Thursday, March 14, 2013

လူထုအခြေပြုအဖွဲ့စည်း(Civil Society)မှသည် ခိုင်မာသော ဒီမိုကရေစီ လူ့ဘောင်သစ်ဆီသို့

လူထုအခြေပြုအဖွဲ့စည်းအကြောင်းကို တစေ့တစောင်းဖောက်သည်ချလိုသည်။ ၂၀ရာစုအတွင်း လူ့အဖွဲ့အစည်းကို နိုင်ငံရေး လူ့အဖွဲ့အစည်း(Political Society)နှင့် လူထုအခြေပြုအဖွဲ့စည်း(Civil Society)ဟူ၍ နှစ်မျိုး ဆက်စပ် ပေါ်ထွန်းလာသည်။ ရူးသွပ်သူများနှင့် ပြင်းထန်သည့် နူနာရောဂါ စွဲသူ များမှအပ ကျန်နိုင်ငံသားတိုင်း  သည် လူ့အဖွဲ့အစည်း တခုခုတွင် ပါဝင်ပါတ်သက် ကြပေသည်။


နိုင်ငံရေးလူ့အဖွဲ့အစည်း (နိုင်ငံရေးပါတီ၊လွတ်တော်၊အစိုးရ)ကို ယျေဘုယအားဖြင့် အသွင်နှစ်မျိုးတွေ့ရှိသည်။

ပထမအချက်အနေဖြင့် ကွန်မြူနစ်နိုင်ငံများ၊ ဆိုရှယ်လစ် နိုင်ငံများနှင့် အာဏာရှင်နိုင်ငံ များတွင် နိုင်ငံရေးပါ တီ တခုတည်းသာ ဖွဲ့စည်းကြသည်။ နိုင်ငံတော် အစိုးရ၏အာဏာအား ချိန်းခြောက်သည်ဟု အမြင်ရှိကြသည့် အတွက် နဂိုရ်မူလက ရှင်သန်ပြီး ဖြစ်သော လူထုအခြေပြုအဖွဲ့အစည်းများကိုပင် ဖျက်သိမ်းပြီး ၄င်းတို့၏ တစ်ပါ   တီစနစ်ကို ထောက်ခံ အားပေးသော လက်ဝေခံ  လူထုအခြေပြုအဖွဲ့အစည်းများ ကိုသာ ရပ်တည်ခွင့် ပြုကြ သည်။

ဥပမာ-၁၉၆၂ ခုနှစ် ဗိုလ်နေဝင်း အာဏာသိမ်းသည့် အချိန်တွင် နိုင်ငံရေးပါတီများ နှင့်အတူ လူထု အခြေပြုအဖွဲ့စည်းများ ကိုပါဖျက်သိမ်းလိုက်ပြီး မဆလ တစ်ပါတီစနစ်ကို ထောက်ခံသော လူထုအခြေပြု အဖွဲ့အ စည်း အနည်းငယ်ကိုသာ တပြည်လုံး အတိုင်းတာဖြင့် အစားထိုးဖွဲ့စည်းသည်။ ဗဟိုထိန်းချုပ်မှု အားကောင်း   သော အာဏာရှင်အုပ်  ချုပ်ရေး စနစ်အောက်တွင် လွတ်လပ်သော လူထုအခြေပြု အဖွဲ့အစည်း ရှင်သန်ရန် အခွင့်အလမ်းမ ရှိပေ။

ဒုတိယအချက်အနေဖြင့် ဒီမိုကရေစီနိုင်ငံများတွင်မူ တိုင်းပြည်အတွင်းမှီတင်း နေထိုင်ကြသော ပြည်သူလူထု အများအကျိုးအလို့ငှာ လူထုကိုယ်စားလှယ်များက ရေးဆွဲပြဌါန်းထားသော ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေအတိုင်း နိုင်ငံရေးပါတီများ၊ လွတ်တော်များနှင့် အစိုးရများကို ဖွဲ့စည်းကြသည်။  အစိုးရအဆင့်ဆင့်တွင် စံနစ်တကျ အာဏာခွဲဝေမှုရှိသည့်အတွက် လွတ်လပ်သော လူထုအခြေပြုအဖွဲ့စည်း ထွန်းကားရန် အခွင့်အလမ်းပို များသည်။

ကွန်မြူနစ်နှင့် ဆိုရှယ်လစ်တိုင်းပြည်များသည် ၄င်းတို့ကမျှော်လင့်သော "လိုတရ" နိုင်ငံတော်အစီုးရ မတည် ဆောက်နိုင်ခြင်း၊ နောက်ဆုံးတွင် အာဏာရှင် စနစ်များဆီသို့ ပြောင်းလဲလာခြင်း ကတကြောင်း နှင့် လက်ယာ ဝါဒီများ အနေဖြင့် လစ်ဘရယ်ဝါဒက အထူးအားပေးသော တသီးပုဂ္ဂလဝါဒ  ကျင့်သုံးခြင်းသည် ဒီမိုကရေစီ အုပ်ချုပ်ရေး၏ အနှစ်သာရဖြစ်သည့် တန်းတူညီမျှရေးသို့ ဦးတည်မသွားခြင်း နှင့် အရေးကိစ္စအားလုံးကို ဈေး ကွက်အား ပုံအပ်ထားလိုက်လျှင် လူတိုင်း၏ အကျိုးစီးပွားဖြစ်ပေါ်မည်ဟု ယူဆချက် များအပေါ် အယုံကြည် ကင်းမဲ့လာသည်က တကြောင်း၊ တို့ကြောင့် နိုင်ငံရေးသမားများအနေဖြင့် တတိယနည်းလမ်း(third way) ဖေါ်ဆောင်ရန် ကြံရွယ်နေချိန်တွင် ပြည်သူအများကလည်း တတိယအင်အား(third force) ဟုခေါ်ဆို လေ့ရှိ သော လူထုအခြေပြုအဖွဲ့စည်း ဖက်ဆီသို့ရွေ့လျားနေသည်၊၊ ဤသည်မှာ လူထုအခြေပြုအဖွဲ့စည်း    ပေါ်ပေါက်ခြင်း၏အ ကြောင်းရင်းခံဖြစ်သည်။

လူထုအခြေပြုအဖွဲ့စည်းဆိုသည်မှာ နိုင်ငံတော်အစိုးရ၏ တိုက်ရိုက်ထိန်းချုပ်မှု အောက်၌ မရှိသော မိမိတို့၏ ဆန္ဒအရနှင့် ရည်မှန်းချက်အရ လာရောက်စုစည်းကြသည့် လွတ်လပ်သော အဖွဲ့အစည်းများ၊ အစုအရုံးများ၊ အစုအဖွဲ့များ၊ လှုပ်ရှားဆောင်ရွက်မှုများ မျိုးစုံကို ဆိုလိုပြီး၊ ထိုအဖွဲ့အစည်းများသည် မိမိတို့၏ ကောင်းကျိုးနှင့် ရည်မှန်းချက် အတွက်ဖြစ်စေ၊ အများ၏ကောင်းကျိုးအတွက်ဖြစ်စေ အတူတကွ တိုင်ပင်ဆွေးနွေး၍ လုပ်ဆောင် ကြသည်။ ထိုအဖွဲ့အစည်းများ၊ ကွန်ယက်များအနေဖြင့် အားကောင်းလာပါက နိုင်ငံတော်အစိုးရအာဏာ အား ကန့်သတ် ထိန်းညှိထားမည့် (သို့မဟုတ်) တရားမျှတမှုမရှိသော အစိုးရများကို ဖြုတ်ချနိုင်သည်အထိ စွမ်း ဆောင် လာနိုင်မည့် အလားအလာများ ရှိလေသည်။

လူထုအခြေပြုအဖွဲ့စည်းကို ပညာရှင်များက အမြင်အမျိုးမျိုးဖြင့် ချဉ်းကပ်ကြသည်။၎င်းတို့အနက်မှ အယ်လီဆင် ဗန်ရွိုင်း စုစည်းတင်ပြထား သော အမြင်(၆)မျိုးကို အကျဉ်းရုံး၍ ဖေါ်ပြလျှင်-

(၁) လူမှုတန်ဖိုးနှင့် စံနှုန်းအဖြစ်မြင်သောအမြင်(Civil Society as values and norms)

အချို့သောသူများက ယဉ်ကျေးသော(civil)ဟူသော စကားလုံးကို အလေးအနက် ထားလာကြပြီး အလယ်အ လပ် ပုဂ္ဂလိကဝါဒ၊ အပြန်အလှန်ကူညီမှု၊ အပေးအယူရှိမှု၊ အခြားသူများအပေါ် လေးစားတတ်မှု နှင့် အများ၏ ကောင်းကျိုးအပေါ် အလေးထားမှု စသည့်ပြည်သူ့နီတိတရားများအပေါ် အသားပေးဆွေးနွေးလာ ကြသည်။ ဤစံပြလူ့အဖွဲ့စည်းတွင် လူများသည် တဦးအပေါ်တဦး ယုံကြည်မှု အပြည့်ဝရှိသော၊ နာလည်သည်းခံ နိုင်စွမ်း ရှိသော လူ့ဘောင်လူ့လောက အကျိုးနှင့်သာ သမစိတ္တရည်မှန်းချက် မျိုးရှိသော တလောကလုံး၏ ကောင်း ကျီုးကိုလည်းဆောင်ကျဉ်းပေးနိုင်သော ပုံစံမျိုးရှိသည်။ Adward Shil ၏ ကောင်းမြတ်သော လူ့အဖွဲ့စည်းဆို သည် နှင့်အဓိပ္ပါယ် တူသည်။

(၂) အစုပြနာမ်၊ သမဟနာမ်ပေါင်းအဖြစ်မြင်သော အမြင်(Civil Society as a collective noun)

သက်ဆိုင်ရာလူ့အဖွဲ့အစည်း၏ ကောင်းကျိုးကို ဆောင်ကျဉ်းပေးနိုင်သော အဖွဲ့အစည်းများအားလုံးကို သိမ်း ကျုံးခြုံငုံ၍ ခေါ်ဆိုသော အစုပြနာမ်အဖြစ် အဓိပ္ပါယ် ဖွင့်ဆိုသတ်မှတ် ကြသည်။ မိမိသဘောဆန္ဒ အလျောက် လာရောက် ဖွဲ့စည်းကြသည့်ကဏ္ဍ(Voluntary sector) တနည်းအားဖြင့် တတိယကဏ္ဍ(third sector)၊ အထူးသဖြင့် စည်းဝေးလှုံ့ဆော်မှု အဖွဲ့အစည်းများ(advocacy groups)၊ အစီုးရမဟုတ်သည့် အဖွဲ့စည်းများ (NGOs)၊ လူမှုလှုပ်ရှားမှု ရှေ့ဆောင်ရှေ့ရွက်ပြုသူများ၊ လူ့အခွင့်အရေး ဆိုင်ရာအဖွဲ့စည်းများ၊ လူမှုပြုပြင် ပြောင်းလဲရေးများ ဖြစ်ပေါ်လာစေရန် တက်ကြွစွာ ပါဝင်လှုပ်ရှားနေကြသော အခြားလူများအားလုံးနှင့် အ ဓိပ္ပါယ်တူ အဖြစ်ဖေါ်ပြကြသည်။ နိုင်ငံရေးပါတီ၊ အစိုးရ၊ စီးပွားရေး ဈေးကွက်အင်အားစုများ နှင့် မတူပဲ သီးခြား တည်ရှိသည်။ ဖွင့်ဖြိုးရေးတိုးတက်ရေးကို လုပ်ကိုင်သော အသိုင်းအဝိုင်း အတွင်း၌ လူထုအခြေပြုအဖွဲ့စည်း(civil society) ကို NGOs အဖြစ် သဘောပေါက် ကြသည်။

(၃) လှုပ်ရှားမှုများ ပြုလုပ်ဆောင်ရွက်ရန် နယ်ပယ်တခုအဖြစ်မြင်သော အမြင်(Civil Society as a space for action)

UNDP ၏ အဓိပ္ပါယ် ဖွင့်ဆိုချက်အရ  လူထုအခြေပြုအဖွဲ့စည်းသည် နိုင်ငံတော်၊ ဈေးကွက်တို့နှင့်အတူ ဒီမိုက ရက်တစ်လူ့ဘောင်အဖွဲ့စည်း ဖွဲ့စည်းရာတွင် ပါဝင်သော ကဏ္ဍကြီးသုံးခု အနက်တခုဖြစ်သည်ဟု ဆို၏။ ၄င်းကို အဖွဲ့စည်း၊ အသင်းအဖွဲ့များက နေရာယူထားသည့် နယ်ပယ်အခု အဖြစ် နှိုင်းယှဉ်ဖေါ်ပြကြသည်။ လူမှုဝန်းကျင်အခြေခံ၊ အကျိုးဆောင်ပေးသည့် လူထုပရိသတ်များအဓိကထား လှုပ်ရှားသည့်အကြောင်းရာ ကိစ္စ ရပ်များ၊ ဥပမာ-(သဘာဝပတ်ဝန်းကျင် ရေးရာများ၊ လိင်ကွဲပြားမှုဆိုင်ရာ လူ့အခွင့်ရေးဆိုင်ရာ)နှင့် လုပ်ငန်းသ ဘာဝတို့ အပေါ် အခြေခံ၍ ဖွဲ့စည်းကြရာ ဘာသာရေးနှင့် ဆက်နွယ်သော အသင်းအဖွဲ့များ၊ အလုပ်သမား သမဂ္ဂများ၊ သမဝါယမအဖွဲ့စည်းများ၊ ဝန်ဆောင်မှု အဖွဲ့စည်းများ၊ ရပ်ရွာလူမှုအဖွဲ့အစည်းများ၊ လူငယ်အသင်း အပင်းများ၊ ပညာရှင်အသင်းအပင်းများ နှင့် အခြားအသင်းပင်း များလည်း အပါအဝင် ဖြစ်သည်။

(၄) သမိုင်းကြောင်းကို သီးသန့်ကာလတရပ်အဖြစ် မြင်သော အမြင်(Civil Society as a historical movement)

Mr. Gellner က သမိုင်းကြောင်းဆိုင်ရာနှင့် လူမှုရေးဆိုင်ရာ လိုအပ်ချက်များအရ သီးခြားရပ်တည်သည့် လွတ် လပ်သော တသီးပုဂ္ဂလ(atomized liberal individuals)များတည်ရှိ ဖွဲ့စည်းရန် အထူးလိုအပ်သည်ဟု ဆို သည်။ ကက်စတီလီယွန် ကလည်း ဗဟိုမှတိုက်ရိုက် ထိမ်းချုပ်မှု မရှိသော တသီးပုဂ္ဂလ(လူတဦးချင်းစီ)များနှင့် အစုအဖွဲ့များအကြား လွတ်လပ်စွာဆက်ဆံ မှုရှိသည့် ဒြပ်မဲ့နယ်ပယ်တခု ဖြစ်ယုံမျှသာမဟုတ်၊ လူမှုရေး၊ နိုင်ငံ ရေးဆိုင်ရာ ရိုးရာအစဉ်အလာများနှင့် အလေ့ထများကြောင့် ဖြစ်ထွန်းခဲ့သည့် သမိုင်းကြောင်း အနေအထားနှင့် ယဉ်ကျေးမှု အနေထားများ၏ ထုတ်ကုန်များဖြစ်သည်ဟုဆိုသည်။

(၅) လွှမ်းမိုးချုပ်ကိုင်မှုများကို ဆန့်ကျင်ရေးအဖြစ်မြင်သော အမြင်(Civil Society as an anti-hegemony)

လွမ်းမီုးချုပ်ကိုင်မှုများအား ဆန့်ကျင်ရေးလုပ်ငန်းစဉ် တရပ်အဖြစ် မြင်ကြသည်။အဆိုပါ လွမ်းမိုးချုပ်ကိုင်မှုများ မှာလည်း အများအားဖြင့် ခေတ်သစ် လစ်ဘရယ်ဝါဒ၊ အနောက်တိုင်းလွမ်းမီုးမှုဝါဒ၊ မဟာဖိုဝါဒ၊ လိင်ကွဲချင်း ဆက်ဆံသည်သာ အမှန်ဟူသောဝါဒ စသည်တို့၏ လွမ်းမီုးမှုနှင့် ဆက်နွယ်နေသည်။  အရေတို နှင့် ကိုဟန်တို့ က သီးသန့် လူမှုရေးလက္ခဏာ အခြေခံရှိသော လှုပ်ရှားမှု၊ တမူထူးခြားသည့် လူမှုရေး-နိုင်ငံရေး သဘောသ ဘာဝရှိသော လှုပ်ရှားမှုများ၊ ဒီမိုကရေစီလှုပ်ရှားမှု အခြားနည်းလမ်းသစ်ဖြစ်ပြီး သစ်ဆန်းသော တောင်းဆိုမှုများ ရှိသည့် လှုပ်ရှားမှုများ ဟူ၍ ဖေါ်ပြသည်။

(၆) နိုင်ငံတော်အစိုးရနှင့် ဖီလာအဖြစ် မြင်သောအမြင်(Civil Society as an antidote to the state)

တချို့က ဗဟိုချုပ်ကိုင်မှုရှိသော(သို့) အာဏာရှင်ဆန်သော အစီုးရများနှင့် ဆန့်ကျင်ဖက်အဖြစ်မြင် ကြသည်။ ဝှိုက်က လူထုအခြေပြုအဖွဲ့စည်း ထွန်းကားအောင် ပြုလုပ်ခြင်းသည် အစီုးရအာဏာကို ကန့်သတ်ပစ်လိုက်ခြင်း ဖြစ်သည်ဟု ပြတ်သားစွာရေးသားဖေါ်ပြထား ပေသည်။ အချို့သောကိစ္စရပ်များတွင် လူထုအခြေပြုအဖွဲ့စည်း များသည် ၄င်းတို့၏ နိုင်ငံတော်အစီုးရများထက် လူထုအပေါ်ပို၍ လွမ်းမီုးမှုရှိပြီး ကမ္ဘာအရေး ဆောင်ကျဉ်းရာ၌ စစ်မှန်သောစိတ်ဓါတ် ပိုရှိသည်ဟု နိုင်ငံတကာအသိုင်းဝိုင်းက လက်ခံထားကြသည်။ ရွိုင်းက နိုင်ငံတော်အစီုးရ များ အနေနှင့် လူထုအခြေပြုအဖွဲ့စည်းအား အစီုးရနှင့် ဆန့်ကျင်ဖက် အဖြစ် လည်ပတ်လှုပ်ရှားရန် ခွင့်ပြုထား ခြင်းအပေါ် များစွာစိတ်ဝင်စား သည်ဟုဆိုသည်။

ဒီမိုကရက်တစ် လူ့ဘောင်အတွင်း တည်ထောင်သွားမည့် ပြည်သူ့လူ့ အဖွဲ့အစည်း၏ သဘောသဘာဝ အကျဉ်း ရုံးပြီး တင်ပြလိုပါသည်။ ဒီမိုကရေစီအုပ်ချုပ်ရေးစနစ်သည် နေ့ချင်းညချင်း တည်ထောင်နိုင်သည့် အရာမဟုတ် ပါ။ နှစ်နှင့်ချီပါ သည်။ နိုင်ငံရေး ပါတီများဖွဲ့စည်းပြီး ရွေးကောက်ပွဲကျင်းပရုံ သက်သက်ဖြင့် ဒီမိုကရေစီ မမည်။ ဒီမိုကရေစီ ယဉ်ကျေးမှု ရှင်သန်စေမည့် လူထုအခြေပြုအဖွဲ့စည်း ကိုပါ တည်ထောင်ရသည်။ အတိတ်သမိုင်းကို ပြန်ကောက်လျင် မြန်မာနိုင်ငံတွင် ၁၉၄၈-၅၈ ပါလီမန်ဒီ ကရေစီခေတ်၌ လူထုအခြေပြုအဖွဲ့စည်း အားမကောင်း ခဲ့ပေ။ အထူးသဖြင့် ရန်ကုန်၊ မန္တလေးမြို့ကြီးများကို အခြေပြု၍ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂနှင့် အလုပ်သမား သမဂ္ဂများ စသည်မျှသာ ရှိခဲ့သည်။

ဒီမိုကရက်တစ် လူ့ဘောင်တွင် နိုင်ငံရေးလူ့အဖွဲ့အစည်း သက်သက်ကို အားကိုး၍မရပါ။ ပြည်သူအများ သူ့ ကဏ္ဍနှင့် သူ လွတ်လပ်စွာ ပူးပေါင်းပါဝင်နိုင်မည့် လူထုအခြေပြုအဖွဲ့စည်း ကိုလည်း အခိုင်အမာ ဖွဲ့စည်းရန် အလွန်လိုအပ် ပေသည်။ လူထုအခြေပြုအဖွဲ့စည်း အတွင်း၌ ဒီမိုကရေစီယဉ်ကျေးမှု ကောင်းစွာ ထွန်းကားလျှင် နိုင်ငံရေးလူ့အဖွဲ့အစည်း ကိုပါများစွာအကျိုးပြုမည်။ တချိန်က နာမည်ဆိုးဖြင့် ကျော်ကြားခဲ့သော အာဏာရှင် ဟစ်တလာပင်လျှင် ဒီမိုကရေစီနည်းအရ ရွေးကောက်ခံခဲ့သည့် ပုဂ္ဂိုလ်ဖြစ်သည်။ နောင်တချိန်တွင်   အာဏာရှင် များ မပေါ်ထွန်းရေး အတွက် နိုင်ငံရေးလူ့အဖွဲ့အစည်း နှင့်အတူ လူထုအခြေပြုအဖွဲ့စည်းပါ တပါတည်း တည် ထောင်နိုင်ရန် အလွန်ရေးကြီးပေသည်။ 

ဒီမိုကရေစီယဉ်ကျေးမှုကို နားလည်လွယ်အောင် ပြောရလျှင် လူတိုင်းလူတိုင်းတွင် “လူ့တန်ဖိုး” အဖြစ် လက်ခံ ကျင့်သုံးနိုင်သည့် "စည်းမျဉ်းစည်းကမ်းများနှင့် တန်ဘိုး" များပင်ဖြစ်သည်။ လူသားတိုင်းတွင် တန်းတူသည့် "လူ့တန်ဘိုး" ရှိရမည်။ "တန်းတူအခွင့်အရေး" ရှိရမည်။ မိမိနေထိုင်ရာ လူ့အဖွဲ့အစည်းအတွင်း "လွတ်လပ်စွာ ပါဝင်ဆောင်ရွက်၊တာဝန်ယူခွင့်" ရှိရမည်။ လူမျိုးတိုင်းက "ကိုယ့်ကြမ္မာကိုယ်ဖန်တီးခွင်"့ ရှိရမည်။ ဤအရာများ သည် ဒီမိုကရေစီ၏ အခြေခံအုတ်မြစ်များ ဖြစ်သည်။ သို့သော် ဒီမိုကရေစီကျင့်စဉ်တရား ထွန်းကားပြီး ဒီမိုက ရေစီ ယဉ်ကျေးမှု ကျင့်သုံး နိုင်ရေးအတွက် (၁) သည်းခံခြင်းတရား၊ (၂) ပူးပေါင်းဆောင်ရွက်ခြင်းတရားနှင့် (၃) အပေးအယူမျှယူခံ စားခြင်းတရား တို့ကို နိုင်ငံရေးလူ့အဖွဲ့အစည်း များတွင်သာမက လူထုအခြေပြုအဖွဲ့စည်းများ တွင်ပါ လက်တွေ့ကျင့်သုံးရန် အလွန်လို အပ်ပေသည်။ ဤတရားသုံးပါးမရှိပဲ ဒီမိုကရေစီယဉ်ကျေးမှု မထွန်းကား နိုင်ပေ။

ဒီမိုကရေစီယဉ်ကျေးမှု ထွန်းကားနိုင်ရန်အတွက် ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ရာတွင် အစိုးရနှင့်လူထု ပူးပေါင်း ဆောင်ရွက်ရန်လိုသည်။ ဥပမာ- ဆွီဒင်နိုင်ငံ၏ လူမှုအဖွဲ့အစည်း နှစ်ခုစလုံးသည် အားကျဖွယ်ကောင်းလှသည်။ နိုင်ငံရေးလူ့အဖွဲ့အစည်းသည် ချစားမှုကင်းပြီး လူထုကို တာဝန်ခံမှု အပြည့်အဝ ရှိသည်။ အကြောင်းမှာ နိုင်ငံရေး သမားများနှင့် အုပ်ချုပ်ရေး(အစိုးရ)ဝန်ထမ်းများအားလုံးတို့သည် ငယ်ရွယ်စဉ်ကာလက ဖြတ်သန်းလာ ခဲ့သည့် လူထုအခြေပြုအဖွဲ့စည်း၏ ပြုစုပျိုးထောင်မှုကြောင့်ဖြစ်သည်။

ဆက်လက်၍ ၄င်းနိုင်ငံ၏ လူထုအခြေပြုအဖွဲ့စည်း ဖြစ်တည်မှုကို အကြမ်းဖျဉ်း တင်ပြလိုပါသည်။ ဒီမိုကရေစီ ယဉ်ကျေးမှုကို နေအိမ်နှင့် စာသင်ကျောင်းများ မှ စတင်လုပ်ယူသည်ဟု ဆိုရပေမည်။ "လွတ်လပ်စွာ ပြောဆို ခွင့်" ကို ငယ်စဉ်တောင်ကျေး ကလေးဘဝ၊ မိသားစုအတွင်းမှပင် အစပျိုးလေ့ကျင့်ပေးသည်။ မိသားစု အစည်း အဝေးကို စနေ-တနင်္ဂနွေ နေ့တိုင်း ပြုလုပ်ကြပြီး ကျောင်းပိတ်ရက်တွင် ဘယ်သွားမည်၊ ဘာလုပ်မည်၊ ဘာစားမည် အစရှိသဖြင့် ဆွေးနွေးတိုင်ပင် လေ့ရှိကြသည်။ မူကြိုကျောင်းများတွင်လည်း ဆရာဆရာမများ၊ ကလေးများနှင့် မိဘများ ပူးပေါင်းကြပြီး ဆွေးနွေးတိုင်ပင်ကြရာ ကလေးများ၏အလိုကို ဦးစားပေး ဆုံးဖြတ်ကြ ရသည်။ နောက် တဖန် ကလေးများကို "တန်းတူအခွင့်အရေး" အကြောင်း အမြဲဟောကြားပြီး တဦးနှင့်တဦး "မနှိမ်" ဖို့ အမြဲသွန်သင် လေ့ရှိသည်။

အလယ်တန်းကျောင်း၊ အထက်တန်းရောက်လာလျှင် ကျောင်းကောင်စီမှာ ကျောင်းသားများအားလုံး စုစည်းပြီး မိမိအမြင်နှင့် အကြံဥာဏ်များကို ဆွေးနွေးတင်ပြခွင့်၊ အချေအတင်ငြင်းဆိုခွင့်၊ စကားရည်လုခွင့်၊ မဲဆွယ်စည်း ရုံးခွင့်၊ အဆုံးအဖြတ်ပေးခွင့် စသည်တို့ကို လက်တွေ့ကျင့်သုံးစေသည်။ ကျောင်းသားတခုလုံး၏ လှုပ်ရှားခွင့် ဥပမာ- ပျော်ပွဲစားထွက်ခြင်း၊ အကပဒေသာ၊ အားကစား စသည်များကို ၄င်းတို့ကိုယ်တိုင် ဆုံးဖြတ်ပိုင်ခွင့်ပေးပြီး ရံပုံငွေရှာဖွေခြင်း နှင့် သာရေးနာရေးကိစ္စများတွင် ကျောင်းသားမိဘများ၊ ဆရာဆရာမများနှင့်အတူ တိုင်ပင် ဆွေးနွေးပြီး လှုပ်ရှားကြသည်။

တက္ကသိုလ်ကျောင်းများတွင် ကျောင်းသားသမဂ္ဂများကို ဒီမိုကရေစီနည်းအရ ဖွဲ့စည်းကြသည်။ အခြားကျောင်း သားရေးရာနှင့် လူမှုရေးကိစ္စများအပြင် တက္ကသိုလ်သင်ရိုးညွှန်းတမ်း ရေးဆွဲသည့်အခါ ပါဝင် ဆွေးနွေး အကြံ ပေးခြင်းများ ပြုလုပ်ကြသည်။ တခါတရံ နိုင်ငံတကာရေးရာ၊ အလုပ်သမားရေးရာ၊ ကျားမတန်းတူရေးနှင့် တိုက် ရိုက်ဆက်နွယ် နေသည့်ကိစ္စများတွင်လည်း ပါဝင်ကြသည်။

တက္ကသိုလ်ကျောင်းများပြီးဆုံးပြီး လုပ်ငန်းခွင်ထဲဝင်သည့်အခါ အလုပ်သမားသမဂ္ဂများက လက်ကမ်းကြို ဆိုကြ ပါသည်။ “လွတ်လပ်စွာ အသင်းအပင်းဖွဲ့စည်းခွင့်” ဆိုသည့် အခွင့်အရေးအောက်၌ စိပ်ပါဝင်စားသူများက  အလုပ်သမားသမဂ္ဂကို လွတ်လပ်စွာ ဖွဲ့စည်းကြသည်။ လုပ်ငန်းဌါနအလိုက် ဥပမာ - ဆောက်လုပ်ရေး အလုပ်  သမားသမဂ္ဂ၊ စက်ရုံအလုပ်ရုံအလုပ်သမား သမဂ္ဂ၊ ကျောင်းဆရာဆရာမများသမဂ္ဂ စသည်ဖြင့် အမျိုးမျိုး ရှိသည်။ အသင်းဝင်ကြေးပေးရသည်။ ၄င်း၏ အဓိကတာဝန်မှာ အလုပ်သမားများ၏ အခွင့်အရေး ကာကွယ် စောင့်ရှောက်ရေး ဖြစ်သည်။ အလုပ်ရှင်မှ အလုပ်သမားများအပေါ် ခေါင်းပုံဖြတ်မှု ပပျောက်ရေး။ အလုပ်သမား လစာ၊ လုပ်ငန်းခွင်စည်းမျဉ်းစည်းကမ်းများ၊ ခန့်ထားခြင်း၊ ထုတ်ပယ်ခြင်း စသည့်ကိစ္စများကိုလည်း အလုပ်ရှင်နှင့် အလုပ်သမားများအကြား စေ့စပ်ညှိနှိုင်းခြင်းများ ပြုလုပ်ပေးသည်။

ဆွီဒင်နိုင်ငံသားတဦးသည် လူထုအခြေပြုအဖွဲ့စည်းအတွင်း အထက်က တင်ပြသကဲ့သို့ စနစ်တကျ ပြုစုပျိုး ထောင် ကြသည့်အတွက် အချိန်တန်၍ နိုင်ငံရေးလူ့အဖွဲ့အစည်းသို့ ဝင်ရောက်သည့်တိုင် ပြည်သူကို အလေး ထား၊ လေးစားသော နိုင်ငံရေးသမား ဖြစ်လာသည်။ လူထုအခြေပြုအဖွဲ့စည်း စနစ်တကျ တည်ထောင်သော နိုင်ငံ သည် တည်ငြိမ်အေးချမ်းပြီး၊ လူမှုရေးပြသနာများကို စုပေါင်း အဖြေရှာနိုင်သည့် စွမ်းအားကို ပိုင်ဆိုင်သည်။

ကျတော်တို့ ချင်းလူ့အဖွဲ့အစည်းကိုလည်း အောက်ခြေ လူထုအခြေပြုအဖွဲ့စည်း မှသည် နိုင်ငံရေးလူ့အဖွဲ့အစည်း သို့တိုင် အစီအစဉ်ရှိရှိတည်ထောင်ရန် အလွန်လိုအပ်ပေသည်။ ယခုအခါ ချင်းလူထုအခြေပြုအဖွဲ့စည်း တော် တော်များသည် နယ်ခြားရပ်များတွင် ဖွဲ့စည်းကြသည်။ ဒီမိုကရေစီလူ့ဘောင်သစ် ထွန်းကားရေးကို အကောင် ထည် ဖေါ်ဆောင်ရာမှာမူ အလွန့်အလွန် အားနည်းနေသေးသည်။

ချင်းလူမျိုးအနေဖြင့် ယနေ့မြန်မာနိုင်ငံအတွင်း ပေါ်ထွန်းနေသော နိုင်ငံရေးလူ့အဖွဲ့အစည်း အတွင်းရှိ မြန်မာအ မျိုးသားပါတီများ၊ လွှတ်တော်များ၊ အစိုးရအဆင့် အသီးသီး၌ ပါဝင် ပါတ်သက်မှုများကို ခဏဘေးဖယ် ထားပြီး မိမိတို့၏ ချင်းလူ့အဖွဲ့အစည်း သက်သက်ကို စဉ်းစားကြပါစို့။ ချင်းနိုင်ငံရေးလူ့အဖွဲ့အစည်း ပီပြင်စွာ ပေါ်ထွန်းနိုင် သည့် အခြေအနေ ရောက်ရှိပြီလော။ ဥပမာ- ချင်းနိုင်ငံရေးလူ့အဖွဲ့စည်း(အမျိုးသားပါတီများ၊ ပြည်ပါလီမန် ၊ ပြည်အစိုးရ)ဖွဲ့စည်း၍ ရပြီလော၊ အကယ်၍ ဖွဲ့စည်းနိုင်ခဲ့သော် လူထုကို တာဝန်ခံသည့်အစိုးရ၊ ရှင်းလင်းမြင်သာ သည့် အစိုးရ ဖြစ်ပြီလော၊ လူထုပူးပေါင်းပါဝင်သည့် အစိုးရဖြစ်ပြီလော၊ ဆိုသည့်အချက်ကို သတိမူရမည်။ အနာဂါတ်တွင် ချင်းလူထုအခြေပြုအဖွဲ့စည်းသည် ချစားမှု ကင်းရှင်းသော နိုင်ငံရေးလူ့အဖွဲ့စည်း ဦးဆောင်နိုင် စွမ်းသော နိုင်ငံရေး သမားကောင်းများကို မွေးထုတ်ပေးနိုင်သော အလုပ်ရုံတရပ်အဖြစ် ရပ်တည်သင့် သည်။

မူလက ရှိပြီးသား ချင်းလူထုအခြေပြုအဖွဲ့စည်းများ နှင့် အဖွဲ့အစည်းအသစ်များကို ဒီမိုကရေစီ  စံနှုန်းနှင့် အညီ ပဲ့ပင်ထိမ်းသိမ်း ရပေမည်။ ဥပမာ- ချင်းကျောင်းသားသမဂ္ဂ၊ ချင်းလူငယ် အစည်းအရုံး၊ ချင်းအမျိုးသမီး အဖွဲ့ချုပ် နှင့် ချင်းအလုပ်သမားသမဂ္ဂ စသည်များကို ချင်းပြည်လုံးဆိုင်ရာ အဖွဲ့စည်းများအဖြစ် ရပ်တည်နိုင်ရေး အောက် ခြေအဆင့်မှစတင် ဖွဲ့စည်းရပါမည်။ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံ ဥပဒေနှင့် ပြဌာန်းဥပဒေများအရ ပြည်ထဲရေးဝန် ကြီးဌာန အောက်၌ တရားဝင် မှတ်ပုံတင် နိုင်ရန် ကြိုးစားရမည်။ ချင်းပြည်သူ့လူ့ အဖွဲ့အစည်း စနစ်တကျ ထွန်း  ကားရေးသည် ချင်းပြည်သူတိုင်း၏ တာဝန်ဖြစ်သည်။ ချင်းအမျိုးသား ရာသက်ပန် ရှင်သန်ရေး၏ သော့ ချက်လည်း ဖြစ်သည်။

ချင်းနိုင်ငံရေးလူ့အဖွဲ့အစည်း နှင့် ချင်းလူထုအခြေပြုအဖွဲ့စည်း စနစ်တကျ ထွန်းကားမှသာလျှင် ချင်းလူမျိုး၏ အမျိုးဂုဏ်နှင့်ဇာတိဂုဏ် မြှင့်တက်မည်ဖြစ်ပြီး ချင်းစာပေယဉ်ကျေးမှု၊ ဘာသာစကား စသည်များကို ကောင်း စွာထိန်းသိမ်းနိုင်မည် ဖြစ်သည်။ ထို့ကြောင့် ချင်းလူထုအခြေပြုအဖွဲ့စည်း ကို မိမိတို့အသိတရားဖြင့် မိမိတို့ဘာ သာဖွဲ့စည်းသင့်သည်။ အဓိကဦးတည်ချက်မှာ ကိုယ့်ကြမ္မာကိုဖန်တီးခွင့်ကို အနိမ့်ဆုံးအဆင့်က လက်တွေ့ ကျင့်သုံးခြင်းနှင့် ဒီမိုကရေစီ လူ့ဘောင်သစ် စတင်တည်ထောင်ခြင်းဖြစ်ပြီး အစီုးရကို ရန်မူပုန်ကန်ရန် မဟုတ် ပေ။  

ပြီးပါပြီ။

အိုက် ဆောင်မဒိန်း

 Copy link: http://khumimediagroups.blogspot.com/2012/10/civil-society.html

0 comments:

Post a Comment