Tuesday, March 12, 2013

ဘာသာရေး၊ သံဃာ နှင့် နိုင်ငံရေး

ဗိုလ်ချုပ်အောင်ဆန်း

လူ နေမှုဘ၀အဆင့်အတန်းတွေ နဲ့ ဒီကနေ့ ထိပ်တိုက် ရင်ဆိုင်နေရတဲ့ ပြသနာတွေ က တင်းတင်းကျပ်ကျပ်လွန်းတင် ယက်လုပ် ထားတဲ့ ပိုးချည်ထည်တွေလိုပါဘဲ။ နိုင်ငံတကာဝါဒ နဲ့  အမျိုးသားဝါဒ၊ စီးပွားရေးနဲ့  နိုင်ငံရေး၊ နိုင်ငံရေးနဲ့  လူမှုရေး၊ လူမှုရေးနဲ့ ယဉ်ကျေးမှု၊ ဘာသာရေး၊လူမျိုးရေး နဲ့  ယဉ်ကျေးမှု..ဒါတွေ က ဖြစ်စဉ် တစ်ခုတည်းရဲ့ အစိတ်အပိုင်းတွေပါဘဲ။

နိုင်ငံရေး ဆိုတာ သူ့ ရဲ့ သဘာဝအစစ်အမှန် ကတော့ ဘ၀ထဲကို ထိုးဖောက်စိမ့်ဝင် နေခြင်းပါဘဲ။ ဒါပေမယ့်  တစ်ချို့ တွေ အခုထိပြောနေကြဆဲကတော့ "နိုင်ငံရေးဆိုတာ ညစ်ပတ်တဲ့ အရာ" ပါဘဲတဲ့။
ဒါမှန်ပါသလား၊ သေချာတာ ကတော့ မမှန်ပါဘူး၊ နိုင်ငံရေး ဆို တာ မညစ်ပတ်ပါ၊ သူ့ ကို ညစ်ပတ်အောင်ရွေးချယ်တဲ့ လူတွေ ကသာ ညစ်ပတ်တာပါ။ ဒါဆို နိုင်ငံရေးဆိုတာ ဘာလဲ။ သာမာန်လူသားတစ်ယောက် မရောက်ရှိနိုင်လောက်အောင် သိပ်ကြီးကျယ် မြင့်မြတ်တဲ့ အရာလား။ အမှားတွေကိုပြောဆို တိုင်းပြည်ကိုဦးတည်ရာမဲ့ ဆွဲဆောင်သိမ်းသွင်းတဲ့ နည်းပညာလား။ ရိုးသားတဲ့ စိတ်တွေ ကို အမြတ်ထုတ်တဲ့ ပညာလား။ ဒါမှမဟုတ် နိုင်ငံရေးဆိုတာ ဥာဏ်မြေကတုတ် နဲ့  သတိနဲ့  ဖိနင်းရမယ့် အန္တရာယ်လွှမ်းတဲ့ မြေပြင်မျိုးလား။ နိုင်ငံရေးဆို တာ ကျွန်တော်တို့ အမြဲ ကြွေးကြော်နေတတ်တဲ့ လူမျိုးရေး၊ ဘာသာရေး၊ ဘာသာစကား စတဲ့ ဆောင်ပုဒ်သက်သက်တင်ဘဲလား။

တကယ့်အမှန်ကတော့ နိုင်ငံရေးဆိုတာ လှမ်းမမီအောင် မြင့်မားတာ မဟုတ်သလို နိမ့်ကျတဲ့ဟာလဲ မဟုတ်ပါဘူး။ မျက်လှည့် လဲမဟုတ်၊ နက္ခတ်ပညာ မဟုတ်သလို မှော်အတတ် လဲမဟုတ်ပါဘူး။ သတိထား နင်းဖြတ်ရမယ့် အန္တရာယ် ကွင်းပြင်လဲမဟုတ်ပါဘူး။ ကျဉ်းမြောင်းတဲ့ လူမျိုးရေးဝါဒလဲမဟုတ်ပါဘူး။ သူဟာ ကျွန်တော်တို့ ရဲ့ နိစ္စဓူဝ ဘ၀တွေထဲ က ဖြတ်သန်းနေရတဲ့ လမ်းတွေ ထဲမှာ အခန်းကဏ္ဍတွေနဲ့ ချီတက်နေတာဘဲ ဖြစ်ပါတယ်။အရစ်တိုတယ်(လ) ပြောခဲ့သလို "လူဆိုတာမျိုးက နိုင်ငံရေး သတ္တ၀ါ" ပါဘဲ။ နိုင်ငံရေးဆို တာ ကျွန်ုပ်တို့ ရဲ့ ဖြစ်တည်မှု၊ ကျွန်ုပ်တို့ ရဲ့  အလုပ်ပါဘဲ။

အလုပ်သမားကထိုက်တန် မြင့်မားတဲ့ အလုပ်လုပ်ခ နဲ့  ပိုမိုကောင်းမွန်တဲ့ လူနေမှု အဆင့်အတန်း ကို လိုချင်တယ်။ လယ်သမားက သူ ပိုင်တဲ့လယ် နဲ့ မြေဧက ကို တိုးတက် ပွားများ အောင်လုပ်ချင်တယ်။ စာရေး စာချီ ၊ အရာရှိတွေ ကလဲ ပျင်းရိစရာကောင်းတဲ့ ရုံးခန်းတွေထက် ပိုလို ချင်မယ်။ တောင့်တ လိုအပ်နေရတာတွေ ပူပန်ကြောင့်ကျခြင်းတွေ ကကင်းဝေးတဲ့ အလုပ်တွေ ကိုရချင် ရှာချင်တယ်။ ကုန်သည် နဲ့ ပွဲစားတွေ ကလဲ မျှတတဲ့ ကုန်သွယ်မှုနဲ့  လုပ်ငန်း ဆောင်ရွက်ခွင့် တွေ ကို လိုချင်တယ်။ ဒီ ပြည်သူတွေ အားလုံးအတွက်၊ သူတို့  တောင်းဆိုရာ ဦးတည်ချက်ဖြစ်တဲ့ ပို မို ကောင်းမွန်အဆင့် မြင့်တဲ့ ဘ၀တွေ၊ သူတို့  စိတ် ချမ်းသာပျော်ရွှင်မှုတွေရအောင် လုပ်ဆောင်ချက်တွေ ဆို တာ နိုင်ငံရေး ပါဘဲ။

ဒီလိုဆို နိုင်ငံရေး ဆို တာ မညစ်ပတ် ပါဘူး။ အန္တရာယ် လွှမ်းနေတာ လဲ မဟုတ်ပါဘူး။ အံ့သြ ဘနန်း ဖြစ်လောက်တဲ့ မျက်လှည့် လဲ မဟုတ်ပါဘူး။ တစ်ချို့ ကပြောကြတယ် နိုင်ငံရေး က ဘာသာရေးတဲ့။ ဒါလဲမမှန်ပါဘူး။ ညစ်ပတ်တဲ့ နိုင်ငံရေး သမား တွေက သာ တကယ့် ပြည်သူ့ ဘ၀ အရေး တွေ ကို ဖုံးကွယ်ဖို့ သို့ တည်းမဟုတ် ဖျောက်ဖျက်ဖို့  ပြည်သူလူထု ကို ထင်ယောင်ထင်မှားဖြစ်အောင် ပြောဆိုကြ တာပါ။ နိုင်ငံရေး က ဘာသာ ရေး ပါလို့ ပြောဆို တဲ့ လူတွေ ဟာလဲ နိုင်ငံရေး သမား အစစ်မဟုတ် ဘဲ အခွင့်အရေး သမားတွေ သာ ဖြစ်ပါတယ်။

ဘာသာရေး ဆို တာ လူတစ်ဦးချင်းစီ ရဲ့ ကိုယ်ပိုင်သိမှု တရားပါ။ နိုင်ငံရေး ဆို တာကတော့ လူ့ အဖွဲ့ အစည်းတစ်ခုလုံးအတွက် လူမှုသိပ္ပံ ဘာသာရပ်ပါဘဲ။ ကျွန်တော်တို့ သိမြင်ထားရမှာ က လူ တစ်ဦးချင်းစီရဲ့  သူ့ ရပိုင်ခွင့် အခွင့်အရေး တွေ နဲ့ ကျေနပ်ပျော်ရွှင်မှု၊ လွတ်လပ်စွာ ကိုးကွယ် ယုံကြည်မှု၊ ဆုတောင်းမှု စတာတွေ ပေါ့။ ကျွန်တော် တို့  က ဘာသာရေး နဲ့ နိုင်ငံရေး ကို ခြားထားတဲ့ စည်း ကို ပြတ်ပြတ်သားသား ဆွဲ ကိုထားရမယ်။ ဘာသာရေး နဲ့ နိုင်ငံ ရေး ကိုကျွန်တော်တို့  ရော နှော ပြစ် လိုက်လို့ ရှိရင် ကျွန်တော် တို့ ဟာ ဘာသာကို ကိုးကွယ်ယုံကြည်တဲ့ စိတ်ဓာတ် ကို ဆန့် ကျင်တာ ဘဲ ဖြစ်နေ မယ်။ နိုင်ငံရေး ဆို တာ ဘာသာရေး မှ ကင်းလွတ်သော သိပ္ပံဘာသာ ဘဲ ဖြစ်ပါတယ်။

လူမှု ၀န်းကျင်လေ့လာတဲ့ဗေဒ မှာ ဘာသာရေး အခြေခံ သဘောတရားတွေ ဖြစ်တဲ့ ချစ်ခင်မှု၊ အမှန်တရား နဲ့  မှန်ကန်တဲ့ နေထိုင်ခြင်း အစရှိတာတွေနဲ့  အငြင်းပွားရန်ဖြစ် နေတာမျိုးမရှိပါဘူး။ ဒါပေမယ့် ဘာသာရေး လို့ အရေခြုံ အမည်တပ်လိုက်တဲ့ အချိန်မှာ တော့ ယုတ္တိမဲ့ခြင်းနဲ့  အမြတ်ထုတ်ခြင်း၊ တရားမမျှတမှု နဲ့  အယူသည်းခြင်း ဆို တာ တွေ ဆုပ်ကိုင်မိပြီး လူထု က ဆန့်  ကျင် လာပါလိမ့်မယ်။ ဘုန်းတော်ကြီးများ အနေဖြင့် လူတစ်ချို့ က လူမှုဝန်းကျင်ကို အန္တရာယ် ပြုလာပြီဆိုရင် သူတို့ ကို ကာကွယ်ဖို့ ၊ သူတို့ ကိုယ်တိုင် တရားဥပဒေတွေ ဖြစ်သွားတာကို ကာကွယ်ဖို့ ၊ မကောင်းတဲ့အနာဂါတ်နမိတ်ဆိုးအကြောင်းနှိုးဆော် ဟောကြားသင့်ပါတယ်။ ဒါဟာ ကျွန်ုပ် တီထွင်ထားတဲ့ အယူစနစ် တစ်ခု မဟုတ်ပါဘူး။ ကျွန်ုပ်တို့ ရဲ အနော်ရထာ ဘုရင် ကြီး ကိုယ်တိုင် အရေးယူ ပြဌာန်းခဲ့တာဖြစ်ပါတယ်။ ကျွန်ူပ်တို့ ရာဇ၀င်ထဲမှာ ဒီလို သန့် စင်ပြောင်းလဲရေး တွေကို နိုင်ငံနဲ့ အ၀ှန်း လုပ်ဆောင်ခဲ့ပါတယ်။ သမိုင်း ကလဲ ဒါတွေ ဟာ ဘုန်းတော်ကြီးတွေ လုပ်အပ်တဲ့ အရာ၊ ဘာသာရေး အရ ပိတ်ပင်ထားတဲ့အရာများ မဟုတ်ဘူး လို့ သက်သေ ပြထားခဲ့ပါတယ်။ အမှန်ပါ။ ဘုန်းတော်ကြီးများ အပ်ရာတဲ့ ကိစ တွေ ဟာ ဘာသာရေး ကိုလဲ ချိတ်ဆက်နေပါတယ်။ သာဓကတွေ ကတော့ ပုပ်ရဟန်းမင်းနဲ့ မင်းဧကရာဇ်များ အကြား အတိုက်အခံပြုမှုများ၊ အနော်ရထာဘုရင်နှင့် အရည်းကြီးများ အရေး၊ ကျွန်ုပ်တို့ နဲ့ အရင်းနှီးဆုံးဥပမာဖြစ်တဲ့ သမ္မာကျမ်းစာ ဆုံးမမှု အတိုင်း ပြုလုပ်ထားတဲ့ အလံတော်များ ဖြစ်ပါတယ်။ ဒီဥပမာတွေ အကုန်လုံးက ဘာသာတိုင်းမှာ နဲ့ လူမှုဝန်းကျင်မှာ၊ ခေတ် အဆက်ဆက် ဘုန်းတော်ကြီးများ လုပ်အပ်တဲ့ အရာ များတည်ရှိနေမှု ကို သတိပေးနေပါတယ်။

ဒါပေမယ့် ကျွန်ုပ်တို့ ဟာ ဘုန်းတော်ကြီး တို့ လုပ်အပ်ရာ သောအရေး ကိစ (Priestcraft) နဲ့  ဘုန်းတော်ကြီး (priesthood) ဆိုတာ ကို သီးသန့် ခွဲ ခြားထားရပါလိမ့်မယ်။ ကျွန်ုပ်တို့ ၏ ခွင့်မပြုသော ဘုန်းတော်ကြီးအရေးကိစ များသည် ဘုန်းတော်ကြီး ဖြစ်တည်မှုမှ အလှမ်းးကွာစေရန် သက်ရောက်မည်မဟုတ်ပေ။ အငြင်းပွား စရာဖြစ်မည်ဆိုလျင်တော့ ကျွန်ူပ်တို ဘုန်းတော်ကြီး များ၏ သာသနာ့ဝန်ဆောင်ပေးနေမှု နှင့် လူမှု အသိုင်းအ၀န်း ကို ဦးဆောင်ဦးရွက် ပြုပေးနေမှု တို့  ကို ရှင်းလင်းစွာ သိမြင်ထားရပေလိမ့်မည်။

ကျွန်ုပ်တို့  ၏ ဘုန်းတော်ကြီးများသည် လူမှု ရေးဝန်ဆောင်မှု များစွာ ကို ထမ်းထားရပေသည်။ လူငယ်လူရွယ်များကို ပညာသင်ကြားပေးခြင်း နှင့် ဗမာနိုင်ငံ၏ အဆင့်အတန်းမြင့် မားလှသော စာပေ များမှာ လည်း ထို ၀န်ဆောင်မှု များ ၏ ရလာဒ် ကြီးများဖြစ်ပေသည်။ ကျွန်ုပ်တို့ ၏ ဘုန်းတော်ကြီးများ သည် ကျွန်ုပ်တို့ ၏ ယဉ်ကျေးမှု ၊ မြို့ ပြ တည်ထောင်မှုများ ကို ကြွယ်ဝစေခဲ့ပေသည်။ အရေး ကိစတိုင်းတွင် ကျွန်ုပ်တို့ လူမှု အသိုင်းအ၀န်းကို ရှေ့သို့ ချီတက် နိုင်စေရန် ကူညီ ခဲ့ ကြပေသည်။ ထို ကဲ့သို့ သော လူမှု ၀န်ဆောင်မှု များကြောင့် ကျွန်ူပ်တို့ သည် ကျွန်ုပ်တို့ ၏ ဘုန်းတော်ကြီးများ အား ကျေးဇူးအကြွေး ကြီးမားစွာ တင်ရှိနေပေသည်။

ဗုဒ္ဓဘာသာ သည် ကျွန်ူပ်တို့ ပြည်သူ အများစု ကိုးကွယ်ရာ ဘာသာဖြစ်ပါတယ်။ ကျွန်ူပ် ကိုယ်တိုင် ရိုးသားစွာ ယုံကြည်တာကတော့ မိရိုးဖလာဘာသာရေးအခန်းအနားဓလေ့ပြဌာန်းမှုတွေ ပယ်ပြီး၊ သူ့ ရဲ့  တကယ့် အနှစ်သာရကို သိအောင်လုပ်မယ်ဆိုရင်တော့ ဗုဒ္ဓဘာသာ ဆိုတာ ဒီကမ္ဘာပေါ်မှာ အကြီးမြတ်ဆုံး ဒဿန တရားတစ်ခုပါဘဲ။ ဒါကြောင့်မို့ ကျွန်ုပ်အနေနှင့် ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးများ ကို အထူး လျှောက်ထား ပန်ကြားချင်ပါတယ်။

" ဆရာတော်သံဃာတော်အရှင်မြတ်တို့ ဘုရား၊ အရှင်ဘုရားတို့ သည် ကြီးမြတ်လှသောသာသနာ ကို စောင့်ရှောက်သူများဖြစ်တော်မူပါပေသည်။ ထို သာသနာတော်ကြီးအား သန့် စင်ခြင်း နှင့် ကမ္ဘာသို့ ပေးဆက်ခြင်း အတွက် ကျေးဇူးပြုခြင်းအလို့ ငှာလျှောက်ထားအပ်ပါသည်။ ဆရာတော်မြတ်တို့ အနေဖြင့် ဗမာ နိုင်ငံ တစ်ခု တည်း အတွက်သာမက ချစ်ခင်ခြင်း၊ ညီနောင် သားချင်း စိတ်ဓာတ်ပြန့် ပွားစေရန် အတွက် ကမ္ဘာတစ်ခုလုံး ရှိ ပြည်သူ များ ထံသို့  ပါ သြ၀ါဒ သ၀ဏ်လွှာ ပါးစေချင်ပါသည်။ ဒီယနေ့  ကမ္ဘာကြီး အတွင်း တနေ့ တခြား လို အပ်လာနေသော ထို ဆုံးမ သ၀ဏ်လွှာ ကို တပည့်တော်တို့ နာကြား ပြီး အလေးပေး လိုက်နာ ပါမည်။ဆရာတော် အရှင်သူမြတ်တို့ ဘုရား၊ ဆရာတော်များ အနေဖြင့် ကမ္ဘာ့ ငြိမ်းချမ်းရေး နှင့် ချစ်ခင်မှုများ ပြန့် ပွားစေရန် အတွက် အလွန် ကျယ်ပြန့် သော မြင့်မြတ်လှသော လုပ်ဆောင်ချက်များ စွာ ရှိနေ ပါသည် ဘုရား၊ ထို အရာများ သည် ဆရာတော်ကြီးများ ၏ မြင့် မြတ်သော လုပ်ဆောင်ချက်များနှင့် မြင့် မြတ်သော နိုင်ငံရေး များ ပင် ဖြစ်ပါပေသည်။"

"မေတ္တာ ထား၍ ပြည် သူ အားလုံး တို့ ၏ စိတ်များကို ကြောက်ရခြင်းမှ ကင်းလွတ်စေ ရန် (free from fear) ၄င်း၊ အမြင်ကျဉ်း ၍ အမြင်လွဲမှုများ၊ လျစ်လျူရှုမှုများ နှင့် အယူသည်းမှုများ၊ မှ ကင်းဝေးစေရန် ၄င်း၊ ရည်သန် ၍ သြ၀ါဒ ပေးကြားတော် မူပါ။ သူတို့ အား ပိုမို မြင့်မြတ်လာစေရန် နှင့် ပိုမို ပျော်ရွှင် ဖွယ်ရာ ဘ၀ များ ရရှိစေရန် အတွက် သင်ကြား ဆုံးမပေးတော်မူပါ။ ထို အရာများသည် အရှင်မြတ်များ ၏ အပ်ရာသော ၀န်တာများ ဖြစ်သည့် အတွက် လျှောက်ထား အပ်ပါသည် ဘုရား။"

ဗိုလ်ချုပ်အောင်ဆန်း
၁၉၄၆ ခှုနှစ်
ဖဆပလ ညီလာခံ မိန့် ခွန်း မှ ကောက်နူတ်ချက်၊

Copy link:  http://mindhamma.xanga.com

1 comments:

  1. The King Casino: A Review of A Good Casino
    An overview of the The King งานออนไลน์ Casino, the best online apr casino casino of 나비효과 the 2020, casino game https://septcasino.com/review/merit-casino/ list. Learn about bonuses kadangpintar and games and more

    ReplyDelete