စစ်ဝန်ကြီးနှင့် စစ်သေနာပတိဖြစ်သော ဗိုလ်ချုပ်အောင်ဆန်း၏ ရုံးသည် တိုင်းအမှတ် ၇ နယ်မြေဖြစ်သော သရက်ခရိုက် အတွင်းတွင် ဖွင့်လှစ်ထားသည်။ ဗိုလ်ချုပ်အောင်ဆန်းသည် အဆိုပါ စစ်ဌာနချုပ်စခန်းမှ နေ၍ မြန်မာပြည်တစ်ပြည်လုံးရှိ ဖက်ဆစ်ဂျပန်တော်လှန်ရေး စစ်ဆင်မှုများကို ဦးစီးကွပ်ကွဲလျက် ရှိနေလေသည်။ မျိုးချစ်တပ်မတော်သည် ပြည်သူတို့၏ အကူအညီဖြင့် ဖက်ဆစ်ဂျပန်တပ်များကို တွေ့ရာသချိုင်း ဓားမဆိုင်း လိုက်လံ တိုက်ခိုက်ခဲ့သည်။
အောင်ပွဲများလည်း ရရှိလာခဲ့သည်။ ဤအတွင်း မဟာမိတ်ဗြိတိသျှတပ်များ၏ ထိုးစစ်ကလည်း တဖြည်းဖြည်း မြန်မာပြည် အလယ်ပိုင်းနှင့် အောက်ပိုင်းအထိ ထိုးဝင်ရောက်ရှိလာခဲ့သည်။ မျိုးချစှ်ဗမာ့တပ်မတော်နှင့် မဟာမိတ်တပ်များမှာ ပူးတွဲ စစ်စင်ရေးအတွက် နားလည်မှု အဆက်အသွယ် ရရှိထားပြီးဖြစ်သည်။ ဗြိတိသျှ (အင်္ဂလိပ်) များရောက်ရှိလာခြင်းကို မျိုးချစ်ဗမာ့တပ်မတော် အတွင်းရှိ အချို့ အရာရှိ များက မိမိတို့ကိုယ်ကျိုး ကိုယ့်တွက်တာအတွက် ၀မ်းမြောက်စိတ်ကူးယဉ်လာကြသည်။ တာဝန်မကျေဖြစ်လာကြသည်။ မျိုးချစ် ဗမာ့တပ်မတော်၏လုပ်ငန်းစဉ်များကို မေ့လျော့ချင်လာကြသည်။
ထို့ကြောင့် ၁၉၄၅ ခု၊ မေလ ၁၀ ရက်နေ့တွင် သရက်ခရိုင်၊ ကမ္မမြို့ အပိုင် သရက်ချောင်းရွာတွင် တပ်စခန်းချနေသော ဗိုလ်ချုပ်အောင်ဆန်းသည် စစ်ဌာနချုပ်စခန်းရှိ အကြပ်တပ်သားများကို ညနေ ၅ နာရီ၌ တန်းစီစေ၍ တော်လှန်ရေး ကာလအတွင်း အပြတ်သားဆုံးသော မိန်းခွန်းကို ပြောကြားခဲ့သည်။
ရဲဘော်တို့....။
ဒီနေ့ရဲဘော်တို့ကို ဘာလို့တန်းစီခိုင်းရသလဲဆိုရင် အားလုံးရဲဘော်တွေရော .... ဗိုလ်ကြီးတွေ .... ဗိုလ်မှူးတွေ ဆိုတဲ့ခေါင်းဆောင်ပိုင်းကပါ တာဝန်ယူ ထမ်းဆောင်ကြတဲ့နေရာမှာ တော်တော့်ကို ပေါ့ဆဆ လုပ်နေတြာကို တွေ့ရ မြင်ရ ကြားရလို့ဘဲ။
ပွဲဦးထွက် တော်လှန်ရေး အောင်ပွဲလေးတွေကို ရခဲ့ပြီးအဲဒီအောင်ပွဲလေးတွေ ဆင်နွဲနိုင်တာလောက်ကို တကယ့်အောင်ပွဲကြီးတွေလို့ ထင်ပြီး အဲဒီအောင်ပွဲအပေါ်မှာ မိန်းမောနေတာကို တွေ့ရတယ်။ ကိုယ့်ကိုယ်ကို ကိုယ်အထင်ကြီးပြီး ဘ၀င်မြင့်နေတာ တွေ့ရတယ်။ ရဲဘော်တို့ ဒီလိုမိန်းမောနေရင် မှားမယ်လို့ ရဲဘော်တို့ကို တိတိကျကျ ပြေရဲတယ်။
တချို့ ကလဲ တော်လှန်ရေးပြီးရင် ပြီးပြီလို့ထင်တဲ့လူတွေကထင်သေးတယ်။ အင်္ဂလိပ်စစ်တပ်တို့၊ အင်္ဂလိပ် အုပ်ချုပရေးတို့လာရင် ဗိုလ်တွေက ဗိုလ်ကြီး၊ ဗိုလ်ကြီးတွေက ဗိုလ်မှူး၊ ဗိုလ်မှူးတွေကလည်း ဗိုလ်မှူးကြီးတွေ ဖြစ်ပြီး၊ ရာထူးတွေအဆင့်အတန်းတွေ တိုးလာတော့မယ်လို့ ထင်ကြပြီးတစ်ယောက်နဲ့ တစ်ယောက်ခြေရာတိုင်း နေကြတယ်။ ဒါတွေကို ကျုပ်သိတာတော်တော်ကြာပြီ၊ ဒါပေမယ့် ကျုပ်မပြောချင်သေးလို့ မသိချင်ယောင်ဆောင်နေခဲ့တယ်။ စောင့်ကြည့်ကြသေးတာပေါ့။ ရဲဘော်တို့ထင်သလို အင်္ဂလိပ်လာရင် ရာထူးပဲတိုးမလား သေနတ်မောင်းပဲ ထပ်ချိုးကြရမလားဆိုတာ ဟိုအခါကျတော့ သိကြပါလိမ့်မယ်။
ဘယ်လောက်ထိ တာဝန်မဲ့လုပ်နေသလဲဆိုရင် ဗိုလ်ဇေယျကိုကြည့်
ကျုပ်ကတာဝန်နဲ့ လွှဲလိုက်တယ်။ အခုထိ ပြန်မလာသေးဘူး။ သူ့မယားရှိတဲ့ဆားတွင်း တက်သွားတယ်လို့ ကြားရတယ်။ အဲဒါသာကြည့်တော့ .....
ဟိုတစ်နေ့ကလဲ ဗိုလ်ဝင်းတစ်ယောက်ဟာ ရဲဘော်သုံးလေးယောက်နဲ့ အမဲထွက်ပစ်တယ်။ သူတို့တတွေဟာ ပျော်ပွဲစား ထွက်လာတယ်လို့များ ထင်နေလားမသိဘူး။
အဲဒီလောက်ထိအောင် ရဲဘော်တွေဟာ တာဝန်ယူထမ်းဆောင်တဲ့နေရာမှာ ပေါ့ပေါ့ဆဆဖြစ်လာတာကို တွေ့ရတယ်။ ရန်သူကို အထင်အကြီးသော်လည်း အထင်မသေးသင့်ဘူးဆိုတာအစဉ် သတိချက်စေချင်တယ်။ အင်္ဂလိပ်အုပ်ချုပ်ရေးကို မျှော်ပြီးအတွေးလွန်းမနေကြနဲ့။ နားလည်အလွယ်ဆုံးပြောလိုက်မယ်
"အခုဂျပန်က ကျုပ်တို့တွေ တိုင်းရင်းသားအားလုံးကို (...) သွားပေမယ့် ဆီဆွတ်လို့တော်သေးတယ်။ အင်္ဂလိပ်လာယင် ဆီမဆွဘဲ (...) လိမ့်မယ်။"
ဒါပဲ ကျုပ်ပြောခဲ့မယ်။
Monday, March 11, 2013
Subscribe to:
Post Comments (Atom)



Myanmar Kyat Converter
တနေရာတည်း၌ ဂျာနယ်ပေါင်းစုံဒေါင်းရန်
0 comments:
Post a Comment