များ မဟုတ်ကြချေ။ ထို့ပြင် ပြည်နယ်တို့၌ အထက်လွှတ်တော်သို့ ကိုယ်စားလှယ်အညီအမျှ ရွေးကောက်စေလွှတ်ခွင့်မရှိ။ ပြည်နယ်အကျယ်အ၀န်း အလိုက်သာ ကိုယ်စားလှယ်လွှတ်ခွင့်ရရှိကြသည်။
အုပ်ချုပ်ရေးဌာန
ဝန်ကြီးချုပ်နှင့် ၄င်း၏ ကက်ဗိနက်ဝင် ၀န်ကြီးများကို အောက်လွှတ်တော်ပါလီမန်က ရွေးကောက် တင်မြှောက်ရသောကြောင့် ကနေဒါအုပ်ချုပ်ရေးမှာ ပါလီမန်အုပ်ချုပ်ရေးပင်ဖြစ်သည်။ ရုပ်ပြအုပ်ချုပ်ရေးမှူးဖြစ်သော ဘုရင်ခံချုပ် (Governor General) ကိုမူ အင်္ဂလိပ်ဘုရင်ခံက ခန့်အပ်သည်။
တရားစီရင်ရေးဌာန
ကနေဒါတရားရုံးမှ တရားသူကြီးများကို ခန့်အပ်ထားသည်။ ဥပဒေတစ်မျိုးစနစ်ကိုသာ အသုံးပြု၏။ ယင်းတရားရုံးချုပ်မှ နောက်ဆုံးအယူခံဝင်ရာ တရားရုံးပင်ဖြစ်သည်။ သို့ရာတွင် တရားရုံးချုပ်၍ ဖွဲ့စည်း အုပ်ချုပ်ပုံ အခြေခံဥပဒေကို ကိုးကားကိုင်စွဲနိုင်ခွင့် အာဏာမရှိပေ။ ကနေဒါနိုင်ငံသည် ပြည်ထောင်စုစစ်သော နိုင်ငံမဟုတ်သောကြောင့် တရားရုံးချုပ်၌ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကို ကိုးကားကိုင်စွဲရန်လည်း မလိုပေ။ ထို့ပြင် ဥပဒေပြုအဖွဲ့သည် ပြည်နယ် တရားဥပဒေများကို ၀င်ရောက်စွက်ဖက်ခွင့်ရှိသည်။
Political Science Part (50)
01:36 HRDP No comments
အိန္ဒိယ
နိုင်ငံအမျိုအစား
အိန္ဒိယနိုင်ငံသည် ပြည်ထောင်စုနိုင်ငံဖြစ်သည်။ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေဖြင့် ဖော်ပြသတ်မှတ်ထားသော အာဏာများကို ဗဟိုအစိုးရလက်ထံ၌ ထားရှိပြီးအကြွင်းအကျန်အာဏာများကို ပြည်နယ်တို့၏ လက်ထဲ၌ထားရှိသည်။ သို့ရာတွင် ပြည်ထောင်စုစစ်သောနိုင်ငံတစ်ခုကား မဟုတ်ပေ။ ယူနီထရီဆန်သော ပြည်ထောင်စုနိုင်ငံတစ်ခုသာ ဖြစ်သည်။
ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေ
ရေးသားမှတ်တမ်းတင်ထားသော ဥပဒေများဖြစ်ပြီး ၄င်းဥပဒေများကို ပြင်ဆင်ရာတွင်လည်း သာမန်ရိုးရိုးနည်းဖြင့် မဟုတ်သောကြောင့် ပြည်ဆင်ရန်ခက်ခဲသော ဖွဲ့စည်းအုပ်ချုပ်ပုံခြေခံ ဥပဒေပင်ဖြစ်သည်။ ပြင်ဆင်ချက်အထိကို အောက်လွှတ်တော်ကသာ တင်သွင်းရပြီး လွှတ်တော်နှစ်ခုစလုံး အမတ်အများစုက အတည်ပြုပြီး လွှတ်တော်နှစ်ရပ်ပေါင်း၏ ၂/၃သောအမတ်များက သဘောတူမှသာလျှင် ပြင်ဆင်ချက် ဥပဒေကြမ်း အတည်ဖြစ်လာနိုင်သည်။
ကိုယ်စားလှယ်ရွေးချယ်ရေးစနစ်
အသက်၂၁နှစ်ပြည်သော အိန္ဒိယတိုင်းရင်းသား/သူ တိုင်း မဲဆန္ဒပေးခွင့်ရှိကြသည်။ မဲဆန္ဒနယ်ကိုယ်စားလှယ် တစ်ယောက်စနစ်ဖြင့် ရွေးကောက်တင်မြှောက်ကြသည်
ဥပဒေပြုအဖွဲ့
လွှတ်တော်နှစ်ခုထားရှိသောစနစ်ကို အသုံးပြုကာ အောက်လွှတ်တ်ာတွင် သက်တမ်း၅နှစ် ရှိသောအမတ်များကို ပြည်သူများက ရွေးကောက်တင်မြှောက်ကြရသည်။ မဲဆန္ဒရှင် ၅၀၀၀၀၀တွင် ကိုယ်စားလှယ်တစ်ယောက်ကျ ရွေးကောက်တင်မြှောက်ရသောကြောင့် အောက်လွှတ်တော်တွင် အမတ်ပေါင်း ၅၂၀ရှိသည်။ ၀န်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများကို အောက်လွှတ်တော်အမတ်များထဲမှာ အောက်လွှတ်တော်အမတ်များက ရွေးချယ်တင်မြှောက်ရခြင်း ဘဏ္ဍာရေးဥပဒေများ ပြဌာန်းရခြင်းတို့ကြောင့် အောက်လွှတ်တ်ာသည် အထက်လွှတ်တော်ထက် တန်ခိုးကြီးသည်
နိုင်ငံတော်ကောင်စီ (Council of State) ခေါ် အထက်လွှတ်တော်တွင် တရားဥပဒေပြုရေး အာဏာသာရှိပြီး ဘဏ္ဍာရေးဥပဒေများကို ၀င်ရောက်စွက်ဖက်ခွင့်မရှိပေ။ ၄င်းလွှတ်တော်ကို ရွေးချယ်ခန့်အပ်ထားသော အမတ်၁၂ ယောက် နှင့် ပြည်နယ်ဥပဒေပြုအဖွဲ့တို့မှ အချိုးကျကိုယ်စားလှယ် စနစ်ဖြင့် ရွေးကောက်တင်မြှောက်၍ ဖွဲ့စည်းထားခြင်းဖြစ်သည်။ ဒုတိယ သမ္မသည် အထက်လွှတ်တော်၏ ဥက္ကဌဖြစ်ပြီး ၄င်းလွှတ်တော်၏ အမတ်သက်တမ်းမှာလည်း ၅နှစ်ပင်ဖြစ်သည်။
အုပ်ချုပ်ရေးဌာန
အုပ်ချုပ်ရေးဌာနအရာရှိချုပ် အစစ်ဖြစ်သော ၀န်ကြီးချုပ်ကို အောက်လွှတ်တော်က ရွေးချယ်တင်မြှောက်ရသည်။ ထို့ကြောင့် အိန္ဒိယအုပ်ချုပ်ရေးစနစ်မှာ ပါလီမန်အုပ်ချုပ်ရေးပင်ဖြစ်သည်။ ရုပ်ပြအုပ်ချုပ်ရေး အရာရှိချုပ်မှာ အိန္ဒိယသမ္မတဖြစ်၏။
ဥပဒေပြုဌာန
တရားရုံးချုပ်သည် ပြည်ထောင်စု၏ အကြီးဆုံးတရားရုံးဖြစ်သည်။ ယင်းတရားရုံးချုပ်၏ တရားသူကြီးများကို ၀န်ကြီးချုပ်က ခန့်အပ်သည်။ တရားသူကြီးတို့၏ တရားသူကြီးသက်တမ်းမှာ ရာသက်ပန်ဖြစ်၏။ ယင်းတရားရုံးချုပ်၌ အခြေခံဥပဒေကို ကိုးကားကိုင်စွဲနိုင်ခွင့်အာဏာနှင့် ပြည်နယ်တရားရုံးဥပဒေများကို ၀င်ရောက်စွက်ဖက်နိုင်ခွင့်အာဏာ ရှိသည်။ နောက်ဆုံး အယူခံရာ ရုံးဖြစ်သောကြောင့်လည်း ပြည်ထောင်စုအတွင်း၌ တန်ခိုးကြီ်းဆုံးတရားရုံးဖြစ်ပေသည်။
Political Science Part (51)
01:37 HRDP No comments
အီတလီနိုင်ငံ
နိုင်ငံအမျိုးအစား
အစိုးရတစ်ဖွဲ့တည်းသာရှိသော ယူနီတရီနိုင်ငံဖြစ်သည်။
ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေ
ဒုတိယကမ္ဘာစစ်အပြီး ၁၉၄၆ခုနှစ်တွင် ပြည်သူ့ဆန္ဒအရ ဘုရင်စနစ်ကိုဖျက်သိမ်းခဲ့ပြီး ၁၉၅၈ခုနှစ်တွင် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကို ရေးဆွဲခဲ့ကြသည်။ ထို့ကြောင့် ရေးသားမှတ်တမ်းတင်ထားသော ဥပဒေများဖြစ်ကြသည်။
ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကို ပြင်ဆင်နိုင်ရန် လွှတ်တော်နှစ်ခုစလုံးက တစ်ကြိမ်နဲ့တစ်ကြိမ် ရက်ပေါင်း ၉၀ခြား၍ နှစ်ကြိမ်စလုံး ပြင်ဆင်ချက်အဆိုကို သဘောတူအတည်ပြုရသည်။ လွှတ်တော် တစ်ခုခု၏ ၁/၅ သော အမတ်များက နှစ်ကြိမ်စလုံးပြင်ဆင်ချက်အဆိုကို အတည်ပြုကြလျှင် ပြည်သူ့ဆန္ဒကောက်ခံရန်မလိုချေ။
ကိုယ်စားလှယ်ရွေးချယ်ရေးစနစ်
အသက်၂၅နှစ်ပြည့်သော အီတလီသူ/သား တိုင်းမဲပေးနိုင်ခွင့်ရရှိပြီး မဲဆန္ဒ တစ်နယ်ကိုယ်စားလှယ် တစ်ယောက်စနစ်ကို အသုံးပြုသည်။
ဥပဒေပြုဌာန
လွှတ်တော်နှစ်ခုစနစ်ကို အသုံးပြု၍ အောက်လွှတ်တော်ကို ပြည်သူတို့က ရွေးကောက်တင်မြှောက်ထားသော အမတ်ပေါင်း ၅၆၀ဖြင့် ဖွဲ့စည်းထားသည်။ ၄င်းအမတ်တို့၏ အမတ်သက်တမ်းမှာ ၅နှစ်ဖြစ်ပြီး ၀န်ကြီးချုပ်နှင့်တကွ ၄င်း၏ ကက်ဘိနက်ဝင်ဝန်ကြီးများကို အောက်လွှတ်တော်ကပင် ရွေးချယ်တင်မြောက်ရသည်။ ထို့ပြင် ဘဏ္ဍာရေးနှင့် အုပ်ချုပ်ရေးဥပဒေများကို ရေးဆွဲရသောကြောင့် အထက်လွှတ်တော်ထက် တန်ခိုးကြီးသည်ဟု ယူဆရသည်။
အထက်လွှတ်တော်စီးနိတ်ကို ပြည်သူတို့က ရွေးကောက်တင်မြှောက်ထားသော အမတ်သက်တမ်း ၆နှစ်ရှိသော အမတ်ပေါင်း ၃၂၀နှင့် သမ္မတလောင်း တစ်ယောက်အပြင် သမ္မတက ရာသက်ပန်ခန့်အပ်ထားသော အမတ်၅ယောက်တို့ဖြင့် ဖွဲ့စည်းထားသည်။
ဘဏ္ဍာရေးနှင့်စပ်လျဉ်းသော ဥပဒေမှအပ ဥပဒေဖြင့် အာဏာတွင် အောက်လွှတ်တော်နှင့် တူညီ၏။ ထို့ပြင်အစိုးရအဖွဲ့ကို အယုံအကြည်မရှိအဆိုကို တင်သွင်းနိုင်ခွင့်ရှိသည်။
အုပ်ချုပ်ရေးဌာန
ပါလီမန်အုပ်ချုပ်ရေးစနစ်ဖြစ်သည်။ ရုပ်ပြအုပ်ချုပ်ရေးမှူးမှာ ပါလီမန်နှစ်ရပ်စလုံးက ရွေးချယ်တင်မြှောက်သော သက်တမ်း ၇နှစ်ရှိသည်။ အီတလီသမ္မတဖြစ်၍ အုပ်ချုပ်အာဏာကိုအသုံးပြုကာ အစစ်အမှန် အုပ်ချုပ်သူမှာ ၀န်ကြီးချုပ်သာဖြစ်သည်။
တရားစီရင်ရေးဌာန
တရားသူကြီးများကို ခန့်အပ်ရာခြင်း၊ ရာထူးတိုးပေးခြင်းနှင့် ၄င်းတရားသူကြီးတို့၏ စည်းစနစ်ကျနမှုကို "ဥပဒေပြုကောင်စီ" ကဆောင်ရွက်သည်။ ၄င်းကောင်စီတွင် သမ္မတ၊ ဥပဒေ ပါမောက္ခများ၊ လွှတ်တော်နှစ်ခုပေါင်းက ရွေးချယ်တင်မြှောက်ထားသော ရှေ့ နေများနှင့် ရာဇာဝတ်တရားသူကြီးများ (magistrates) နှင့် တရားသူကြီးတို့က ရွေးကောက်တင်မြှောက်ထားသော သူများပါဝင်ကြသည်။ ၄င်းတို့၏ သက်တမ်းမှာ (၄) နှစ်သာဖြစ်၏။
ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေနှင့် စပ်ဆိုင်သော တရားရုံးကို သမ္မတက ခန့်အပ်သော တရားသူကြီး ၅ ကြီး၊ ဥပဒေပြုအဖွဲ့က တင်မြှောက်သော တရားသူကြီး ၅ဦးနှင့် "ဥပဒေပြုကောင်စီ" က ခန့်အပ်သော တရားသူကြီး ၅ ဦးတို့ဖြင့် ဖွဲ့စည်းတည်ထောင်ထား၏။ ၄င်းတရားရုံးသည် နောက်ဆုံးအယူခံဝင်ရာ ရုံးပင်ဖြစ်သည်။
ဤနေရာတွင် နိုင်ငံရေးသိပ္ပံပြီး၏။
မှတ်ချက်။ ။ Political Science Part (25, 26, 27) မပါ
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment