ဗိုလ်ချုပ်အောင်ဆန်းတို့ ဘိလပ်ဆွေးနွေးပွဲသို့ သွားခြင်းသည် (ဖဆပလ) ဗဟိုအလုပ်အမှုဆောင် အဖွဲ့နှင့် ဦးစီးအဖွဲ့၏သဘောတူခွင့်ပြုချက်အရ သွားကြခြင်းဖြစ်သည်။ ဘိလပ်တွင် ဆွေးနွေးဆောင်ရွက်လာခဲ့သော ကိစ္စများကို ဗဟို အလုပ်အမှုဆောင် အဖွဲ့နှင့် ဦးစီးအဖွဲ့သို့ ထုံးတမ်းစဉ်လာအတိုင်း ပြန်လည်တင်ပြရန် ၀တ်တရားရှိသည်။ ထို့ကြောင့် ဗိုလ်ချုပ်အောင်ဆန်းခေါင်းဆောင်သည့် ကိုယ်စားလှယ် အဖွဲ့က (ဖဆပလ) ဦးစီးအမှုဆောင် အဖွဲ့သို့ မိမိတို့ဆောင် ရွက်ချက်များကို ၁၉၄၇ ခု၊ ဖေဖေါ်ဝါရီ ၁၅ ရက်နေ့တွင် တင်ပြကြသည်။ ထိုအစည်းအဝေး၌ ဗိုလ်ချုပ်အောင်ဆန်း၏ တင်ပြချက်မှာ အောက်ပါအတိုင်း ဖြစ်သည်။
ယနေ့
ဒီအစည်းအဝေးနှင့် ပက်သက်လို့ဆိုယင်၊ ဘိလပ်သွား၍
အက်တလီနှင့်ချုပ်ဆိုတဲ့စာချုပ်နှင့်တကွဖြစ်ပေါ် လာတဲ့ ကိစ္စအရပ်ရပ်ကို
အစီရင်ခံပြီး ရှေ့ ဘယ်လိုဖြစ်၍ နောင်ဘယ်လိုဖြစ်မယ်၊ နောင်အလားအလာ ဘယ်လို
ဆိုတာ အစီခံ ဖို့ရှိတယ်။
အစိုးရအဖွဲ့ထဲဝင်ပြီး တလအကြာမှာ
ဦးစီးအဖွဲ့ကို ခေါ်ပြီး အစီရင်ခံရတယ်။ ဒီကြားမှာ သပိတ်မှောက်ကိစ္စနှင့် ကွန်
မြူနစ်ကိစ္စ ဖြေရှင်းတာနှင့်အချိန်ကုန်ခဲ့တယ်။
နောက်နိုင်ဝင်ဘာလနှင့်ဒီဇင်ဘာလ နှစ်လကျမှ ကျုပ်တို့ဆက် လက် အလုပ်လုပ်ကြတာ
ပြီးတဲ့ ကိစ္စလဲပြီး၊ မပြီးပြတ်တဲ့ကိစ္စလဲ မပြီးဘူး။ ပြီးတဲ့ကိစ္စမှာ
ဖြစ်တဲ့ကိစ္စတွေကို ပလပ်ဖို့ ဥပဒေတွေလုပ်၊ လတ်တလောဥပဒေတွေအပြင် အတော်အတန်
ပြီးစီးခဲ့ပါတယ်။ ဒါအပြင် စစ်ကြီးပြီးတဲ့ဥပဒေလဲ လုပ်ခဲ့ပါတယ်။ နောက်ဓါးပြ
ခိုးသားများကိစ္စ၊ တိုင်းပြည်မှာ ဆူပူထကြွမှုတွေကိုလဲ
လွတ်ငြိမ်းချမ်းသာခွင့်ပြုတဲ့ ကြေညာစာတန်းတွေ ထုတ်ခဲ့တယ်။
အပေးအယူလုပ်ပုံ
နေ့စဉ်
လုပ်ငန်းအပြင် ဗမာနိုင်ငံ တခုလုံး၏ တောင်းဆိုချက်များကို ဘိလပ်အစိုးရထံ
အကျယ်တ၀င့် တင်သွင်းခဲ့ တယ်။ အဲဒီအချိန်နဲ့ တပြိုင်နက် ဗမာပြည်
အစိုးရ၀န်ကြီး အဖွဲ့ရဲ့ ကြေညာစာတန်းများကို ကြေညာခဲ့တယ်။ အဲဒီအ ခါမှာ
အခြေအနေကိုကြည့်ပြီး၊ ကျုပ်တို့ရဲ့တောင်းဆိုချက်နှင့်ပက်သက်၍ ဇန်န၀ါရီလ ၃၁
ရက်နေ့မတိုင်မီ အဖြူ နှင့်အမဲ ထင်ရှားအောင် ပြန်ကြားရမယ်၊
မပြန်ကြားခဲ့လျှင် ၃၁ ရက်နေ့မှာ ၀န်ကြီးအဖွဲ့က နုတ်ထွက်ဖို့ ဖ-ဆ-ပ-လ ၏
ညွှန်ကြားချက်ကို ထုတ်လိုက်တယ်။ အဲဒီအခါ ဘိလပ်အစိုးရနှင့်ဘုရင်ခံဟာ
စာပေးစာယူ အ မြောက်အမြားလုပ်၊ ကိုယ်စားလှယ်တွေလွှတ်ကြည့်၊ နောက်
ဘိလပ်အစိုးရက ဆွေးနွေးဖို့ဖိတ်ကြား၊ ကျုပ်တို့က ဖိတ်တိုင်းမလာနိုင်ဘူး၊
အကျိုးအကြောင်းစုံစုံလင်လင်သိမှ ခင်ဗျားတို့ရဲ့ပါလီမန်က ကြေညာသင့်တာတွေကြေ
ညာပြီး အခြေခံရမယ်လို့ ပြောလိုက်မှ မစ္စတာအက်တလီက ဒီဇင်ဘာ၂၀ ရက်နေ့က
အခြေခံတွေ လုပ်တယ်၊ အဲ ဒီအခြေခံတွေရမှ ကျုပ်တို့သွားကြတယ်။ ဇန်န၀ါရီလ
တလလုံးမှာဘဲ ဒီကိစ္စနဲ့ ပြီးခဲ့တယ်။
နယ်ချဲ့ အားနည်းသွားပြီ
အခုဖြစ်ပျက်နေတဲ့
အခြေအနေနှင့်ပက်သက်ပြီး ကျုပ်တို့ သေသေချာချာ နားလည်ဖို့လိုတယ်၊ နယ်ချဲ
့စနစ်အင် အားဟာ နည်းသွားပြီ၊ သို့သော် လုံးဝ အလိုလိုပျက်ပြားသွားမယ်လို့
မဟုတ်ဘူး။ နောက်သူတို့ရဲ့နယ်ချဲ့ အင်ပါယာ ဟာ ကုန်တော့မယ်လို့မြင်သော်လဲဘဲ
ဇွဲနဲ့မကုန်အောင်ကြိုးစားနေတယ်။
ရှုပ်ထွေးအောင်လုပ်မယ်
အခုနယ်ချဲ
့သမားဟာ ပရိယာယ်အားဖြင့် ကြိုးစားငြားသော်လဲ တကယ်ထိထိရောက်ရောက်ဖြစ်ဖို့
မရှိဘူးလို့ ယူ ဆတယ်၊ ဘယ်လိုလုပ်မလဲဆိုတာ ဥပမာ ဗမာပြည်နှင့် အိန္ဒိယပြည်မှာ
တိုင်းပြည်အတွင်းရေး ရှုပ်ထွေးအောင် လုပ်မယ်။ နယ်ချဲ့ ဟာ ဘယ်ကိုမှ
လက်မလွတ်သေးဘူး၊ တတ်နိုင်သမျှ ကြိုးစား ကုပ်တွယ်နေတယ်။
ရဖို့လက်ခံတယ်
ကျုပ်တို့
အစိုးရအဖွဲ့ထဲဝင်ကတည်းက ဒါ အမျိုးသား ကြားဖြတ်အစိုးရမဟုတ်ဘူးပြောခဲ့တယ်။
နောက်ဆုံး ဘိလပ် အစိုးရနှင့်စေ့စပ်ကြတယ်။ အဲဒီအခါမှာ ဖ-ဆ-ပ-လ
ညွှန်ကြားချက်အတိုင်း သွားတောင်းတယ်။ ဒီအတိုင်းရလို့ လက်ခံလာတယ်။
အလုပ်အမှုဆောင် အဖွဲ့ကလဲ လက်ခံတယ်။ ဒီကိစ္စမှာ နေသူရိန်
ဆုံးဖြတ်ချက်နဲ့မကိုက်ဘူး စသည်ဖြင့် ပြောကြတယ်။ အဲဒါပြန်ကြည့်ယင်သိကြမယ်။
နောက်ဆုံးဆွေးနွေးပွဲပျက်ယင်လဲ ဝေဖန်မှုရှိမှာဘဲ။ စေ့ စပ်ပွဲမှာ ၁၀၀ မှာ ၁၀၀
ရလဲ (န) နယ်အမြီးတိုတယ်လို့ ပြောဦးမယ်။
တိုင်းပြုပြည်ပြည်ပြုလွှတ်တော်နှင့်ပက်သက် လို့ ၃၅ ခုနှစ်ရွေးကောက်ပွဲမျိုး
မလိုချင်ဘူး။ ၃၅ ခုနှစ်ရွေးကောက်ပွဲက ဥပဒေအရ လုပ်လျှင် အောက်လွှတ်တော်
ဖြစ်မယ်။ အမတ် ၁၃၂ ယောက်မှာ အိန္ဒိယ၊ ဥရောပနှင့် အခြားလူမျိုးပါတယ်။ အဲဒါ
ဥပဒေပြုအဖွဲ့ ၊ အဲဒီက ဗမာ ပြည်အုပ်ချုပ်ရေး ဘယ်လိုရေးဆွဲမလဲ စဉ်းစားရမှာ၊
အဲဒီတော့ အမျိုးသားလို့ မခေါ်နိုင်တဲ့လူတွေ ပါနေတယ်။ ကျုပ်တို့က ဒါတွေ
မကြိုက်လို့ ဥပဒေပြင်လျှင် ကြာမယ်။ ဒါကြောင့်
တိုက်ရိုက်တိုင်းပြုပြည်ပြုလွှတ်တော် ရွေးကောက်ဖို့ တောင်းထားရတယ်။
အဲဒီတိုင်းပြုပြည်ပြုလွှတ်တော်က
ကျုပ်တို့ မြန်မြန်လုပ်လျှင် မြန်မြန်ရမယ်။ မြန်မြန်လုပ်မှ
တနှစ်အတွင်းရဖို့ ဖြစ်မယ်။ ဒါ ၃၅ ခုနှစ် ဥပဒေနှင့် ဘာမှမဆိုင်ဘူး။
တနည်းအားဖြင့် နည်းအဖြစ် သုံးခြင်းမျှသာဖြစ်ပါတယ်။
အချုပ်အချာအာဏာ
တိုင်းပြုပြည်ပြုလွှတ်တော်နှင့်
ပက်သက်လို့ အချုပ်အချာ အာဏာပိုင် ပြည့်စုံတဲ့ အဖွဲ့လားမေးယင် မဟုတ်ဘူး။ ဥ
ပဒေသဘော ကြည့်ယင်မဟုတ်ဘူး။ အချုပ်အချာ အာဏာပိုင်လိုချင်လျှင် ဘိလပ်သွား
ဆွေးနွေးဖို့ မလိုဘူး။ တော်လှန်ရေးလုပ်လို့ကြားကာလမှာ
ဆွေးနွေးစေ့စပ်ဖို့ပြောမှ စာချုပ်ပေချုပ်နဲ့ အသိအမှတ်ပြုပြီးမှ ရမဲ့
တိုင်းပြု ပြည်ပြုလွှတ်တော်မျိုးမှာ အာဏာပိုင် လွှတ်တော်ဖြစ်နိုင်မယ်။
အယူအဆအမျိုးမျိုး
အခုသွားတာ
တော်လှန်ရေးလဲဘာမှ မရှိဘူး။ အချုပ်အချာ အာဏာပိုင်ဆိုလျှင် ပဌမဆုံး
အင်္ဂလိပ်တွေမောင်း ထုတ်ရမယ်။ လွတ်လပ်တဲ့ တိုင်းပြည်အဖြစ် ကြေညာပြီးမှ
ဖြစ်မယ်။ သွားကတည်းက တိုင်းပြုပြည်ပြုလွှတ်တော် အချုပ်အချာ အာဏာရှိသလားဆိုတာ
လူထုအင်အားပေါ်မှာ တည်တယ်ဆိုတာ သိလို့ အဲဒီအတိုင်းသွားတာဘဲ။ ဒီကိစ္စမှာ
သူတို့လဲ ဘာမှမပြောနိုင်ဘူး၊ သွားတာက အယူအဆ အမျိုးမျိုးရှိတယ်။
ပြုပြင်ပြောင်းလဲရေးသမားက အယူအဆတမျိုး၊ တော်လှန်ရေးသမားက
အယူအဆတမျိုးရှိတယ်။
တောင်းတယ် - ရတယ်
ပြုပြင်ပြောင်းလဲရေးသမားက
စေ့စပ်ရေးကို အဓိကလုပ်ထားတယ်။ ကျုပ်တို့ကစေ့စပ်တဲ့ကိစ္စကို အဓိကအဖြစ်နဲ့
မလုပ်ဘူး။ ကျုပ်တို့က လုပ်ငန်းမှ အကူအပံ့ ဘယ်လောက်ပေးနိုင်တယ်ဆိုတာကို
ကြည့်တယ်။ အစိုးရအဖွဲ့ထဲဝင် တာ လွတ်လပ်ရေးပန်းတိုင်ကို
အားပေးနိုင်သလားကြည့်ပြီးလုပ်တယ်။ ကျုပ်တို့လုပ်တာ ဖြစ်သလား၊ မဖြစ်ဘူး လား၊
ကားချပြမယ်။ ဟိုမှာ ၉၁ ဌာန အုပ်ချုပ်ရေးမလိုချင်ဘူး၊
တိုင်းပြုပြည်ပြုလွှတ်တော်လိုချင်တယ်။ ဒါဘဲ တောင်းတယ်၊ ဒါဘဲရတယ်။
ရွေးကောက်ပွဲဝင်ရမယ်
အခုဧပြီလ
ရွေးကောက်ပွဲလုပ်မယ်။ ကျုပ်တို့ဝင်ရမယ်။ အဲဒီမှာ
သန်စွမ်းတဲ့လူကောင်းတွေရအောင် လုပ်ရမယ်။ အဲဒီက အုပ်ချုပ်ရေး
ဥပဒေသစ်ရေးဆွဲမယ်။ အဲတာ အင်မတန်ခက်တယ်လို့ ဥပဒေသမားပါရဂူများကပြောမယ်။
မခဲယဉ်းဘူး။ အုပ်ချုပ်ရေးဥပဒေရေးဆွဲပြီးလျှင် တိုင်းပြုပြည်ပြုလွှတ်တော်ဟာ
အင်္ဂလိပ်အစိုးရသဘောတူပြီးသား ။ သူတို့သဘောတူတဲ့ လွှတ်တော်က
ရေးဆွဲတာဒီလိုရှိတယ်၊ ၊ အာဏာလွှဲပြောင်းပေးဖို့ ပြောရမယ်၊ အဲဒီအခါ တ
နှစ်အတွင်း နေ့ကောင်းရက်သာ ရွေးချယ်ယင် ဦးဘချိုတို့ ရွေးကြတော့
(ရယ်သံများ)။
လိုတဲ့ရက်မှာ ရမယ်
အဲဒီအခါ
ဆွေးနွေးဖို့ ကိစ္စရှိမယ်၊ ဆွေးနွေးလို့ သဘောတူကြတဲ့အခါ သူတို့က
ပါလီမန်တင်တာဟာ သူတို့ကိစ္စဘဲ။ ကျုပ်တို့ သတ်မှတ်တဲ့ရက်ချိန်း အတွင်းရယင်
ကျုပ်တို့ပြီးတာဘဲ၊ စကားများဖို့မလိုဘူး၊ သတ်မှတ်တဲ့နေ့ရက်မှာ မ ရယင်
စကားများရမယ်၊ ကျုပ်တို့အဖို့ မဆူမပူ မတိုက်မခိုက်ရဘဲရလျှင် ပါလီမန်တင်တာ
အရေးစိုက်စရာမရှိဘူး၊ မရယင်သာ ကျုပ်ပြောတဲ့အတိုင်းလုပ်ကြဖို့။ ဒါကြောင့်
လွတ်လပ်ရေးတိုက်ပွဲ မပြီးသေးဘူးလို့ပြောတာ၊ ဒါကြောင့် ကျုပ်တို့
ပြင်ဆင်မှုတွေဟာ လုပ်မြဲလုပ်နေရမယ်။
သဘောမကျယင် တော်လှန်
ကြားဖြတ်အမျိုးသား
အစိုးရနှင့် ပက်သက်လို့ လက်တွေ့ပြောရလျှင် ဘယ်သူ့လက်အောက်မှာလဲ၊
ခံချင်ယင်ခံ မခံ ချင်ယင်နေ ကျုပ်တို့ဗမာပြည်ဟာ အင်္ဂလိပ်အစိုးရလက်အောက်မှာ
မဟုတ်လား၊ အဲဒါ သဘောမကျလျှင် တော် လှန်သွားဖို့ဘဲ၊ လုပ်တဲ့နေရာမှာသာ
လုပ်သွားနိုင်ယင် ကျေနပ်ပြီ၊ ဥပဒေအတွင်းမှာ လုပ်လို့ရလျှင် ဘယ်အထိ
လုပ်နိုင်သလဲဆိုလျှင် ဒိုမီနီယံအဆင့်အတန်းသာ လုပ်ကြဖို့ ပြောလိုက်တယ်၊
ကျုပ်တို့လိုချင်တာနဲ့ နီးစပ်တယ်ဆို တာနဲ့ လက်ခံလာခြင်းဘဲ၊
ဒီထက်လဲပိုမရနိုင်ဘဲကိုး၊ ကျုပ်တို့လက်တွေ့ အခြေအနေကြည့်လျှင်
အင်ဒိုနီးရှားတို့လို သံအမတ်တွေ မလွှတ်နိုင်သေးဘူး။
ဘုရင်ခံလား - သမ္မတလား
တိုင်းပြုပြည်ပြုလွှတ်တော်ထားပြီးသည့်နောက်
ဘုရင်ခံ ထားမလား သမ္မတထားမလား မပြောနိုင်သေးဘူး၊ သ တင်းစာတစောင်က
အင်္ဂလိပ်ဆွေးနွေးပွဲမှာ တိုင်းပြုပြည်ပြုလွှတ်တော် မရဘူးရေးတယ်၊
နောက်ရလာတော့တ မျိုးပြန်ရေးတယ်၊ အဲဒါတွေဟာ ရာဇ၀င် ပြန်ကြည့်ဖို့လိုတယ်၊
ရာဇ၀င်ရေးတဲ့နေရာမှာ ကျုပ်သစ္စာဖောက် မဖြစ် နိုင်ဘူးဆိုတာ ယုံကြည်တယ်။
သူတို့က ပေါင်းချင်အောင်လုပ်ပြမှ ဖြစ်မယ်။
နောက်
ဖ-ဆ-ပ-လ အဖွဲ့ထဲ ကွန်မြူနစ်တွေရှိတုန်းက အရေးမယူဘူးလား ရေးတယ်၊
မဖြစ်နိုင်လို့ ထုတ်ပစ်တော့ မြွေမသေ တုန်မကျိုး ပြန်ပေါင်းဖို့ရေးကြတယ်၊
အဲဒါ မရိုးဘူးလို့ယူဆတယ်၊ ပြန်ပေါင်းဖို့က ပြန်ပေါင်းအောင်လုပ်
ယင်ကောင်းတယ်၊ ကျုပ်ပြောလိုက်မယ်၊ ပေါင်းချင်ယင် အခြားအဖွဲ့တွေကိုတော့
ကျုပ်မပေါင်းချင်ဘူး၊ အဲဒီ သိန်း - သန်းထွန်း
ကွန်မြူနစ်တော့ပေါင်းနိုင်တယ်၊ သို့သော် သူတို့က ပေါင်းချင်အောင်လုပ်ပြမှ
ဖြစ်မယ်။ ပါးစပ်ကပြော နောက်ကျော ဓားနဲ့ လှည့်ထိုးတာ မခံနိုင်ဘူး၊
မပေါင်းချင်ယင် မလိမ်မာရာကျတယ်လေးနဲ့၊ ဘာမလိမ်မာတာလဲ (စားပွဲကိုထုသည်)
ကြိုက်ယင်ထောက်ခံ၊ မကြိုက်ယင် မထောက်ခံနဲ့။ ။
Monday, March 11, 2013
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment