Basic Political Science Part (1)
အခြေခံနိုင်ငံရေးသိပ္ပံ အပိုင်း (၁)
How to Interpret a Political Science?
Item Who, What, When
Researcher Mg Si Thu
Date September 1st, 2007
Event Discussion – "Strong Leadership for Burma's Future"
အကြောင်းအရာ -လူသားအရင်းအမြစ်ဖြိုးတိုးတတ်စေရေး
ရည်ညွန်းချက် - လူငယ်မျိုးဆက်သစ်များ
အထူးတင်ပြချက် - အနာဂတ်နိုင်ငံတော်နှင့် လူငယ်များ၏တာဝန်
အထူးသတိပြုရမည့်အချက်များ - အနာဂတ်နိုင်ငံတော်၊ နိုင်ငံရေးစနစ်၊ ပညာရေးစနစ်၊ စွမ်းအင်၊ စီးပွါးရေးစနစ်၊ လူမှုရေးစနစ်၊
Basic Political Science
The International Studies
နိုင်ငံတကာလေ့လာရေး
အခြေခံနိုင်ငံရေးသိပ္ပံဆိုသည်မှာ နိုင်ငံရေးများမည်သို့ဖြစ်ပေါ်လာပုံ၊ မည်သို့ဖွဲ့စည်းထားပုံ၊ နိုင်ငံသားတို့၏ တာဝန်ဝတ္တရားနှင့် အခွင့်အရေးများ၊ ၄င်းတို့၏ အုပ်ချုပ်ရေး၊ တရားစီရင်ရေး၊ ဥပဒေပြုရေးဟူသော မဏ္ဍိုင်ကြီးသုံးရပ်နှင့် နိုင်ငံတကာ ဆက်ဆံရေးမူဝါဒများအပေါ် ကျယ်ပြန့်စွာ လေ့လာသော ပညာရပ်ဖြစ်သည်။
နိုင်ငံရေးပညာရပ်ဟုဆိုသော်လည်း ဖေါ်ပြမည့်အကြောင်းအရာများသည် အရင်းရှင်ဝါဒ၊ ဆိုရှယ်လစ်ဝါဒ၊ ကွန်မြူနစ်ဝါဒ စသည်ဖြင့် ၀ါဒရေးရာဆိုင်ရာများ မဟုတ်ပေ။
မည်သည့်ဝါဒ၊ မည်သည့်သဘောတရား၊ မည်သည့်စနစ်များကို လက်ခံကျင့်သုံးသည့် နိုင်ငံဖြစ်စေ နိုင်ငံတိုင်း၌ ရှိရမည့် ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေးဟူသော သက်ဆိုင်ရာ နိုင်ငံ့အစိုးရအပါအ၀င် တိကျစွာလိုက်နာရန်၊ ပြုလုပ်ရန်နှင့် အဓိကတာဝန်ကြီးလည်းဖြစ်သော ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေးသုံးခုအား ဗဟိုပြု၍ အစိုးရအုပ်ချုပ်ရေး ယန္တရားဆိုင်ရာများကို လေ့လာသော အကြောင်းအရာများသာဖြစ်သည်။
ဤစာပေများသည် ကမ္ဘာပေါ်ရှိနိုင်ငံများ၏ နိုင်ငံရေးအခြေအနေတို့အားလည်းကောင်း နိုင်ငံအုပ်ချုပ်ရေးစနစ်များ၏ မူလအစောပိုင်းကာလ၊ နိုင်ငံရေးဆိုင်ရာ မူလအစောပိုင်းကာလများမှ ကမ္ဘာကျော်ပညာရှင်များ၏ အတွေးအခေါ် အယူအဆများဖြင့် ပြန်လည်ဆန်းစစ် သုတေသနပြုခြင်းနှင့် အနာဂတ်အလားအလာများအတွက် စဉ်းစားတွေးခေါ်နိုင်ရန် အခြေခံတစ်ခုအဖြစ်သာ ရည်ရွယ်ပါသည်။
မာတိကာ
အခန်းခေါင်းစဉ်
1) Polititic (နိုင်ငံရေး)
2) Political Theories (နိုင်ငံရေး သဘောတရားများ)
3) International Political Systems (နိုင်ငံတကာ နိုင်ငံရေးစနစ်များ)
4) Geography Politic and Comparative Politics (ပထ၀ီနိုင်ငံရေးနှင့် နိုင်ငံတကာ နိုင်ငံရေးစနစ်များ)
5) International Relation (နိုင်ငံတကာဆက်ဆံရေး)
6) International Organizations (နိုင်ငံတကာအဖွဲ့အစည်းများ)
7) Public Policies (ပြည်သူ့မူဝါဒ)
8) Defense and Security Policies (ကာကွယ်ရေးနှင့်လုံခြုံရေးဆိုင်ရာ မူဝါဒများ)
အခန်း (၁) နိုင်ငံရေး (Political )
နိုင်ငံရေးဆိုသည်မှာ အဘယ်နည်း။
နိုင်ငံရေးဆိုသည်မှာ လူသားတို့သည် မိမိတို့နေထိုင်သည့် နိုင်ငံတစ်နိုင်ငံအတွင်း၌လည်းကောင်း မိမိတို့နေထိုင်ရာ ဤကမ္ဘာမြေကြီး အတွင်း၌သော်လည်းကောင်း နေ့တဓူဝတွေ့ကြုံ ဖြတ်သန်းနေရသော စားဝတ်နေရေး၊ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး အစရှိသော အရေးအရာကိစ္စများအတွက် မိမိတို့ဘ၀တလျှောက် ရုန်းကန်လှုပ်ရှားရသော ဖြစ်စဉ်သာဖြစ်၏။
ဤလောက၌ လူရယ်လို့ဖြစ်လာသောအခါ နေမှု၊ ထိုင်မှု၊ စားသောက်မှုဆိုသော ကိစ္စတို့သည် မလွဲမသွေ လှုပ်ရှား ရုန်းကန်ကြရမှာ ဖြစ်ပါ၏။ ဤသည်မှာ သဘာဝပင်ဖြစ်ပါ၏။
လူသားတွေသည် မွေးဖွါးကြီးပြင်းလာပြီးနောက် သေဆုံးသောအချိန်ထိ မိမိတို့ဘ၀ကို ရုန်းကန်လှုပ်ရှားသွားရတာချည်းပင် ဖြစ်ပါ၏။ သက်သက်သာသာ ရုန်းကန်ရခြင်းနှင့် ဆင်းရဲပင်ပမ်းစွာ ရုန်းကန်ရခြင်း၌သာ ကွာခြားသော်ငြားလည်း အားလုံးသော လူသားတွေသည် အသက်ရှင်နေထိုင်ရစဉ်ကာလ တလျှောက်လုံး၌ ဘ၀ကိုအမျိုးမျိုးသော အခက်အခဲများအကြား ရုန်းကန်ဖြတ်သန်းကြရမည်သာ ဖြစ်ပါ၏။
ဤသည်ကိုပင် လူတယောက်၏ နိုင်ငံရေးဖြစ်စဉ်ဟုဆိုပါ၏။ ဤကမ္ဘာလောက၌ လူတဦးတယောက်တည်းသာ အသက်ရှင် ရုန်းကန်ရသည်မဟုတ်ပေ။ ဤကမ္ဘာမြေ၌ လူသားသန်းပေါင်းများစွာတို့သည် တပြိုင်နက်တည်း ဘ၀ကိုရုန်းကန် ဖြတ်သန်းနေရသောကြောင့် လူသားသန်းပေါင်းများစွာ ပါဝင်လှုပ်ရှားနေသော နိုင်ငံရေးဖြစ်စဉ်ကြီးသည် မိမိတို့၏ မိသားစု၊ မိမိတို့၏ ပတ်ဝန်းကျင်၊ မိမိတို့၏ဒေသ၊ မိမိတို့၏နိုင်ငံ ထိုမှတဆင့် ကမ္ဘာနှင့် အ၀န်းဆီသို့ ဆင့်ကဲဆင့်ကဲ ပေါင်းကူးဆက်စပ်မျှက် ဤကမ္ဘာကြီးနှင့် ဤလူသားတွေ တည်ရှိနေသ၍ တနည်းအားဖြင့် လူတို့၏စားဝတ်နေရေး၊ ကျန်းမာရေး၊ စီးပွါးရေး စသည့် လူမှုစီးပွားရေးအရာကိစ္စများ တည်ရှိနေသ၍ ဤနိုင်ငံရေးဖြစ်စဉ်ကြီးသည် အစဉ်အမြဲဖြစ်ပေါ်နေမည်သာ ဖြစ်ပါ၏။
မြန်မာ့လောက၌ နိုင်ငံရေးဟုဆိုလိုက်သည်နှင့် အစိုးရအုပ်ချုပ်ရေး၊ ပါတီအဖွဲ့အစည်း၊ အစိုးရဆန့်ကျင်ခြင်း၊ အစိုးရထောက်ခံခြင်း၊ တော်လှန်ခြင်း၊ စစ်မက်ဖြစ်ပွားခြင်း စသဖြင့် လူအများစုသည် လျှင်မြန်စွာဖြင့် အလွယ်တကူ နားလည်တတ်ကြပါ၏။ အမှန်အားဖြင့် "နိုင်ငံရေး" ဟူသော အနက်အဓိပ္ပါယ်အား သည်ထက်ပို၍ သဘောပေါက် နားလည်ထားသင့်ပါ၏။ အဘယ့်ကြောင့်ဆိုသော် မိမိဘ၀နှင့် တိုက်ရိုက် ပတ်သက်နေသောကြောင့်ပင် ဖြစ်ပါ၏။
ဥပမာအားဖြင့် အိမ်ထောင်စုတစုအတွင်းတွင် စားဝတ်နေရေး၊ မိသားစုအတွင်း ကျန်းမာရေး စသည်လိုအပ်ချက်များအား နေ့တဓူဝ တွေ့ကြုံဖြည့်စည်းနေရမည်သာ ဖြစ်၏။ ဤသို့ ဖြည့်စွမ်း ပေးနိုင်ရန်အတွက် လုပ်အား၊ ငွေကြေး၊ ၀န်ဆောင်မှုတွေသည် ထပ်မံလိုအပ်လာမည် ဖြစ်၏။
ထိုလိုအပ်ချက်အားလုံးသည် မိမိတို့မိသားစုအ၀န်းအ၀ိုင်း၏ ပတ်ဝန်းကျင်နယ်ပယ် အပြင်ဘက်သို့ ရောက်ရှိသွားးမည်ဖြစ်ပြီး အခြားအခြားသော မိသားစုတို့၏ ပတ်ဝန်းကျင်နယ်ပယ်နှင့် ပေါင်းကူး ဆက်စပ်သွားမည် ဖြစ်ပါ၏။
ထိုအခါ စား၊ ၀တ်၊ နေရေး၊ ကျန်းမားရေး၊ ငွေကြေး၊ လုပ်အားနှင့် ၀န်ဆောင်မှု စသည့်တို့၏ လိုအပ်ချက်တွေသည် ပိုမိုနက်ရှိုင်းစွာ ကြီးမားလာမည်သာ ဖြစ်၏။ ထိုမှတဆင့် ဒေသတစ်ခု၊ ခရိုင်တစ်ခု၊ ပြည်နယ်တစ်ခု၊ နိုင်ငံတစ်ခု စသဖြင့် ပိုမိုကျယ်ပြန့်သွားပြီး နောက်ဆုံး ကမ္ဘာနှင့်အ၀န်းဆီသို့ ငြိမ်သက်နေသော ကန်ရေပြင်ထဲသို့ ခဲလုံးတစ်လုံး ကျသွားသည့်အခါ၌ ဖြစ်ပေါ်လာသော လှိုင်းဂယက်ပမာ အရပ်မျက်နှာအဘက်ဘက်ဆီသို့ ပျံနှံရိုက်ခတ်သွားပြီး အပြန်အလှန် ပေါင်းကူး ဆက်စပ်သွားမည်ဖြစ်၏။
တနည်းအားဖြင့် နိုင်ငံရေးဖြစ်စဉ်ဆိုသည်မှာ လူတစ်ယောက်၊ မိသားစုတစ်စုဆီမှ လူသန်းပေါင်းများစွာ၊ အိမ်ထောင်စုသန်းပေါင်းများစွာတို့၏ စားဝတ်နေမှု ကိစ္စရပ်များ၊ ထိုမှတဆင့် ဆက်စပ်ဖြစ်ပေါ်လာသော ပြဿနာများအား အနည်းစုမှ အများစုအထိ ဆက်စပ်ဖြေရှင်းရသော ဖြစ်စဉ်သာဖြစ်၏၊ တနည်းအားဖြင့် ပြဿနာများအား ဖြေရှင်းပေးသော နည်းစနစ်များအား ဆွေးနွေးခြင်း၊ တိုင်ပင်ခြင်း၊ ငြင်းခုန်ခြင်း၊ ပြိုကွဲခြင်း၊ တိုက်ခိုက်ခြင်း၊ စသည့်အကျိုးဆက်များအား မိမိတို့ပြုလုပ်လိုသော အကြောင်းတရားအပေါ်မီ၍ အကျိုးဆက်ဟူသည် ဖြစ်ပေါ်စေမည်သာ ဖြစ်ပါ၏။
ထို့ကြောင့် နိုင်ငံရေးဟူသော စကားလုံးနှင့်အတူ ဤကမ္ဘာမြေ၌ ငြိမ်းချမ်းရေးဟူသော စကားရပ်သည် လွန်ခဲ့သောနှစ်ပေါင်း (၂၅၇၀) ခန့်ကတည်းက ပေါ်ထွက်လာခဲ့ပါ၏။ ထိုမှစ၍ လူတို့၏စားဝတ်နေရေး ကျန်းမာရေး၊ စီးပွားရေး စသည့်ပြဿနာရပ်များအား ဖြေရှင်းရာ၌ ငြိမ်းချမ်းစွာဖြေရှင်းရေးဟူသော ဖြစ်စဉ်သည် ပြဿနာရပ်များအပေါ် ချဉ်းကပ်ဖြေရှင်းရာ၌ ယနေ့ထက်တိုင် ပထမနေရာမှစ၍ စဉ်းစားဆုံးဖြတ်သော အစဉ်အလာတရပ် ပေါ်ထွန်းလာခဲ့ခြင်းသာ ဖြစ်ပါ၏။
နိုင်ငံရေးဟူသည် မိမိတို့၏ အရေးကိစ္စသာ ဖြစ်၏၊ နိုင်ငံရေးအား စဉ်းစားရာ၌ မိမိတို့၏ဖြစ်စဉ်နှင့် တိုက်ရိုက် ချဉ်းကပ်စဉ်းစားရန် လိုပါ၏။ ဝေဖန်ဆန်းစစ်ရန်လိုပါ၏။ တွေးခေါ်မြော်မြင်၍ အဖြေရှာရန်လို၏။ သို့မဟုတ်ပါက မိမိသည် လူသားတယောက်၌ရှိသော လောကတာဝန်ဝတ္တရားအပေါ် တာဝန်ကျေပြွန်လိမ့်မည် မဟုတ်ပါ။
"လူ"ဟူသည် လူသားတာဝန် ကျေပြွန်ရန်လိုအပ်ပါ၏၊ ဤလောက၌ မိမိ၏ကာယအား၊ ဉာဏအားတွေဖြင့် ဤကမ္ဘာလောကအကျိုး၊ ဤလူသားတွေအကျိုးစီးပွါးကို ဆောင်ရွက်သည့်နေရာ၌ တစ်တပ်တစ်အား ပါဝင်သင့်ပေ၏။ ဤသို့ တစ်တပ်တစ်အား ပါဝင်ရာ၌လည်း မိမိအကျိုးစီးပွား တစ်ခုတည်းကိုကြည့်၍ ဆောင်ရွက်ခြင်းမျိုးမဟုတ်ဘဲ မိမိအကျိုးစီးပွါးထက် အများအကျိုးစီးပွားကို ရှေ့ရှုသော ကာယအား ဉာဏအားမျိုးသာ ဖြစ်သင့်ပါ၏။ သို့မှသာ မိမိ၊ မိမိတို့၏ မိသားစု၊ မိမိတို့၏ ပတ်ဝန်းကျင်၊ မိမိတို့၏ ဒေသ၊ မိမိတို့၏ နိုင်ငံ၊ မိမိတို့၏ ဤကမ္ဘာ၌ ငြိမ်းချမ်းသာယာ ၀ပြောသော လူ့ဘောင်ကြီး ဖြစ်ပေါ်နေမည်ဖြစ်ပါ၏။
ဤသို့အားဖြင့် နိုင်ငံရေးဟူသည် မိမိတို့ရှင်သန်နေထိုင်ရာ ဤကမ္ဘာကြီး၌ လူသားအားလုံးတို့သည် မိမိတို့အသက်ရှင်နေသ၍ ကာလပတ်လုံး နေ့တဓူဝရင်ဆိုင်ကြုံတွေ့နေရသော စားဝတ်နေရေးတည်းဟူသော ဒုက္ခသစ္စာ (အမြဲတမ်းမှန်ကန်စွာ မဖေါက်မပြန်ဖြစ်ပေါ်နေသော ဆင်းရဲခြင်းအမှန်တရား) ပင်ဖြစ်ပါ၏။
Basic Political Science Part (2)
အခြေခံနိုင်ငံရေးသိပ္ပံ အပိုင်း (၂) နိုင်ငံရေးသီအိုရီ (Political Theories)
နိုင်ငံရေးနှင့်ပတ်သက်သော အတွေးအခေါ်အယူအဆများသည် အခြေခံအားဖြင့် လူတို့၏ စားဝတ်နေမှု၊ ကျန်းမာရေး၊ စီးပွါးရေး၊ ပညာရေး စသဖြင့်နေ့တဓူဝ တွ့ကြုံဖြတ်သန်းနေရသော အခြေအနေများဖြစ်၏။ ထိုမှတဖန် ပိုမိုကျယ်ပြန့်လာ မိသားစု အခြေအနေမှ၊ မိမိပတ်ဝန်းကျင်၊ မိမိတို့၏ဒေသ၊ မိမိတို့တိုင်း နိုင်ငံမှတဆင့် ကမ္ဘာနှင့်အ၀န်း ကျယ်ပြန့်စွာ ဆက်စပ်လျှက်ရှိနေသော အခြေအနေများထိ အတိတ်၊ ပစ္စုပ္ပန်၊ အနာဂတ် ဟူသော ကာလသုံးပါးအပေါ် ဗဟိုပြု၍ ချဲ့ထွင် စဉ်းစားခဲ့ကြပါ၏။ ထို့ကြောင့်ပင် နိုင်ငံရေး အတွေးအခေါ်များသည် အခြေခံအားဖြင့် အောက်ပါအချက်အလက် အခြေအနေများအပေါ် အခြေခံကျကျ မှုတည်၍ နိုင်ငံရေးဆိုင်ရာ အတွေးအခေါ်အယူအဆများကို ထုတ်ဖေါ် တင်ပြလာခဲ့ခြင်း ဖြစ်၏။
1)နိုင်ငံတော်
2)အစိုးရစနစ်
3)မူဝါဒများ
4)အုပ်ချုပ်ရေးစနစ်
5)တရားစီရင်ရေးစနစ်
6)ဥပဒေပြုရေး
7)လူမျိုးရေးပြဿနာများ
8)ဘာသာရေးဆိုင်ရာပြဿနာများ
9)လွတ်လပ်ခွင့်ဆိုင်ရာပြဿနာများ
10)မြေယာပစ္စည်းပိုင်ဆိုင်မှုပြဿနာများ
11)လူသားများရရှိသင့်သော အခွင့်အရေးဆိုင်ရာပြဿနာများ
12)တရားဝင်မှတ်ပုံတင်ခွင်နှင့် အသင်းအဖွဲ့များဆိုင်ရာပြဿနာများ
13)တောင်သူလယ်သမားအရေးဆိုင်ရာပြဿနာများ
14)အလုပ်သမားဆိုင်ရာပြဿနာများ
စသည့်အချက်များ၏ ဖြစ်ပေါ်ခဲ့သောအခြေအနေများ၊ ဖြစ်ပေါ်နေဆဲအခြေအနေများ၊ ဖြစ်ပေါ်လတ္တံခန့်မှန်း အခြေအနေများအပေါ် အခြေခံ၍ ဤကမ္ဘာ၌ နိုင်ငံရေးအယူအဆများကို ရှေးခေတ်ပုဂ္ဂိုလ်ကြီးများက အမျိုးမျိုးသောနည်းလမ်းများ၊ စနစ်များအဖြစ်ဖေါ်ထုတ်ခဲ့ကြပါ၏။ ဤကဲ့သို့နိုင်ငံရေးအယူအဆများအား ဖေါ်ထုတ်ခဲ့ရာ၌ ရှေးခေတ် ဘီစီ-၅၀၀ခန့်မှ စတင်ခဲ့ကြပြီး ယနေ့ထက်တိုင် ထင်းရှားပါ၏။
လိုအပ်ပါကထပ်မံဖြည့်စွတ်ပေးရန်
ရှေးခေတ်နိုင်ငံရေး အယူအဆများနှင့် မျက်မှောက်ကျင့်သုံးနေသော နိုင်ငံရေးအယူအဆများ
ပဒေသရာဇ်(ဘုရင်အုပ်ချုပ်သောစနစ်) (Monarchy)
မင်းဆိုးမင်းညစ်စနစ် (Tyranny)
ကွန်ဖြူးရှပ် (China, Confucius)
ဆိုခရေးတီးစ် (Realism, Naturalism, Greek)
အရစ္စတိုကရေစီ(အထက်တန်းလွှာ၊ မျိုးရိုးကြီးအုပ်ချုပ်မှု) (Rule by the Best)
ပလေတိုကရေစီ (Greek, Rule by the Wealth)
လူတစုကမိမိတို့အကျိုးစီးပွါးအတွက် အုပ်ချုပ်ခြင်း (Oligarchy)
တောက်ဝါဒ (China, Taoism)
ဒီမိုကရေစီ(ပြည်သူလူထုမှအုပ်ချုပ်သောစနစ်) (Democracy)
အရင်းရှင်ဝါဒ (Capitalism, Europe)
ကိုလိုနီဝါဒ (Colonism, Europe)
ကွန်မြူနစ်ဝါဒ (Communist) (Karl Marx)
Basic Political Science Part (3) အခြေခံ နိုင်ငံရေး သိပ္ပံအပိုင်း (၃)
International Political Systems
Form of Governments
1. Anarchism မင်းမဲ့ဝါဒ
2. Aristocracy (The rule by the Best) အကောင်းဆုံးလူများကအုပ်ချုပ်ခြင်း
3. Authoritarianism အာဏာပိုင်များကြီးစိုးသောဝါဒ
4. Autocracy သက်ဦးဆံပိုင်အာဏာရှင်စနစ်
5. Communist State ကွန်မြူနစ်ဝါဒဖြင့်အုပ်ချုပ်သောနိုင်ငံ
6. Democracy (demo, Kratos) ပြည်သူလူထုမှအုပ်ချုပ်ခြင်း
A. Direct Democracy
B. Representative Democracy
7. Despotism ဆွေစဉ်မျိုးဆက်ကောင်းစားရေးဝါဒ
8. Dictatorship အာဏာရှင်ဝါဒ
9. Fascism လူမျိုးကြီးဝါဒ
10. Feudalism ကံကြွေးချစနစ်(မြေရှင်ပဒေသရာဇ်)
11. Hierocracy (Rule by the Priests) ဘာသာရေးဘုန်းကြီးများမှအုပ်ချုပ်ခြင်း
12. Kleptocracy (Rule by the Thieves) သူခိုး၊ ဒမြများမှအုပ်ချုပ်ခြင်း
13. Kritarchy (Rule by the Justice) ဘာသာရေးအဆုံးအမများအပေါ်အခြေခံ၍ အုပ်ချုပ်ခြင်း
14. Krytocracy (Rule by the Judges) တရားသူကြီးများကအုပ်ချုပ်ခြင်း
15. Meritocracy (Rule by the Ability) လူစွမ်းကောင်းပုဂ္ဂိုလ်မှအုပ်ချုပ်ခြင်း
16. Monarchy သက်ဦးဆံပိုင်ဘုရင်စနစ်
A. Absolute Monarchy အကြွင်းမဲ့သက်ဦးဆံပိုင်
B. Constitutional Monarchy စည်းမျဉ်းခံဘုရင်စနစ်
17. Ochlocracy (Rule by Mob) လူဆိုးသောင်းကျန်းသူများကအုပ်ချုပ်ခြင်း
18. Oligarchy (Rule by the Elite) ကျော်ဇောထင်ရှားသောသူများကအုပ်ချုပ်ခြင်း
19. Plutocracy (Rule by wealth) ချမ်းသာသောသူများကအုပ်ချုပ်ခြင်း
20. Republic ပြည်သူလူထုမှအုပ်ချုပ်သောစနစ်
A. Mixed Government ဘုရင်စနစ်နှင့်မျက်မှောက်စနစ်တို့ပေါင်းစပ်အုပ်ချုပ်ခြင်း
B. Constitutional Republic ဖွဲ့စည်းအုပ်ချုပ်ပုံအရ နိုင်ငံခေါင်းဆောင်အား ပြည်သူများမှ တိုက်ရိုက် (သို့မဟုတ်) လူထုကိုယ်စားလှယ်များရွေးချယ်၍ အာဏာခွဲဝေမှုနှင့် ကန့်သတ် တားမြစ်မှု များအားပြဌာန်း၍ အုပ်ချုပ်ခြင်း
C. Parliamentary Republic ခေါင်းဆောင်၏ လုပ်ပိုင်ခွင့်အာဏာကိုကန့်သတ်၍ ပြည်သူ လူထုမှရွေးချယ်တင်မြှောက်လိုက်သော လူထုကိုယ်စားလှယ်၊ ပါတီကိုယ်စားလှယ်များမှ
လည်းကောင်းတို့ ပါတီ၏ခေါင်းဆောင်အားဝန်ကြီးချုပ်အဖြစ် တင်မြှောက်ခြင်း။
D. Socialist Republic ပြည်သူ့ဆိုရှယ်လစ်အရင်းရှင်
E. Capitalist Republic ဆိုရှယ်လစ်အရင်းရှင်
21. Single Party State တပါတီကြီးစိုးသောစနစ်
22. Thalassocracy အင်ပါယာစနစ်
23. Theocracy ဘာသာရေးနှင့် နိုင်ငံအုပ်ချုပ်ရေးအားတွဲစပ်အုပ်ချုပ်ခြင်း
24. Timocracy (Rule by the honor) (Rule by the wealth)
25. Totalitarianism ဗိုလ်ကျစိုးမိုးရေးဝါဒ၊ အကြွင်းမဲ့အာဏာပိုင်စနစ်
26. Tyranny မင်းစိုးမင်းညစ်
အထက်ပါစနစ်များသည် ဤကမ္ဘာပေါ်ရှိဒေသအသီးသီးတို့၌ ကျင့်သုံးအုပ်ချုပ်ခဲ့ကြသော၊ ဆက်လက်ကျင့် သုံးအုပ်ချုပ်နေဆဲဖြစ်သော နိုင်ငံအုပ်ချုပ်ရေးစနစ်များဖြစ်ကြပါသည်။
လိုအပ်ပါကဖြည့်စွက်ပေးရန်
အထက်၌ဖေါ်ပြခဲ့သော နိုင်ငံရေးစနစ်များအားလေ့လာ၍မိမိတို့နိုင်ငံ၏ ဖြစ်ပေါ်ခဲ့သောအခြေအနေများ၊ ဖြစ်ပေါ်နေဆဲအခြေအနေများကို လေ့လာဆန်းစစ်၍ မိမိလက်လှမ်းမီရာနိုင်ငံ၊ ဒေသတစ်ခု၏ ဖြစ်ပေါ်ခဲ့ သောအခြေအနေများနှင့် ဖြစ်ပေါ်ဆဲအခြေအနေများကို ပြန်လည်၍ သုတေသနပြုရန်လိုအပ်ပါသည်။
ဤသို့သုတေသနပြုရာ၌ ဓမ္မဓိဌာန်ကျကျသုတေသနပြုမှသာ (သို့မဟုတ်) မည်သည့်အပေါ်၌မျှ အစွဲမရှိဘဲ သုတေသနပြုမှသာအားနည်းချက်၊ အားသာချက်များကို ပီပြင်စွာမြင်တွေ့နိုင်မည်ဖြစ်ပါသည်။
နိုင်ငံတနိုင်ငံ၏ အုပ်ချုပ်ရေးယန္တရားကိုဝေဖန်ဆန်းစစ်ရာ၌ တိုးတတ်နေသောနိုင်ငံများနှင့် ဆင်းရဲမွဲတေ လျှက်ရှိသောနိုင်ငံများဟူ၍ အကြမ်းအားဖြင့်သိသာမြင်သာစွာ တွေ့မြင်ရမည်ဖြစ်ပေသည်။ ထို့ကြောင့် အောက် ဖေါ်ပြပါမေးခွန်းများသည် စိတ်ဝင်စားဖွယ်အဖြစ်၎င်း၊ ပြန်လည်စဉ်းစားသုံးသပ်ရန် အဖြစ်၎င်း ဖေါ်ပြထားပါသည်။
1. မိမိတို့နိုင်ငံ၏အုပ်ချုပ်ရေးစနစ်သည် မည်သည့်အမျိုးအစားဖြစ်သနည်း။
2. မျက်မှောက်အုပ်ချုပ်ရေးစနစ်အား မည်သို့ထူထောင်ခဲ့သနည်း။
3. ဆင်းရဲခြင်းသည် မျက်မှောက်အုပ်ချုပ်ရေးစနစ်၏ အကျိုးသက်ရောက်မှုကြောင့်ဖြစ်ပါသလား။
မှတ်ချက်
1. ဂျပန်နိုင်ငံ၌ မြေယာသည် မြန်မာပြည်ထက်နည်းပါသည်။
2. ဂျပန်နိုင်ငံ၌ အလွယ်အကူသစ်ပင် မစိုက်ပျိုးနိုင်ပါ။
3. စိုက်ချင်သည့် အပင်အား စိုက်လို့မရနိုင်ပေ။
4. အသီးစားပြီး အစေ့လွှင့်ပစ်လိုက်ရုံနှင့်အပင်မပေါက်နိုင်ပေ။
5. စိုက်ပျိုးမြေ၏ မြေဆီလွှာများကို အမြဲတမ်းပြုပြင်နေကြရပါသည်။
6. သဘာဝသယံဇာတအားဖြင့် သဲနှင့်ကျောက်စရစ်ဘဲရှိပါသည်။
သို့သော် ကမ္ဘာ၌အချမ်းသာဆုံးနိုင်ငံများ၌ တနိုင်ငံဖြစ်ပေသည်။
အဘယ်ကြောင့်နည်း။
သင်မည်သို့ယူဆပါသနည်း။
Basic Political Science Part (4) အခြေခံနိုင်ငံရေးသိပ္ပံအပိုင်း (၄)
နိုင်ငံရေး အတွေးအခေါ်နှင့် သဘောတရားများ အပိုင်း (၁)
တည်ထောင်သူ - Kong Fu Tzu(孔夫子)
အမည် - Kung Qiu,(…)or Kung Chin or Master Kung
လူမျိုး - တရုတ်လူမျိုး၊ - အရှေ့တိုင်းအတွေးအခေါ်ပညာရှင်
Shang မင်းဆက် မူးမတ်မျိုးရိုးမှဆင်းသက်လာသူဖြစ်သည်၊
ခေတ် -Zhou Era
အဓိကဖေါ်ထုတ်ချက်
အကျင့်စာရိတ္တနှင့် ကိုယ်ကျင့်သိက္ခာ၊ နိုင်ငံ့အကျိုး၊ လူဘောင်အကျိုးကိုရည်ရွယ်ခဲ့။
The Chinese philosopher Confucius (551-471 BC)
ကွန်ဖြူးရှပ်ဝါဒဟု ခေါ်တွင်ပါသည်။ စတင် တည်ထောင်သူမှာ ... တရုတ်လူမျိုး (Kong Qiu) ဖြစ်သည်။ လွန်ခဲ့သော ခရစ်မပေါ်မီ (BC-551~471) အတွင်း ... ပေါ်ထွန်းခဲ့သော အယူအဆဖြစ်ပြီး ... နိုင်ငံရေး အတွေးအခေါ်အားဖြင့် ... ကမ္ဘာရှေးအကျဆုံးဟု သမိုင်း အထောက်အထားများ အရ ယူဆရပါသည်။ ဖေါ်ထုတ်ခဲ့သော သူ၏အမည်ကို အဆွဲပြု၍ ... ကွန်းဖြူးရှပ်ဝါဒ ဟု ... ခေါ်ဆိုပါသည်။
ကွန်ဖြူးရှပ်သည် နိုင်ငံရေးအယူအဆနှင့် ပတ်သက်၍ သူ၏အမြင်ကို ... ဖေါ်ထုတ်ရာမှာ ကမ္ဘာ၌ပထမဦးဆုံး ဖေါ်ထုတ်ခဲ့သူ တစ်ဦးထဲ၌ အပါအ၀င် ဖြစ်သည့်အပြင် ... မျက်မှောက် ခေတ်တိုင်အောင် သူ၏အယူအဆများကို လက်ခံ အမီပြုထားကြပါသည်။ ကွန်ဖြူးရှပ်၏အဆိုအရ -
`အုပ်ချုပ်သူတယောက်ဟာ ... မိမိမှချမှတ်ထားသော ... စည်းမျဉ်းစည်းကမ်းတွေကို မိမိကိုယ်တိုင်လည်း လိုက်နာသင်ယူရန် ... ဖြစ်သည် ဆိုတာကို ... စွဲစွဲမြဲမြဲ ... ယုံကြည်ထားရပါလိမ့်မည်´
Confucius {Kong Qiu, September 28, (BC-511~471~479)
ပြည်သူပြည်သားတွေကို အုပ်ချုပ်တဲ့အခါ ... ထိတွေ့ဆက်ဆံတဲ့အခါ ... ကိုယ်ရဲ့သွေးချင်း သားရင်းလို၊ ကိုယ်နဲ့ ... သက်ဆိုင်သူအဖြစ် မေတ္တာတရားနဲ့ ပြုမှုရမယ်လို့ ... ကွန်ဖြူးရှပ်က ဥပမာပေး ... တင်ပြထားပါသည်။
ကွန်ဖြူးရှပ်၏ လူ့ဘ၀နှင့် ဒဿနအမြင်
ကွန်ဖြူရှပ်သည် ... လူနှင့် လူသားတို့ ကျင်လည်နေကျသော လူ့ဘောင် အဖွဲ့အစည်းကြောင်းကို ... အလေးထား တွေးခေါ်ခဲ့လေသည်။ ၎င်း၏ ... အတွေးအခေါ်တွင် လူသားတို့နှင့်သာ သက်ဆိုင်သော လူမှုရေး၊ နိုင်ငံရေး၊ ကိုယ်ကျင့်တရား ... စသည်တို့ကိုသာ လေ့လာ ဆွေးနွေး တင်ပြထားကြောင်း တွေ့ရသည်၊ ကွန်ဖြူရှပ်သည် ... လူသားတို့၏ ပင်ကိုယ် သဘောသဘာဝမှာ ကောင်းသည် ... ဆိုးသည် ဟူသော ... ပြဿနာကိုမှုကာ ... ဆွေးနွေးခဲ့ခြင်း မရှိပေ။ လူသဘာဝနှင့် ပတ်သက်၍ ကွန်ဖြူရှပ်က လူတို့သည် အနှစ်သာရအားဖြင့် တူညီမှု ရှိကြသည်ဟု ... ဆိုခဲ့ပါသည်။
ကွန်ဖြူရှပ်နေထိုင်ခဲ့သော ခေတ်အချိန်ကာလ၌ ... မှူးမတ်မျိုးရိုးမှ ဆင်းသက်လာသူများသာ ... အကျင့် စာရိတ္တ မည်သို့ပင် ရှိစေကာမူ ... မြင့်မြတ်သော သူများဖြစ်သည်ဟု ... ထိုခေတ်အခါ၌ ယူဆ ထားကြလေသည်။ ဤအယူအဆကို ကွန်ဖြူရှပ်က ... ပထမဆုံး ဆန့်ကျင် တော်လှန်ခဲ့လေသည်။ ကွန်ဖြူရှပ်၏ အယူအဆမှာ မည်သူမဆို အကျင့်စာရိတ္တ ကောင်းမွန်ပါက လူကြီးလူကောင်း ... မြင့်မြတ်သူ ဖြစ်နိုင်သည်ဟု ... ဆိုပါသည်။
သူသည် ... ဆင်းရဲမှုနှင့်လည်း ... တွေ့ကြုံခဲ့ရဘူးသည်။ ထို့ကြောင်လည်း ဆင်းရဲသားတို့၏ ဘ၀ကိုလည်း ... စာနာ နားလည်ခဲ့ရပါသည်။ မူးမတ်မျိုးရိုးမှ ဆင်းသက်လာသူ ဖြစ်သောကြောင့် ... မူးမတ်တို့၏ ဘ၀ကိုလည်း သိမြင် နားလည်ခဲ့လေသည်။ ကွန်းဖြူးရှပ်သည် မူးမတ်တို့ကို ... စက်ဆုတ် ရွံ့ရှာ၏။ မူးမတ်တို့သည် မည်သည့် ... အလုပ်ကိုမျှ မယ်မယ်ရရ ... လုပ်ကိုင်ကြခြင်းမရှိဘဲ ... ပျင်းရိစွာ ... နေထိုင်ကြသည့်အပြင် ... စည်းဇိမ်ကျစွာ ... နေထိုင်ရရေးကိုသာ ... အမြဲတစေ ... ကြံစည် နေကြသောကြောင့် ဖြစ်သည်။ ၎င်းတို့သည် ... စည်းဇိမ်ကြစွာ နေထိုင်နိုင်ရေးအတွက် ... ပြည်သူ ပြည်သားတွေအပေါ် အခွန်တိုးကောက်ခံစေခြင်း ... အဓမ္မ ခိုင်းစေခြင်း ... စစ်ဆင် တိုက်ခိုက်ခြင်း ... စသည် တို့ကိုသာ ပြုလိုခြင်းဖြင့် ... အချိန်ဖြုန်းကြ၏။
ထိုလုပ်ရပ်များကြောင့် ... ပြည်သူ ပြည်သားတို့မှာ အလွန်အမင်း ဆင်းရဲဒုက္ခ ရောက်ရ၏။ ထို့ကြောင့် ကွန်ဖြူးရှပ်သည် ... မူးမတ်မျိုးသာလျှင် ... လူကြီးလူကောင်း ဖြစ်သည်ဟူသော ... အယူအဆအား လက်မခံဘဲ တော်လှန်ခဲ့ခြင်း ... ဖြစ်ပါ၏။
ကွန်ဖြူးရှပ်၏ သဘောအရ ... လူတိုင်းလူတိုင်းသည် ... ပင်ကိုယ် သဘောသဘာဝ တူညီသည်ဖြစ်ရာ တစ်ဦး တစ်ယောက်သောသူသည် ... ကိုယ်ကျိုးမကြည့် ... တရားမျှတ၍ ... သနား ကြင်နာတတ်သော သူဖြစ်လျှင် လူကြီးလူကောင်း ... ဖြစ်သည်။ ထို့ကြောင့် ... မွေးဇာတိက အဆုံးအဖြတ်မပေး ... အကျင့်စာရိတ္တက အဆုံးအဖြတ် ပေးသည်ဟု ကွန်းဖြူးရှပ်က ဆိုပါ၏။
ကွန်ဖြူးရှပ်က လူသားအားလုံးသည် ... အတူတူပင် ဖြစ်သည်ဟု ဆိုသည်သာမက ... လူတို့သည် ... တဦး တယောက်တည်း နေ၍မရဘဲ အဖွဲ့အစည်း အသိုင်းအ၀န်းနှင့် နေထိုင်ကြရသည်ဟု ... ဖေါ်ပြခဲ့ပါသည်။ ကွန်ဖြူးရှပ်၏ ... သဘောအရ လူဟူသည် လူမှုဆက်ဆံရေး သတ္တ၀ါဖြစ်သည်ဟု ... ဆိုပါ၏။ လူတို့သည် လူ့ဘောင်နှင့် ကင်းကွာ၍ မတည်ရှိနိုင်။ လူသားတို့ အပြုအမူ အကျင့်အကြံတို့သည် လည်းကောင်း ... လူ့ဘောင် အဖွဲ့အစည်း ဟူသည်လည်းကောင်း... လူသား အချင်းချင်း ... အပြန်အလှန် ... ဆက်ဆံနေထိုင်ခြင်းသာ ... ဖြစ်သည်။
ထို့ကြောင့် .. လူသည် လူဘောင် အဖွဲ့အစည်းမှ ခွဲထွက်၍ ... တသီးပုဂ္ဂလ ... နေထိုင်ခြင်းသည် မသင့်လျှော်သကဲ့သို့ ... အများစုလုပ်ကိုင်သကဲ့သို့ ... အများစုလုပ်ဆောင်သည့်အတိုင်း ... လိုက်၍ ပြုလုပ် ဆောင်ရွက်ခြင်းသည်လည်း ... မသင့်လျှော်ပါချေ။ အများစု .. လက်ခံသော ထုံးဓလေ့များသည် ... ဆင်းရဲဒုက္ခကို ဖြစ်ပေါ်စေလျှက် လည်းကောင်း ... အကျင့်သီလကို ... ပျက်ပြားစေလျှက်လည်းကောင်း ... ယင်းထုံးဓလေ့များကို ... လိုက်နာခြင်း ... မပြုသင့်ဘဲ ပြုပြင်ပြောင်းလဲရန် ... ကြိုးစားရမည်ဟု ... ဟောကြားခဲ့ပါသည်။
ကွန်ဖြူးရှပ်၏ အလိုအရ လူသားတို့၏ အချင်းချင်း ဆက်ဆံရေးတွင် လိုက်နာအပ်သော ... စည်းမျဉ်းများသည် အခြားအရာများတွင် ... အရင်းမခံဘဲ လူသားတို့၏ ပင်ကိုယ် ... အတွင်းသဘော၌ အရင်းခံသည်ဟု ... ဆိုပါသည်။ လူသားတစ်ယောက်အား ... လူဟု သတ်မှတ်နိုင်ခြင်းသည် ထိုလူသား၏ အတွင်းသဘော လူသား၏ စိတ်ထားကြောင့် ... ဖြစ်သည်ဟုဆို၏။ လူသားစိတ်ထားအရ ... ကျင့်ကြံဆက်သွယ် ပျော်ရွှင်မှုကို ... ရရှိနိုင်မည်ဖြစ်သည်။
လူသားစိတ်ထား (Jen) သည် လူသားအချင်းချင်း ဆက်သွယ်ရာတွင် ထိန်းကြောင်း ... လမ်းညွှန်မှု ... ပြုသည့် သဘောဖြစ်သည်။ ဤသို့ဖြင့် ... ကွန်ဖြူးရှပ်သည် လူသားတို့ အပြုအမူ၏ ... လမ်းညွှနှ်းုပြုသည့် သဘောတရားကို သဘာဝတွင်လည်းကောင်း၊ သဘာဝလွန်အင်အား ... နတ်ဘုရားတွင်လည်းကောင်း ... ရှာဖွေခြင်းမပြုဘဲ လူသားတို့၏ ... အတွင်းသဘောတွင်သာ ... အခြေခံခြင်းဖြစ်၍ လူသားတို့ကို အလေးအမြတ်ထားကြောင်း ... တွေ့ရ၏။ ဆိုလိုသည်မှာ လူသာပဓာနဖြစ်၏။
ဤလူသားစိတ်ထား (Jen) သည် ... ကွန်ဖြူးရှပ်၏ အတွေးအခေါ်တွင် ... အခြေခံတရားဖြစ်ပြီး ...၎င်းတရားမှ ၎င်း၏ ကိုယ်ကျင့်တရားနှင့် နိုင်ငံရေးအယူအဆများကို ... ဆင်ခြင်ဆွဲယူထားကြောင်း ... တွေ့ရ၏။ တဦးတယောက်သောသူသည် ... လူသားစိတ်ထားရှိပါက ယင်းလူသားသည် ပြီးပြည့်စုံသော ကောင်းမြတ်ခြင်း တရားကို ရရှိပြီး ... ဖြစ်သည်ဟု ကွန်ဖြူးရှပ်က ယူဆထားခဲ့ပါ၏။
Basic Political Science Part (5)
အခြေခံနိုင်ငံရေးသိပ္ပံ အပိုင်း (၅)
နိုင်ငံရေး အတွေးအခေါ်နှင့် သဘောတရားများ အပိုင်း (၂)
ကိုယ်ကျင့်တရားပညာ
ကွန်ဖြူးရှပ်၏၀ါဒတွင် ... ကိုယ်ကျင့်တရားများကို ... အခြေခံ၍ လေ့လာ ဆွေးနွေးထားကြောင်း ... တွေ့ရပါသည်။ ကွန်ဖြူးရှပ်သည် မိမိနေထိုင်သော ခေတ်ကာလ တရုတ်ပြည်ကြီးတွင် ... ကျိုမင်းဆက် ပျက်သုန်းပြီးနောက် ... ဗဟိုချုပ်ကိုင်မှုစနစ် မရှိတော့ဘဲ ... မြို့စားနယ်စားများသည် ... သူတလူငါတမင်းဖြင့် ... အားပြိုင်သော ... အာဏာလုနေသော ... အချိန်ဖြစ်လေရာ ... တိုင်းသူပြည်သားတို့သည် ... ဒုက္ခအပေါင်းနှင့် ရင်ဆိုင် ကြရလေသည်။ ကိုယ်ကျင့်တရား ... ပျက်ဆီးနေသော အချိန်ကာလလည်း ... ဖြစ်ပေသည်။ ဤကဲ့သို့သော အခြေအနေများကို ပြုပြင်ပြောင်းလဲ လိုသော ... ကွန်ဖြူးရှပ်သည် ကိုယ်ကျင့်တရားများကို အခြေခံ၍ ... တွေးခေါ် ဟောပြောထားသည်မှာ ... အချိန်အခါနှင့် တထပ်တည်း ကျစွာဖြင့် ... ဖြစ်သင့် ဖြစ်ထိုက်သည့်အပြင် ... လွန်စွာမှလည်း သဘာဝကျလှပေသည်။
ကွန်ဖြူးရှပ်၏အလိုအရ ... လူ့ဘောင်အဖွဲ့အစည်း ... ကောင်းမွန်စေရန် လူတဦးချင်းစီ၏ ကိုယ်ကျင့်တရား ... ကောင်းမွန်ရေးသည် ... အလွန်အရေးကြီးသည်ဟု ... ယူဆ၏။ လူ့အဖွဲ့အစည်းအတွင်း ... နေထိုင်ကြသော လူသားတို့သည် ... အချင်းချင်း ... ဆက်ဆံရာတွင် တရုတ်ဘာသာအားဖြင့် (Jen) ဟုခေါ်သော ...လူသားစိတ် (သို့မဟုတ်) လူလူချင်း ... စာနာစိတ်ရှိရမည်ဟု ... ဆိုပါသည်။
ကွန်ဖြူးရှပ်၏ ကိုယ်ကျင့်အမြင်တွင် (Jen) သည် ... (Human Heartedness) လူသားစိတ်ထား ...(Yi)(Righteousness) ဖြောင့်မတ်ခြင်းသဘော ... (Li) (Ritual)သည် ... ပူဇော်ပသခြင်း၊ (Chih) (Wisdom) အသိပညာစသည့် ... သဘောတရားများကို ... လက်ခံထားကြောင်း ... တွေ့ရသည်။
(Hsin) (Good Father or Sincerety) ကောင်းသော ... ယုံကြည်မှုဟူသော ... အယူအဆကို ... ကွန်ဖြူးရှပ်၏ နောက်လိုက်များက ... ထပ်မံ ဖြည့်စွတ်ထားခြင်း ဖြစ်၏။ ကွန်ဖြူးရှပ်အနေနှင့် ... (Jen) (Yi) (Li) and (Chih) ဟူသော ... ကောင်းမြတ်ခြင်းတရား (၄) မျိုးကိုသာ ... တင်ပြခဲ့ပါသည်။
ကွန်ဖြူးရှပ်၏ ကိုယ်ကျင့်တရားအမြင်တွင် (Jen) ဟူသော ... ကောင်းမြတ်ခြင်း တရားသည် အဓိက ဖြစ်ပါ၏။ (Jen) ဟူသော ... ကောင်းမြတ်ခြင်း တရားသည် (Hsiao) (Filial Platy) မိဘကို ... ကိုးကွယ် ရိုသေခြင်း (Ti) သည် ညီအကိုတို့၏ ချစ်ခြင်းဟူသော ... သဘောတရားတွင် အခြေခံသည်။ (Hsiao) ဟူသော ... မိဘကို ကိုးကွယ် ရိုသေမှုတွင် ... မိမိခန္ဓာကိုယ်ကို မပျက်မဆီး၊ အကျိုးမယုတ်အောင် ကာကွယ် စောင့်ရှောက် ခြင်းသည်လည်း ... မိဘကို ကိုးကွယ် ... ရိုသေ ... သက်ရောက်သည်ဟု ... ဆိုပါသည်။
အဘယ်ကြောင့်ဆိုသော် ... မိမိခန္ဓာကိုယ်သည် မိဘထံမှ ရရှိထားခြင်းကြောင့် ဖြစ်၏။ မိမိ ကြီးပွားတိုးတတ် အောင် ဆောင်ရွက်ခြင်းဖြင့် ... မိမိ၏ မိဘ မျိုးအမည်ကို .. ထင်ပေါ် ကြော်ကြား စေခြင်းသည်လည်း ... မိဘကို ရိုသေသမှု ... ပြုရာရောက်သည်ဟု ... ဆိုပါသည်။ ဤတွင် ... မိဘတို့ကို ကိုယ်စိတ်နှစ်ပါးစလုံး ... ချမ်းသာအောင် ပြုစုရမည်ဟူသော သဘော ... သက်ရောက်ပေသည်။
မိဘများကွယ်လွန်ပြီးနောက် ... မိဘတို့၏ ... အထမမြောက်ခဲ့သော ... ရည်မှန်းချက်များသည် မိမိ၏ရည်မှန်းချက်များ...ဖြစ်လာရပါမည်။ ... ဤအချက်သည်မိဘများကွယ်လွန်ပြီးနောက် မိဘကိုရှိးခိုးပူဇော်ခြင်းထက်... ပို၍အရေးကြီးသည်ဟု ... ကွန်ဖြူးရှပ်ကဆိုပါသည်။
မိဘတို့အားကိုးကွယ်ရိုသေခြင်းတည်းဟူသော ... ကောင်းမြတ်ခြင်းထက် ... တရားလေ့ကျင့်ရာမှာ (Ti) ...ဟူသော... ညီအကိုတို့၏ ... ချစ်ခြင်းဟူသော ... ကောင်းမြတ်ခြင်းတရားကိုရရှိမည်ဖြစ်ပေသည်။ ဆိုလိုသည်မှာ ... မိဘကိုချစ်ခင်ရိုသေရာမှ ... ညီအကိုမောင်နှမများကိုလည်း ... ချစ်ခင်ရိုသေတတ်လာမည် ... ဖြစ်ပေသည်။ ဤသို့သော... ချစ်ခြင်းမေတ္တာတရား၏... လမ်းညွှန်ချက်အရ ... အပြုအမူသည် (Jen) အရ ...ပြုမူခြင်း ဖြစ်ပေသည်။ ဤသို့အားဖြင့် (Hsiao) (Ti) တို့ကို ... လေ့ကျင့်ရာမှ (Jen) ဟူသော ... ကောင်းမြတ်ခြင်းတရားကို ရရှိမည်ဟု... ဆိုပါသည်။
ကွန်ဖြူးရှပ်သည် ... (Jen) နှင့် (Yi) အပြင် (Li)ကိုလည်း ... သူ၏ ... ကိုယ်ကျင့်တရားအမြင်တွင် လက်ခံထားလေသည်။ ကွန်ဖြူးရှပ်၏ ... ကိုယ်ကျင့်တရား ... အမြင်တွင် တွေ့ရသော (Li) သည် ဘာသာရေးတွင် ... ပူဇော်ပသခြင်းဆိုင်ရာ ... စည်းမျဉ်း စည်းကမ်းများ လုပ်ထုံး လုပ်နည်းများဟူသော ... ကျယ်ဝန်းသည့် အဓိပ္ပါယ်ကိုဆောင်၏။
ဥပမာအားဖြင့်... မိဘများသည်... သားသမီးတို့အပေါ်... ချစ်မေတ္တာထားရမည်။ သားသမီးများကလည်း မိဘကိုချစ်ခင်ရိုသေကြရမည်။ ... ညီငယ်များသည်အကိုများကိုရိုသေရမည်။ ... အကိုများကလည်းညီငယ်များ ကိုချစ်ခင်ကြရမည်။ မိတ်ဆွေအချင်းချင်း ... သစ္စာရှိရမည်။ တိုင်းသူပြည်သားများသည် ... အုပ်ချုပ်သူများကို ရိုသေလေးစားရမည်။ အုပ်ချုပ်သူများကလည်း ... တိုင်းသူပြည်သားများအပေါ်... ဂရုဏာ မေတ္တာ ထားကြရမည်။
ကွန်ဖြူးရှပ်သည် ... (Li)ကို ... အလေးအမြတ်ထားခြင်းအားဖြင့်လူသားတို့၏ စာရိတ္တ ကောင်းမွန်ရေးကိုသာမက ယဉ်ကျေးမှု ... ရှိရန်ကိုလည်း ... အလေးထားကြောင်း ... တွေ့ရ၏။ တဦးတယောက်သောသူသည် ဖြောင့်မတ်စွာ ... ကျင့်ကြံရမည် သာမက အခြေအနေနှင့် ... လျှော်ကန်သင့်မြတ်သော ... အပြုအမူကိုလည်း ယဉ်ကျေးသိမ်မွေ့စွာ... ပြုမူတတ်ရပေမည်။ ကွန်ဖြူးရှပ်အလိုအရ (Jen) (Yi) (Li) တို့ကို ... သိရှိနားလည်ရန် လိုသည်။ (Jen) ကိုသိမှသာ (Yi) နှင့် (Li)ကို ... သိရှိနားလည်မည်။ ထိုနည်းအတိုင်းပင် (Yi) နှင့် (Li) ကိုသိမှသာ... ၎င်းနှင့်ပတ်သက်သော... သဘောသဘာဝကို ... နားလည်ပေလိမ့်မည်။ ထို့ကြောင့် ကိုယ်ကျင့်တရားကောင်းမွန်ရေးအတွက်... အသိပညာ .. လိုအပ်ကြောင်း ... ဟောပြောခဲ့ပါသည်။
ကွန်ဖြူးရှပ်သည် (Chin) အသိဟူသော ... ကောင်းမြတ်ခြင်းတရားကိုလည်းလက်ခံထားလေသည်။ ကွန်ဖြူးရှပ်အလိုအရ (Jen) (Yi) (Li) တို့ကိုသိရှိနားလည်မည်။ ထိုနည်းအတိုင်းပင် (Yi) နှင့်(Li) ကိုသိမှသာ ၎င်းနှင့်ပတ်သက်သောသဘောသဘာဝကို ... နားလည်ပေလိမ့်မည်။ ထို့ကြောင့် ကိုယ်ကျင့်တရားကောင်းမွန်ရေးအတွက် ... အသိပညာလိုအပ်ကြောင်း ... ဟောပြောခဲ့ခြင်းဖြစ်ပါသည်။
ကွန်ဖြူးရှပ်သည် ... လူ့ကိုယ်ကျင့်တရား ... ကောင်းမွန်ခြင်းအပေါ် ... အခြေခံ၍ ... ယင်းခေတ်တွင် ... ပျက်စီး ယိုယွင်းနေသော ... လူမှုရေးနှင့် ... နိုင်ငံရေး အခြေအနေများကို ... ပြုပြင်ပြောင်းလဲရာတွင် ... ဇွဲလုံ့လမလျှော့ဘဲ ဆောင်ရွက်ရန်တိုက်တွန်းခဲ့ပါသည်။ ဤတွင်... ကွန်ဖြူးရှပ်သည် ... မည်သည့် ... အကျိုး မျှော်လင့်ချက်မှ မရှိဘဲ (Doing for Nothing) ပြုလုပ်ခြင်းဟူသော ... သဘောကို ... လက်ခံထားလေသည်။ (Doing for Nothing) သည် ... တာအိုဝါ ဒီတို့ လက်ခံထားသော (Doing Nothing) ဘာမျှမလုပ်ခြင်းနှင့် ... မတူညီပေ။ (Doing Nothing) ဘာမျှမလုပ်ခြင်းဟူသော ... တာအိုဝါဒီတို့၏ အယူအဆကို ... ကွန်ဖြူးရှပ်က ... လက်မခံပေ။ သူ၏အဆိုအရ ... လူတိုင်းဘာမျှမလုပ်ခြင်းဟူသည် ... မဖြစ်နိုင်။ ပြုသင့်ပြုထိုက်၍ ... ပြုလုပ်သင့်သော အလုပ်များရှိလေသည်။ သို့သော်... ပြုလုပ်သင့်သောအလုပ်များကို ... ပြုလုပ်ရာ၌ ... မည်သည့်အကျိုးကိုမျှ မျှော်ကိုးခြင်းမပြုရ။ ပြုလုပ်သင့်သော ... အလုပ်များကို ... ပြုလုပ်ခြင်းသည်ပင်... တန်ဖိုးရှိလေသည်။
အဘယ်ကြောင့်ဆိုသော်... မိမိပြုလုပ်သော ... အပြုအမူသည် ... အကျိုးရှိမရှိ၊ အောင်မြင်မှုရ/မရဆိုသည်မှာ ကံကြမ္မာအရပင်ဖြစ်၏။ ကွန်ဖြူးရှပ်အလိုအရ (Ming) သည် ... ကောင်းကင်ဘုံ၏ ... စီရင်ဆုံးဖြတ်ချက်အတိုင်း ဖြစ်လိမ့်မည်။ “ကျွန်ုပ်တို့ဆောင်ရွက်ချက်များ၏ အောင်မြင်မှုအတွက် (Ming) သည် ... ကျွန်ုပ်တို့၏ လက်ထဲ၌ မရှိပေ” ဟုဆိုပါ၏။
ထို့ကြောင့် ... အောင်မြင်မှု/မအောင်မြင်မှုတို့အတွက် ... ပူပင်သောက ... ရောက်နေစရာမလို။ ပြုသင့်ပြုထိုက် လုပ်သင့်လုပ်ထိုက်သည်ကိုသာလုပ်ခြင်းသည် ... (Ming) သိခြင်းဖြစ်၏။ ၎င်းကို ... နားလည်သိရှိခြင်းသည် မြင်ြ့မတ်သောသူတစ်ယောက်ဖြစ်ရေးအတွက် ... အရေးကြီးသော လိုအပ်ချက် ဖြစ်သည်ဟု ... ဆိုပါသည်။
(Ming) ကိုသိရှိခြင်းဖြင့် .. မျက်မှောက်ကမ္ဘာကြီး၏အခြေအနေသည် ... မလွဲမသွေ ... သဘောဆောင်ကြောင်း အသိအမှတ်ပြုမည်ဖြစ်၍ ... မိမိဆောင်ရွက်ချက်များသည် ... အောင်မြင်မှု ရှိ/မရှိ ဂရုပြုမည် ... မဟုတ်ပေ။ ဤသို့ ဆောင်ရွက်ချက်မျိုးသည် ... မည်သည့်အခါမျှ ဆုံးရှုံးခြင်း မရှိဟု ... ဆိုနိုင်ပါသည်။
အဘယ်ကြောင့်ဆိုသော် ... ကျွန်ုပ်တို့သည် ... တာဝန်ဝတ္တရားများကို ... ဆောင်ရွက်ပြီးဖြစ်၍ အောင်မြင်သည်ဖြစ်စေ .... မအောင်မြင်သည်ဖြစ်စေ၊ ကိုယ်ကျင့်တရားအရ ... ကျွန်ုပ်တို့၏တာဝန်ကျေပြီး ဖြစ်ပေသည်။ ထိုအောင်မြင်မှု၊ ဆုံးရှုံးမှုတို့အတွက်... စိတ်ပူပင်သောက မရှိသောကြောင့် ... ပျော်ရွှင်မှုကို ရနိုင်မည် ... ဖြစ်သည်။
ကွန်ဖြူးရှပ်က (မန့်) ဆိုသည်မှာ -
၁။ ပညာရှိသောသူများသည် သံသယမှကင်း၏။
၂။ ကောင်းမြတ်သော သူများသည် ပူပင်သောကကင်း၏။
၃။ ရဲရင့်သော သူများသည် ကြောက်ရွှံ့ခြင်းမှကင်း၏။
၎။ မြင့်မြတ်သော သူများသည် အစဉ်ပျော်ရွှင်ရ၏။
၅။ သေးနုပ်သော သူများမှာမူ အစဉ်အမြဲစိတ်ဆင်းရဲရ၏၊ ဟူ၍မိန့်ဆိုခဲ့ပါသည်။
Basic Political Science Part (6)
အခြေခံ နိုင်ငံရေးသိပ္ပံ အပိုင်း (၆) နိုင်ငံရေး အတွေးအခေါ်နှင့် သဘောတရားများ အပိုင်း (၃)
ကွန်ဖြူးရှပ်၏နိုင်ငံရေးအတွေးအခေါ်
လူကို တန်ဖိုးထား တွေးခေါ်တတ်သော ကွန်ဖြူးရှပ်သည် နိုင်ငံရေးဆိုင်ရာ ပြဿနာရပ်များကိုလည်း လူမှုဆက်ဆံရေး ရှုထောင့်မှ သုံးသပ် ရှုမြင်လေ၏ ... ။ လူ့အဖွဲ့အစည်း၏ အခြေခံမှာ ဖခင် အုပ်ချုပ်သော မိသားစုဖြစ်၏ ... ။ နိုင်ငံဆိုသည်မှာ မိသားစုကို တိုးချဲ့ထားခြင်းသာ ဖြစ်သည်ဟု ကွန်ဖြူးရှပ်က ယူဆ၏ ... ။
ကွန်ဖြူးရှပ်က နိုင်ငံတော် အစိုးရသည် တိုင်းသူ ပြည်သားများအပေါ် ကောင်းကျိုးချမ်းသာ ရရှိနိုင်စေရန် ကြိုးစား အားထုတ်ရမည် ... ။ ထိုသို့သော အစိုးရသည် စွမ်းရည်ရှိသူများဖြင့် ဖွဲ့စည်းထားသော အစိုးရမျိုး ဖြစ်ရမည် ... ။ စွမ်းရည်ရှိနိုင်ရန် မိဘမျိုးရိုးအပေါ် အခြေမခံဘဲ အကျင့်စာရိတ္တနှင့် အသိပညာပေါ်တွင် အခြေခံရမည် ... ။ အသိပညာနှင့် စာရိတ္တကောင်းမွန်းရေးမှာလည်း သင့်တော်သောပညာ သင်ကြားလေ့လားရေးတွင် အခြေခံသည် ဟုဆိုပါသည် ... ။
ကွန်ဖြူးရှပ်၏ နိုင်ငံရေး အတွေးအခေါ်သည် ၎င်း၏ ကိုယ်ကျင့်တရား၊ အယူအဆနှင့် မိရိုးဖလာ ထုံးတမ်း စဉ်လာတို့တွင် အခြေခံထားကြောင်း တွေ့ရ၏ ... ။ အုပ်စိုးသူများသည် ကောင်းသော အကျင့် စာရိတ္တ ရှိခြင်းနှင့် အသိပညာ ရှိခြင်းသည် အောင်မြင်သော အစိုးရ အဖွဲ့အစည်းအတွက် အဓိက လိုအပ်ချက်ပင် ဖြစ်သည် ... ။
ကွန်ဖြူးရှပ်၏ အဆိုအရ ... အုပ်ချုပ်သူတွင် အောက်ပါ အခြေခံ တာဝန်ဝတ္တရား (၉) ရပ်ကို ထမ်းဆောင် ရမည်ဟုဆို၏ ... ။
1. မိမိ၏ အကျင့် စာရိတ္တကို အမြဲတစေ ကောင်းမွန်အောင် ပျိုးထောင်နေရမည်။
2. အရေးပေးထိုက်တဲ့သူကို အရေးပေးရမည်။
3. မိမိ၏ ဆွေမျိုးသားချင်းများအား ချစ်ခင် မြတ်နိုးရမည်။
4. ၀န်ကြီးများအား ရိုသေ လေးစားရမည်။
5. အရာရှိ အရာခံ အားလုံး၏ ကောင်းကျိုးအတွက် အရေးတယူ ဂရုပြုရမည်။
6. တိုင်းသူပြည်သား သာမန် ပြည်သူများအား ဖခင်သဖွယ် ဂရုပြုရ စောင့်ရှောက်ရမည်။
7. အသုံးဝင်သော လက်မှု ပညာရပ်များ အားလုံးကို တိုးတတ်အောင် အားပေး ချီးမြှင့်ရမည်။
8. နိုင်ငံခြား တိုင်းတစ်ပါးသားများကို ပျူငှာစွာ ဆက်ဆံရမည်။
9. အိမ်နီးနားချင်း နိုင်ငံများမှ မင်းညီမင်းသားများနှင့် မိတ်ကောင်း ဆွေကောင်းသဖွယ် ဆက်ဆံရမည် ဟူ၍ ဖြစ် သည်။
ကွန်ဖြူးရှပ်က-
အုပ်ချုပ်သူသည် မိမိ၏ အကျင့်စာရိတ္တ ကောင်းမွန်အောင် အမြဲတစေ ပြုစုပျိုးထောင်ရမည် ဟူသော အချက်သည် အလွန်မှပင် အရေးကြီးပါသည် ... ။ အဘယ့်ကြောင့်ဆိုသော် ဤသို့ ပြုစု ပျိုးထောင်မှသာ အုပ်ချုပ်သူ အနေနှင့် မိမိ၏ အကျင့် စာရိတ္တအားဖြင့် မိမိ အရာရှိ အရာခံများနှင့် မိမိ၏ တိုင်းသူ ပြည်သားများအတွက် စံပြဖြစ် ပေလိမ့်မည် ... ။
ထို့ပြင် အစိုးရကောင်းတို့တွင် ပြည်သူ ပြည်သားတို့၏ စားဝတ်နေရေး လိုအပ်ချက်များကို ပြည်စုံ လုံလောက် အောင် ဆောင်ရွက်ပေးရမည် ... ။ နိုင်ငံတော် ကာကွယ်ရေးအတွက် စစ်အင်အား လုံလောက်စွာ ထားရှိရမည် ... ။ အုပ်ချုပ်ရေးတွင် ပြည်သူတို့၏ ယုံကြည်ကိုးစားမှုကို ရယူနိုင်ရမည် ... ။ တကြိမ်၌ ကွန်ဖြူးရှပ်၏ တပည့်တယောက်ကမှ ၎င်းအား နိုင်ငံကို အုပ်ချုပ်ခွင့် ရရှိပါက မည်သည့် အရာကို ဦးစွာ ဆောင်ရွက်ရမည်နည်းဟု မေးသောအခါ
ကွန်းဖြူရှပ်က ... "ပထမဦးစွာ ပညက်များကိုပြင်ဆင်ရမည်ဟုဆိုကာ "ပညက်ပြင်ဆင်မှုဆိုင်ရာသအိုရီ " ကို တင်ပြခဲ့လေ၏
ပညက်ပြင်ဆင်မှုဆိုင်ရာသီအိုရီ
Rectification Names Theory
ပညက်တိုင်းသည် ... ၎င်းရည်ညွန်းသော အရာ၏ အနှစ်သာရကို ဖော်ညွန်းသည် ... ။ ဆိုလိုသည်မှာ ပညက်နှင့် တကယ့် ဖြစ်စဉ်အကြားမှာ ကိုက်ညီမှုရှိရမည် ... ။ အုပ်ချုပ်သူသည် အုပ်ချုပ်သူဟူသော ပညက်ဖေါ်ညွန်းသည့် ဂုဏ်အရည်အချင်းကို ပိုင်ဆိုင်ရမည် ... ။ သို့မှသာ စစ်မှန်သော အုပ်ချုပ်သူဖြစ်၍ အုပ်ချုပ်သူဟူသော ဂုဏ်အင်္ဂါနှင့် ကိုက်ညီပေမည် ... ။
Basic Political Science Part (7)
အခြေခံနိုင်ငံရေးသိပ္ပံ အပိုင်း(၇)နိုင်ငံရေး အတွေးအခေါ်နှင့် သဘောသဘာဝများ အပိုင်း (၄)
တည်ထောင်သူ
Socrates (BC 470~399) ဂရိအတွေးအခေါ်ပညာရှင်
လူမျိုး
ဂရိလူမျိုး၊ အနောက်တိုင်းအတွေး
အဓိကဖေါ်ထုတ်ချက်
ကိုယ်ကျင့်သိက္ခာ၊ ဆင်ခြင်တုံတရား
Name - Socrates
Birth - ca. 470 BC
Death - 399 BC
School/ Tradition - Classical Greek, Socratic School
Main interests - Epistemology, Ethics
Notable ideas - Socratic Method, Socratic irony
Influences - Anaxagoras, Parmenides, Prodicus, Diotima
Influenced - Plato, Aristotle the rest of Western Philosophy
Socrates Method ဆိုကရေးတီးစ်၏ ခွဲခြမ်းစိတ်ဖြာနည်း...။
ဆိုကရေးတီးစ်၏ အဆိုအရ ... လူသားများအနေဖြင့် စစ်မှန်သော အသိပညာ ရှိနိုင်သည် ... ။ လူသည် မိမိ၌ ရှိသော ဆင်ခြင်ဥာဏ်ကို မှန်မှန်ကန်ကန် အသုံးချတတ်လာလျှင် မိမိကိုယ်တိုင်၏ သဘောသဘာဝကို လည်းကောင်း ... ၊ မိမိကို ၀န်းရံနေသော စကြာဝဠာကြီး၏ သဘော သဘာဝကို လည်းကောင်း ... ဓမ္မဓိဌာန်ကျကျ ... သိမြင် နားလည် လာမည်ဟု ... ခံယူတင်ပြခဲ့၏ ... ။
ထိုသို့လျှင် စစ်မှန်သော ... အသိပညာကို ရရှိနိုင်ရန်အတွက် ဆိုကရေးတီးစ်က နည်းသစ် (၂)မျိုးကို တင်ပြခဲ့ပါသည် ... ။ ၄င်းတို့မှာ-
တမျိုးမှာ ခွဲခြမ်းစိတ်ဖြာနည်း (The Method of Analysis) နှင့်
နောက်တစ်မျိုးမှာ တွေးခေါ်မြော်မြင်နည်း (The Method of Speculation) တို့ဖြစ်သည် ... ။
ခွဲခြမ်းစိတ်ဖြာနည်း The Method of Analysis
ခွဲခြမ်းစိတ်ဖြာနည်းသည် ... အဓိပ္ပါယ် ဖွင့်ဆိုခြင်းနှင့် ပတ်သက်သည့် ၎င်း၏ အမြင်အပေါ်တွင် အခြေခံထားသော နည်းဗေဒ ဖြစ်သည် ... ။ ဤနည်းအားဖြင့် အရစ္စတိုတယ်က ... ခြုံယူဆင်ခြင်မှု အခြေပြုဟု အဓိပ္ပါယ် ဖွင့်ဆိုနည်း (Inductive Definition) ဟု ခေါ်ဆိုခဲ့သည် ... ။ ၎င်း၏ အဓိက ရည်ရွယ်ချက်မှာ ... အကြွင်းမဲ့ စစ်မှန်နေသော ယေဘူယျ သဘောတရားတခု (Concept) ကို သိရှိလာရန် ရည်ရွယ်သည် ... ။
ဥပမာအားဖြင့် ... လူတို့သည် ဝေါဟာရတခုကို အနက်အဓိပ္ပါယ် အမျိုးမျိုးဖြင့် အသုံးပြုလေ့ ရှိကြသည် ... ။ ထိုကဲ့သို့ ကွဲပြား ခြားနားစွာ သုံးစွဲနေသောကြောင့် ၎င်းဝေါဟာရ (သို့) ၎င်း သဘောတရားနှင့် ပတ်သက်၍ အငြင်းပွားမှု အမျိုးမျိုး ... ဖြစ်ပေါ်လာစေသည် ... ။ သို့နှင့် ... စစ်မှန်သော အသိကို မသိဘဲ ဖြစ်နေသည်ဟု ဆိုပါသည် ... ။
ဆိုကရေးတီးစ်၏ ... အလိုအရ ဤသို့လျှင် ... တယောက်တမျိုးစီ အနက်ဖွင့်နေကြမည်ဆိုပါက ... အမျိုးမျိုးသော သဘောတရားများသာ ... ဆောင်နေပေလိမ့်မည်။ ၎င်းအမျိုးမျိုးကို ဆင်ခြင်မှုဖြင့် သေချာစွာ ... ခွဲခြမ်းစိတ်ဖြာ ဆန်းစစ်လိုက်ပါက ... ၎င်းတို့ထက် သာလွန်သော ... ၊ စစ်မှန်ပြီး ၎င်းတို့အားလုံး အကျုံးဝင်လျှက်ရှိသော ယေဘူယျ သဘောတရား တခုကို ... မုချ ရရှိ လာမည်ဟု ခံယူခဲ့သည် ... ။
တနည်းဆိုရသော် ... လူသားတဦးချင်း၏ တခုစီတခုစီသော အဓိပ္ပါယ် ဖွင့်ဆိုချက်များကို ခွဲခြမ်းစိတ်ဖြာလာ ရာမှတဆင့် လူသားအားလုံးအတွက် ပလေတို၏ (Laches) အမည်ရှိသော ... အပြန်အလှန်ဆွေးနွေးချက် (Dialogue) တွင် ... ဆိုကရေးတီးစ်ကိုယ်တိုင် ဤနည်းကို အသုံးပြုခဲ့ကြောင်း တွေ့ရပါသည် ... ။ ဤဆွေးနွေးချက်တွင် ဆိုကရေးတီးစ်ကိုယ်တိုင် ... အမှန်တကယ် ပါဝင်ခဲ့၍ ၎င်းဖေါ်ပြလာသော နည်းဗေဒနှင့် အယူအဆများသည် ... ဆိုကရေးတီးစ်၏ နည်းဗေဒနှင့် အယူအဆများဖြစ်သည်ဟု ... သုတေသီများက ခံယူထားပါသည် ... ။
ဤဆွေးနွေးချက်များ၌ ရဲ့ရင်ခြင်း (Courage)နှင့် ပတ်သက်၍ ဆိုကရေးတီးစ်က ခွဲခြမ်းစိတ်ဖြာကာ ဝေဖန်သုံးသပ်ခဲ့သည် ... ။ သို့သော် ... ရဲ့ရင်ခြင်းနှင့် ပတ်သက်၍ စစ်မှန်သော အနက်အဓိပ္ပါယ် ဖွင့်ဆိုချက်ကို ဤအခန်းထဲ၌ ဆိုကရေးတီးစ်ကိုယ်တိုင် မဖြေကြားခဲ့ပေ ... ။ သို့သော် ... ဆိုကရေးတီးစ် ကွယ်လွန်ပြီးနောက် ဆိုကရေးတီးစ် ခံယူခဲ့သော အမြင်သည် ... ပလေတိုရေးသားခဲ့သော (The Republic) တွင် ရဲရင့်ခြင်းနှင့် ပတ်သက်၍ ၎င်းအမြင်သည် ပေါ်လွင်ထင်ရှား လာခဲ့ပေသည် ... ။
"ဆိုကရေးတီးစ်နှင့် ပလေတို နှစ်ယောက်စလုံး၏ အလိုအရ ... "ရဲရင့်ခြင်း" ဟူသည်မှာ ... "အသိပညာ" ပင်ဖြစ်သည်။ (Courage is Knowledge) ဖြစ်၏ ... ။ "
Basic Political Science Part (8)
အခြေခံနိုင်ငံရေးသိပ္ပံ အပိုင်း(၈)
နိုင်ငံရေးအတွေးအခေါ်နှင့် သဘောသဘာဝများ အပိုင်း(၅)
နိုင်ငံရေး အတွေးအခေါ်နှင့် သဘောသဘာဝများ အပိုင်း (၃) တွင် ပလေတို၏ နည်း (၂) နည်းထဲမှ ပထမဆုံး နည်းဖြစ်သော ....
ခွဲခြမ်းစိတ်ဖြာနည်း (The Method of Analysis) ကို တင်ပြပြီးနောက် ယခုလက်ရှိ အပိုင်း(၄)တွင် ဆက်လက်တင်ပြမည့် အကြောင်းအရာကတော့ တွေးခေါ်မြော်မြင်နည်း (The Method of Speculation) ပဲ ဖြစ်ပါတယ် ... ။
The Method of Speculation
တွေးခေါ်မြော်မြင်နည်း
တွေးခေါ် မြော်မြင်နည်းတို့မှာ ... တွေးဆချက် (Hypothesis)နှင့် ပတ်သက်သော ၎င်း၏ အမြင်အပေါ်တွင် ... အခြေခံလျှက် တင်ပြထားခြင်း ဖြစ်သည် ... ။ ဤနည်းသည် သဘာဝသိပ္ပံများ၌ ယနေ့ ထက်တိုင်အောင်ပင် အသုံးပြု လျှက်နေရသော နည်းဖြစ်သည်ဟု မျက်မှောက် အတွေးအခေါ်ပညာရှင်များက ခံယူထားကြပါသည် ... ။ ၎င်းကို တွေးဆဆင်ခြင်နည်း (The Method of Speculation) ဟူ၍ ခေါ်ဆို သက်မှတ်လာကြသည် ... ။
ဆိုကရေးတီးစ်၏ အလိုအရ အရှိလောက၌ ဖြစ်ပျက်နေသော အကြောင်းအချက် အားလုံးတို့ကို အာရုံသိဖြင့် ခံစား သိရှိနိုင်မည် မဟုတ်ပေ ... ။ အာရုံသိသည် ၀ိသေသ အသိများကိုသာ ပေးစွမ်းနိုင်ရှိသဖြင့် အဖြစ်အပျက်များ၏ ယေဘူယျ သဘောတရားကို ပေးစွမ်းမရှိပေ ... ။
အထက်ဖေါ်ပြပါ နည်းနှစ်မျိုးအနက်မှ ... ပထမနည်းဖြစ်သော ... ခွဲခြမ်းစိတ်ဖြာနည်းအား ဆိုကရေးတီးစ်နည်း၊ တနည်းအားဖြင့် ... (Socrates Method) ဟူ၍ အများအားဖြင့် ခေါ်ဆို ရည်ညွန်းခဲ့ကြပါသည် ... ။ အမှန်အားဖြင့် ဆိုကရေးတီးစ် အသုံးပြုခဲ့သော ... သိပုံသိနည်းမှာ တမျိုးတစားတည်း မဟုတ်ဘဲ ... နှစ်မျိုးနှစ်စားရှိကြောင်း အသုံးပြုခဲ့ ကြောင်းအား အထူး မှတ်သားရန် ဖြစ်သည် ... ။
အထက်ပါ နည်းနှစ်မျိုးနှစ်စလုံးကို ... ဆန်းစစ်ခြင်းဖြင့် ဆိုကရေးတီးစ်သည် အာရုံသိထက် ဆင်ခြင်သိကို ပို၍ ဦးစားပေးခဲ့သော တွေးခေါ်ပညာရှင် တဦးဖြစ်ကြောင်း လေ့လာ တွေ့ရှိရပါသည် ... ။ ထိုသို့ ဦးစားပေးတွေး ခေါ်ခဲ့သောကြောင့် ၎င်း၏တပည့် ပလေတို လက်ထက်တွင် အာရုံသိဖြင့် သိခြင်း သဘောတရားသည် မှေးမှိန်းသွားပြီး ဆင်ခြင် သိခြင်း သဘောတရားများ ပိုမို ကြီးမားခိုင်မာစွာဖြင့် ဖြစ်ပေါ်ခဲ့လေသည် ... ။
ထို့ကြောင့်ပင် ပလေတိုသည် ဆင်ခြင်သိဖြင့် တွေးခေါ်ခြင်းအား ... တဘက်စွန်းသို့ ရောက်သည် တိုင်အောင် ဦးစားပေး ခဲ့သောကြောင့် ဤလောကကိုပင် စစ်မှန်သောလောက မဖြစ်နိုင်ကြောင်း ငြင်းဆို လာခဲ့လေသည်။ မည်သို့ပင် ဆိုစေကာမူ ဆိုကရေးတီးစ် နည်းများသည် ၎င်းမတိုင်မီ ပေါ်ပေါက်ခဲ့သော ဂရိ တွေးခေါ်ရှင်များ၏ နည်းများထက် ပိုမိုစနစ်ကျစွာ တွေးခေါ်တင်ပြထားသော နည်းများဖြစ်သည်ဟု ... ပညာရှင်များကဆိုပါ၏။
Basic Political Science Part (9)
အခြေခံနိုင်ငံရေးသိပ္ပံ အပိုင်း (၉) နိုင်ငံရေး အတွေးအခေါ်နှင့် သဘောသဘာဝများ အပိုင်း (၆)
တည်ထောင်သူ
Plato (BC- 428~328) ဂရိအတွေးအခေါ်ပညာရှင်
လူမျိုး
ဂရိလူမျိုး၊ အနောက်တိုင်းအတွေးအခေါ်ပညာရှင်၊ ဆိုကရေးတီးစ်၏ တပည့်ဖြစ်သည်။
Name : Plato
Birth : BC 428 – 427 BC, Athens
Death : BC 348 – 347 BC, Athens
School/ Tradition : Platonism
Main interests : Rhetoric, Art, Literature, Epistemology, Justice, Virtue, Politics, Education, Family, Militarism
Notable ideas : Platonic realism.
ပလေတို၏အာရုံသိနှင့် ဆင်ခြင်သိဆိုင်ရာအယူအဆ
ပလေတိုသည် ၄င်း၏ဆရာ ဆိုခရေးတီး(စ်) တင်ပြခဲ့သော ... အယူအဆများကို ချဲ့ထွင်၍ ပိုမိုစနစ်ကျသော သိမှုဗေဒဆိုင်ရာ သီအိုရီတခုအာရုံသိ ... ၊ ဆင်ခြင်သိတို့နှင့် ... ပတ်သက်၍ သူရေးသားခဲ့သော (The Theaetus) နှင့် (The Republic) ဆွေးနွေးခန်းများ၌ အောက်ပါအတိုင်း သုံးမျိုးခွဲခြားခဲ့သည် ... ။ ၄င်းတို့မှာ
၁)မသိခြင်း (Ignorance)
၂)ထင်မြင်ချက် (Opinion)
၃)အသိပညာ (Knowledge) ဟူ၍ ဖြစ်ပါသည်။
မသိခြင်း (Ignorance)
မသိခြင်း ဟူသည်မှာ လုံးဝ မသိနားမလည်ဘဲ ဖြစ်နေသော အခြေအနေကို ဆိုလိုသည် ... ။ မရှိအဖြစ်ကို ဆောင်နေသော အခြေအနေ ဖြစ်သည်ဟု ပလေတိုက ဆိုပါ၏ ... ။ တနည်းဆိုသော် မသိခြင်း (Ignorance) ဆိုသည်မှာ အမှန်တရားကို မသိဘဲ ဖြစ်နေရုံမက မှားသော အသိများကိုပင်လျှင် မသိရှိ မခံစားနိုင် ဖြစ်နေသည်ဟု ပလေတိုက ယူဆခဲ့ပါသည် ... ။ ထို့ကြောင့် မသိခြင်းဟူသော ... အဖြစ်သည် မရှိခြင်း (not being) ဟူသော ... အခြေအနေနှင့် အတူတူပင် ဖြစ်သည်ဟု ယူဆခဲ့လေသည် ... ။
ထင်မြင်ချက် (Opinion)
ထင်မြင်ချက် ဆိုသည်မှာ ... အာရုံသိဖြင့် သိလာသော အသိများကို ဆိုလိုခြင်းဖြစ်၏ ... ၎င်းသည်မသိခြင်း (Ignorance) ကဲ့သို့ ... မှားသောအသိများကိုပင် လုံဝမသိဘဲ ဖြစ်နေသော အခြေအနေမဟုတ် ... ။ ထို့ကြောင့် မရှိခြင်း (not being) သဘောကို ဆောင်နေသည်ဟု မဆိုနိုင်ပေ ... ။ သို့ရာတွင် စစ်မှန်သော အသိပညာ ကိုပေးနိုင်စွမ်း မရှိသေးပေ ... ။ တို့ကြောင့် ၎င်းသည်ရှိခြင်း (Being) သဘောကို ဆောင်လျှက်ရှိသည်ဟု မဆိုနိုင်ပြန်ပါ ... ။ သို့ဖြစ်၍ ပလေတို၏ အလိုအရ အာရုံသိဖြင့် သိရှိလာသော အသိတို့သည် မသိရှိဘဲဖြစ်နေခြင်း (Ignorance) နှင့် စစ်မှန်သောအသိပညာကို ရရှိလာခြင်း (Knowledge) တို့ အကြားတွင် ဖြစ်ပေါ်နေသော အသိများသာလျှင် ဖြစ်နေပေသည် ... ။
အသိပညာ (Knowledge)
အသိပညာ ဟူသည်မှာ ... အမှန်တကယ် ဖြစ်တည်လျှက်ရှိသော အစစ်အမှန်တရားကို သိရှိလာခြင်းသည် ... ။ တနည်းဆိုသော် ... အမှန်တကယ် ဖြစ်ပေါ်နေသော ရှိခြင်းသဘော (Being) ကို သိလာခြင်း ဖြစ်သည် ... ။ ထို့ကြောင့် (Knowledge) ကိုယ်တိုင်သည်လည်း (Being) ကို ဆောင်ရွက်လျှက် ရှိသည်ဟု ပလေတိုက ခံယူတင်ပြခဲ့၏ ... ။
ပလေတို၏ အလိုအရ စစ်မှန်သော ... အသိပညာဟူသည်မှာ ဘယ်သောအခါမျှ မလွှဲမှားနိုင်သော အသိပညာ မျိုးဖြစ်ရမည် ... ။ (Knowledge must be infallible) ထို့ပြင် ... အမှန်တကယ် ရှိနေသော ... အစစ်အမှန်တရား (Reality)ကို ဖေါ်ပြသော အသိပညာမျိုး ဖြစ်ရမည် ... ။ (Knowledge must have reality as its Oject) ၎င်းလိုအပ်ချက် (သို့မဟုတ်) အရည်အချင်း နှစ်ရပ်မှသာလျှင် စစ်မှန်သော ... အသိပညာ (Knowledge) ဖြစ်သည်ဟု ပလေတိုက အဓိပ္ပါယ် ဖွင့်ဆိုခဲ့ပါသည် ... ။
Basic Political Science Part (10)
အခြေခံနိုင်ငံရေးသိပ္ပံ အပိုင်း (၁၀) နိုင်ငံရေး အတွေးအခေါ်နှင့် သဘောသဘာဝများ အပိုင်း (၇)
အရစ္စတိုတယ်လ် (Aristotle) (384-322BC)
Name : Aristotle
Birth : 384 BC
Death : March 7th, 322 BC
School/ Tradition : Inspired the Peripatetic school and tradition of Aristoteliansm
Main interests : Politics, Metaphysics, Science, Ethics
Notable ideas : The golden mean, Reason, Logic, Biology, Passion
Influences : Parmenides, Socrates, Plato
Influenced : Alexander the great, Avicenna, Averroes, St. Thomas Aqunas, most of western philosophy and science
အရစ္စတိုတယ်လ်သည် ပလေတို၏ တပည့်ဖြစ်သည် ... ။ သို့သော် ... ဆရာပလေတို၏ အယူအဆတိုင်းကိုမူ လက်မခံ ခဲ့ပေ ... ။ ပလေတိုကဲ့သို့ ... အတွေ့အကြုံလောကကို မစစ်မှန်ဟူ၍ မငြင်းဆိုခဲ့ပေ ... ။ သို့ရာတွင် ... လူတို့သည် စစ်မှန်သော အသိပညာကို ရရှိနိုင်ရန်အတွက် အာရုံသိကိုသာ အခြေခံ၍မရကြောင်း တင်ပြခဲ့သည် .... ။
အာရုံလောက၌ဖြစ်ပေါ်နေသော ... အဖြစ်အပျက်တို့သည် ... အဘယ်အကြောင်းကြောင့် ... ဖြစ်ပေါ်နေသည်ကို သိရှိမှသာလျှင် လူတို့သည် စစ်မှန်သော အသိပညာကို ရရှိလာမည်ဟု ဆိုပါသည် ... ။
အရစ္စတိုတယ်လ် နောက်ပိုင်း၌ ... ပေါ်ထွန်းခဲ့သော တွေးခေါ်ပညာရှင်များကမှု ... အာရုံသိကိုပို၍ ဦးစားပေး ခဲ့ကြသည် ... ။ အက်ပီကျူးရီးယက် (Epicurus) အလိုအရ အာရုံငါးပါးသာလျှင် စစ်မှန်သော အသိပညာ ကိုပေးနိုင်သည် ... ။ စတိုးဝစ် (The Stoics) အနေဖြင့်လည်း အက်ပီကျူးရီးယက် ကဲ့သို့ပင် အာရုံသိကိုသာ အလေး ထားခဲ့ကြသည် ... ။
အရစ္စတိုတယ်လ်၏ ထင်ရှားသော နိုင်ငံရေးဟောပြောချက်မှာ "Man is by nature a political animail.
Basic Political Science Part (11)
အခြေခံနိုင်ငံရေးသိပ္ပံ အပိုင်း (၁၁)
နိုင်ငံရေးအတွေးအခေါ်နှင့် သဘောသဘာဝများ အပိုင်း (၈)
သမ္မတနိုင်ငံ (သို့) ပြည်သူ့သမ္မတနိုင်ငံများ၏ အစောပိုင်းကာလ
Niccolo Machiavelli (1469~1527)
မက်ခီယာဗယ်လီ
အီတလီမင်းသား
-နိုင်ငံရေးအတွေးအခေါ်ပညာရှင်
-သမ္မတ နိုင်ငံထူထောင်ရေး အတွေးအခေါ်အယူအဆများအား စာပေပညာဖြင့် တင်ပြခဲ့သည်။
-ဖလော့ရင့်မြို့ပြနိုင်ငံ (အီတလီ)
-စည်းလုံးမှုမရှိသူတလူ ငါတမင်းခေတ်တွင် တိုးတတ်သောနိုင်ငံအယူအဆသည် နောင်ခေတ် အီတလီလူမျိုးများ အတွက်၎င်း အနောက်တိုင်းနိုင်ငံရေးလောကအတွင်၌၎င်း သုံးသပ်ရန်အင်အားတရပ် သက်ရောက်ခဲ့ပါ၏။
Name : Niccolo Machiavelli
Birth : May 3rd, 1469 (Florence)
Death : June 21th, 1527 (Florence)
School/ Tradition : Renaissance Philosophy, Realism, Classical, Republicanism
Main interests : Politics, Military theory, History
Influences : Cicero, Sallust, Livy, Xenophon
Influenced : Thomas Hobby, James Harrington, Jean Jacques Rousseau
ဖလော့ရင့် မင်းသား မက်ခီယာဗယ်လီသည် ၁၄၆၉~၁၅၂၇ (၁၆) ရာစုအတွင်း စည်းလုံးမှုမရှိ ... ၊ သူတလူ ငါတမင်းဖြင့် မြို့ရိုးများအတွင်း စုပြုံ နေထိုင်ဆဲ ဖြစ်သည် ... ။ ထိုအချိန်၌ ဂျာမန်၊ စပိန်၊ အင်္ဂလန်၊ ပြင်သစ်တို့သည် အင်အား များစုစည်း၍ မြို့ပြနိုင်ငံများ ... တည်ထောင်၍ နယ်ပယ်များ ချဲ့ထွင် နေထိုင်ချိန် ဖြစ်သည် ... ။ ထို့ကြောင့် ... ဥရောပ၌ အီတလီ နိုင်ငံ၏ အခြေအနေသည် ခေတ်နောက်ပြန် စွဲနေသော အခြေအနေမျိုး ... ဖြစ်နေပေသည် ... ။
နီစ်ကိုလိုမက် ခီယာဗယ်လီ (1469~1527) ၏ ရေးသားခဲ့သော ... စာအုပ်သုံးအုပ်အနက် "မင်းသား" "The Prince" စာအုပ်သည် ထင်ရှားပါ၏ ... ။ ရှေးခေတ်နိုင်ငံရေး ... အယူအဆများအတွင်း တမူထူးခြားသော သမ္မတနိုင်ငံ ထူထောင်ရေး အယူအဆများအား ထို့ခေတ် ... အီတလီ နိုင်ငံရေး သမားတယောက်အနေဖြင့် ကြုံတွေ့နေရသော ပြင်သစ်၊ စပိန်တို့၏ ခြိမ်းခြောက်လာမှုများ အခြေအနေ များအပေါ် အခြေခံ၍ ၎င်း၏ အယူအဆများအား ... စာပေပညာဖြင့် ထုတ်ဖေါ် တင်ပြခဲ့ခြင်း ဖြစ်ပါသည် ... ။
သို့သော် အီတလီ၌ မက်ခီယာဗယ်လီနှင့် စော၍ ၁၂၇၈~၁၃၄၃ ကာလအတွင်း ... ပါဒူအာ "Padua" မှ မာဆီးလီးယပ်စ် "Marsilius" က-
နိုင်ငံရေးတွင် "ရိုးသားဖြောင့်မတ်ရေး" နှင့် ဘုရင်၊ ပုပ်ရဟန်းမင်းတို့ အပါအ၀င် "အာဏာသည် ပြည်သူထံမှ လာသည်" ဟူသော အယူအဆသည် ဟောပြောပြီး၊ ရှိပြီးဖြစ်၏ ... ။
ထို့ပြင် "Marsilius" က အစိုးရ၏လုပ်ငန်းသည် လူတိုင်းလိုချင်သော ငြိမ်းချမ်းရေးဖြစ်သည် ... ။ သို့သော် သမ္မတနိုင်ငံထက် ဘုရင်စနစ်က ပို၍ ပေးနိုင်သည်ဟု ယူဆခဲ့သည် ... ။ သို့သော် ... ဘုရင်သည် ဘုရားသခင်မှ ရာသက်ပန် လွှဲအပ်ထားသော အာဏာ "Divine Rights" ကို ရသည်ဟု လက်ခံခြင်းမဟုတ် ... ။ သားက အဖေကို မဆက်ခံနိုင် ... ။ နိုင်ငံအချုပ်အခြာနှင့် ပတ်သက်၍ ဤသို့ ... တောင်းဆိုခွင့် မရှိ။ ပြည်သူက အဆင်ပြေနေ၍သာ လက်ခံထားခြင်း ဖြစ်သည်ဟု ဆိုပါသည် ... ။
(၁၄) ရာစုအတွင်း ... အီတလီ မြို့ပြ နိုင်ငံများအကြား၌ ၎င်း၏ အယူအဆအား ပြည်သူနှင့် အုပ်ချုပ်သူ လူတန်း စားအကြား ကျင့်ဝတ်နှင့် အသစ်ထိုးဖေါက် ဖေါ်ထုတ်လာသော နိုင်ငံရေး အယူအဆအား ထိုခေတ် အထက်တန်းလွှာ တို့က ပြောင်ပြောင် တင်းတင်းပင် တိုက်ဖျက်ခြင်းကို ခံခဲ့ရပါသည် ... ။
"Marsilius" သည် အီတလီ ဂိုဏ်းချုပ်ဘုန်းတော်ကြီး တပါးဖြစ်ပါသည် ... ။ ဂိုဏ်းချုပ် ဘုန်းတော်ကြီးတပါးမှ ဤသို့ နိုင်ငံရေးအတွေးအခေါ် အယူအဆ ထွက်ပေါ်လာခြင်းမှာ ထိုခေတ်အခါက အနည်းငယ် ထူးဆန်းခဲ့ပါသည် ... ။ သို့သော် သူ၏ အကြံပြုချက်များသည် နောင်အနှစ် (၆၀၀) အကြာတွင် နိုင်ငံအားလုံး၌ ကျင့်သုံးလာရသော ပြည်သူ့အစိုးရ သဘောတရားများ ဖြစ်လာခဲ့ပါသည် ... ။
မက်ခီယာဗယ်လီ၏ အယူအဆသည်လည်း သမ္မတနိုင်ငံ ထူထောင်ရေးနှင့် ၎င်းအဆင့်သို့ ကောင်းစွာ ရောက်ရှိရန် ကြားကာလ၌ အာဏာရှင် အဆင့်တစ်ခုကို ဖြတ်သန်းရန် လိုအပ်သည်ဟု ယူဆခဲ့ဟန်ရှိပါသည် ... ။
ဤသဘောတရားများသည်လည်း နောင်အခါ၌ အီတလီအာဏာရှင် "မူဆိုလီနီ" ဟောပြောခဲ့သော မိန့်ခွန်းများနှင့် "ကားလ်မတ်က်စ်" ၏ ပစ္စည်းမဲ့ အာဏာရှင်စနစ် ထူထောင်ရေး အဆိုပြုချက် အယူအဆများ၌ အခြေအနေအရ လိုအပ်ချက်တခုအဖြစ် ထိုခေတ်အခါက ပြည်သူ့ထောက်ခံမှု ရရှိခဲ့သည်ဆိုသော အနေအထားမှာလည်း သမိုင်းမှတ်တမ်းများက ဆိုပါသည် ... ။
Basic Political Science Part (12)
အခြေခံနိုင်ငံရေးသိပ္ပံ အပိုင်း(၁၂)
နိုင်ငံရေး အတွေးအခေါ်နှင့် သဘောသဘာဝများ အပိုင်း (၉)
မြန်မာနိုင်ငံရေးအယူအဆ
၁။ မူလအခြေခံသဘောတရား
၂။ ကျင့်ဝတ်သိက္ခာ
မူလအခြေခံသဘောတရားများ
မြန်မာနိုင်ငံရေးဆိုင်ရာ အယူအဆများသည် အခြေခံအားဖြင့် ဘာသာရေးဆိုင်ရာ အဆုံးအမများမှ ဆင်းသက်လာသည်ဟု ယူဆရပါသည် ... ။ ဥပမာအားဖြင့် ... မြန်မာနိုင်ငံ၏ သမိုင်း အထောက်အထားများအရ အနော်ရထားမင်းမှသည် သီပေါမင်းအထိ ... ခတ်အဆက်ဆက်၌ ကျင့်သုံးခဲ့သော အုပ်ချုပ်ရေး စနစ်များသည် အကြွင်းမဲ့ သက်ဦးဆံပိုင် ဘုရင်စနစ်အတွင်း ဖြတ်သန်းခဲ့သည်သာ ဖြစ်ပေသည် ... ။ ထို့ကြောင့် ရှေးခေတ်မြန်မာနိုင်ငံရေး အယူအဆ၌ ထူးခြားသော ... အတွေးအခေါ် အယူအဆများ ... မတွေ့ရဘဲ မင်းကျင့်တရား (၁၀) ပါး နာယကဂုဏ် (၆) ပါး ဟူသော ကျင့်ဝတ် သိက္ခာများအပေါ် အခြေတည်၍ တိုင်းပြည်အား စီမံ အုပ်ချုပ် ခဲ့ကြလေသည်။
မင်းကျင့်တရား(၁၀)ပါး
1. လှူဒါန်းခြင်း
2. သီလဆောက်တည်ခြင်း
3. ပေးကမ်းစွန့်ကြဲခြင်း
4. ရိုးသား တည်ကြည် ဖြောင့်မတ်ခြင်း
5. နူးညံ့ သိမ်မွေ့ခြင်း
6. အဌင်္ဂသီလ ဆောက်တည်ခြင်း
7. အမျက် မထွက်ခြင်း
8. သည်းခံခြင်း
9. ပြည်သူကို မညှဉ်းဆဲခြင်း
10. ပြည်သူကို မဆန့်ကျင်ခြင်း စသည်တို့ဖြစ်ပါ၏။
(မှန်နန်းမဟာ ရာဇ၀င်တော်ကြီး။ စာ -၃၈)
ထို့ကြောင့် မြန်မာနိုင်ငံရေး အယူအဆများ၏ မူလ အခြေခံ အကြောင်းတရားများသည် ... မင်းကျင့်တရား (၁၀) ပါး ဟူသော ကျင့်ဝတ် သိက္ခာများပင် ဖြစ်ပေသည် ... ။
မြန်မာနိုင်ငံ လွတ်လပ်ရေး ရပြီးနောက် ... တိုင်းပြည်အား စီမံအုပ်ချုပ်သော စနစ်အားဖြင့် (၂) မျိုး (၂) စား ရှိခဲ့ပြီး တနည်းအားဖြင့် ... မြန်မာနိုင်ငံ သမိုင်းတလျောက် ထွန်းကားခဲ့သော ... အကြွင်းမဲ့ သက်ဦးဆံပိုင် စနစ်အား လုံးဝ ချုပ်ငြိမ်းစေ၍ သမ္မတနိုင်ငံ ထူထောင်ခဲ့ကြပါသည် ... ။ ထို့သို့ ထူထောင့်ခဲ့ရာ၌ လွတ်လပ်ရေးရပြီး (၁၉၄၈-၁၉၆၂) ထိ ပါလီမန် ဒီမိုဒီမိုကရေစီ စနစ်အား ၁၉၄၇ အခြေခံ ဥပဒေဖြင့် (၁၄) နှစ်ကြာ အုပ်ချုပ်ခဲ့ပါသည် ... ။ (၁၉၆၂) မတ်လ (၂) ရက်နေ့၌ စစ်တပ်မှ အာဏာသိမ်း၍ အုပ်ချုပ်စေပြီး (၁၉၇၄-၁၉၈၈) ထိ စစ်တပ်မှ ခေါင်းဆောင်များ အရပ်ဘက်သို့ အသွင်းပြောင်း၍ မြန်မာ့ ဆိုရှယ်လစ် လမ်းစဉ်ပါတီဟု ခေါ်သော တစ်ပါတီ အုပ်ချုပ်သော စနစ်ဖြင့် (၁၉၇၄) ဖွဲ့စည်းပုံ အခြေခံ ဥပဒေအား ပြဌာန်းကာ တိုင်းပြည်အား အုပ်ချုပ်ခဲ့ပါသည် ... ။ ဤအခြေအနေများအား လေ့လာသောအခါ ... မြန်မာ့နိုင်ငံရေး၌ အယူအဆ အတွေးအခေါ် များသည် အနောက်တိုင်း နိုင်ငံရေး အတွေးအခေါ် များအပေါ် အခြေခံ၍ တည်ဆောက်ခဲ့ကြသည်ဟု ဆိုရပေမည် ... ။
မျက်မှောက်ကာလ မြန်မာ့နိုင်ငံရေး အခြေအနေအပေါ်၌ ... ရှေးခေတ် မြန်မာ့နိုင်ငံရေး အယူအဆများ၏ သက်ရောက်မှု အတိုင်းအတာ (သို့မဟုတ်) ရှေးခေတ် မြန်မာ့ နိုင်ငံရေး အယူအဆများသည် မျက်မှောက်ခေတ် မြန်မာ့နိုင်ငံရေး ဖြစ်စဉ်အပေါ် မည်မျှ အကျိုးသက်ရောက်မှု ရှိသနည်း ဆိုသော မေးခွန်းအား ဤနေရာမှ ဖြေဆိုလျှင် အကျိုးသက်ရောက်မှု မရှိကြောင်း ... တွေ့ရပေမည်သာ ဖြစ်ပါသည် ... ။ ထို့ကြောင့် မြန်မာ့ နိုင်ငံရေး ... ဆိုင်ရာ အယူအဆများသည် ကိုယ်ပိုင် မူဟန်ပျောက်လျှက်ရှိပြီး နိုင်ငံရပ်ခြား ... ၊ အထူးသဖြင့် အနောက်နိုင်ငံများ၏ အတွေးအခေါ် အယူအဆများမှ ကောင်းနိုးရာရာများအား ရွေးချယ်၍ မြန်မာ့ ယဉ်ကျေးမှု ဓလေ့များနှင့် ကိုက်ညီမည့် ပုံစံများကို ယူဆောင်ပြီး မြန်မာ့နိုင်ငံရေး၏ ပြုပြင်ပြောင်းလဲနေသော ဖြစ်စဉ်တလျှောက် ဆက်စပ် တွေးခေါ်၍ ဆွေးနွေးနေခဲ့ကြဟန် ရှိပါသည် ... ။
သို့သော်လည်း ... မှန်ကန်သော လမ်းစဉ် တစ်ခုကိုကား တိတိကျကျ သတ်မှတ် ချမှတ်နိုင်ခဲ့ခြင်းကား မရှိခဲ့ သေးချေ ... ။ ဤသည်မှာ အဘယ်ကြောင့်နည်း ... ။
ဤအဖြေအား မဖြေဆိုမီ မြန်မာ့ နိုင်ငံရေး ဆိုင်ရာ အချက်အလတ်များအပေါ် လေ့လာရာ၌ အောက်ပါအချက် အလက်များသည် ပြန်လည် သုံးသပ်သင့်ပေသည် ... ။
1. မြန်မာနိုင်ငံသည် အကြွင်းမဲ့သက်ဦးဆံပိုင် ဘုရင်စနစ်အတွင်း ရှည်လျားစွာ ဖြတ်သန်းခဲ့ခြင်း။
2. မြန်မာနိုင်ငံ သမိုင်းတလျောက် နှစ်ပေါင်း တထောင်ကျော်၌ နှစ်ပေါင်းကိုးရာကျော်ခန့်သည် အချင်းချင်းသော်လည်းကောင်း ၊ ပြည်ပနှင့်သော်လည်းကောင်း ရှည်လျားစွာ စစ်မက် ဖြစ်ပွါးနေခဲ့ခြင်း။
3. အနော်ရထားမင်း လက်ထက်မှ ထူထောင်ခဲ့သော မြန်မာနိုင်ငံအား သုံးကြိမ်တိုင်တိုင် ပြန်လည် စုစည်းခဲ့ရခြင်း၊ ထိုစည်းလုံးမှု ပျက်ပြားနေသော ကာလများ၏ အကျိုးဆက်များ။
4. ကမ္ဘာပေါ်၌ ခေတ်စနစ်ပြောင်းလဲကျင့်သုံးနေကြသော်လည်း မြန်မာနိုင်ငံအား အုပ်ချုပ်ခဲ့သော အစိုးရများသည် များသောအားဖြင့် အကြွင်းမဲ့ သက်ဦးဆံပိုင်စနစ်နှင့် အာဏာရှင်စနစ်များသာ ထွန်းကား ခဲ့ခြင်း၊
5. မြန်မာ့နိုင်ငံရေး ဖြစ်စဉ်တလျောက် ပြုစုပျိုးထောင်ခြင်းထက် ဖျက်ဆီးခြင်း၊ ဖိနှိပ်ခြင်း၊ သတ်ဖြတ်ခြင်း၊ ဖမ်းဆီး အကျဉ်းချခြင်း၊ နိုင်လို မင်းထက် လုပ်ခြင်း၊ မိမိ အင်အား သာလာပါက တဖတ်သားအပေါ် အနိုင်ယူ ဗိုလ်ကျ လိုခြင်း၊ မနာလိုခြင်း၊ မိမိအနစ်နာ ခံခဲ့ရခြင်းအပေါ် ပြန်လည်၍ အခွင့်ထူးများရယူ လိုခြင်း၊ ရာထူးစည်းစိမ် အထူး မက်မောခြင်း၊ ငွေကြေး၊ တန်စိုးလက်ဆောင် မက်မောခြင်း၊ မိမိ၏အရှိန် အ၀ါဖြင့် မိမိတို့ မိသားစု ဆွေမျိုးသာချင်း ကောင်းစားရေးအား ဦးစွာ လုပ်ဆောင်နေကြခြင်း။
6. စည်းလုံးမှု လုံးဝမရှိခြင်း။
7. စနစ်တကျ တိုင်ပင် စည်းဝေးမှု လုံးဝမရှိခြင်း။
8. လူလူချင်း စာနာစိတ် အလွန် အားနည်းခြင်း။
9. ထေရ၀ါဒ ဗုဒ္ဓဘာသာ လမ်းစဉ်အား ကျင့်သုံးသော နိုင်ငံတော်ဖြစ်သော်လည်း အတ္တ၀ါဒနှင့် အနတ္တ လမ်းစဉ်အား နိုင်ငံရေး၌ မှန်ကန်စွာ သဘောပေါက် နားလည်မှု အလွန်အားနည်းနေခြင်း။
10. ငွေကြေး၊ ရာထူးထက်ပို၍ လူကို တန်းဖိုးထား တတ်သော စိတ်ဓါတ် အလွန် အားနည်းခြင်း။
11. ကျေးဇူးရှင်ကြီး၊ ဆရာကြီးအဖြစ်နှင့်သာ အစဉ်အမြဲ ခံယူလို၍ တပည့် မွေးသော အကျင့်ဆိုးများသာ မြန်မာ့ နိုင်ငံရေး လောက၌ ထွန်းကားနေခြင်း။
12. မိမိ၏ပုဂ္ဂလ အကျိုးစီးပွါးမှလွဲ၍ လူမှုပတ်ဝန်းကျင် ဖွံ့ဖြိုး တိုးတတ်ရေး လုပ်ငန်းများအား လုပ်ဆောင်သော ပုဂ္ဂိုလ်များ အလွန် ရှားပါးနေခြင်း၊
13. ဒေသတစ်ခု၌ ဖြစ်ပေါ်နေသော ပြဿနာ အကြောင်းအရာ တစ်ခုပေါ်တွင် ဖြေရှင်းခြင်းကူညီခြင်း လုပ်ငန်းစဉ်များအား လုပ်ဆောင်ရာ၌ မိမိ၏ အကျိုးစီးပွါးအား ထည့်သွင်း တွက်ချက်၍ အမြတ်ထုတ်တတ် သာ ဖြေရှင်းမှုမျိုးသာ မြန်မာ့ နိုင်ငံရေး လောက၌ ထွန်းကားနေခြင်း။
14. နိုင်ငံရေး ပြဿနာများအား ဖြေရှင်းရာ၌ စုပေါင်းအားဖြင့် လည်းကောင်း၊ မှန်ကန်သော ဦးဆောင်မှုဖြင့် လည်းကောင်း၊ တဦးနှင့် တဦး အပြန်အလှန် တန်ဖိုးထား၍ အနစ်နာခံခြင်း စိတ်ဓါတ်တို့ဖြင့်လည်းကောင်း၊ ခိုင်မာသော ကိုယ်ကျင့် သိက္ခာရှိမှုဖြင့် လည်းကောင်း၊ သတိနှင့် အသိပညာရှိမှုဖြင့် လည်းကောင်း၊ စုပါင်းလုပ်ဆောင်နိုင်မှသာ အောင်မြင်ရာဖြစ် ကြောင်းအား လက်တွေ့ ကျင့်သုံးနိုင်မှု အလွန် အားနည်းခြင်း။
15. မျိုးဆက်သစ် ပြုစုပျိုးထောင်မှု အလွန်အားနည်းခြင်း။
16. ပန်းတိုင်မရောက်ခင် “တက်” ထောင်တတ်သော အကျင့်ဆိုးရှိခြင်း။
17. သာယာဖွယ်၊ လွတ်လပ်ခြင်းတို့နှင့် ထိတွေ့ပြီးလျှင် ဘ၀မေ့ခြင်း၊ မိမိတို့၏ မူလရည်မှန်းချက် ပန်းတိုင်အား မေ့လျှော့ခြင်း။
18. အောင်မြင်မှု အပေါ်၌သာ စံစား ခံစား တတ်သော်လည်း ပြဿနာများအပေါ် ဆုံးရှုံးမှုဖြစ်ခဲ့သော် တာဝန် ယူရဲသော သတ္တိ၊ တာဝန် ခံရဲသော သတ္တိတို့ရှိမှု အလွန်အားနည်းခြင်း။
စသည့် အကြောင်းတရားများကြောင့် တိုင်းပြည်နှင့်လူမျိုးသည် အရှိန်အ၀ါမှေးမှိန်လျှက် အဆင်းရဲဆုံးနိုင်ငံ အဖြစ် ရပ်တည်နေရခြင်း ဖြစ်ပါသည်။
Basic Political Science Part (13)
အခြေခံနိုင်ငံရေးသိပ္ပံ အပိုင်း (၁၃)
နိုင်ငံရေး အတွေးအခေါ်နှင့် သဘောသဘာဝများ အပိုင်း (၁၀)
မျက်မှောက် မြန်မာ့နိုင်ငံရေး အတွေးအခေါ် အယူအဆများသည် ... မူလဆင်းသက်လာရာ အကြောင်းတရား များဖြစ်သော ဗုဒ္ဓလမ်းစဉ်၏ အဆုံးအမ တရားဒေသနာတော်များနှင့် သော်လည်းကောင်း ... ၊ ရှေးခေတ် နိုင်ငံရေးဆိုင်ရာ လူပုဂ္ဂိုလ်ဆိုင်ရာ အဆုံးအမ သဘောတရားများဖြစ်သော မင်းကျင့်တရား ဆယ်ပါး၏ စံတန်ဖိုးများနှင့် သော်လည်းကောင်း ... မျက်မှောက် ပြည်ထောင်စု မြန်မာနိုင်ငံ တော်ကြီးအား လေးကြိမ်တိုင်တိုင် စုစည်းထူထောင်ခဲ့ကြသော အာဇာနည် ခေါင်းဆောင် ပုဂ္ဂိုလ်တို့၏ ခံယူချက် သဘောထား အတွေးအခေါ် အယူအဆများနှင့် သော်လည်းကောင်း ကိုက်ညီခြင်းမရှိဟု ဆိုရပါမည် ... ။
ယေဘူယျအားဖြင့် ... နိုင်ငံတနိုင်ငံ၏ ဖွံ့ဖြိုးမှု နိမ့်ကျခြင်းသည် ၄င်းနိုင်ငံ၏ အုပ်ချုပ်ရေး စနစ်အပေါ် မူတည်ပေသည် ... ။ သို့သော် ဤအချက်တခုတည်းကိုပင် ထပ်မံ ခွဲခြမ်းလေ့လာပါက အုပ်ချုပ်ရေး စနစ်အား မည်သူတို့က ပြဌာန်းသနည်း .... ဟူသော မေးခွန်းမျိုး ရှိလာရပါသည် .... ။
ဤသို့ဆိုလျှင်
၁။ တပါတီ (သို့) အာဏာရှင်တို့က ... ၄င်းတို့စိတ်ကြိုက် (သို့) ၄င်းတို့ သဘောအမိန့်အတိုင်း .... ပြဌာန်းသည်လော။
၂။ ပြည်သူလူထု သဘောဆန္ဒဖြင့် ပြဌာန်းပေးသည်လော ဟူသည့်အချက် နှစ်ချက်အား တွေ့ရှိရမည် ဖြစ်ပါသည်။
မည်သို့ပင်ဆိုစေ ... နိုင်ငံတနိုင်ဟု သတ်မှတ်မည်ဆိုပါက ပြည်သူလူထု ဆန္ဒသဘောထားများကို လျစ်လျူရှု၍ မရနိုင်ပါပေ ... ။ ထို့ကြောင့် နိုင်ငံတနိုင်ငံ၏ အုပ်ချုပ်ရေး စနစ်အား ပြည်သူလူထု၏ ဆန္ဒသဘောထားအပေါ် အခြေခံ၍ ဤနိုင်ငံတော်ကြီး ဤဒေသကြီးအတွင်း မှီတင်းနေထိုင်ကြသော ... ပြည်သူ ပြည်သား အပေါင်းတို့၏ ဆန္ဒသဘောထားများဖြင့် ဤနိုင်ငံတော်ကြီးအား ထူထောင်ပါသည်ဟူသော ... ကဗျဉ်းစာတမ်းထိုးနိုင်အောင် ဆောင်ရွက်နိုင်ပါမှ တရားဥပဒေသည်လည်း စိုမိုးပြီး လောကပါလတရား (လွတ်လပ်ခြင်း၊ ငြိမ်းချမ်းခြင်း၊ တရားမျှတခြင်း၊ တန်းတူညီခြင်း) များလည်း ပေါ်ထွန်းပါမည် ... ။ ဤသို့အားဖြင့် ... ဤနိုင်ငံ ဤပြည်သူတို့၏ ဂုဏ်သိက္ခာ အရှိန်အ၀ါ သည်လည်း ... ကြီးမားပြီး နိုင်ငံတော်ကြီး ဒေသပတ်ဝန်းကျင် အ၀န်းအ၀ိုင်း၌လည်း ဖွံ့ဖြိုးတိုးတတ်မှုများ ဖြစ်ပေါ်လာ မည် ဖြစ်ပါသည် ... ။
ထို့ကြောင့် နိုင်ငံတနိုင်ငံ ဖွံ့ဖြိုးတိုးတတ်ဖို့ရန်အတွက် (သို့) ဒေသအတွင်း လောက ပါလတရားများ ဖြစ်ထွန်း ပေါ်ပေါက်လာရန်အတွက် မလိုလားအပ်သော အောက်ဖေါ်ပြပါ စနစ် (သို့) ၀ါဒများကို ဆန့်ကျင်ပြီး မကျင့်သုံးရန် လိုအပ်ပါလိမ့်မည် ... ။
၁. အာဏာရူးသောဝါဒ (Authoritarianism)
၂. ကိုယ့်မိသားစုဆွေမျိုးသားချင်းများ ကောင်းစားရေးအတွက်သာ ဆောင်ရွက်တတ်သောဝါဒ (Depotisim)
၃. အာဏာရှင်စနစ် (Dictatorship), (Totalitarianism)
၎. ကိုယ်နှင့်မတူတိုင်း တူရာအုပ်စုဖွဲ့ဗိုလ်ကျစိုးမိုးခြင်း၊ ညှင်းဆဲနှိပ်စက်သတ်ဖြတ်ခြင်းဝါဒ (Tyranny)
၅. စစ်ဝါဒ (Militarism)
စသည့် စနစ် (သို့) ၀ါဒများကို မိမိတို့ လူ့အဖွဲ့အစည်းအတွင်း ... မဖြစ်ပေါ်အောင် မကျင့်သုံးနိုင်အောင် ပြည်သူ ပြည်သားတွေသည် မိမိတို့ မိသားစုအရေးထက် ပို၍အရေးကြီးသော လုပ်ငန်းစဉ်အဖြစ်လည်းကောင်း ... ၊ နိုင်ငံတော်အတွင်း ... လူ့အဖွဲ့အစည်းအတွင်း၌ လောက ပါလတရားများ ဖြစ်ထွန်းနေအောင် သော်လည်းကောင်း ... ဦးစွာပထမ ကြိုးပမ်း ဆောင်ရွက်ဖို့ လိုအပ်ပေလိမ့်မည် ... ။
နိုင်ငံရေးသိပ္ပံ ဘာသာရပ်ဖြင့် မျက်မှောက် မြန်မာနိုင်ငံ အခြေအနေအား ... လေ့လာရာ၌ ယထာဘူတကျကျ တည့်တည့်မက်မက် ကြည့်ရန် လိုအပ်ပါ၏ ... ။ ဤစာတမ်းသည် နိုင်ငံတော်နှင့် ပြည်သူ လူထုအကျိုး ... ၊ နောင်အခါ တိုင်းပြည်အုပ်ချုပ်မည့် နိုင်ငံ့ခေါင်းဆောင်လောင်း လူငယ် လူရွယ်များ အတွက် ... သတိပြုစရာ ... ၊ သင်ခန်းစာယူစရာ ... ၊ ဝေဖန်စရာ ... ၊ ဆင်ခြင်တုံတရား ... လက်ကိုင်ထား၍ နိုင်ငံအကျိုးသယ်ပိုး စေခြင်းငှါ ဤနိုင်ငံရေးသိပ္ပံ လေ့လာရေးစာတမ်း၏ တခုတည်းသော ရည်ရွယ်ချက်ဖြစ်ပါ၏ ... ။
Basic Political Science Part (14)
အခြေခံနိုင်ငံရေးသိပ္ပံ အပိုင်း (၁၄)
နိုင်ငံရေး အတွေးအခေါ်နှင့် သဘောသဘာဝများ အပိုင်း (၁၁)
ထို့ကြောင့် ကမ္ဘာနှင့်အ၀န်း ပြုပြင် ပြောင်းလဲနေသော ဖြစ်စဉ်ကြီးအတွင်း၌ မြန်မာ့နိုင်ငံရေး တနည်းအားဖြင့် နိုင်ငံတော်ကြီး အတွင်း .... လောကပါလ တရားများ ဖြစ်ထွန်းအောင် ဆောင်ရွက်ရာ၌ မည်သည့်အတိုင်းအတာအထိ တိုင်းပြည်အား အကျိုးသက်ရောက်ခဲ့သည် (သို့) မိမိတို့၏ အခြေအနေ မှန်များအပေါ် ပြန်လည် သုံးသပ်ဆင်ခြင်၍ အနာဂတ်လူငယ် လူရွယ်များအတွက် စွန့်လွှတ်ခြင်း အရာ၌ စံနမူနာ အဖြစ်လည်းကောင်း .... ၊ အနစ်နာခံခြင်းအရာ၌ စံနမူနာ အဖြစ်လည်းကောင်း လက်တွေ့ကျကျ လုပ်ဆောင်ကျင့်သုံးသွားရန် လိုအပ် ပေလိမ့်မည် ... ။
ဤအကြောင်းအရာနှင့် ပက်သတ်၍ ဗုဒ္ဓလမ်းစဉ် ရှုထောင့်မှ နမူနာယူအပ်သော ... စံအဖြစ်ထားအပ်သော အတွေးအခေါ် အယူ အဆအချို့နှင့် ဆရာကြီး ဦးရွှေအောင် ရေးသားသော ... “ဗုဒ္ဓ” အနှိုင်းမဲ့ ကျေးဇူးရှင် စာအုပ်မှ .... အဆိုအမိန့်များဖြင့် ကိုးကား နှိုင်းယှဉ်၍ ဆက်လက် လေ့လာသွားပါမည် ... ။
လူသည် ဘ၀အား လောဘဖြင့် စတင်ခဲ့သူဖြစ်၏ .... ။ ထို့ကြောင့် လူသည် မိမိ လိုချင်သောအရာ မိမိရပ်တည်နိုင်ဖို့ရန်အတွက် အရာရာကို လိုချင် တတ်မက်၍ ရအောင်လည်း အားထုတ်လေ၏။ ဤသည်မှာ လောက သဘာဝတရားပင် ဖြစ်ပေသည် ... ။ တနည်းအားဖြင့်လည်း .... သူလို ကိုယ်လို သာမန်တွေးနိုင်သော လူသာမန် အတွေးမျိုး ဖြစ်၏။
အဘယ့်ကြောင့်ဆိုသော် ... အတ္တ မိမိအကျိုးစီးပွါး တခုတည်းအပေါ်၌သာ ရပ်တည်နေခြင်း (သို့) အတ္တ၀ါဒ အတ္တဓမ္မတာ ဖြစ်သောကြောင့်ပင် ဖြစ်၏ ... ။ နိုင်ငံတော် ပြည်သူလူထု လူ့အဖွဲ့အစည်း အကျိုးစီးပွါးအတွက် ဆောင်ရွက်မည် ဆိုပါက (သို့) ဆောင်ရွက်နေပါသည် ဟူသော ပုဂ္ဂိုလ်၊ ဆောင်ရွက်မည့် ပုဂ္ဂိုလ် (သို့) လူ့အဖွဲ့အစည်း၏ ခေါင်းဆောင်အဖြစ် ဆောင်ရွက်လိုသည့် ခေါင်းဆောင်ငယ် ခေါင်းဆောင် လောင်းလျှာများအတွက်မူ အထက်၌ ဖေါ်ပြခဲ့သော သူလို ကိုယ်လို သာမန်အတွေးမျိုးဖြင့် အတ္တ၀ါဒ ... ၊ အတ္တဓတ္တာ ဟူသော ကိုယ်ကျိုးစီးပွါး ... ၊ ဆွေမျိုးကောင်းစားရေး ... ၊ ကိုယ့်အုပ်စုအကျိုး ကိုယ့်ပါတီအကျိုး တခုတည်းအပေါ် အခြေခံသော အတွေးအခေါ်မျိုးဖြင့် မရရှိနိုင်ပေ ... ။
နိုင်ငံရေးဟူသည်…
လူ့အဖွဲ့အစည်း ... ဖွံ့ဖြိုး တိုးတတ်မှုကို ရှေ့ရှုသော လုပ်ငန်းဖြစ်၏ ... ။ မိမိအကျိုးထက် အများအကျိုးကို ရှေးရှုသော လုပ်ငန်းဖြစ်၏ ... ။ တနည်း အားဖြင့်လည်း ... မိမိတို့ လူ့အဖွဲ့အစည်း အတွင်း လောကပါလ တရားများ ဖြစ်ထွန်း ပေါ်ပေါက်နေအောင် ဤတရားများဖြင့် စည်ပင်နေအောင် လူ့အဖွဲ့အစည်းအတွင်း ဟောပြောစည်းရုံး၍ ဆောင်ရွက်ရသော ... လုပ်ငန်းမျိုးဖြစ်၏ ... ။
ထိုသို့ ဆောင်ရွက်ရာ၌ ... မိမိအကျိုးထက် လောကအကျိုးကို ရှေးရှု့ဆောင်ရွက်ရ၏ ... ။ မိမိတို့ ဘ၀များကိုလည်း ပေးဆပ်ကောင်း ပေးဆပ်ရ၏ ... ။ လုပ်သမျှလည်း အောင်မြင်လိမ့်မည် မဟုတ် သို့သော် အောင်မြင်သည်ဖြစ်စေ ... မအောင်မြင်သည်ဖြစ်စေ ... မျက်မှောက် လုပ်ဆောင်သော အခြေအနေများသည် အဖြေမဟုတ်ဘဲ မိမိ၏ လောကအပေါ် လူ့အဖွဲ့အစည်းအပေါ် ထားရှိသော စေတနာသည်သာ အဓိကကျသည် ဖြစ်သောကြောင့် မိမိလုပ်ငန်း အထမြောက်သည်ဟု ဆိုအပ်ပါ၏ ... ။
ဤကဲ့သို့သော လုပ်ငန်းမျိုးသည် ... အနတ္တ၀ါဒီ အများအကျိုးကိုသာ ... ရှေးရှု့သော လမ်းစဉ် အနတ္တပဓါန လမ်းစဉ်ဟုဆိုပါ၏ ... ။
ဤသို့သော ... လုပ်ငန်းမျိုးကိုလည်း လူသာမန် သူလို ကိုယ်လို ကျင့်ကြံ ဆောင်ရွက်နိုင်ပါ၏။ ဤသို့အားဖြင့် အကြောင်းတရား အကျိုးတရားတို့ အပေါ်အခြေခံ၍ လောက၌ ခေတ်အဆက်ဆက်၌ အာဇာနည်များ ပေါ်ထွက်ခဲ့ကြခြင်း ဖြစ်၏ ... ။ နောင်လည်း ပေါ်ထွက်နေ အုံးမည်သာ ဖြစ်ပါ၏ ... ။
နိုင်ငံရေးဟုခေါ်သော ... “ တိုင်းပြု ပြည်ပြုလုပ်ငန်း” (သို့) “ လူ့အဖွဲ့အစည်းအတွင်း ... လောကပါလတရားများ ထွန်းကားစည်ပင်သထက် စည်ပင်အောင် ဟောပြောစည်းရုံး ဆောင်ရွက်သော လုပ်ငန်း” (သို့) လောက အကျိုးစီးပွါးကို ဥိးတည်ဆောင်ရွက်ရ သောလုပ်ငန်း” ကို သာမန် သူလို၊ ကိုယ်လို မည်သူမဆို ဆောင်ရွက်နိုင်သော်လည်း သာမန် သူလိုကိုယ်လို အတွေးမျိုးဖြင့် ... မဆောင်ရွက် နိုင်ပါပေ ... ။
ထိုသို့ဆောင်ရွက်ပါက တနည်းအားဖြင့် …
ဥပမာအားဖြင့်…
မြန်မာ စကားပုံများလာ အဆိုအမိန့်များမှ တခုဖြစ်သော…
“ အူမတောင့်မှ သီလစောင့်မယ်” ဟူသော စကားပုံမျိုးဖြင့် ... ၄င်းကို ယုံကြည် လက်ခံကျင့်သုံးသူများ အတွက်တော့ လောကဆိုသည့် ... ၊ လူ့အဖွဲ့အစည်း ဆိုသည့် ... ၊ နိုင်ငံရေး ဆိုသည့် ( အထက်၌ ဖေါ်ပြထားသော အဓိပ္ပါယ်အတိုင်းရှိသော လုပ်ငန်းစဉ်) ဝေါဟာရမျိုးကိုပင် နားလည် သဘောပေါက်ရန် အလွန် ခက်ခဲနေပေလိမ့်မည် ... ။
ဤအတွေးမျိုးဖြင့် ... ဆောင်ရွက်ပါက လောက၌ လောကပါလတရားများ စည်ပင်ဖို့ ဝေးစွ တိုင်းပြည်အကျိုး လူ့အဖွဲ့ အစည်းအကျိုး မဆိုထားနှင့် မိမိအကျိုးစီးပွါးပင် ပျက်ဆီးပေလိမ့်မည် ... ။ လောက၌လည်း လောကပါလ တရားများ ချုပ်ငြိမ်းသထက် ချုပ်ငြိမ်းသွားစေလိမ့်မည် ဖြစ်၏ ... ။ ထို့အပြင် ထိုလူအဖွဲ့အစည်းသည် ယဉ်ကျေးမှု နိမ့်ကျလျှက် အရိုင်းအစိုင်းများသာ ဖြစ်နေပေလိမ့်မည် ... ။
Basic Political Science Part (15)
အခြေခံနိုင်ငံရေးသိပ္ပံ အပိုင်း (၁၅) နိုင်ငံရေး အတွေးအခေါ်နှင့် သဘောသဘာဝများ အပိုင်း (၁၂)
မြန်မာနိုင်ငံ သမိုင်းတလျောက် တိုင်းပြည်အား ... ပြန်လည် စုစည်းထူထောင်ခဲ့ကြသော ပုဂ္ဂိုလ်ကြီး (၄) ဦးရှိခဲ့ဘူးပါ၏ ... ။
၁။ အနော်ရထာ (ပုဂံခေတ်)
၂။ ဘုရင့်နောင် (ဟံသာဝတီခေတ်)
၃။ အလောင်းဘုရား (ကုန်းဘောင်ခေတ်)
၎။ ဗိုလ်ချုပ်အောင်ဆန်း ( မြန်မာ့လွတ်လပ်ရေး ဖခင်ကြီး)
ဤ ပုဂ္ဂိုလ်ကြီးများသည် လူသာမန်တွေ ဖြစ်သော်လည်း ... သာမန်သူလို ကိုယ်အတွေးမျိုး နိုင်ငံတော်ကြီးနှင့် လောကအတွက် ဆောင်ရွက်ခဲ့သော ပုဂ္ဂိုလ်များ မဟုတ်ကြပေ ... ။ ထို့ကြောင့်ပင် ဤပုဂ္ဂိုလ်ကြီးများကို မြန်မာနိုင်ငံသမိုင်း၌ အထူးလေးစား တန်ဖိုးထား အပ်သူများအဖြစ် မှတ်တမ်းတင်ထားခြင်းဖြစ်၏ ... ။
လောက၌လူရယ်လို့ ဖြစ်လာသောအခါ ယေဘူယျအားဖြင့် တောင်းတခြင်း (၄) မျိုးရှိပါ၏ ... ။
၁. အိမ်ယာထူထောင်လိုခြင်း။
၂. စီးပွါးပစ္စည်းဥစ္စာ ပြည့်စုံသထက် ပြည့်စုံလိုခြင်း။
၃. တရားဓမ္မနှင့်အညီ နေထိုင်လိုခြင်း။
၎. လွတ်လပ်မှုနှင့် နေထိုင်လိုခြင်း။
တို့ဖြစ်၏။
ဖေါ်ပြပါ အခြေအနေလေးရပ်သည် လူတိုင်း လူတိုင်း ခံစားလိုသော သဘောတရားများပင် ဖြစ်၏ ... ။ တနည်းဆိုသော် ပုထုဇဉ် လူသားများ လိုလားသော တောင့်တချက်များသာ ဖြစ်ပါ၏ ... ။ သူလို ငါလို သူများလည်း တောင့်တပါ၏ ... ။ သူလို ငါလို အဆင့်ထက် ကျော်သူများလည်း လိုလား တောင့်တကြပါ၏ ... ။
သို့သော် -သူလိုငါလို အဆင့်ထက် ကျော်လွန်သောသူများ တောင့်တခြင်းသည် ဤတောင့်တခြင်း လေးမျိုးထက် လောက အကျိုးစီးပွါးကို ပိုမို လိုလားတောင့်တကြပါ၏။ လောက အကျိုးအတွက် သော်လည်းကောင်း ... ၊ အများ အကျိုးအတွက် သော်လည်းကောင်း ... ၊ တနည်းအားဖြင့် အဓမ္မအပေါ် ဓမ္မတရားက လွှမ်းမိုးနေမှုကို ပို၍ လိုလား တောင်းတကြပါ၏။
သို့သော် သူလိုငါလို အဆင့်ထက်ကျော်လွန်သော သူများတောင့်တခြင်းသည် ဤတောင့်တခြင်းလေးမျိုးထက် လောက အကျိုး စီးပွါးကို ပိုမိုလိုလားတောင့်တကြပါ၏ ... ။ လောက အကျိုးအတွက်သော်လည်းကောင်း ... ၊ အများ အကျိုးအတွက်သော်လည်းကောင်း ... ၊ တနည်းအားဖြင့် ... အဓမ္မအပေါ် ဓမ္မတရားက လွှမ်းမိုးနေမှုကို ပို၍ လိုလား တောင်းတကြပါ၏ ... ။
ထိုသို့ပို၍ လိုလား တောင်းတသည်နှင့်အမျှ ကြိုးလည်း ကြိုးစားကြ၏ ... ။ အားလည်း အားထုတ်၏ ... ။ ထိုသို့သော ပုဂ္ဂိုလ်များ၏ စိတ်သန္တာန်၌ သူလိုငါလို တောင့်တခြင်းမျိုး မရှိတော့ဘဲ ... လောကကောင်းကျိုး တခုတည်း အပေါ်၌သာ လုံ့လပြုသောကြောင့် ... တိုင်းပြည်များမှာ လောကပါလတရား ဖြစ်ထွန်းစည်ပင်ပြီး ဖွံ့ဖြိုး တိုးတတ်ကြကြောင်း လေ့လာတွေ့ရှိရပါ၏ ... ။
ဤသို့သော ပုဂ္ဂိုလ်များကို မျိုးချစ်အာဇာနည်များဟု သက်ဆိုင်ရာ နိုင်ငံတိုင်း နိုင်ငံတိုင်း၌ ခေါ်ဝေါ် ဂုဏ်ပြုကြခြင်း ဖြစ်၏ ... ။ ဤသို့သော ပုဂ္ဂိုလ်များသည် မြန်မာ့ သမိုင်း၌လည်းရှိပါ၏ ... ။ ၄င်းပုဂ္ဂိုလ်တို့သည် လောကအတွက် မိမိဘ၀များကို ပေးဆပ်သူများဖြစ်၏ ... ။ ဤပုဂ္ဂိုလ်များကို နမူနာယူအပ်၏ ... ။ ထိုသို့နမူနာယူ ကျင့်ကြံ ဆောင်ရွက်နေသူများသည် သာမန်အတွေးအခေါ်များရှိသော သူများအမြင်၌ “လူအ” “လူညံ့” ဟုမြင်နေပေလိမ့်မည် ... ။
အဘယ့်ကြောင့်ဆိုသော် အာဇာနည် စိတ်သဘောတရားကို နမူနာယူ ကျင့်ကြံအားထုတ်သော သူများသည် အခွင့်အရေး ဟူ၍လည်း မမက်မော ... ၊ ရာထူး စည်းဇိမ်ဟူ၍လည်း မမက်မောဘဲ လောကသားတို့အပေါ်၌သာ လောကပါလတရား ... ၊ ချမ်းသာခြင်းတရား ... ၊ စသည့် ... ဓမ္မတရားများ လွှမ်းမိုးရေးကိုသာ လိုလားသူများ ဖြစ်သောကြောင့်ပင်ဖြစ်၏ ... ။
Basic Political Science Part (16)
အခြေခံနိုင်ငံရေးသိပ္ပံ အပိုင်း(၁၆)
နိုင်ငံရေး အတွေးအခေါ်နှင့် သဘောသဘာဝများ အပိုင်း (၁၃)
ဤကမ္ဘာ၌ နိုင်ငံဖြစ်စေ ... ၊ ဒေသဖြစ်စေ ... ၊ လူမျိုးဖြစ်စေ၊ နိုင်ငံအတွက် လူမျိုးအတွက် အနစ်နာခံသူများ ဘ၀ကိုပေးဆပ်သူများ ပေါများလေလေ ထိုနိုင်ငံ ထိုလူမျိုးတို့သည့် ကမ္ဘာ၌ ထိပ်တန်း နိုင်ငံများ ထိပ်တန်း လူမျိုးများအဖြစ် ရပ်တည်နိုင်ကြပါ၏ ... ။ ထိပ်တန်းဟု ဆိုရာ၌ ရုပ်ပိုင်းဆိုင်ရာ ... ဖွံ့ဖြိုးမှုချည်း သက်သက် မဟုတ်ဘဲ ကိုယ့်ကျင့်တရား ... ၊ လူ့ကျင့်ဝတ်သိက္ခာ စောင့်စည်းလိုက်နာ ကျင့်သုံးခြင်း အရာ၌လည်း ထိပ်တန်း အဆင့်မြင့်မား တိုးတတ်ကြပါ၏ ... ။ ထို့ကြောင့်ပင် ထိုနိုင်ငံများသည် ကမ္ဘာ၌ ၀င့်ကြွားစွာ ရပ်တည်နိုင်ကြခြင်း ဖြစ်ပါ၏ ... ။
ဥပမာအားဖြင့် …..နယူးဇီလန်၊ နော်ဝေ၊ ဆွီဒင် …အစရှိသည်အားဖြင့်
“မြန်မာ့ လွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းရှိစဉ် မြန်မာပြည်သည် အာရှ၌ နိုင်ငံရေး အရလည်းကောင်း ... ၊ စီးပွါးရေးအရ လည်းကောင်း ... ၊ လူမျိုး ဂုဏ်သိက္ခာ မြင့်မားသော အခြေအနေတရပ် ဖြစ်ခဲ့ဘူးပါသည် ... ။”
သို့သော် နိုင်ငံဖြစ်စေ ... ၊ ဒေသဖြစ်စေ ... ၊ လူမျိုးဖြစ်စေ ... ၊ နိုင်ငံအတွက် လူမျိုးအတွက် အနစ်နာခံ သူများဘ၀ကို ပေးဆပ်သူများ နည်းပါးလေလေ (သို့) ကိုယ်ကျိုးစီးပွါး တခုတည်းကိုသာ ကြည့်သောသူများ ပေါများလေလေ ထိုနိုင်ငံ ... ၊ ထိုဒေသ ... ၊ ထိုလူမျိုးတို့သည် အဓမ္မတရားများ ဖုံးလွှမ်းနေပြီး ... ၊ ဆင်းရဲခြင်းအပေါင်း .. ၊ ဒုက္ခအပေါင်းနှင့် ရင်ဆိုင်နေရပေလိမ့်မည် ... ။ ကမ္ဘာ့အလယ်၌လည်း လူလုံးမလှ လူရာမသွင်း အနှိမ်ခံ ဘ၀များဖြင့်သာ ဖြစ်နေပေလိမ့်မည် .... ။
တဖန် တရားတော်လာ ဓမ္မပဒ စာအုပ် အပိုဒ် (၉၈) ၌
ဒေသတခုသည် ရွာဖြစ်ချင်ဖြစ် ... ၊ တောဖြစ်ချင်ဖြစ်မည် ... ၊ ကျီးကုံးဖြစ်ချင်ဖြစ်မည် ... ၊ ချိုင့်ဝှမ်း ဖြစ်ချင်ဖြစ်မည် သို့ရာတွင် မည်သို့ပင်ဖြစ်စေ သူတော်စင် ... ၊ သူတော်ကောင်း (သို့) ဓမ္မတရားကို လက်ကိုင်ပြု ကျင့်သုံးနေသူများ ဖြစ်ရိုးမှန်ပါက ထိုဒေသသည် ဤကမ္ဘာမြေပေါ်တွင် မွေ့လျှော်ဖွယ် အကောင်းဆုံးဖြစ်၏” ဟူ၍ ... ရေးသားထားပါ၏ ... ။
အထက်ပါစာပိုဒ်သည် မြန်မာ့လူ့အဖွဲ့အစည်းအနေဖြင့် အထူးသတိပြုရန် လိုအပ်ပါလိမ့်မည် ... ။ မြန်မာ့ နိုင်ငံရေးအယူအဆ တရပ်အနေဖြင့် ရှုမြင်ကြည့်ပါက နိုင်ငံအကျိုး ... ၊ လောကအကျိုးကို ဆောင်ရွက်ရာတွင် တနည်းအားဖြင့် လောက ပါလတရားများ မိမိတို့ လူ့အဖွဲ့အစည်း အတွင်း ဖြစ်ထွန်းအောင် ဆောင်ရွက်ရာ၌ ဆောင်ရွက်မည့် ပုဂ္ဂိုလ်များ ... ၊ အဖွဲ့အစည်းများ တို့သည်လည်း ဓမ္မတရားများကို လိုက်နာ ကျင့်သုံးရန် အထူး သတိတရားထားရှိဖို့ကိုလည်း လမ်းညွှန်ထားပါ၏ ... ။
Basic Political Science Part (17)
အခြေခံနိုင်ငံရေးသိပ္ပံ အပိုင်း (၁၇)
နိုင်ငံရေး အတွေးအခေါ်နှင့် သဘောသဘာဝများ (၁၄)
နိုင်ငံနှင့်လူမျိုး ... ၊ မိမိတို့ နေထိုင်ရာ လူ့အဖွဲ့အစည်းတို့အပေါ် ဒုက္ခစုံကျရောက်နေသော ကာလ ... ၊ တနည်းအားဖြင့် အဓမ္မတရားများ ဖုံးလွှမ်းနေသော အချိန်များ၌ စွန့်လွှတ်စွန့်စား အနစ်နာခံ ဆောင်ရွက်ကြသူများသည် တိုင်းနိုင်ငံအသီးသီးတို့၌ ပေါ်ထွန်းကြပါ၏ ... ။ ထိုသို့ နိုင်ငံနှင့် လူမျိုး လူ့ အဖွဲ့အစည်းအတွက် စွန့်လွှတ် အနစ်နာခံ ဆောင်ရွက်ကြသော ပုဂ္ဂိုလ်များ၌လည်း (၂) မျိုး ရှိပါ၏ ... ။
၁။နိုင်ငံနှင့်လူမျိုး လူ့အဖွဲ့အစည်းအတွက် ပစ္စည်းဥစ္စာ စွန့်ကြပါ၏ ... ။ ခြေလက် အင်္ဂါများလည်း စွန့်လွှတ်ကြပါ၏ ... ။ ထိုပုဂ္ဂိုလ်များသည် ထိုနိုင်ငံ ထိုလူမျိုး ထိုလူ့အဖွဲ့အစည်းအတွက် အဓမ္မတရားအပေါ် ဓမ္မတရားက ဖုံးလွှမ်းအောင် ဆောင်ရွက်ကြသူများပင် ဖြစ်ပေ၏ ... ။ တနည်းအားဖြင့် ... လောက၌ အဓမ္မတရား မထွန်းကားအောင် မိမိတို့ဘ၀ ဥစ္စာပစ္စည်း ... ၊ စည်းဇိမ်တွေကို လောကအတွက် စတေးသောသူများပင် ဖြစ်၏ ... ။ သို့သော် မိမိတို့၏ အနစ်နာခံမှုကြောင့် အကျိုးတရားများ ပေါ်ထွန်းလာသောအခါ မိမိသည် ရာထူး၊ စည်းဇိမ်၊ အာဏာစသည့် အခွင့်အရေး များကိုလည်း ခံစားထိုက်သည်ဟု ခံယူသော ပုဂ္ဂိုလ်များလည်းရှိကြောင်း တွေ့ရမည်ဖြစ်၏ ... ။
၂။လောက၌ အဓမ္မတရားအပေါ် ဓမ္မတရားမှ ဖုံးလွှမ်းအောင် ဆောင်ရွက်ရာ၌ မိမိ၏ စွန့်လွှတ်အနစ်နာခံမှုများ၏ နောက်၌ မည်သည့် အခွင့်အရေးကိုမျှ မမက်မော ... ၊ မည်သည့် ခံစားခွင့်ကိုမှလည်း မမျှော်လင့်သော ပုဂ္ဂိုလ်များလည်း ရှိပါ၏ ... ။ ထို ပုဂ္ဂိုလ်မျိုးတို့သည်သာ တကယ့် အာဇာနည် သူရဲကောင်း အစစ်အမှန်ပင် ဖြစ်ပေ၏ ... ။ လောက၌ အဓမ္မအပေါ် ဓမ္မတရားက လွှမ်းမိုးအောင် ဆောင်ရွက်ရာ၌ မိမိအတ္တ အကျိုးပါမှ၊ ရာထူး၊ ငွေကြေး၊ စည်းဇိမ်ရမှ (သို့) ရသင့်သည်ဟူသော အယူအဆ သဘောတရားများသည် စစ်မှန်စွန့်လွှတ်ခြင်း အနစ်နာခံခြင်းဟု မမည်ပေ ... ။ ထို့ကြောင့် အာဇာနည် ပုဂ္ဂိုလ်ဟု မဆိုအပ် ... ၊ တနည်းအားဖြင့် ဤသည်မှာ အတ္တ၀ါဒ အတ္တလမ်းစဉ်သာ ဖြစ်ပေ၏ ... ။
ဤကမ္ဘာ၏ တိုင်းနိုင်ငံအသီးသီး ... ၊ လူ့အဖွဲ့အစည်း အသီးသီးတို့၌ အာဇာနည် ပုဂ္ဂိုလ်များ ရှိကြပါ၏ ... ။ ထိုပုဂ္ဂိုလ်များသည် လောကအတွက် မိမိတို့ဘ၀ကို စတေး၍ လောကအကျိုးစီးပွါး တခုတည်းအပေါ်၌သာ ရှေးရှုကြပါ၏ ... ။ ထို့ကြောင့်လည်း ထိုပုဂ္ဂိုလ်များကို သူလို ငါလို သာမန်အဆင့်ထက် ကျော်လွန် မြင့်မြတ်သောသူ ... ၊ သူရဲကောင်းများ ... ၊ အာဇာနည် ပုဂ္ဂိုလ်ကြီးများအဖြစ် တိုင်းနိုင်ငံအသီးသီး ... ၊ လူ့အဖွဲ့အစည်း အသီးသီးတို့၌လည်း ၄င်းနိုင်ငံ ... ၊ ၄င်းလူမျိုးတို့ကို ကိုယ်စားပြုသော ပုဂ္ဂိုလ်ကြီးများအဖြစ် တန်ဖိုးထား ကဗျည်းထိုး အလေးအမြတ် ပြုကြခြင်းဖြစ်ပါ၏ ... ။
မြန်မာ့နိုင်ငံရေး အယူအဆများအနက် အောက်ဖေါ်ပြပါ အဆုံးအမတခုမှာ လွန်စွာမှတ်သား လိုက်နာ ကျင့်သုံးဖွယ် ဖြစ်၏ ... ။
ဗုဒ္ဓလမ်းစဉ်အရ လူတိုင်း၌ ကျင့်စဉ်အားဖြင့် သုံးဆင့်ရှိပါ၏။
၁။လောကအတွက်ဖြစ်သည်။
၂။ နိုင်ငံနှင့်လူမျိုးအတွက်ဖြစ်သည်။
၃။ မိမိနှင့် မိမိတို့မိသားစုအတွက်ဖြစ်သည်။
မိမိနှင့် မိမိ မိသားစု အကျိုးစီးပွါးကို ဆောင်ရွက်ရာ၌ မိမိနိုင်ငံ ... ၊ မိမိတို့အမျိုးသားများ အရေးနှင့်လည်း ဆက်စပ်ပေသည် ... ။ မိမိ “အား” ကောင်းလျှင် ကောင်းသလို နိုင်ငံအကျိုး ... ၊ အမျိုးသားရေး အကျိုးတို့ကို ပိုမို ဆောင်ရွက်နိုင်ပေမည် ... ။ ထို့ကြောင့် မိမိ “အား” ကောင်းပါမှ နိုင်ငံ လူမျိုးအတွက် လူ့အဖွဲ့အစည်းအတွက် ဆောင်ရွက်နိုင်ပေမည် ... ။ နိုင်ငံနှင့်လူမျိုး “အား” ကောင်းမှ ဤကမ္ဘာလောက အကျိုးအတွက် ပိုမို ဆောင်ရွက်နိုင်ပေမည် ဖြစ်ပါ၏ ... ။
ထို့ကြောင့် မိမိအကျိုးစီးပွါးကို တနည်းအားဖြင့် မိမိကိုယ်မိမိ “အား” ကောင်းအောင် မြင့်သည်ထက်မြင့်မားအောင် ဆောင်ရွက်ခြင်းသည် မိမိနိုင်ငံ မိမိလူမျိုး မိမိတို့လူ့အဖွဲ့အစည်း အကျိုးစီးပွါးအတွက် ဆောင်ရွက်ရန် ဖြစ်ပါ၏ ... ။ တနည်းအားဖြင့် မိမိအား လောကအတွက် အသုံးချရန် ဖြစ်၏ ... ။ ဤသို့ ဆောင်ရွက်နိုင်ပါမှ လောက၌ လူပီသ၏ ... ။ လောက၌ လူဖြစ်ရကျိုးနပ်၏ ... ။ ထို့ကြောင့်ပင် မြန်မာ့နိုင်ငံရေး အယူအဆ၌ စံတန်ဖိုးများသည် -
“ ငါကောင်းစားရေးသာ ပထမ” ဟူသော အယူအဆမဟုတ်ဘဲ “ လောက ကောင်းစားရေးသည်သာ ပထမ” ဟူသော စံတန်ဖိုးပင်ဖြစ်ပါ၏ ... ။ တနည်းအားဖြင့် “အနတ္တပဓါန လမ်းစဉ်” ပင်ဖြစ်ပေသည် ... ။
Basic Political Science Part (18)
အခြေခံနိုင်ငံရေးသိပ္ပံ အပိုင်း (၁၈) နိုင်ငံရေး အတွေးအခ်ါနှင့် သဘောသဘာဝများ (၁၅)
မြန်မာ့သမိုင်း၏ စံ
နိုင်ငံဖြစ်စေ ... ၊ လူမျိုးဖြစ်စေ ... ထူထောင်ရာ၌ စည်းလုံးမှုသည် များစွာအရေးကြီးပါ၏ ... ။ ကျမ်းဂန်များ၌ စည်းလုံးမှုပုံစံ နှစ်မျိုးရှိကြောင်း လေ့လာတွေ့ရှိရပါသည် ... ။
၁။ သမ၀ါယ သမ္ဗန္ဓ ဟုခေါ်သော အားလုံးတသားတည်း ကျသော စည်းလုံးညီညွှတ်မှု၊ တသွေး၊ တသံ၊ တမိန့်တည်းအပေါ်၌ တူညီသော စည်းလုံးညီညွှတ်မှု။
၂။ သံယောဂ သမ္ဗန္ဓ ဟုခေါ်သော အားလုံးသောသူတို့သည် သူတလူ ... ၊ ငါတမင်း ... ၊ နိုင်ငံသားတို့သည် ထင်းအစည်း ပြေသကဲ့သို့ အကွဲအကာနှင့် တူသော စည်းလုံးမှု ဟူ၍ဖြစ်ပါ၏ ... ။
တသားတည်းဖြစ်သော စည်းလုံးညီညွှတ်မှု (သမ၀ါယ သမ္ဗန္ဓ) ဖြစ်အောင် အားထုတ်ရာတွင် အရေးကြီးသော အခြေခံအချက် နှစ်ချက် ရှိ၏ ... ။
၁။ “အမြင်ချင်း” တူမှု
၂။ “ အကျင့်ချင်း” တူမှု တို့ဖြစ်၏ ... ။
လောကအတွက်အသုံးချရန်
လောကဓမ္မတာ သဘောအရ “လူ” ဟူသည် မိမိဘ၀ကို တိုးတတ်သည်ထက် တိုးတတ်အောင် လှသထက်လှအောင် ရှိသထက်ပိုရှိအောင် အားထုတ်လုံ့ လ ပြုသည်ချည်းဖြစ်၏ ... ။ သို့ရာတွင် တိုးတတ်လာသော ဘ၀အခြေအနေတို့ကို အသုံးချရာ၌မူ မိမိအတွက် အသုံးချခြင်းနှင့် လောကအတွက် အသုံးချခြင်း ဟူ၍နှစ်မျိုးကွဲပြားပါ၏ ... ။
ဘ၀ကိုလောကအတွက် အသုံးချရာ၌ ၄င်းပုဂ္ဂိုလ်များတို့တွင် ပြတ်သားသောကျင့်စဉ်သည် ရှိပြီးဖြစ်၏။ ထိုကျင့်စဉ်မှာလည်း ဗုဒ္ဓမြတ်စွာဘုရား ဟောကြားခဲ့သော အဆုံးအမ တရားတော်များမှ ရလေ၏။
ထို့ကြောင့် ရှေးခေတ် မြန်မာနိုင်ငံသားတို့၏ အမျိုးသားစရိုက်လက္ခဏာ ... ၊ အမျိုးသား ဉာဉ်ကား ရဲရင့်ခြင်းနှင့် ရက်ရော ခြင်းလက္ခဏာတို့ ဖြစ်၏ ... ။ ထိုစရိုက် လက္ခဏာ ဉာဉ်တို့ဖြင့် ရှေးခေတ် မြန်မာနိုင်ငံသားတို့သည် မိမိတို့နိုင်ငံ မိမိတို့ဂုဏ်ကို ထိန်းသိမ်း မြှင့်တင်နိုင်ခဲ့ကြပါ၏ ... ။
ထို့ ကြောင့် ထိုခေတ်မြန်မာနိုင်ငံသားတို့သည်..
“ စားလို၍ အလုပ်လုပ်ခြင်း မဟုတ်” ဘဲ “ အလုပ် လုပ်လို၍ စားခြင်းသာ ဖြစ်သည်” ကျမ်းဂန်က ဆိုပါ၏ ... ။
လောက၌ အတ္တဟိတ ဟုခေါ်သော မိမိကိုယ်ကျိုး တခုတည်း အတွက်သာ ဆိုလျှင် အစွန်းတဘက်သို့ ရောက်ပါ၏ ... ။
မြန်မာ့ လူ့အဖွဲ့အစည်း၌ မဇ္ဈိမပဋ္ဋိပဒါလမ်းစဉ်ဟု ပြောဆိုသုံးနှုံးကြပါ၏ ... ။ ၎င်းတို့ ပြောဆိုနေသော အဓိပ္ပါယ်မှာလည်း “ အူမတောင့်မှ သိလစောင့်မည့်” ဆိုသည့် သဘောမျိုးဖြစ်သော အတ္တနှင့်ပရ မျှတရမည်ဟု ဆိုပါ၏ ... ။ ဆိုလိုသည့်အဓိပ္ပါယ်မှာ လောကအရေး ဆောင်ရာတွင် ကိုယ် (၅၀ %) သူ ( ၅၀ %) ဟူသည့် သဘောတရားမျိုးဖြစ်၏ ... ။ သို့ဆိုလျှင် မိမိအား လောကအတွက် အသုံးချခဲ့ကြရာ၌ အဘယ်မှာ ကိုယ်ကျိုးစွန့်ခြင်း ဟူသော သဘောတရားရှိနည်း ... ။
အောက်ပါပုံများဖြင့် စဉ်းစားကြည့်ပါစို့…..
မဇ္ဈိမပဋ္ဋိပဒါလမ်းစဉ်ဆိုသည်မှာ……
အထက်စာပိုဒ်၌ ဖေါ်ပြခဲ့ဘူးသလို လောက၌ မိမိ၌ “အား” ရှိလျှင် ရှိသလို မိမိတို့ နိုင်ငံ လူမျိုး လူ့အဖွဲ့အစည်း အတွက် အသုံးချနိုင်ပါသည် ... ။ မိမိ နိုင်ငံ လူမျိုးလူ့အဖွဲ့အစည်း၌ “ အား” ရှိမှလည်း ကမ္ဘာ့အကျိုး လောက အကျိုး ဆောင်ရွက်နိုင်ပေမည် ... ။
အလှူခံ ပုဂ္ဂိုလ်လာလျှင် မိမိ၌ တခုခုရှိမှ သူအား တခုခုပေးနိုင်မည် ... ၊ မိမိ၌ တခုခုတစုံတရာ မရှိခဲ့သော် ထို အလှူခံ ပုဂ္ဂိုလ်အား (က န်တော့ဆွမ်းပါဘုရား ဟု ဆိုသည်မှလွဲ၍) တစုံတရာ တခုခု ပေးနိုင်မည်မဟုတ်ပေ ... ။
ထို့ကြောင့် အရင်ဦးစွာ မိမိ၌ တစုံတရာ တခုခုရှိအောင် ပထမ ဆောင်ရွက်ရပါ၏ ... ။ ထို့ နောက် မိမိ၌ တစုံတရာ တခုခု ရှိလာသောအခါ ၎င်းတို့ကို လောကအတွက် ပြန်လည်အသုံးချ ဆောင်ရွက်ခြင်းဖြစ်၏ ... ။ ထိုသဘောတရားသည် ပရဟိတဖြစ်၏ ... ။
ဤသဘောတရားအရ အရင်ဆုံး မိမိကိုယ်ကို မိမိ အားရှိအောင် အရင် တည်ဆောက်ရန် လိုပေ၏ ... ။ သို့သော် အားရှိအောင် ဆောင်ရွက်ရခြင်း ရည်ရွယ်ချက်မှာ ၎င်းအားတွေဖြင့် မိမိဘ၀ကို လောကအတွက် ပြန်လည် အသုံးချခြင်း လုပ်ငန်းကို မဇ္ဈိမပဋ္ဋိပဒါ လမ်းစဉ်ဟု ခေါ်ပါ၏ ... ။
မဇ္ဈိမပဋ္ဋိပဒါ လမ်းစဉ် သဘောတရားအပေါ် ပြန်လည်သုံးသပ်ကြည်ကြပါစို့…..
လောက၌ အတ္တဟိတ ကိုယ်ကျိုး စီးပွါးချည်းသက်သက် လုပ်သူဟူသမျှသည် မိမိအတွက်ချည်း တကိုယ်ကောင်းစိတ်ထားဖြင့် လုပ်နေသမျှ ကာလပတ်လုံး မိမိကိုယ်ကျိုး စီပွါးကိုမျှပင် ထူထောင်၍ မရပေ ... ။ ထူထောင်ရသည်ဆိုပါလျှင်လည်း အထင်အားဖြင့် ထူထောင် နေခြင်းသာဖြစ်ပါ၏ ... ။
“ အမှန်” အားဖြင့် နိုင်ငံနှင့် လူမျိုး လူ့ အဖွဲ့အစည်းအကျိုး လောကအကျိုးကို ပြုနိုင်သထက် ပြုနိုင်မှသာ (သို့) မိမိဘ၀ကို ကိုးကွယ်ခြင်းမဟုတ်ဘဲ မိမိဘ၀အား လောကအတွက် ပေးဆပ်နိုင်မှသာလျှင် မိမိအကျိုးစီးပွါးကို ထူထောင်နိုင်၏ ... ။ ဤအမြင်နှင့် ဤအကျင့်သည် ဗုဒ္ဓအဆုံးအမမှ လာသော၊ ဘုရားလောင်းဘ၀ ဖြစ်စဉ်မှလာသော အမြင်နှင့်ကျင့်စဉ်သာဖြစ်ပါ၏ ... ။
ဤအမြင်နှင့် ဤအကျင့်အား မြန်မာနိုင်ငံသားတို့၏ သန္တာန်၌ အမြစ်တွယ်စေရန် ဗုဒ္ဓအဆုံးအမ စာပေများ၌လည်းကောင်း ... ၊ ပုဂံခေတ် ရှင်အရဟံ ... ၊ အနော်ရထာ မင်းတရားတို့သည် လည်းကောင်း ... ၊ ဘုရင့်နောင်၊ အလောင်းဘုရား တို့သည် လည်းကောင်း၊ အမျိုးသား ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းသည် လည်းကောင်း ... ၊ သမ္မတကြီး ဂျော့ဝါရှင်တန်၊ သမ္မတကြီး အီဗရာဟန်လင်ကွန်း တို့သည် လည်းကောင်း...၊ အိန္ဒိယ အမျိုးသားခေါင်းဆောင်ကြီး မဟတ္တမဂန္ဓီ ... ၊ နိုဘယ်လ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည် တို့သည်လည်း ကောင်း ... ၊ မြန်မာနိုင်ငံ လွတ်လပ်ရေးအတွက် အသက်စွန့်ခဲ့ကြသူ ...၊ ကိုယ်ကျိုးစွန့် အသက်ရှင် ကျန်ရစ်သူများသည် လည်းကောင်း ... ၊ မျက်မှောက်ခေတ် ပြည်သူလူထုအတွက် လောကအတွက် မိမိတို့ဘ၀များကို ပေးဆပ်ခဲ့ကြသော ကျောင်းသားများ၊ နိုင်ငံရေးသမားများသည် လည်းကောင်း တွေ့ရမည် ဖြစ်ပါ၏ ... ။ မိမိက ကြည့်တတ်ရန်သာ လိုပေ၏။
အထက်၌ ဖေါ်ပြခဲ့သော သဘောတရားများသည် မြန်မာ့နိုင်ငံရေး အယူအဆ၏ အခြေခံရမည့် သဘောတရားများ အဖြစ်လည်းကောင်း ... ၊ လူငယ် လူရွယ်များအတွက် လမ်းညွှန်အဖြစ် လည်းကောင်း ... ၊ ဗုဒ္ဓတရားတော်လာ အဆုံးအမများအဖြစ် လည်းကောင်း ... ၊ ဘ၀နှင့် ဆိုင်သော အသိတရား၊ သတိတရား၊ မြင့်မြတ်သော ပုဂ္ဂိုလ်တို့၏ စံတန်ဖိုးများအဖြစ် လည်းကောင်း၊ အတုယူဖွယ်၊ မှတ်သားဖွယ်၊ လက်တွေ့ လိုက်နာ ကျင့်သုံးအပ်သော အကြောင်းတရားများအဖြစ် လေ့လာ ရေးသားအပ်ခြင်းဖြစ်ပါ၏ ... ။
(ကျမ်းကိုး - ဆရာကြီးဦးရွှေအောင် ရေးသားစီရင်သော “ဗုဒ္ဓ” အနှိုင်းမဲ့ကျေးဇူးရှင်)
Basic Political Science Part (19)
အခြေခံနိုင်ငံရေးသိပ္ပံ အပိုင်း (၁၉) နိုင်ငံရေး အတွေးအခေါ်နှင့် သဘောသဘာဝများ အပိုင်း (၁၆)
နှိုင်းယှဉ်ချက်
ပုဂံကို သမုဒ္ဒရာဇ်မင်းမှ ၁၀၇ - ၁၅၂ အတွင်း တည်ထောင်ခဲ့သည်ဟု လေ့လာ တွေ့ရှိရပါသည်။ အင်္ဂလိပ် သက်ဦးဆံပိုင် ဘုရင်စနစ်ကို ၄၀၀ မှစတင်၍ ၁၆၀၃ ၌ စည်းမျဉ်းခံ ဘုရင်စနစ်ကို စတင် ကျင့်သုံးခဲ့ပါ၏။ ပထမမြန်မာနိုင်ငံတော်ကို အနော်ရထာမှ ၁၀၄၄ - ၁၀၇၇ ၌ စုစည်းတည်ထောင်ပါသည်။
ယေဘုယျအားဖြင့် မြန်မာတို့ နိုင်ငံထူထောင်သည့်အချိန်သည် အင်္ဂလိပ်ထက်စောပါသေးသည်။ ပုဂံစေတီပုထိုးများနှင့် အင်္ဂလန်မှ အထင်ကရ သမိုင်းဝင် အဆောက်အဦးတို့မှာ တစ်ခေတ်တည်း တည်ဆောက်ခဲ့ကြောင်း တွေ့ရမည်ဖြစ်ပါသည်။ ပုဂံကတောင် ပို၍စောလျှင် စောနိုင်ပါသေးသည်။ စိန့်ပေါလ် ဘုရားကျောင်းနှင့် ပုဂံအာနန္ဒာဘုရားတို့မှာ မရှေးမနှောင်းတည်ဆောက်ခဲ့ကြပါသည်။
တတိယမြန်မာနိုင်ငံ ကုန်းဘောင်မင်းဆက် ကာလအတွင်း၌ မြန်မာတို့ လောကဓါတ်ပညာရပ်ပိုင်းတွင် များစွာခေတ်နောက် ကျကျန်ခဲ့ပေပြီ။ အဘယ့်ကြောင့်ဆိုသော် နယူတန်အကြောင်း မြန်မာတို့ သိသည်မှာ အလွန်နောက်ကျနေခဲ့ခြင်းကြောင့် ဖြစ်ပါ၏။
၂၀၀၇ ခုနှစ်ထုတ် အတွေးအမြင်စာစောင်၌ စာရေးသူ ဆရာ ဘိုးလှိုင်၏ “စတီဖင်ဟော့ကင်းအက်ဆေးများ” ဟူသောဆောင်းပါး ၌ အကြောင်းအရာတခုသည် အထူးသတိပြုစရာဆင်ခြင်စရာ၊ ပြန်လည်သုံးသပ်ဆန်းစစ်စရာ အဖြစ်လေ့လာတွေ့ရှိပါသည်။
၁။ ၁၈၂၄ တွင် မိုက်ကယ်ဖါရာဒေးသည် လျှပ်စစ်ပညာရှင်ကြီးအဖြစ် ထင်ပေါ်နေချိန်၌ မြန်မာပြည်၌ အင်္ဂလိပ် - မြန်မာပထမစစ်ဖြစ် ပွါးလျှက်ရှိပြီး အောက်မြန်မာနိုင်ငံအား အင်္ဂလိပ်တိုက သိမ်းပိုက်လိုက်ချိန်ဖြစ်၏။ မြန်မာတို့ လျှပ်စစ်အကြောင်း ထိုအချိန်က မသိ သေးပေ။ မကြားဘူးသေးချေ။
၂။ အက်ဒီဆင်က လျှပ်စစ်ဓါတ်အား၊ လျှပ်စစ်မီးသီးတီထွင်ပြီး တယ်လီဖုန်းကို ကောင်းသည်ထက် ကောင်း အောင် စမ်းသပ်နေချိန် မြန်မာတို့၏ သိပ္ပံပညာကို ဦးဆောင်မည့် ယောမင်းကြီး ဦးဘိုးလှိုင်မှ အရာကျနေ ချိန်ဖြစ်နေပြန်ပါသည်။ J. J. Thomson တို့လူသိုက် လျှပ်စစ်မီးချောင်းနှင့် စမ်းသပ်မှုတွေလုပ်ပြီး အီလက်ထရွန်ကို ရှာဖွေတွေ့ရှိသောအချိန်တွင် မြန်မာတို့ အင်္ဂလိပ်လက်အောက်သို့ လုံးလုံးကျရောက်သွားပြီဖြစ်သည်။
၃။ တဖန် ၁၉၀၀ ခုနှစ်ဝန်းကျင်၌ မြန်မာမျိုးချစ်တို့၏ နယ်ချဲ့ကိုပြန်လည်တိုက်ခိုက်တော်လှန်မှုများ ချုပ်ငြိမ်းစပြုနေချိန်၌ ဂျာမဏီမှ မက်စ်ပလန့်၏ ကွမ်တန်သီအိုရီပေါ်ပေါက်သော ၂၀ ရာစုအစ နှစ်သစ် မြန်မာတို့ ခေါင်းမထောင်နိုင်ခဲ့သော နှစ်ကာလတွေဖြစ် နေပြန်ပါ သည်။
၎။ ၁၉၀၅ ခုနှစ် အိုင်စတိုင်း၏ အလင်းနှင့် လျှပ်စစ် သဘာဝကိုပြသော သီအိုရီနှင့် ရီလေတစ်ဗတီသီအိုရီ ပေါ်ပေါက်ခဲ့ပါသည်။ ထိုကာလအတောအတွင်း မန္တလေးမြို့၌ “ ကမ္ဘာကြီး ပြားသည် / လုံးသည်” စကားစစ်ထိုးပွဲကျင်းပခဲ့ပြီး မြန်မာဘုရင်ခေတ်မှ မြန်မာဝန်ကြီးဟောင်း၊ မင်းကြီးဟောင်းတို့ နားထောင်ခဲ့ကြောင်း ဖတ်ခဲ့ရဘူးပါသည်။ ထိုပွဲ၌ ကမ္ဘာ “ ပြားသည်” ဘက်ကို ဒိုင်က အနိုင်ပေးလိုက်သည်ဟု ဆိုပါသည်။
၅။ မြန်မာနိုင်ငံအပေါ် အဂ်လိပ်မှကျူးကျော်သိမ်းပိုက်သည့် အကြောင်းဖတ်ရလေတိုင်း အင်္ဂလိပ်က စစ်လက်နက်ပစ္စည်း သာလွန်သောကြောင့် မြန်မာတို့ က ရှုံးနိမ့်ခဲ့ရကြောင်း ရေးထားတာဖတ်ခဲ့ရပါသည်။
မြန်မာတို့သည် သတ္တိ ဗျတ္တိအရာ၌လည်း ခေသူမဟုတ်ပါ၊ စစ်ပညာအရာမှာလည်း မညံပါ။ သို့ အဘယ့်ကြောင့် မြန်မာတို့စစ် လက်နက်သည် နောက်ကျကျန်ခဲ့ပါသနည်း။ ဤအကြောင်းနှင့်ပတ်သက်၍ သမိုင်း၌ ခိုင်မာသော အကြောင်းပြချက် အထောက်အထား မတွေ့ရသေးပါ။
ဖေါ်ပြပါအချက်အလက်များသည် တခေတ်တခါက မြန်မာတို့၏ အခြေအနေများကို ထင်ဟက်ဖေါ်ညွှန်းလျှက်ရှိကြောင်း တွေ့ရမည်ဖြစ်ပါသည်။ ဤနိုင်ငံရေး သိပ္ပံလေ့လာရေးစာတမ်းသည် မြန်မာတို့၏ ခေတ်အဆက်ဆက်အခြေအနေများတို့၏ နိုင်ငံရေးအယူအဆများနှင့် နိုင်ငံရေးအခြေအနေများကို ပြန်လည်လေ့လာဆန်းစစ် သုတေသနပြုခြင်းမှာ မျက်မှောက်ခေတ် မြန်မာနိုင်ငံ အခြေအနေများသည် မည်သည့်အကျိုးဆက်မှ ဆင်းသက်ခဲ့သနည်း၊ မည်သည့်အတိုင်းအတာထိ သက်ရောက်ခဲ့သနည်း ဆိုသည့်ကို လေ့လာ တင်ပြခြင်း ဖြစ်ပါသည်။ လေ့လာသူ စာဖက်ပရိသက်အပေါင်းသည် ဤစာမျက်နှာများ၏ နောက်ကွယ်၌ရှိသော အကြောင်းရင်း များကို တွေ့မြင်နိုင်လိမ့်မည်ဟု စဉ်းစားနိုင်လိမ့်မည်ဟု ယူဆပါ၏။
ဤလေ့လာရေးစာတမ်း၌ မြန်မာ့နိုင်ငံရေးအယူအဆများ၏ စံတန်ဖိုးများအား ဖေါ်ပြခဲ့ပါပြီ။ လေ့လာသူများအနေဖြင့် သင့်တော်ရာ ရှုထောင့်များမှ ပြန်လည်သုံးသပ်၍ လိုအပ်သည်ကိုယူ၊ မလိုအပ်သည်များကို ဖယ်ရှားကာ မြန်မာ့လူ့အဖွဲ့အစည်း၏ စံတန်ဖိုးများအား ဆက်လက်ထိန်းသိမ်း၍ အနာဂတ်တိုင်းပြည်ကြီးကို ဦးဆောင်နိုင်သော ပုဂ္ဂိုလ်ကြီးများ ဖြစ်ကြပါစေဟု ဆုတောင်းရင်း ပထမပိုင်း လေ့လာမှုများအား ဤနေရာ၌ အဆုံးသပ်မည်ဖြစ်ပါသည်။
Copy link: http://www.hrdpb.org
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment